Sunday, February 26, 2012

နယူးယောက်နောက်ဆက်တွဲ...

မင်္ဂလာပါရှင်~~~

အချိန်တွေကြာညောင်းခေတ်တွေတောင်ပြောင်းကုန်ပြီလားမသိပါတော့ပါဘူးရှင်။
ကျမတော့ဒီနယူးယောက်ကနေမတက်နိုင်သေးပါဘူးရှင်။
တနေ့ ၂၄ နာရီကိုကောင်းကောင်းအသုံးမချတတ်တာလား..။
စရင်းဇယားလေးမဆွဲတတ်တာလား..။လိပ်လိုပက်ကျိလိုသွားနေတာလား...။
တခုခုတော့ တခုခုပေါ့နော်...။
ကဲလေ...စာများများမရေးဘဲ ဒါတ်ဒါတ်လေးတွေဘဲပြတော့မယ်။
များသောအားဖြင့် နယူးယောက်ဆိုလူတော်တော်များများရောက်ဖူးမြင်ဖူးကြမှာပါ။
ဒါပေမဲ့ တခါတလေ မြင်ခဲ့ရတာတွေတော့ တူချင်မှတူကြမှာပါ

ဘူတာရုံကြီးထဲက မော်နီတာခရစ်မတ်သစ်ပင်

ဘူတာရုံကြီးနားက လမ်းပလက်ဖောင်းပေါ်(ခြေချခဲ့တဲ့သဘောပေါ့နော်:P)

လူတွေအားလုံးကြိုက်ကြတဲ့ ပန်းသီးဆိုင်..

ဆိုင်အ၀င်ဝ...

မြို့ တော်ရဲ့ ပန်းခြံ Central Park ကိုသွားလည်တာ၊
ပတ်ပတ်လည်နှင်းတွေပါဘဲ။လမ်းလျောက်ရင်ချော်လှဲတတ်လို့ သတိထားပြီးလျောက်ရတယ်...။


အေးလွန်းလို့ တရုတ်ဆိုင်မှာခေါက်ဆွဲပြုတ်စားတယ်။ကောင်းဘူး.:(((
 လေဘာတီရုပ်ထုသွားတော့ ဒီအဆောက်အဦကိုတွေ့ တာနဲ့ သဘောကျလို့ ....လှမ်းရိုက်လိုက်တာ။

တခါတလေလည်းမျက်နှာပြပါတယ်..ဟီး
သဘောင်္ပေါ်တက်ဖို့  တန်းစီစောင့်ရတာ က ၂နာရီကြာတယ်။
ရုံးပိတ်ရက်လေ...။ရေခဲပြင်ပေါ်မှာချမ်းချမ်းအေးအေးလေးပေါ့။
လေကလည်းတိုက်၊အေးကလည်းအေးနဲ့ လေယာဉ်ပျံပေါ်တက်သလိုသေအချာစစ်တာ။
လူအုပ်ကြီးကလည်းစိတ်ရှည်ရှည်နဲ့ စောင့်ကြတာဘဲ
အဲတာစစ်ဖို့ တန်းစီစောင့်နေရတာလေ..။ 

ဆိပ်ခံနားကကြေးရုပ်တု
ဆိုင်းဘုတ်တွေ့ ရင်ဖတ်တာဘဲ..နားလည်တာမလည်တာတော့.ပြန်မေးကြည့်ဘာမှမသိဘူးးးးဟီး
ပင်လယ်ဝဖက်ပေါ့
လေဘာတီရုပ်တုကနေနယူးယောက်မြို့ ကိုလှမ်းမြင်ရတာ
ရေညှိတက်နေတဲ့ရုပ်တုပါဘဲလေ..နော်

အပြန်သင်္ဘောပေါ်ကနေမြို့ ထဲကိုလှမ်း မြင်ရတာ..။


Ellis island  ကိုဝင်တယ်။
အဲဒီကျွန်းကစိတ်ဝင်စားစရာကောင်းတယ်။
ကျွန်းကိုသင်္ဘောပေါ်ကနေလှန်းမြင်ရတာ
သင်္ဘောပေါ်တက်ဖို့ ပြန်တန်းစီရတယ်လေ..။

ဒီလိုတောင်းတွေပလုံးတွေနဲ့ အမေရိကားကို ကမ္ဘာအရပ်ရပ်ကနယ်ပယ်သစ်ခိုလှုံဖို့ လာကြတယ်။ 

လှေကြီးတွေဝမ်းပိုက်ထဲမှာလူတွေအပြည့်ဘဲ..။ 

ဘိုးသွားဘီဘင်တွေရှာဖို့ မှတ်တမ်းတွေအပြည့်ပါဘဲ။
ဒါပေမဲ့အဲဒီအချိန်တုံးက အာရှကသိပ်မ၀င်လာကြသေးဘူးတဲ့။

ဆေးစစ်တယ်။ဦနှောက် ကောင်းမကောင်းလည်းစစ်တယ်။
သူတို့ မှတ်တမ်းတင်ထားတာအရမ်းစနစ်ကျတာဘဲ။

ရာသီဥတုကမိုးအုံနေသလိုဖြစ်တော့ ဓါတ်ပုံရိုက်ရတာသိပ်မကောင်းဘူး..။
နောက်နေ့ ကျတော့ ဂျုးတသိုက်နဲ့ ဝါရှင်တန် ကိုထွက်ခဲ့ပါတယ်။
ဒီတော့နောက်တခါကျရင် ဂျုးများနှင့်ခရီးထွက်ခြင်းလို့ ၊ (ဝတ္တုလိုလိုဘာညာလိုလိုပေါ့)ခေါင်းစဉ်လေးနဲ့ အာလူးလာဖုတ်အုံးမယ်လေ။

မတ်လဆန်းမှာ ရွှာပြန်လိုက်အုံးမယ်။ဟိုမှာကိုးနတ်ရှင်မကောင်းဘူးတဲ့...။
ပြန်လာရင် ရှမ်းဟင်းတွေ ဒါတ်ဒါတ်လေးတွေနဲ့ လာကြွားရအုံးမယ်။ အဟီးးးးး။

မိတ်ဆွေအများ အားလုံးဘဲရွှင်လန်းချမ်းမြေ့ ကြပါစေ။
မီးမီး

Friday, February 17, 2012

နယူးယောက်ဟိုတယ်ပေါ်ကကြွက်နဲ့ နယူးယောက်Tour

မင်္ဂလာပါရှင်~~~
ဟိုးတခါကဒီဇင်ဘာလပိတ်ရက်အချိန်ကာလတွေမှာ သွားလည်ခဲ့တာတွေ ရေးမယ်ဆိုပြီး၊
ဓါတ်ပုံတွေရှာမတွေ့ တာနဲ့ လန်ဒန် နဲ့  ဂျာမဏီ ဘာလင် ဆိုပြီးရှေ့ မဆက်နိုင်ဘဲရပ်လိုက်တာ၊(အဟား..ကိုယ့်ဖာသာဘဲသိတယ်၊
ဘယ်သူမှ မသိဘူး။လုပ်မယ်ပြောပြီးမလုပ်တော့လခလည်းအဖြတ်မခံရဘူး။အဆူခံရခြင်းလည်းမရှိဘူး..၊
မိုက်ထှာနော်...အော်..ကိုယ်က ဒီစာမျက်နှာရဲ့ အရှင်သခင်ကြီးကိုး..;p )
ကဲ...မကျေနပ်ဘူးအချစ်ရယ်တစ်ကပြန်စမယ်...

ကိုဘားမား..အဲ..အိုဘားမားပါလေ။သူနန်းတက်ဖို့ ပြင်ဆင်နေတဲ့အချိန်ကပေါ့..။

 
အင်ပါယာစတိတ်ပေါ်ကိုတော့နယူးယောက်ရောက်ပြီး သိပ်မကြာဘူးသွားလည်ဖြစ်ခဲ့ပါတယ်။
လေကလည်းတိုက်လိုက်တာ။လူကလည်းများ။တိုးဝှေ့ ပြီးဓါတ်ပုံတွေလုရိုက်ရတယ်။
ရှေ့ နောက်တောင်မြောက်လည့်ပတ်ပြီးရိုက် ဒါပါဘဲလေ။
အပေါ်ကနေစီးမြင်ရတော့မိုးမျော်တိုက်ဆိုတာလည်း မီးခြစ်ဗူးတွေထာင်ထားတဲ့အတိုင်းပါဘဲလေ။
ပိတ်ရက်ဆိုရင်လူများတော့လက်မှတ်ကို အွန်လိုင်းကနေ၀ယ်တာပိုကောင်းတယ်။
နို့ မို့ ရင်တန်းစီပြီးအကြာကြီးစောင့်ရတယ်။

 ပြီး sightseeing Tour ကားလက်မှတ်ဝယ်၊ဆင်းချင်တဲ့နေရာဆင်း၊သွားချင်တာသွားပြီးနောက်ဆုံးကား၊
အမှီနဲ့ ပြန်လာခဲ့တာပေါ့။ဒါက စနေတနင်္ဂနွေလိုပိတ်ရက်မျိုးမှာသွားလည်တာ။
စစချင်းထိုင်တော့ အပေါ်အမိုးဖွင့်မှာပေါ့။အအေးဒဏ်မခံနိုင်တော့အောက်ထပ်ပြန်ပြေးဆင်းရတယ်။
ဒါတောင် အောက်တိုဘာလလောက် ဘဲရှိသေးတာ။ကျမမှာချမ်းနေလို့ နေပူလို့ တော်သေးတယ်။
Twin Tower (ဆောက်လက်စဘဲရှိသေးတယ်)၊တရုတ်တန်း၊ဒါလောက်ဘဲဆင်းတယ်။
ကျန်တာကားပေါ်ကနေဘဲပြူးပြဲကြည့်တာပေါ့။တောသားမြို့ ရောက် လည်ပင်းတောင်ညောင်းတယ်။
မော့မော့ကြည့်ရလို့ တိုက်တွေကို။မြို့ ထဲမှာနေရမယ်ဆိုရင်ကျမဘယ်လိုမှနေတတ်မှာမဟုတ်ဘူး။
နားညီးလိုက်တာ ဝေါ်ဝေါ်ကားတွေနဲ့ ဆူညံနေတာဘဲ။(ကျမအခေါ်ဝေါ်ဝေါ်ကား..မီးသတ်ကား၊ဆေးရုံကား
ရဲကားတွေလေ တချိန်လုံးဝေါ်နေလို့ ):D
ကျမတို့ နေတဲ့ ကျွန်းဆွယ်အဖျားလေး ကနေနယူးယောက်မြို့ ထဲကိုရထားစီးလာရင်၊ ၄၅မိနစ်လောက်ကြာပါတယ်။ ကျမတို့ နှစ်ယောက်ကလည်းဘယ်သွားသွား tour ၀ယ်ပြီးသွားလေ့ရှိပါတယ်။ မရောက်ဖူးတဲ့ဒေသဆိုရင် ရှင်းပြတဲ့သူ လိုက်ပြတဲ့သူနဲ့ အချိန်တိုတိုအတွင်းမှာနေရာအစုံ နှံစပ်သွားမှာလေ။
ဒါနဲ့ မြို့ တော်ဝါရှင်တန်ဆိုတာသွားလည်ခြင်တာနဲ့ ဝါရှင်တန်tour၀ယ်ပါတယ်။
စစခြင်းစုရပ်ကလည်း မနက် ၆နာရီလောက်အချိန်နဲ့ မြို့ လယ်ခေါင်မှာ။
အိမ်ကနေထွက်လာမယ်ဆိုရင်တော်တော်ကသီမှာ..။
ဒါနဲ့  မြို့ ထဲမှာညအိပ်ဖို့ ဖြစ်လာရတယ်။တညအိပ်မဲ့အတူတူ ၂ညလောက်အိပ်ပြီး၊
လည်ရင်ပိုကောင်းမယ်ဆိုပြီး နာမည်ကျော် အင်ပါယာစတိတ်နားပတ်ဝန်းကျင်က
ဟော်တယ်တခုမှာ၊တည်းခဲ့ကြပါတယ်။
အဲဒီဟော်တယ်မှာပေါ့

အခန်းက ၄ ထပ်မှာပါ။ညမောမောနဲ့ ပြန်လာတော့ စားလက်စမုန့် ထုပ်တွေပစ်ချပြီးအိပ်တော့တာဘဲ။
တကျီ့ ကျီ့ နဲ့ အသံကြားတော့လန့် နိုးလာတယ်။ဘာမှန်းလဲမသိပါဘူး။
ပြန်အိပ်တော့လည်းဒီအတိုင်းဘဲ..။ခဏခဏနဲ့ ဆိုတော့လည်း၊ထရတော့တယ်။
(အေးတာနဲ့ စောင်ပုံကခွါခြင်ဘူးလေ)။အားပါးပါး....တွေ့ ပြီ..။
ကိုယ်တော်မျက်ပြူးလေးက ပလပ်စတိတ်အိတ်ထဲကမုန့် ကိုဆွဲနေတာကိုးးးး။
ရူးရူးဆိုမှပြေးတာ အမေရိကန်ကြွက်က ကြီးမှကြီး...။
ဒါနဲ့ ရေချိုးခန်းထဲက မျက်နှာသုတ်ပုဝါတွေအားလုံးယူပြီး တံခါးဝမှာပိတ်ဆို့ ထားလိုက်ရတယ်။
အဲဒါတွေ ဟော်တယ်မှာပြောရင်ရပေမဲ့ ခရီးထွက်ချိန် ပြသာနာမများခြင်လို့ ..။
ဟိုတယ်ကိုစောစောစီးစီးတာတာလုပ်ပြီး လစ်ကြတာပေါ့။
အဲဒီခန်းဆီး၂ခုကဖွင့်လိုက်ရင်နောက်ဖက်ကတိုက်နဲ့ တန်းနေအောင်တွေ့ ရတယ်:(((


ဟိုတယ်ကနေလှမ်းကြည့်ရင်အင်ပါယာစတိတ်ကိုမြင်ရတဲ့ပုံပါ။


ဒါကအရင်က Time square  နေရာတ၀ိုက်ပေါ့။
ခုတော့ပုံပြောင်းလိုက်တယ်ကားလမ်းတခြမ်းပိတ်ထားတယ်။
ရုပ်ရှင်တွေထဲမှာခဏခဏမြင်ဖူးတာ ..ဒီဘုရားကျောင်းကို။
ကိုင်း...window shopping ထွက်မယ်....။


၄၇ လမ်းပတ်ဝန်းကျင်မှာ စိန်တန်းရှိတယ်တဲ့။စိန်ဆိုင်တွေ ရတနာဆိုင်တွေအများကြီးပေါ့။
အဲ..၄၇ လမ်းထဲက စိန်ရတာနာဆိုင်တွေရဲ့ မြေအောက်ထပ်မှာ အလုပ်ရုံတွေအများကြီးရှိပြီး၊
မြန်မာတွေတော်တော်များများ အလုပ်လုပ်ကြတယ်လို့ မိတ်ဆွေတယောက်ကပြောပြပါတယ်။
ပိုင်ရှင်တွေက မြင်ရတာ ဂျုးနဲ့ ကုလားတွေချည်းဘဲ..။
ကျမတော့ နာမည်ကြီးတဲ့ ဒီဇိုင်းတွေတ၀ကြီး ၀ယ်ခဲ့...အဲလေ ကြည့်ခဲ့ဒါတ်ဒါတ်ရိုက်ခဲ့တာပေါ့။
ကဲ..မပြောဘူးလား..အားရင်အာလူးလာဖုတ်ပါမယ်ဆိုတာ...။
ဟီးးးးး....
အားလုံးဘဲပျော်ရွှင်အေးချမ်းကြပါစေရှင်...
မီးမီး
(မနေ့ ကရေးပြီး ဘာနှိပ်တာမှားသွားလဲသိဘူး..ပို့ စ်ကစာမပါဘဲတက်သွားတယ်..)
အဟဲ..လက်သင်ကလေးမို့ ခွင့်လွှတ်ကြပါရှင်)

Thursday, February 16, 2012

စာကျက်ဝိုင်းကဆရာမငယ်ဘဝ

မင်္ဂလာပါရှင်~~~

ရေးဖို့ ပြင်နေတာတော့ကြာပါပြီလေ။အိမ်ကကျေးဇူးရှင်က အရင်ကပျက်သွားတဲ့ Dell laptop ကိုစမ်းသပ်ပြင်နေတယ်လေ။ပြင်တာကအရေးမကြီးပါဘူး။laptop ၂ခုလုံးမောင်ပိုင်စီးတာကမမိုက်ဘူး။
ဘာတဲ့ သူပြောတာကတော့ back up လုပ်တာတဲ့။ဒေါ်မီးတို့ တော့ဘာနားလည်မလဲ။
ကျမ လုပ်ထားတာတွေတခုမှမပျောက်စေနဲ့ နော်။ဒါဘဲပြောတတ်တာ။ဒီတော့ သူလုပ်တာတွေကို
ဘာမှဝင်ရှည်လို့ မရဘူးပေါ့။ နောက်ဆုံးတော့လည်းပြန်ကောင်းလာတယ်။
အော် ....သူတို့ တွေကဟိုဟိုဒီဒီဆိုရင်လည်းဖြစ်တာဘဲ။
ကိုယ်တို့ နဲ့ ကွာပါ့..။ဘာမှမသိဘူးမတတ်ဘူး..ဒါဗြဲ..သက်သာချက်တော့။ဟီးးးးး
ဒါကြောင့်ပါ....ကဲပြန်စတာပေါ့နော်..။
ကျောင်းသား တသိုက်နဲ့ ဆရာမငယ်ဘ၀ အကြောင်းတစေ့တစောင်းပေါ့...။

ကျမရဲ့ ဆရာမဘ၀လေးကပျော်စရာလေးပါ။များသောအားဖြင့် ကျောင်းသားမိဘတွေက အတင်းလာထိုးထည့်..အဲလေ..လာအပ်ကြတာပါ။ဆွေမျိုးတွေထဲကရှိသလို ရပ်ကွက်ထဲက ကလေးတွေနဲ့ 
ပေါ့။ကျောင်းပိတ်ရင် ပျော်ပွဲစားထွက်မယ်ဆိုတာချည်းဘဲတောင်းဆိုနေကြတယ်လေ။
သူတို့ မိဘတွေကိုပြောပြီးပြီ။ဆရာမငယ်သာ ခေါင်းငြိမ့်ရင်ရတယ်ဆိုဘဲ။
ကျမကိုပြန်သင်ပေးနေကြတာလေ။ရိုးရိုးကျောင်းပိတ်ရက်ဆိုရင်လည်း မုန့် လုပ်စားဖို့ ဒင်းတို့ မြှောက်ပေးတာနဲ့ ၊မုန့် တီကြော်တို့ ဂျုံခေါက်ဆွဲကြော်တို့ ၊
ခဏခဏလုပ်ကျွေးရသေးတယ်။ဝိုင်းလုပ်ဝိုင်းစားကြတယ်ဆရာမငယ်ကဒကာကြီးပေါ့။ 
ကျောင်းပိတ်ရက်ရှည်ကာလတခု မှာတော့ကျမတို့ ပျော်ပွဲစားထွက်ကြပါတယ်။
ကျမအမရဲ့ တပည့်တွေနဲ့ ပေါင်းပြီးတော့။သူတို့ က ရ တန်းကျောင်းသားအရွယ်တွေ။
ကျမ ကလေးတွေကတော့ သူငယ်တန်းကနေ  ရ တန်းအထိ။

စားစရာတွေတော့ အဓိက ကောက်ညှင်းပေါင်းပေါ့။လူ ၄၀ နီးပါးအတွက် အထုတ်ပေါင်း ၅၀ 
ဝယ်တာပေါ့။ကျမတို့ ဆီမှာက ကောက်ညှင်းပေါင်းကိုဖက်ရွက်တမျိုးနဲ့ ထုတ်ပေးတာ။
ဆူးနုနုလေးနဲ့ ဗမာလိုဘာအရွက်လို့ ခေါ်လဲမပြောတတ်ဘူး။အရွက်ကခပ်ဝိုင်းဝိုင်းလေးနဲ့ အရိုးကိုချိုးပြီး၊
ကတော့ပုံလေးလုပ်ပြီး ကောက်ညှင်းပေါင်းလေးလက်သီးဆုပ်လောက် ထည့်၊လှည့်ပတ်ခေါက်ပြီး။
နှီးနဲ့ တုတ်ပေးလိုက်တာဘဲ။အဲဒါကို ထိုဖူးသုပ်(ကျမတို့ ဆီမှာအချဉ်အတွက်ထိုဖူးချဉ်ရည်ဆမ်းပေးတယ်။
မန်ကျည်းရည်တို့ သံပုရာသီးတို့ သုံးဘူး၊ထိုဖူးမကျိုခင်အဲဒီအရည်ကိုတရက်ထားပြီးချဉ်ရည်အဖြစ်သုံးတာပေါ့
ထိုဖူးချဉ်(ဆီထိုဖူးလို့ ရန်ကုန်ဖက်ကခေါ်တယ်၊ကျမတို့ ဖက်မှာတော့ဆီမစိမ်ဘူးလေ)။
ဝက်ခေါက်ကြော်၊ကျိုင်းတုံဝက်အူချောင်း..ဒီလောက်ဆိုရင်ကျမတို့ အတွက်တော့ နတ်သုဓာပါဘဲလေ။
ဆရာမငယ်တော့ ကလေးတွေပြောသမျှလုပ်ပေးရပါတယ်။
ဒင်းတို့ ကဆင်းဒ၀စ် ဆိုတော့လည်း၊ငါးသေတ္တာသုပ်ပြီးပေါင်မုန့် ၂ချပ်ညှပ်ပြီးပေးလိုက်တာဘဲ။
ကိုကာကိုလာဗူးကြီးတွေ၊ရေဗူးတွေနဲ့ ခလေးအသေးတွေ၊စားစရာ၊ဖျာ၊ကားတာယာတွေလည်းပါသေးတယ်။
ကားနဲ့ ကျန်တဲ့ခလေးတွေက စက်ဘီးဆိုက်မျိုးစုံ ၂၀ကျော် ၃၀ နီးပါးလောက်က တန်းစီပြီးနောက်ကနေလိုက်ကြတယ်လေ။ခလေးတွေကို ကျမရော ကျမအမရောမနိုင်မှာဆိုးလို့ နောက်ဆရာမတယောက်ကိုပါခေါ်လိုက်သေးတယ်။
သူကတော့ဒုတ်တချောင်းနဲ့ တဟဲ့ဟဲ့နဲ့ အော်နေတော့တာဘဲ။
ရေချောင်းကည်းသိပ်မနက်ပါဘူး၊ဒူးတ၀က်လောက်တောင် မနက်ပါဘူးလေ။
သဲသောင်ပေါ်မှာပြေးလွှားဆော့ကစားကြတာပေါ့။
ကျမကတော့ BMX စက်ဘီးကို(အဲဒီခေတ်က ဓါတ်ရှင်မှာခေတ်စားတယ်လေ၊ပုံစံအမျိုးမျိုးနဲ့ စီးတာလေ)။
ခလေးတွေနဲ့ ပြိုင်စီးကြတယ်။ဓါတ်ပုံတွေရိုက်ထားတာရှိတယ်။
ဒါပေမဲ့ကျမလွန်ခဲ့တဲ့၂နှစ်လောက်ကဘန်ကောက်လေဆိပ်မှာသေတ္တာပျောက်သွားတယ်လေ။
ဓါတ်ပုံတွေယူလာမိတဲ့အခေါက်မှ..ဗျာ..။အင်း..အရင်ဘ၀ကဘာတွေများသူများပစ္စည်းတွေ၊
မတရားခိုးယူထားမိလည်းမသိဘူးလေ။ခုတော့ပြန်ပေးလိုက်ရတယ်လို့ ဘဲသဘောထားလိုက်ပါတယ်။

ကဲပါလေ..ခလေးတွေအကြောင်းပြောရင်းဘေးချော်နေပြန်ပြီ။
သူတို့ တွေစာကျက်အောင်လေ..ချော့မော့ပြော ကျွေး ဆူလိုက် အော်လိုက်နဲ့ ပေါ့။ သူတို့ လေးတွေစာတော်ကြပါတယ်။တချို့ ဆေးတက္ကသိုလ်ရသွားကြတယ်ပြောတယ်။ 
မူးယစ်ဆေးဝါးမူ့ နဲ့ ထောင်ကျသွားတဲ့၊ကောင်လေးလည်းရှိတယ်။
ငယ်ငယ်ရွှယ်ရွှယ်နဲ့ အိမ်ထောင်ကျသွားကြတာလည်းပါတယ်။
အချိန်တွေပြောင်းတော့ဘ၀တွေလည်း ပြောင်းကုန်ကြပြီပေါ့။
ကျမကိုတွေ့ တော့သူတို့ လေးတွေအားပါးတရလာနူတ်ဆက်ကြပါတယ်။
ကျောင်းတွေအကန့် အသတ်ရက်မရှိပိတ်လိုက်တော့ ကျမလည်းတပည့်လေးတွေကိုအမဆရာမနဲ့ ၊
အပ်ပြီး အိမ်မှာအမြဲလာတည်းတတ်တဲ့ မိတ်ဆွေ(သူတို့ ကကျောက်ကုန်သည်တွေပါ)။
နဲ့ ထိုင်းကိုခဏအလည်ဆိုပြီး သွားလိုက်တာ...။
၉ နှစ်ကြာသွားပါတယ်။
ဒီလိုပါဘဲလေ.. ဘ၀ဆိုတာမထင်မှတ်ဘဲမမျော်လင့်ဘဲ..ပြောင်းလဲသွားကြတာ။
နောက်ဆုံးတော့ မိမိကိုယ်တိုင်ကြောင့်ပါဘဲ..နော်။

အချိန်ကိုလုပြီး ကြုံရင် ထိုင်းမှာနေခဲ့တဲ့အတွေ့ အကြုံတွေ အားလူးလာဖုတ်ပါအုံးမယ်လေ။
အားလုံးဘဲ ကျမ်းမာ ပျော်ရွှင်ချမ်းမြေ့ ကြပါစေ..။
မီးမီး

Tuesday, February 7, 2012

လုပ်ငန်းခွင်သို့ ပထမခြေလှမ်း…


မင်္ဂလာပါရှင်~~~

ငယ်ငယ်ကတဲကပါးစပ်လေးနဲ့ စပြီးအလုပ်လုပ်ခဲ့ရလို့ လား၊မသိပါဘူးလေ..။
ကြီးလာတော့လည်းပါးစပ်လေးရင်းရတဲ့အလုပ်မျိုးတွေနဲ့ ဘဲဆက်တိုက်ကြုံရတယ်။
ကျမကျောင်းပြီးခါစ ကျိုင်းတုံမှာနေတုံးကပေါ့ ညညဆို၊
(မီးကလည်းမီးဆီကိုမလာတတ်ဘူးလေ..ဟီး)။
ဖယောင်းတိုင် ရေနံဆီမီးခွက် လေထိုးရတဲ့မီးအိမ်၊
(တချို့  ကအောက်လင်းမီးအိမ်လို့ ခေါ်တယ်တဲ့)နဲ့ ဘဲစခန်းသွားရပါတယ်။
သွားလည်ပတ်စရာနေရာလည်းမရှိ။
ဒီတော့ တချာင်းထိုး တဘက်ထိုး ဒါတွေဘဲလုပ်နေရတယ်လေ။
ဆောင်းတွင်းဆိုရင် မီးသွေးမီးဖိုလေးနဲ့ ကြွေမုန့် ကြွပ်လေးကင်
ခေါပုပ်လေးကင် သိုးမွှေးထိုးတံလေးတွေနဲ့ ၊
အဲဒါကျမတို့ ဆီက ရှမ်းမတွေစတိုင်ဆိုပါတော့ဗျာ..။
အဲဒါနဲ့ ၂အိမ်ကျော်မှာနေတဲ့တရုတ်အဒေါ်ကြီးတယောက်က သူ့ သမီးအငယ်ဆုံးတယောက်၊
အိမ်စာလည်းမလုပ်။စာလည်းမကျက်နဲ့ ၊ပြောရခက်လို့ ။
ကျမညညသိုးမွှေးထိုးရင်းသူ့ ကိုစာပြပေးလို့ အကူအညီတောင်းတယ်လေ။
ကျမထိုးထားတဲ့ယုန်မွှေးတဘက်တွေလည်း ၀ယ်သေးတယ်လေ။
ပိုက်ဆံရတော့ပျော်လိုက်တာ။
အဲဒါနဲ့ သူ့ သမီးကိုအိမ်စာလုပ်ရင်စောင့်ကြည့်ပေးတဲ့သူဖြစ်သွားတာပေါ့။
လကုန်ရင်ပိုက်ဆံကရအုံးမယ်လေ..။
ပေးသလောက်ယူမယ်လို့ ဘဲမှန်းထားပါတယ်။

တပတ်လောက်နေတော့ အိမ်ကိုအမြဲလာတတ်တဲ့ ချဲထီရောင်းတဲ့ဦးလေးကြီးတယောက်က၊
ကျမနဲ့ ခလေးမလေးကိုတွေ့ တော့..။
သူ့ ခလေး၃ ယောက်ကိုလည်းအပ်ပါတယ်။
အဲဒီလိုအိမ်စာလုပ်မလုပ်ကြည့်ပေးပါတဲ့..။
ကိုယ့်ဖယောင်းတိုင်ကိုယ်ယူလာပါ့မယ်ဆိုဘဲ..။
အိုး..အလကားနေတော့လည်းအလကားဘဲ။
စာသင်ရတာလည်းဟုတ်ဘဲနဲ့ ။
သူတို့ လေးတွေမေးတာဖြေပေး။
အိမ်စာလေးတွေရှိလားမေးပြီးစာကျက်ခိုင်းရုံဘဲလေ။
ဒီတော့..အိုကေတာပေါ့..နော့်။

ဒီလိုနဲ့ ဘဲ ရပ်ကွက်ထဲကခလေး သူငယ်တန်းကနေ (ရ )တန်းအထိ၊
အယောက် ၂၀ ကျော်ရဲ့ ဆရာမငယ်ဖြစ်သွားပါတယ်။
ကျမရဲ့ အမက အဲဒီတုံးကအလယ်တန်းပြကျာင်းဆရာမဆိုတော့၊
သူ့ ကိုဆရာမကြီး၊ကျမကိုကျတော့ ဆရာမငယ်။
သူတို့ လေးတွေခေါ်ကြတာလေ..။
သူငယ်တန်းခလေးတွေကို ပေါင်ပေါ်တင်ချော့ပြီးစာသင်ပေးရတယ်။
ကြီးတဲ့ခလေးတွေကတော့ စာမေးရုံပါဘဲ။
တနေ့ သင်တဲ့စာ အားလုံးကျက်ခိုင်းတယ်။
စာဆိုပြီးမှ အိမ်ပြန်ရတယ်။
အိမ်ရှေ့ မှာ ည ဂနာရီဆိုရင် လာကြိုတဲ့ သူတွေနဲ့ စည်ကားနေတာပေါ့။
လကုန်လို့ လခလေးတွေလာပေးရင်(တယောက်ကို ၂၅ကျပ်ရတယ်)။
ကျိုင်းတုံရုပ်ရှင်ရုံနဘေးက ကုလားကြီး၂ပြန်ကြော်တွေဝယ်ပြီး။
အားလုံးစားကြတယ်။သူတို့ လေးတွေနဲ့ လုစားရတာ..။

သူတို့ ဖယောင်းတိုင်ထွန်းဖို့ နို့ ဆီခွက်တွေ စည်သွပ်ဗူးဟောင်း တွေစုရတာကအမော။
အမြဲတမ်းပျောက်နေတာဘဲ..။
အိမ်နောက်ဖေးက ထမင်းစားခန်းမှာ(နဲနဲကျယ်တော့အဆင်ပြေနေတာ)၊
စားပွဲဝိုင်းက တခု၊လေးထောင့်စားပွဲရှည်ကြီးက ၂ခု၊
တရုတ်ခွေးခြေခေါ်မလားဘဲ..။
အဲဒီလိုခုံလေးတွေနဲ့ ။ညညဆိုဆူညံနေတာ။
ခုနှစ်အိမ်၊ရှစ်အိမ်ကြားပေါ့။
ဆရာမငယ်လည်း  အော်ဟစ်နေရတယ်။
ဖယာင်းတိုင်(အရည်ပျော်သွားတဲ့ဖယောင်းပျော့ပျော့လေးတွေ)
နယ်ဖတ်ကစားကြတယ်လေ၊ဆော့ကြတယ်လေ။

ဒါနဲ့ ကဲ..ဖယောင်းကိစ္စ စခန်းရပ်ပြီး အောက်လင်းမီးအိမ်၊
ထွန်းပေးရတယ်၊ကိုယ့်စီးပွားရေးဆိုတော့။
သူများအားကိုးလို့ ဖြစ်ဘူးလေ။
ကျမအဲဒီမီးအိမ်ထွန်း တော်တော်ကျွမ်းကျင်သွားပါတယ်။
မီးစာလေးကိုအရက်ပျံနဲနဲလေးခွက်ထဲထည့်၊
ပြီးမီးစာကိုမီးရို့ မီးငြိမ်းစပြုရင် လေထိုးတံကိုအားရပါးရထိုးတော့တာဘဲလေ..။
အဲ...အရက်ပျံဖိုး၊ဆီဖိုးဆရာမငယ်ဝယ်ရတာပေါ့။
အမေကပေးဘူးတဲ့။ကိုယ်ပိုင်ဝင်ငွေရှိနေတာဘဲတဲ့။
အဟဲ..ကလေးတွေဆီကပိုမတောင်းပါဘူး..။

နောက်သူတို့ လေးတွေရဲ့ ကံလား..။
ကျမရဲ့ ဆုတောင်းကပြည့်သွားတာလားမသိပါဘူး။
မီးစက်ဝယ်ချင်လို့  ချဲထီထိုးတာ ၃၀ကျပ် ဖိုးပေါက်တယ်ဗျ..။
ချက်ချင်းဝယ်တာပေါ့။
မီးစက်တွေဘာတွေနဲ့ ဒေါ်မီးစာကျက်ဝိုင်းလေးကဟုတ်နေတာ။

နောက်ကျမတို့ ကျိုင်းဖေါင်းရေချောင်းကို ပျော်ပွဲစားထွက်ကြတယ်။
အရမ်းပျော်စရာကောင်းပါတယ်။
စက်ဘီးတွေအစီး ၂၀နီးပါးနဲ့ ခလေးငယ်လေးတွေတော့ မုန့် တွေရေဗူးတွေနဲ့ ၊ 
ကားနဲ့ ခေါ်သွားရတယ်။
အဲဒါကို...နောက်မှာဘဲပြောပြတော့မယ်နော်..။

အဟီး...အိမ်အလုပ်တွေပစ်ပြီး ရေးနေလိုက်တာ။
ဟင်းချက်လိုက်အုံးမယ်။
ဒါလေးကို ၃ရက်တောင်ရေးရတာ...။

မီးမီး
ထုံးစံအတိုင်းပါဘဲလေ..ပုံလေးတွေကို၊
အင်တာနက်ကနေရှာဖွေမွှေနောက်ပြီးယူထားပါတယ်။
တီထွင်သူအပေါင်းကိုကျေးဇူးတင်ပါကြောင်း...။