Thursday, November 24, 2011
မြန်မာဆန်ဆန်Thanksgivings ညစာ
မင်္ဂလာပါရှင်~~~
ခုတလောအားလပ်ချိန်ကိုမရှိဘူးဖြစ်နေတာ။
ပြောပြချင်တာတွေ ရေးချင်တာတွေတော့အများကြီးပါဘဲ။
စားတာသောက်တာလည်း ကမန်းကတန်း၊
မြန်မြန်ဆန်ဆန်လေးတွေဘဲချက်စားဖြစ်ပါတယ်။
ဒီနေ့  Macy Thanksgivings Parade ကိုတောင်မသွားနိုင်ဘူး။
လွန်ခဲ့ တဲ့၎ နှစ်ကရောက်ဖူးတယ်ဆိုတာနဲ့ ၊
အိပ်ယာကမထနိုင်ခဲ့ဘူးလေ။
အရင်နှစ်ကဓါတ်ပုံလေးတွေ ပူပေါင်းအရုပ်ပုံကြီးတွေပါ။
အလုပ်ကည ၁၂ နာရီဝင်ရမှာ၊
black Friday လေ၊
နောက်ကြုံရင် အလုပ်ကအကြောင်းတွေဖေါက်သည်ချရအုံးမယ်။
ခုအလုပ်မသွားခင်လေး ကမန်းတန်းဘဲရေးလိုက်ပြီ။ 
ညစာပုံကိုတော့ဓါတ်ပုံနဲ့ တကွမပြတော့ပါဘူး။
သနားသွားကြမှာစိုးလို့ ...အဟီး။
ခရမ်းချဉ်သီးချက်၊
ရုံးပတေတီးပြုတ်တို့ စရာ၊
ကြက်ဆင်သားအူချောင်းပြုတ်၊(သူများတွေကြက်ဆင်သားစားတာ၊ဒို့ လည်းပါတယ်)
ရေနွေးကြမ်း၊
စုစုပေါင်းဟင်းချက်ချိန် ၄၅မိနစ်တောင်ကြာတာ။
တော်ရောပေါ့နော်...။
ကိုင်းအလုပ်ကိုပြေး ဖို့ ပြင်ဆင်တော့မယ်..။
အားလုံးဘဲ happy thanksgiving...:)
ခင်မင်တဲ့
မီးမီး
10 comments:
  1. Happy thanksgiving!...Mee Mee
    ReplyDelete
  2. Happy Thanks Giving ma Mee. Here, it seems nothing like Thanksgiving :)
    ReplyDelete
  3. အော် မီးမီးလေး တို့ကတော့ လုပ်ပြီး ဆက်ပြီး ဖတ်ချင်သေးရင် အလုပ်ထဲသာ လိုက်ခဲ့တော့ မပြောလို့ တော်သေးတယ်
    ReplyDelete
  4. ကျေးဇူးဘဲနော်..လည်လည်ရောက်ကြတာ။
    အမည်မသိသူနဲ့ မြတ်ကြည် လေးရေ...။
    ကျုတီရေ..
    ညကြီးမင်းကြီးခေါ်ရမှာလား၊
    တမနက်လုံးခေါ်ရမှာလား။
    အလုပ်ပြီးပြန်လာတော့ မစားခင်၊
    မအိပ်ခင် နေရာလေးကိုလာကြည့်တာ။
    ဟီး..။
    အလုပ်ထဲလိုက်လာခဲ့လေ။
    ပြောပြမှာပေါ့..။
    ReplyDelete
  5. ဒီမှာလည်း ဆိုင်တွေဈေးရောင်းပွဲတွေနဲ့ ရှုပ်နေတာပဲ ဒီရာသီဆိုရင်
    ReplyDelete
  6. ခုတလောမအားဘူးသ္မီးရယ်။သတိတရရှိလှပါတယ်။
    ReplyDelete
  7. မီးမီးငယ်ရေ..လာလည်သွားတယ်နော်...ကျန်းမာပါစေ..
    မေတ္တာဖြင့်..
    ရွှေဝန်းရတနာ...
    ReplyDelete
  8. စူးနွယ်လေးရေ..
    black Friday
    ကတဲကခုထိတရက်မှပိတ်ရက်၇သေးဘူး။
    လူတွေဘာတွေများဒီလောက်တောင်
    မနေ့ ကတော့ ကျမတို့ အလုပ်သမားတွေဈေးဝယ်တဲ့နေ့ ၊
    ၃၅% လျော့ပေးတယ်လေ။
    အန်တီဦးရေ..
    သမီးလည်းကမန်းကတန်းဘဲ၊
    ပြေးလွှားနေရလို့ ၊
    စာတွေလည်းလိုက်တောင်၊
    မဖတ်ရသေးတာအများကြီးဘဲ။
    ပိတ်ရက်ကြရင်စာတွေရေးစာတွေဖတ်အုံးမယ်။
    အိုင်အိုရာရေ..
    လည်လည်လာရင်း ဟင်းခွက်တွေမလာခဲ့ရောပေါ့။
    Burmesetaste သွားတိုင်းသားရေတမျှားမျှားနဲ့ ပြန်လာရတယ်။
    :P
    ဘုန်းဘုန်းဘုရား..
    ကျမ်းဂန်သာလို့ မာပါစေနော်..။
    နောက်မှဘုန်းဘုန်းကို တရားအကြောင်းမေးရအုံးမယ်။
    ReplyDelete
  9. မီးမီးငယ်ရေသိချင်တာရှိရင်မေးလိုရပါတယ်
    အတတ်နိုင်ဆုံးဖြေကြားပေးပါ့မယ်...
    မေတ္တာဖြင့်...
    ရွှေဝန်းရတနာ...
    ReplyDelete