
သင်္ကြန်ရက် ရောက်တော့မြန်မာဘုန်းကြီးကျောင်းအရမ်းကြီးကိုသွားချင်နေတာ..။
ဂျာမဏီကမိတ်ဆွေတယောက် မိတ်ဆက်ပေးလို့ဂျာမဏီက ဆရာတော် နဲ့၊
အဆက်အသွယ်ရပြီး၊မွန်ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းကို ရောက်ခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီအိမ်မှာ ဘယ်သူမှမရှိဘူး အိမ်ရှင် ပြင်သစ်လူမျိုး၁ ယောက်ဘဲရှိတယ်။
သဘောကောင်းလိုက်တာ..နောက်အပါတ်မှ ပွဲ ရှိမယ်တဲ့။
အဲဒီတုံးကတော့ပြန်လာခဲ့ရတယ်။နောက်အပတ်မှသွားဖြစ်ပါတယ်လေ။
အဲဒီနေ့မှာတော့ မြန်မာဘုန်းကြီး မွန်ဘုန်းကြီး နဲ့ထိုင်းဘုန်းကြီးစုစုပေါင်း၃ ပါး ရောက်နေပါတယ်။

နှစ်ကူးသင်္ကြန်အခန်းအနားကို မွန်ရိုးရာ ကျင်းပပါတယ်။



ဒီတော့ ကျမရဲ့ဂုံရှမ်း နဲ့တူပြန်ပြီပေါ့

အိမ်ရှင် ပြင်သစ်လူမျိုးမိသားစု မိန်းမ ကထိုင်း..။


တချို့က ဆွမ်းဂျိုင့်နဲ့လာတယ် ဆွမ်းကပ်တယ်။
ကျမတော့ ကပ်စားခဲ့တယ်လေ..အဟီး။

အားလုံးကိုကျေးဇူးတယ်။
ကျမတို့၂ ယောက်ကို ရင်းရင်းနှီးနှီး ကြိုဆိုဆက်ဆံကြတယ်။