အင်းသားသွေးတမတ်သားပါလည်း အင်းသားပါဘဲလေနော့်..အဖေချက်ကျွေးတတ်တဲ့ငါးထမင်း အလွှမ်းပြေလေးချက်စားတာပေါ့..အဖေ့နည်းက ရိုးရိုးရှင်းရှင်းလေးပါ..။ ဟိုဟာထည့်ပါလား..ဒီဟာထည့်ပါလားနဲ့ ကျမက ဘေးကနေလျှာရှည်တော့ လူခဲ အသာနေ ငါချက်ကျွေးတာဘဲစား စကားမများနဲ့..တဲ့ 😁ငါးထမင်းဆိုတော့ ငါးတမျိုးထဲပါဘဲ ပြီး ခရမ်းချဉ်သီး ဆား ဆီ ဆနွန်းမူန့်၊ အပေါ်ကနေဖြူးတာက ကြက်သွန်မြိတ်လေးနဲနဲ ကြက်သွန်ဖြူကြော် ဆီချက်..ငရုတ်သီးထောင့်လှော် ဂျူးမြစ်..ဒါပါဘဲလေ..
.jpg)
ငါးကို အဖေတော့ နံနံပင်အမြစ်ရှိရင်လည်းထည့်ပြုတ်တတ်တယ်။ ကျမက ဘာမှမရှိလို့ ဂျင်းနဲ့ ကြက်သွန်ဖြူထည့်ပြုတ်လိုက်တာပါ။ တခါထဲ ဆနွန်းမူန့်ပါထည့်လိုက်တယ်။ငါးတောင်မှ အမြီးပိုင်းနဲ့ခေါင်းနားက ကပ်နေ တဲ့အပိုင်းလေးဘဲ..တယောက်စားစာဘဲလေ..ဗျာ..
.jpg)
.jpg)
.jpg)
.jpg)
.jpg)
ဒီနေ့မိုးရွှာတယ်..မနေ့ကတည်းကဘဲ..မနက်ကျတော့ နောက်ကျတာနဲ့ကမန်းကတန်းပြေးတာ ရေခဲသေတ္တာထဲက ထမင်းဗူးယူတာ ချဉ်ပေါင်တွေ ဝယ်လာပြီး အရင်လှော်သိမ်းထားတဲ့ ဗူးနဲ့မှားပြီးဆွဲချသွား တယ်လေ..နေ့လည်စာ စားဖို့ဗူးဖွင့်မှ ချဉ်ပေါင်ပြဲပြဲလေးကမျက်စပစ်ပြနေတာ ဘာရမလဲနော့် ပိုက်ဆံ အိပ်ဖွင့် စက်ထဲကမုန့်တွေဘဲဝယ်စားလိုက်ရတယ်လေ။ အိမ်ပြန်တော့.ဗိုက်ကဆာ..ခပ်မြန်မြန်လေး..နယ်ဖတ်ပစ်လိုက်တယ်လေ..ဟီး..စိတ်ကသိပ်မရှည်တတ်.. 😎
.jpg)
ကိုင်း...ငါးလေးအပေါ်ကနေနဲနဲဖြူးလိုက်မယ်..အဖေဆိုရင်တော့ ဆီတွေအများကြီးထပ်ထည့်မှာ..ပြီး..ငါးလည်းအများကြီးထည့်တယ်..ကိုယ်ကြိုက်သလိုကိုယ်
စားကြတာပါဘဲလေ.. ဂျုးမြစ်မရှိတော့ ကြက်သွန်ဖြူတလုံးစားတယ် စပ်လိုက်တာ ဂရင်းတီးလေးနဲ့..ဖူး.ဖူး ပူတယ်ဗျို့ မိုးကလည်းကောင်း...ဒီမှာ ပျိုမေတကိုယ်
စားကြတာပါဘဲလေ.. ဂျုးမြစ်မရှိတော့ ကြက်သွန်ဖြူတလုံးစားတယ် စပ်လိုက်တာ ဂရင်းတီးလေးနဲ့..ဖူး.ဖူး ပူတယ်ဗျို့ မိုးကလည်းကောင်း...ဒီမှာ ပျိုမေတကိုယ်
တည်း..ချစ်ချစ်ကြီး..ဆန်ဖရန်ဖက်သွားတယ်လေ...ဒီတော့အခါးရည်လေးသောက်..ဒူးလေးနန့်လို့ blog တခွင်ဗြဲဗြဲစင်လည်လည်သွားလိုက်အုံးမယ်... လေ.. 💨😁😂
အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
#meemeenage
#meemeenage