Tuesday, May 29, 2012

Boston(Massachusetts)Tour

မင်္ဂလာပါရှင်~~~

Memorial day ပိတ်ရက်လေးမှာလျောက်သွားတာလေးတွေနဲ့ အာလူးလေးဖုတ်အုံးမယ်။
Boston(Massachusetts)  ဆိုတာTour Guide လေးပြောပြမှစာဖတ်ကြည့်တော့ ဒီအမေရိကားသမိုင်းမှာ၊
အရေးပါတဲ့ အဖြစ်အပျက်တော်တော်များများ ဖြစ်ပျက်ခဲ့တဲ့သမိုင်းဝင် ရှေးအကျဆုံးမြို့ ပေါ့။
 ၁၆၂၀ ခုနှစ်ကတဲက ဗြိတိသျှတွေ အမေရိကားကိုစတင်ဝင်ရောက်အခြေချနေထိုင်ခဲ့နေရာ..တဲ့။
Thanksgiving day တို့ Tea Party (နိုင်ငံရေးအသုံးအနူန်းပါ)တို့ ၊ ဒီဓလေ့တွေ စတင်ပေါက်ဖွားတဲ့နေရာလေးတဲ့...။ဒေသခံတွေက ဗြိတိသျှကိုတိုက်ပြီး၊သူတို့ လွတ်လပ်ရေးအတွက် စတင်တဲ့နေရာလည်းဖြစ်တယ်။Massachusetts ပြည်နယ်က နယူးအင်္ဂလန် ဒေသ ၆ ပြည်နယ်ထဲကတခုဖြစ်တယ်။Boston ကမြို့ တော်ပေါ့။
နောက်ပြီး ဒီပြည်နယ်မှာနံမည်ကြီး Cambridge University နဲMassachusetts Institute of technology ရှိတယ်လေ။ဒီလိုကျောင်းမျိုးမတက်ဘူးပေမဲ့ သွားပြီးငေးကြည့်လာရပါတယ်။
(ရှည်ရှည်မရှင်းပြတတ်တော့လည်းလိုရင်းတိုရှင်းပေါနော့်)...ကဲ..သွားကြည့်ကြရအောင်။ 

John Harvard ဟားဗတ်တက္ကသိုလ်စတင်တည်ထောင်သူ
စာကြည့်တိုက်ကိုရိုက်တာမတရုတ်မလေးကပ်ပါသွားတယ်လေ..:))
ကျောင်းတက်ချင်တဲ့သူတွေအတွက်ပါ..:P
ဒီတက္ကသိုလ်က တရုတ်၊ကိုးရီးယားတွေများတယ်နဲ့ တူတယ်။
သူတို့ အလကားပေးတဲ့ သူတို့ ဘာသာသတင်းစာတွေဂျာနယ်တွေ အများကြီးတွေ့ ခဲ့တယ်။

ဒီစက်မှု့ တက္ကသိုလ်ကျောင်းထွက်ဆိုရင် အလုပ်တွေကတန်းစီပြီးစောင့်နေတာတဲ့..။

ဘာမှန်းလဲမသိပါဘူး။သူများရိုက်လို့ လိုက်ရိုက်တာ...။
အဆောက်အဦကြီးကတော့ဟီးနေတာဘဲ...။
ဒီအဆောက်အဦကို MIT ကျောင်းဆင်းထိုင်ဝမ်တရုတ်ဆောက်တာတဲ့၊ကပ်ရပ်ရှေးဟောင်းပုံရိပ်ထင်နေတာမိုက်တယ်။
လိပ်နဲ့ ယုံ..ကြေးရုပ်

Boat tour နဲ့ ဆိပ်ကမ်းကအထွက်
ကောင်းကင်ပေါ်မှာလေယာဉ်ပျံအငယ်လေးနဲ့ ကြော်ငြာနေတာလေ..
ပထမကမ္ဘာစစ်ပွဲမှာအသုံးပြုဖူးခဲ့တဲ့ရှေးဟောင်းတိုက်လှေသဘောင်္
ပြီးတော့ ဈေးသွားကြပါတယ်။


စားစရာလိုက်ကြည့်နေတုံး ရွှေကိုယ်တော်ကလည်းဒီကုလားစာဘဲဝယ်လာပေးတယ်..။
မမိုက်တာလေ...။ဟင်းးးး
ကိုင်းးးးနောက်နေ့ ကျတော့ဆက်ကြသေးတာပေါ့...။
မနက်ဖန်အလုပ်သွားရမယ်၊ကြိုးစားပမ်းစားရေးချွတ်နေတုံးဘဲ...။
ည ၁၁ နာရီကျော်ပြီဗျို့ ။ငယ်ငယ်တုံးကတောင်စာတွေဒီလောက်မကြိုးစားခဲ့ဖူးဘူး။
(ဒါကြောင့်ညံတာလေ..ဟဲ)
၃ ရက် နေ့ မအားညမအားလည်ခဲ့တော့ပင်ပန်းလိုက်တာ...။
ဘိုင်ဘိုင်ဗျို့ ...
မီးမီး

11 comments:

  1. ဟုတ်တယ်
    ခရီးသွားရင် ပဲကုလားဟင်းထမင်းက ပါပီးသားလိုလိုဖြစ်နေပီ
    :D :D
    ဓာတ်ပုံလေးတွေကြည့်ပြီးကျေနပ်ရတယ် .. တူတို့ကျီ့ပဲတွားတယ်
    မီး ကျ အခေါ်ဝူး
    ကျောလော့ ချွှေးမယေး ချွေးမယေးနဲ့ ဟွင့် ဂဲပဲ
    .... သူများရိုက်လို့ လိုက်ရိုက်သည်ဓာတ်ပုံက
    လူတယောက်ဒူးဆစ်ထုပ်ပီး ငုတ်တုတ် ထိုင်နေသလားလို့
    :P ထင်တာနော် ထင်တာ :P

    ReplyDelete
    Replies
    1. ခေါ်ချင်တာပေါ့ေ၇ွှချွေးမလေးရေ့ ..။
      အချိန်ရှိရင်တော့ ၊
      ခရီးစဉ်အကြောင်းကောင်းကောင်းရေးပါအုံးမယ်လေ။
      ဒီက အချိန်နဲ့ အဟုန်ကပြည်ကြီးပြန်သွားလို့ ကွဲ့ ။
      :P သမီးထင်တာမှန်ပါတယ်။

      Delete
  2. မမီးမီးရေ ပုံတွေလာကြည့်သွားပါတယ်..

    ReplyDelete
    Replies
    1. ပုံတွေက ကင်မရာနဲ့ ရိုက်လိုက်ဖုံးနဲ့ ရိုက်လိုက်။
      ဖြစ်နေတာ ချစ်စံလေးရေ့ ..။
      ဘဲကြီးရဲ့ နောက်ဆုံးကင်မရာကြီး..၊
      သိပ်မဂလိရဲဘူး။
      ကိုယ်ဟာတွေတော့ ဆေးရုံမှာကုနေတုံး။
      ၃ လုံးရှိပြီ..:(((

      Delete
  3. လည်လည်ခေါ်သွားလို့ ကျေးဇူးပါ။
    လိပ်နဲ့ ယုန်ကြေးရုပ်ကိုတော့သိပ်သဘောကျသွားပြီ။
    ဘာစားရမှန်းမသိတိုင်းကုလားစာစားလိုက်တာကတော့မမှားပါဘူး။ ကောင်းတာမကောင်းတာအပထား စားလို့ တော့ဝင်တယ်လေ။း)
    အိုင်အိုရာ

    ReplyDelete
    Replies
    1. ယုန်နားထိုင်ပြီး သွားဖြဲလေးနဲ့ ရိုက်တာ၊
      ယုန်သွားနဲ့ ချွတ်ဆွတ်ဆိုလို့ ၊
      အဲဒီဒါတ်ဒါတ်ကိုတင်ရဲတော့ဘူး။
      ကုလားစာ..စပ်လိုက်တာ..။
      :))

      Delete
  4. မီးမီးရဲ့ပုံလေးတွေကြည့်ရတာ ဗဟုသုတလဲရတယ် ကြည့်လို့လံကောင်းတယ်
    အဲဒီထမင်းလေးကိုမြင်တော့ ရန်ကုန်မှာစားတဲ့ချစ်တီးထမင်းဆိုင်ကိုသတိရမိတယ်

    ReplyDelete
    Replies
    1. စံပယ်ရေ...
      ၃ရက်ခရီးကိုခပ်တည်တည်နဲ့ နောက်ဆုံးရက်ဘဲ၊
      ကမန်းကတန်းရေးပြီးတင်လိုက်တာ။
      နောက်မှအစကနေပြန်ရေးမယ်။
      ပျော်စရာတွေမျှဝေအုံးမယ်နော်..။

      Delete
  5. ဟယ်..Independence Day July 4 မှာ Boston သွားလည်မလို့  ကြံစည်နေတာ မမီးငယ်က ဦးသွားပြီဗျို့ ..အဲဒီနေရာတွေ သွားလည်ရမယ်..မမီးရေ ဘယ် Tour နဲ့  သွားတာလည်းဟင်..ရှယ်ပါဦးနော်...

    ReplyDelete
    Replies
    1. စန်းထွန်းရေ..
      L&L Tour တဲ့။ကိုယ်တို့ ကတခြားအေးဂျင့်ကနေ၀ယ်မိတာ.။
      ဒီဖက်ရောက်ရင်လာလည်လေ..။

      Delete
    2. စိတ်ချ..လာလည်ဦးမှာ..:)

      Delete