Thursday, April 29, 2010

မွန်ရိုးရာ နှစ်ကူးသင်္ကြန်အခန်းအနား



သင်္ကြန်ရက် ရောက်တော့မြန်မာဘုန်းကြီးကျောင်းအရမ်းကြီးကိုသွားချင်နေတာ..။
ဂျာမဏီကမိတ်ဆွေတယောက် မိတ်ဆက်ပေးလို့ဂျာမဏီက ဆရာတော် နဲ့၊
အဆက်အသွယ်ရပြီး၊မွန်ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းကို ရောက်ခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီအိမ်မှာ ဘယ်သူမှမရှိဘူး အိမ်ရှင် ပြင်သစ်လူမျိုး၁ ယောက်ဘဲရှိတယ်။
သဘောကောင်းလိုက်တာ..နောက်အပါတ်မှ ပွဲ ရှိမယ်တဲ့။
အဲဒီတုံးကတော့ပြန်လာခဲ့ရတယ်။နောက်အပတ်မှသွားဖြစ်ပါတယ်လေ။ 

အဲဒီနေ့မှာတော့ မြန်မာဘုန်းကြီး မွန်ဘုန်းကြီး နဲ့ထိုင်းဘုန်းကြီးစုစုပေါင်း၃ ပါး ရောက်နေပါတယ်။
ဆရာတော် ဦးကောဇိတ( ဒီဘုန်းကြီးကျောင်းကိုဦးစီးတည်ထောင်) ၊ထိုင်း ဆရာတော်(Wat Buddhavihara Amsterdam )၊မွန် ဆရာတော် ဦးသောပါလ (ကျောင်းထိုင်ဘုန်းကြီး)

နှစ်ကူးသင်္ကြန်အခန်းအနားကို မွန်ရိုးရာ ကျင်းပပါတယ်။

မွန်ရိုးရာ ဆိုတော့ ထိုင်းနဲ့ခပ်ဆင်ဆင်ပါ
ဒီတော့ ကျမရဲ့ဂုံရှမ်း နဲ့တူပြန်ပြီပေါ့
အိမ်ရှင် ပြင်သစ်လူမျိုးမိသားစု မိန်းမ ကထိုင်း..။
ပျော်စရာကောင်းတယ် စိတ်ချမ်းသာတယ်။
တချို့က ဆွမ်းဂျိုင့်နဲ့လာတယ် ဆွမ်းကပ်တယ်။
ကျမတော့ ကပ်စားခဲ့တယ်လေ..အဟီး။
အားလုံးကိုကျေးဇူးတယ်။
ကျမတို့၂ ယောက်ကို ရင်းရင်းနှီးနှီး ကြိုဆိုဆက်ဆံကြတယ်။

0 comments:

Post a Comment