Friday, May 11, 2012

ခရမ်းသီး(အလုံးလိုက်)နှပ် နဲ့ Spinachပဲဟင်း

မင်္ဂလာပါရှင်~~~
ဒီတခါလည်း သူများဆီကဟင်းချက်နည်းတွေနဲ့ ဘဲစမ်းသပ်ချက်ကြည့်တာ။
ကောင်းတယ်ဗျို့ ။
အလုံးမပျက်လှလည်းလှတယ်စားလို့ လည်းကောင်းတယ်။
အဲဒီလင့်လေးပြန်ရှာတာဘယ်ရောက်သွားလဲမသိဘူး။
ဒီကနေဘဲကျေးဇူးတင်ပါတယ် ခရမ်းသီးမမရယ်..လို့ ပြောပါရစေ။


ကျမရဲ့ ထုံးစံပေါ့ပုဇွန်အစားငါးထဲ့ပါတယ်။
ဘာဖြစ်လို့ လဲ..ဟုတ်လား...။မရှိလို့ ပေါ့ရှင်..:P
အမေကမှာထားတယ်လေရှိတာလေးနဲ့ ရအောင်ချက်တဲ့..။

ကဲ..ထဲ့ချင်တဲ့ဟာတွေဆီနဲ့ လိမ့်လိုက်တယ်။

ပြီး ခရမ်းသီး ၄ စိပ်ကြားထဲမှာအနှစ်တွေထဲ့။
ရေနဲနဲနဲ့ မီးအေးအေးနဲ့ နှပ်တာပေါ့။
မနူးမချင်းရေနွေးတကရားကြိုထားတဲ့ဟာကိုနဲနဲဆီလောင်းပေးတယ်။
ပြန်ပိတ်..။အိုးကိုင်ပြီး တီဗီက ကလာတဲ့ ဟင်းချက်ဆရာကြီးများလို လှုပ်လှုပ်ပေးတယ်။
အဟဲ..ဒါကြောင့် ဒီအိုးနဲ့ ချက်တာလေ။

ပြီးတော့...တွေ့ လား..စားချင်စရာလေးနော်..။
ပဲဟင်းရည်လေးချက်အုံးမယ်။
စားခဲ့ဖူးတဲ့ အိန္ဒိယဆိုင်ကလိုပေါ့။
ပဲနူးရင် ခြေလိုက်တယ်။
ဂျင်း၊ကြက်သွန်ဖြူနီ၊ကရဝေးရွက်။
အားလုံးဆီသတ်ပြီး ပဲအိုးထဲလောင်းထဲ့လိုက်တာပါဘဲ။ 
Spinach အရွက်သေးသေးလေးတွေရေဆေး..စားခါနီးမှာခပ်လိုက်ရင်၊
အင်မတန်မှစားကောင်းသော ပဲဟင်းလေးပေါ့ဗျာ..။

ဒါကတော့ နယူးဂျာစီမှာစားခဲ့တဲ့ပဲဟင်းပေါ့။
ကြက်သားဟင်းကတော့အသေစပ်တယ်။
အဘားအဘားလို့ ...ကိုအော်နေရတယ်။


နောက်ဆုံး..ငရုပ်သီးဆားထောင်းလေးနဲ့ ဆို...။
အဟမ်းအဟမ်း ..မိတ်ဆွေများဒီနေ့ ထမင်းစားကြွကြပါရှင်...။
(အသားဟင်းငါးဟင်းတော့ပါဘူးနော်..)
အဟီးးးးးး
မုန်လာဥဖြူဆိုပြီးဝယ်လာတာ။ပုံစံက ဂျင်စင်းမြစ်လိုလိုနဲ့ ..။
သုပ်စားမလို့ ...။တော်ပြီ..လေ။ဒီအတိုင်းဘဲထားလိုက်တော့မယ်။
ဟင်းတွေလုံလောက်နေပြီ:))))

ခင်မင်တတ်တဲ့
မီးမီး

14 comments:

  1. မမရေ စားချင်လာပြီးး ဟီး..

    ReplyDelete
    Replies
    1. တကယ်လားးးး။
      လက်ရာကောင်းတယ်ပေါ့...နော်။
      အဟဲ..ကျေးဇူးဘဲ။
      အိမ်နီးရင်လာလည်လေကျွေးမယ်။

      Delete
  2. မာမီ
    တမီးကို ခရမ်းသီးအသားမစားချင်ဖူးနော်
    အညှာစားမှာ ခရမ်းသီး အညာကို တူညား ရမ်းကြိုက်တာ
    ငါးခြောက်ကြော် အရှိဝူးလား မာမီးရ
    ပဲဟင်း အသောက်ချင်ပါဝူးးးးးး ရှို......( အဲလို အိမ်မှာ ပြောကြည့်ပါလား...ပေါင်တွင်းကြောလိမ်ဆွဲခံရမှာ သေချာပဲ :D :D

    ReplyDelete
    Replies
    1. ဒါနဲ့ မာမီ
      မီးဖိုချောင်လေးက မိုက်တယ်နော်
      အဲဒါ အိမ်သစ်က မာမီ မီးဖိုချောင်လား
      ရှယ်ပဲနော်

      Delete
    2. ငါးခြောက်ရှိဝူးတော့။
      အိမ်ကအညာသားကဟိုဟာမစားဒီဟာမစားနဲ့ ။
      ကျုပ်မှာလည်းစားစရာကိုမကြံဖန်တတ်တော့ဝူး။
      ဒီက ပဲဟင်းကပိုကောင်းတတ်နော့်...။

      Delete
    3. ဟုတ်တယ်အိမ်သစ်ကမီးဖိုချောင်။
      ကျဉ်းကျဉ်းလေးပါ့အေ။
      ရေခဲသေတ္တာဖွင့်ရင်၊
      ဒီဖက်မှာချက်တာတွေတောင်အထဲကိုစင်ဝင်သွားပါတယ်ကွယ်။
      ကိုယ်တော့ချာလပတ်ရမ်းအောင်လုပ်ပစ်လိုက်တယ်။

      Delete
    4. အေးလေ
      ဟုတ်သားပဲ ဆန့် ပြီးရော ထည့်ထားသလိုပဲ
      တော်သေးတာပေါ့ မာမီမီး ရဲ့
      အ၀တ်လျှော်စက်ကို နံရံမှာ ကပ်မထားပေးလို့ :D

      Delete
    5. အ၀တ်လျှော်စက်ကလည်းဒီတခါမပါဘူး။
      အရှေ့ ဖက်ကတိုက်တန်းလျားမှာ၊
      သူတို့ ထုတ်ပေးတဲ့ကဒ်ထဲပိုက်ဆံဖြည့်ြ့ပီးသွားလျှော်ရတယ်။
      ပုဂံဆေးစင်နဲ့ ကပ်ရပ်က၊
      အပူအအေးပေးတဲ့စက်ထဲ့ထားတယ်။
      စက်ဖွင့်ရင်ဖူညံနေတာဘဲ။
      အပေါ်ထပ်ကိုအပူပေးတာခေါင်မိုးကနေမလာဘူး။
      ကော်ဇော်အပေါက်ဖေါက်ထားတယ်။
      အဲ..ကနေအပူကလာတယ်။
      စိတ်လေတဲ့ အိမ်ပုံစံပါဘဲဟယ်။

      Delete
  3. စားချင်စရာလေး ခရမ်းသီးရော ပဲဟင်းပါ

    ReplyDelete
    Replies
    1. ကျေးဇူးဘဲနော်။
      အိမ်ကအညာသားကြီးကတော့ဆီနဲလို့ ပွစိပွစိနဲ့ ။
      :((

      Delete
  4. ဟေး..ဒို့ လည်းအညှာပဲ။ နဲနဲချန်ထားနော်။
    ကြည့် ပဲဟင်းလည်းမကြိုက်ဘူး။ ကျူတီနဲ့ အကြိုက်တွေမကြိုက်တွေတူနေပါလား။
    ပဲဟင်းကိုအဲလိုအရွက်ခပ်ထားရင်တော့ကြိုက်ပါတယ်။း)
    ဟင်းတွေကလည်းရှယ်ဘဲ။ ငရုတ်သီးထောင်းလေးနဲ့ ဆိုသိပ်မိုက်ပေါ့။
    အိုင်အိုရာ

    ReplyDelete
    Replies
    1. အဲတော်..အညှာကိုစားရမှန်းမသိဘဲပြစ်ထုတ်လိုက်မိတယ်။
      ပဲဟင်းကျမလည်းသိပ်မကြိုက်ဘူး။
      ကျေးဇူးရှင်ကကြိုက်လို့ တာချက်ပေးနေရတာ။
      တနေ့ နေ့ ဘာချက်ရမှန်းတောင်သိတော့ဘူး။
      စားသောက်ပုံတွေတွေ့ ရင်လိုက်ဖတ်လိုက်ချက်နေတယ်။
      ချွေးမလေးကျုတီနဲ့ အကြိုက်တူနေတယ်ပေါ့။
      သူ့ အစားစာတွေကြိုက်တယ်။
      ဆီတွေသိပ်မများလို့ ။

      Delete
  5. နောက်တခါ ခရမ်းသီးကို အလုံးလိုက် မမီးငယ်လို ချက်စားမယ်..

    ReplyDelete
  6. စန်းထွန်းရေ..
    ချက်စားကြည့်။ကောင်းတယ်။
    အလုပ်ပင်ပန်းနေပြီလား..။

    ReplyDelete