Saturday, March 24, 2012

ရန်ကုန်မှာ..

မင်္ဂလာပါရှင်~~~
တကယ်လို့ စိတ်ထဲကစဉ်းစားတဲ့အတိုင်းကွန်ပြူတာဖန်သားပြင်ပေါ်မှာစာတွေတက်လာနိုင်တယ်၊
ဆိုလို့ ရှိရင်တော့.....၊
ကျမတနေ့ ပို့ စ်ကို ၄ခု ၊၅ခု လောက်တင်ဖြစ်မယ်လို့ ထင်ပါတယ်။
သွားသုတ်သုတ်စားသုတ်နဲ့ တနေ့ နေ့ အချိန်တွေဘယ်လိုကုန်သွားမှန်းတောင်မသိလိုက်ဘူး။
အချိန်တွေလည်းကုန်မြန်လိုက်တာနော်။
ညအိမ်ပြန်ရောက်ရင်ခေါင်းအုံးနဲ့ တွေ့ တာနဲ့ တန်းအိပ်တာဘဲ။
ကွန်ပြူတာတောင်မလှပ်နိုင်တော့ဘူး။
စာတွေလည်းမဖတ်နိုင်ဘူး။
ရန်ကုန်ကိုလည်း ၃ ညဘဲနေခဲ့ရပါတယ်။
ရောက်တုံးရောက်ခိုက် ဒါတ်ဒါတ်လေးတွေမျှအုံးမယ်လေ..ဟီး...။
(ဓါတ်ပုံရိုက်ဝါသနာပါပေမဲ့ လက်ရာကတော့ညံပါတယ်)

လေယာဉ်ပေါ်ကမြင်ရတဲ့ဘန်ကောက်
မြန်မာနိုင်ငံပေါ်(ရန်ကုန်ရောက်ခါနီး)
air Asia နဲ့ သွားတာပါ။ဘန်ကောက်လေယာဉ်မထွက်ခင် မှာကတဲက၊
ရန်ကုန်လေယာဉ်ကွင်းဖက်မှာ မြူခိုးတွေပိတ်နေလို့ မြင်ကွင်းမကောင်းတာနဲ့ လေယာဉ်ပေါ်မှာ
တနာရီထိုင်စောင့်နေရတယ်လေ..။
ထွက်လာပြီးရန်ကုန်ရောက်ခါနီးတော့  တကယ်ဘဲဖုန်မူန့် ဝါ၀ါညစ်ညစ်အရောင်မျိုးနဲ့ 
(ကျမကတချိန်လုံးပြူတင်းပေါက်ကိုဘဲစောင့်ကြည့်နေသူဆိုတော့မြင်ရတာလေ)၊
ထူပိန်းပိတ်နေတာကိုး...။ဘာမှမမြင်ရဘူး။
လေယာဉ်မောင်ကကြေငြာပါတယ်ရောက်ပြီတဲ့။
လေယာဉ်ကြီးထိုးဆင်းနေတာ နောက်လိုင်သာယာဖက်က FMI အိမ်ခေါ်င်မိုးကိုတကယ်နီးနီးကပ်ကြီး၊
မြင်နေရတယ်။ ချက်ခြင်းလေယာဉ်ဦးမော့ပြီးပြန်ထိုးတက်သွားတယ်။
သူများတွေတော့သိကြမလားမသိဘူး။
ကျမတော့နဲနဲနားလည်လိုက်သလိုပါဘဲ။တခုခုမှားနေပြီလားမသိပါဘူး။
အ၀တ်လျှော်နေတဲ့အမျိုးသမီးတယောက်မော့ကြည့်နေတာတောင်တွေ့ မိလိုက်သေးတယ် ။
ဘုရားဘုရား...ကံကောင်းလို့ ပေါ့။နောက်နာရီဝက်လောက်ဝဲပြီးမှဆင်းနိုင်တာ။

ရောက်တာနဲ့ ဟိုတယ်မှာပစ္စည်းချ၊ရုံးကိစ္စလေးတွေရှိလို့ ရန်ကုန်စည်ပင်ရုံးကိုပြေးရပါတယ်။
အားပါးပါး.... မြို့ တော်ခန်းမကစည်ပင်ရုံးထဲကို အလုပ်ကိစ္စလေးတွေနဲ့ သွားဖူးတဲ့သူတွေတော့၊
ကျမပြောတာနားလည်ပေးနိုင်ပါလိမ့်မယ်။
တကယ့်ကိုဘယ်လိုနေရာမျိုးဆိုတာသေချာကို မရှင်းပြတတ်ပါဘူး။
ငါးပိသိပ်ငါးချဉ်သိပ်ဆိုတာကလည်း အဲဒီနေရာက များစလာတာလားတောင်မသိပါဘူးလေ။
ဘယ်သူတွေက ဘာတွေကိုတာဝန်ယူပြီး ဘာတွေလုပ်ကြမှန်းတောင်မသိဘူး။
တကယ့်အူကြောင်ကြား နေရာပါ။ဘယ်နားမှာ စုံစမ်းမေးမြန်းရ မှန်းလည်းကျမတို့ မသိဘူး။
တောင်လိုပုံနေတဲ့ စာရွက်စာတမ်းတွေနဲ့  ပျားပန်းခပ်အောင်ရူပ်နေတဲ့လူတွေ..။
မူးပြီးမလဲခင်မှာဘဲ ပြန်ထွက်လာပါတယ်။
ရွှေယောက်ကျားကတော့ ပြီးတဲ့အထိနေခဲ့ပါတယ်။
ပြန်ထွက်လာနိုင်တဲ့အချိန်လည်းညနေ ၅နာရီခွဲပါပြီ။
အဲ...ပွဲစားနဲ့ ဆိုရင်တော့ အားလုံးအဆင်ချောပါလိမ့်မယ်။

၆နာရီလောက် ဟိုတယ်ပြန်ရောက်ပါတယ်။
မောမောနဲ့ အ၀တ်အစားတောင်မလှဲနိုင်ဘူး၊ကုတင်ပေါ်ခဏဆိုပြီး ၂ယောက်သားအိပ်လိုက်တာ၊
ည ၁နာရီခွဲမှ နိုးလာကြတယ်။
ဟိုတယ်စားသောက်ဆိုင်လည်းပိတ်၊ဗိုက်ကလည်းဆာနေကြတာ။
ဟိုတယ်ရှေ့ ဖက် လမ်းဘေးတွေမှာညလုံးပေါက်ရောင်းတဲ့  ဂျင်း လဖက်သုပ်ဆိုင် မှာသွားစားကြတာပေါ့။

ရန်ကုန်မနက်ခင်း

ဆွမ်းခံကိုယ်တော်နဲ့ ဌက်များရဲ့ နံနက်ခင်း
မနက်နိုးတော့ ဟိုတယ်ဘူဖေးက မုန့် ဟင်းခါး ဆန်ပြုတ် အများကြီးစားတယ်။
ပြီး..တနေကုန်ပန်းတယ်(ဟီး....၀မ်းလျောတာပေါ့)။
နောက်ရုံးတခုကိုဆက်ချီတက်ရပါတယ်။
အရင်တုံးကတော့ ဂန္ဒီရုံးလို့ ခေါ်တာ။ခုတော့ နေရာပြောင်းသွားပြီ။
ရန်ကင်းဖက်မှာ...။မှတ်ပုံတင်ရုံးလို့ ခေါ်မလားဘဲ။
ပစ္စည်းတွေကားတွေအိမ်တွေရောင်းဝယ်ကြရင် အဲဒီမှာမှတ်ပုံတင်ကြရုံးတံဆိပ်တွေနှိပ်ကြတာလေ..။
အော်..ရှမ်းမဆိုတော့လည်း ဗမာအခေါ်အဝေါ်လေးဆင်းရဲပါတယ်။
(သီးခံပေးပါရှဲန်....ဟိ)
ဒါနဲ့ အဲဒီရုံးတွေကောရောက်ဖူးလား။လူတွေအများကြီးနဲ့ အဆောက်အဦသွပ်မိုးနိမ့်နိမ့်လေးနဲ့ ၊
အိမ်သာနံမွှေးမွှေးလေးနဲ့ ..၊နေရာထိုင်စရာနဲ့ လူနဲ့ အချိုးအစားမမျှတတဲ့နေရာ...၊
ပွဲစားဆိုတဲ့လူတန်းစားကြီးစိုးတဲ့နေရာလေ...။
ရိုးရိုးဆိုရင် တနေကုန်ပါတယ်။နဲနဲဆန်းရင် နဲနဲမြန်ပြီး စပယ်ရှယ်ဆိုရင် ၅သောင်းနဲ့ ခဏလေးပါ။
မှုန်ရီနေတဲ့ရန်ကုန်
ကားတွေကအပြင်ဘန်းသာလှတာ အတွင်းမှာတော့ဒီလောက်ဟုတ်ဖူးနော်..
ဒီဟော်တယ်ပေါ့...
ရန်ကုန်ည
အခန်းထဲမှာဘဲစားပြီးမောမောနဲ့ အိပ်လိုက်တယ်

ငါးကုန်းဘောင်ကြော်..
ဟင်းပွဲကလည်း set menu တဲ့ ၂ ယောက်စားလို့ လောက်တယ်ဆိုလို့ ၊ကျမတို့ လည်းမှာစားပါတယ်။ ၉၀၀၀ကျပ်လို့ ပြောပေမဲ့၊ဟိုအခဒီအခနဲ့ ဆိုတော့ ၁၂၀၀၀ ကျော်လို့ ဗျ...။
ဟင်းတွေအားလုံးကအစပ် တွေချည်းပါဘဲ။
အဲဒီဟော်တယ်ကလည်း အမြဲတည်းနေကြဟိုတယ်ပါ။
ကော်ဇောမခင်းထားလို့ ကြိုက်တာပါ။
ကျမတို့ ဆီကကော်ဇောသာခင်းတာ ဖုံစုပ်တာကလည်းသိပ်မစွံတာလား၊မစုပ်တာလား။
သန့် ရှင်းရေး မကျွမ်းကျင်တာလား ဘာလားညာလားပေါ့ဗျာ...။
အနံ့ လုံးဝစွဲနေပါတယ်။တော်တော်နံတာ၊ကျမက လည်ချောင်းနဲ့ နှာခေါင်း အရမ်း sensitive ဖြစ်လို့ ။
တနှစ်တခါလောက် ပြန်ရင် ၂ လလောက်ဆေးပြန်ကုရပါတယ်။
အသံလုံးဝပျောက်သွားတယ်။နှာရည်က ဘုံဘိုင်ရေကျသလို တောက်ရှောက်ကျနေတတ်တယ်။
ငယ်ငယ်ကဒီလောက်အခြေအနေမဆိုးဘူး၊ကြီးလာမှပိုပို ဆိုးလာတယ်။
နဲနဲချဉ် စုပ်စုပ်အနံ့ ရတာနဲ့ ကျမကတန်းပြီး ဟပ်ဟပ်နဲ့ ချိုးတာပေါ့။
လူကောင်ကသေးသေး အသံကအကျယ်ကြီး၊သူများတွေဝိုင်းကြည့်ကြတာရှက်စရာကြီးဗျာ..။
ကဲပါလေ...နဲနဲရှည်မိတာပါ..ဟီး။

ဘုရားပေါ်ကဆွမ်းတော်ရာင်းတဲ့နေရာ

စနေနေ့ မှာဘုရားသွားခဲ့ပါတယ်။မောင်ရင်လောင်းလှည့်နေတာတွေအများကြီးဘဲ။
ပျော်စရာကြီး...။ကွမ်းတောင်ကိုင် ပန်းတောင်ကိုင်တွေလည်းတွေ့ ခဲ့တယ်။


တန်းစီထိုင်ဓါတ်ပုံရိုက်မယ်...
သရက်သီး၃ လုံးကို ၂၃၆၄ကျပ်တဲ့..ဟူးးးးးးး
သူငယ်ချင်းကရုပ်ရှင်ထုတ်လုပ်ဖြန့် ချီရေးလုပ်တာ..သူ့ ရုံးခန်းမှာ..
ဗိုလ်ချုပ်ဈေးထဲကငါးထမင်း
သူငယ်ချင်းကလိုက်ကျွေးတာ...
အိုစွမ်းသုပ်တဲ့..ဒိုင်ဗင်ထိုးရှာတာ ၄ဖတ်လောက်တွေ့ မိသလို...
 ညရောက်တော့ဝမ်းကွဲညီမတွေနဲ့ သူတို့ ခလေးတွေစုစုပေါင်းရယောက် အင်းယားလမ်းပေါ်က၊
ထိုင်းစားသောက်ဆိုင်မှာသွားစားပါတယ်။
နေ့ လည်က ဘာမှမယ်မယ်ရရ မစားထားတော့ ဆာဆာနဲ့ ဖိတွယ်နေလိုက်တာ၊
ဓါတ်ပုံလည်းမရိုက်မိပါဘူး။သူတို့ မှာတဲ့အထဲက အရှေ့ မှာလာချတဲ့ဟင်း၂ပွဲကိုဘဲရိုက်ထားမိလိုက်တယ်။
၆သောင်းကျော် ရ သောင်းနီးပါး ရှင်းလိုက်ရတယ်.....ဟူးးးးးးး
ဈေးကြီးလိုက်တာ.....။

ငါးခူမွှကြော်သုပ်
ပုဇွန်ပင်စိမ်းအစပ်
တနင်္ဂနွေနေ့ မှာပြန်လာပါတယ်။ဘန်ကောက်မှာလုပ်စရာလေးတွေရှိသေးလို့ ။
လေဆိပ်အပေါ်ထပ်က နန်းကြီးသုပ် ၅ ဒေါ်လာလား ၆ဒေါ်လာလားမသိဘူး..။
စားလို့ တော်တော်ကောင်းတယ်...။
မနက်ဖြန် မြန်မာပြည်ပြန်သွားအုံးမယ်...။
အမေနဲ့ မတွေ့ ရသေးဘူးလေ.....

စကားမစပ်ပွဲစားတွေ ကျက်စားတဲ့ ၈၀% ပွဲစားရှိတဲ့၊
မြန်မာပြည်မဟုတ်တဲ့နေရာလေးတခုကိုလည်းရောက်ခဲ့သေးတယ်...။
သိလား...ဘယ်နေရာလဲဆိုတာ.....။(မှန်အောင်ဖြေရင် ဆုပေးမယ်လေ..အဟဲ)
ခရီးသွားမှာတပတ်ကြာမယ်..ပြန်လာရင် အာလူးလာဖုတ်အုံးမယ်နော်...။

အားလုံးဘဲ ကျမ်းမာချမ်းသာလိုအင်ဆန္ဒပြည့်ဝကြပါစေ..။
မီးမီး(ခေတ္တဘန်ကောက်)

17 comments:

  1. ကော်ဇောတွေကနေ မှိုနံ့တွေ ရနေတာ အမှန်အကန်ပဲ...မိုးတွင်းဆို ပိုဆိုးသေးတယ်...ကျွန်မကတော့ အရေပြား sensitive ရှိလို့ တစ်ကိုယ်လုံး နီရဲပြီး ယားတော့တာပဲ...သန့်ရှင်းရေး မကောင်းလို့ ဖြစ်တာလို့ ထင်တာပါပဲ... အဆင်ပြေရင် ဟိုတယ်အမည်နဲ့ ဈေးနှုန်းလေး သိလို့ ရမလားနော်...(ကော်ဇောမခင်းဘူး ဆိုလို့ :D)

    ReplyDelete
    Replies
    1. ဟင်းတိုင်း စပ်တယ် ဆိုရင်တော့ မေမီး တို့ panorama hotel မှာ တွားတည်း တာလား အတိဝူးးးးး ထင်တာ ကျောယာပါ :D

      Delete
    2. ဟော်တယ်နံမည်က Queen Park.
      ဈေးနူန်းက အစားစားဘဲ ၂၀၀၀၀ကျာ်ကနေ ၅၀၀၀၀ကျော်ထိရှိတယ်။
      အထပ်မြင့်ရင်ပိုပေးရတယ်။
      ကျမတို့ ရှိတဲ့အချိန်မှာဘဲဈေး ၇၀၀၀ တက်သွားတယ်။
      ကျမနေတဲ့အခန်းက ၃၀၀၀၀ ကနေ ၃၇၀၀၀ဖြစ်သွားပါတယ်။
      citymark နဲ့ လည်းနီး luck 7 လဘ္ဘရည်ဆိုင်နဲ့ လည်းနီး..။
      ဂွတ်တယ်ဗျို့ ...။
      ခုမှ BKK ပြန်ရောက်လို့ စာပြန်နိုင်တာနော်...

      သမီးလေးကျုတီရေ..
      မေမီးတို့ မြို့ ထဲကဟော်တယ်မှာတည်းတာ...။
      စပ်ဆို ဟင်းချက်တာ ယူနန်တရုတ်တွေဆိုလားဘဲ..။

      Delete
  2. သရေယိုသွားပါတယ်ဂလု...
    ဘာပဲဖြစ်ဖြစ်ပါလေပြန်ချင်သာပဲ ကုန်ဈေးနှုန်းတော့ကြောက်သားလား :)

    ReplyDelete
    Replies
    1. ပိုက်ပိုက်သာများများထဲ့သွား..။
      ရေဘုံဘိုင်ဖွင့်လိုက်သလိုပါဘဲ...။
      ဟိုကလူတွေကျမတို့ ထက်ပေါများကြတာအမှန်ဘဲ..။
      :))

      Delete
  3. ဗမာပြည်မဟုတ်တဲ့၈၀ရာနှုန်းပွဲစားကျက်စားတာ ဘန်ကောက်က တခြားနိုင်ငံအတွက် ဗီဇာလုပ်ပေးတဲ့ အေဂျင်စီတွေလား.... :D

    Mandy

    ReplyDelete
    Replies
    1. ဟုတ်ဘူးစူးနွယ်လေးရေ..
      ဘန်ကောက်ကမြန်မာသံရုံးမှာ..။
      ရွှေ့ ပြောင်းအလုပ်သမားလို့ ခေါ်ကြတဲ့..
      နယ်စပ်ကနေလာတဲ့ လူတွေကိုယာယီနိုင်ငံကူးလက်မှတ်လုပ်ပေးတာလေ။
      သနားပါတယ်သူတို့ တွေ..။
      စာတွေဘာတွေလည်းမတတ်တဲ့သူတွေလည်းရှိတော့။
      သူများကိုအားကိုးရတာပေါ့။
      အားလုံးနီးပါးက ပွဲစားနဲ့ ဘဲလုပ်ကြတယ်။
      ဘတ် တသောင်း လောက်ကုန်ကြတယ်လို့ ပြောတယ်။

      Delete
  4. Replies
    1. မပူဘူး...။
      ယားယားလေး...
      ဟီး...။

      Delete
  5. ပြန်လာတော့များများလေးအာလူးဖုတ်နော်။
    ဖတ်ချင်သေးတယ်။
    အရေးကလည်းကောင်း။
    ပုံတွေကလည်းစုံဆိုတော့။
    အိုင်အိုရာ

    ReplyDelete
    Replies
    1. အိုင်အိုရာရေ..
      ပြေးလွှားသွားနေတာတွေ..။
      တွေ့ ကြုံလာတာတွေကို တကယ်ကိုပြောပြရအုံးမယ်။
      တနေ့ ကမှပြန်ရောက်လာလို့ ။
      သောကြာနေ့ ည NY ပြန်မယ်။
      ဒီတခါတကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့ခရီးပါ။
      မြန်မာပြည်ကို ၂ ခေါက်ပြန်သွားရတယ်လေ..။

      Delete
  6. မမမီးငယ်တစ်ယောက် ဟိုပြေးလိုက်ဒီပြေးလိုက်နဲ့ အလုပ်များနေပုံရတယ်
    ပန်းကမ္ဘာထဲမယ်ချာချာလည်သွားသလားမေပေါ့

    ဘာဘဲပြောပြော အိမ်သာနံ့သင်းသင်းလေးတွေကို အဲမှာဘဲခံစားလို့ရတာနော်မမရဲ့

    ချစ်တဲ့

    မဒိုးကန်

    ReplyDelete
    Replies
    1. ဒိုးလေးရေ..
      ကိုယ်ကလည်း ပန်းမမ လှဧကရီလေ..။
      အခန်းထဲဝင်ဖို့ အနံရူလိုက် ဖင်စတွန့် လိုက်နဲ့ ..။
      ...ဟားဟား..။

      Delete
  7. ချစ်ချွှေးမလေးက အဲဒီ့ ကန္ဒီရုံးကို အသေကြောက်တာနော် မေမီး
    ဘယ်ဘ၀က သတ္တိလဲ အသိပါဝူးဂျာ
    တလ ၃ ခေါက်လောက်ရောက်တယ်
    အဲဒီ့ ကန္ဒီရုံးက သံတိုင်တွေကို ကြည့်ပြီး ပြိုများ ကျလိုက်ရင် ဒုက္ခ :D
    ဒီကြားထဲ အမွေလု တရားဆိုင် မယားပြိုင်တရားမူ့တို့ဆို ရင်ဘတ်စည်တီး ငိုကြီးချက်မ အုတ်နံရံကြီးကို ထုထုပြီး ပေါက်ကွဲတာဗျာ
    အဲဒီ ကန္ဒီရုံးပေါ့ အလုပ်ရှင် က ကျူပ် ကြောက်မှန်းသိလို့ ပြုံးပြုံးကြီးနဲ့ကို သွားခိုင်းတာ
    ......နောက်ကျ ကျူပ်ကို မှတ်ပုံတင်တခါသွားလုပ် ဒေါ်လာ ၂ ကျပ်ပေးတယ် ဗျာ
    ကျူပ် တနေ့ ၃ ခေါက်လောက် သွားရဲသွားတယ် ငှဲငှဲ

    ReplyDelete
    Replies
    1. အော်..ဒီလိုအမူ့ ကိစ္စတွေလည်းရှိတယ်တဲ့လား..။
      အေး..ဟုတ်တယ်နော်..။
      လူတွေမှရူပ်သလားမပြောနဲ့ ။
      ကန္ဒီရုံးမှာတော့ လူပ်နေတာကိုသဘောကျလို့ ။
      ထထခုန်ကြည့်တယ် တိုက်ပြိုကျရင် သတင်းစာမျက်နှာဖုံးမှာ၊
      ပါမလားလို့ ပေါ့ကွယ်...ဟီး..။
      ချွေးမက ဒေါ်လာကိုရန်ကုန်မှာကတဲက၀င်နေတယ်ပေါ့လေ..:D

      Delete
  8. သုတ်သုတ်ရေးသွားတာကို သုတ်သုတ်ဖတ်သွားတယ် မမီးငယ်..

    ReplyDelete
    Replies
    1. ခပ်သုတ်သုတ်နဲ့ သွားလာနေလိုက်တာ..။
      စန်းထွန်းရေ..ခုမှတကယ်မောနေပြီ..။
      နေရာမှန်ကိုရှာတွေ့ သေးဘူးကွယ်..။

      Delete