Friday, May 9, 2014

ကမ်းနားကသစ်ပင်များ....

မင်္ဂလာပါရှင်~~~
သူတို့ကိုတွေ့ကတဲက စိတ်ထဲမှာတမျိုးဘဲ..အမည်မဖော်တတ်တဲ့ခံစားချက်တခုရှိခဲ့ဘူးတယ်။ အရမ်းခင်
တယ်ဆိုရင်လည်းမေးခွန်းတွေမေးခဲ့ချင်ပါတယ်..။ သူတို့မိသားစုက တကယ်ဆိုရင်သနားစရာကောင်းပါ တယ်။ အထူးသဖြင့်သူတို့ ညီအကို ၄ယောက်ဘဝကရင်နင့်စရာပါဘဲ အကြီးဆုံးကခုဆို ၃၄ နှစ်လောက် 

ရှိရော့ပေါ့။အငယ်ဆုံးလေးက ၂၈ နှစ်ရှိလောက်ပြီ။ ရွှေးချယ်ပြီး မွေးဖွားခွင့်သာရကြမယ်ဆိုရင် ဒီလိုဘဝမှာ
လာပြီးသန္ဓေတည်ချင်ကြမှာတော့မဟုတ်လောက်ဘူး။ အဖေအရင်းအခေါက်ခေါက်ကြီးကိုက ကျဉ်ထားတာ
လေ။ ငါ့မြေကိုမနင်းရ အိမ်ကိုမလာရ ငါ့နံမည်မသုံးရ ..အော်..အမိန့်အာဏာတွေထုတ်လို့..။



ဘယ့်နှယ်..ရှင်တို့ကြောင့် သူတို့လေးတွေလူဖြစ်လာရတာလေ..။ မိဘခြင်း ပြသာနာဖြစ်တာနဲ့ ခလေးတွေ အားလုံးပေါ်ပုံချချင်နေကြတာ။ သူတို့တွေကိုမွေးဖွားတုံးကလည်းသိုသိုသိပ်သိပ်နဲ့တဲ့သားချည်းဘဲ၎ ယောက်
ရလာမှ အဖေ့ဖက်ကလူတွေ လူပ်ရှားလာကြတာတဲ့..။ ၅ယောက်မြောက်သား ဆိုရင်တော့ ၁ဝဝ % ရွှေ နန်းတော်ထဲကိုရွှေဝေါ်နဲ့ပင့်ပါ့မယ် ဆိုတာတွေဖြစ်လာကြတယ်လို့ ဆိုပါတယ်။နောက်ဆုံးတယောက် ကိုယ် ဝန်နဲ့ တွက်ဟယ်ချက်ဟယ်လုပ်တော့ (ယုံလား ကိုယ်တို့ရွှေပြည်ကြီးက ဗေဒင်ဆရာတွေနဲ့ တွက်ချက်တာ တဲ့) မိန်းခလေးမွေးမယ် အမေ့အနာဂါတ်ကိုဖျက်မဲ့သမီး လို့ဆိုသတဲ့။ အဲဒီမွေးလာတဲ့သမီးကို အမေက
မချစ်ဘူးတဲ့။ 


သူတို့ရဲ့မိဘတွေက ကိုယ်အလုပ်လုပ်ခဲ့တဲ့ ကျောက်မျက်ရတနာ၊ကြေးထည်၊ တခြားရှေးဟောင်းပစ္စည်း
အရောင်းဆိုင်တို့ရဲ့ ပိုင်ရှင်သူဋ္ဌေးမညီအမ ၃ယောက်နဲ့ အထူးခင်မင်ရင်းနှီးကြတာကိုး..။ကောင်လေး

တွေအဖေက အမြဲဆိုင်ကိုဝင်ထွက်သွားလာနေတော့ တမြို့လုံးကရဲတွေလည်းသိကြတယ်။ အဲ့ ခေတ်က
မော်တော်ဆိုင်ကယ်နဲ့ လမ်းသလားပြီး မော်တော်ပီကယ်နဲ့တိုးခဲ့ရင်တောင် ဆိုင်နံမည်ပြော လိုက်တာနဲ့
တန်းပြီးလွှတ်ပေးတာနော်..။ တနှစ်တခေါက်အမြဲလာတတ်ကြတယ်။ တခါတလေလည်း ၂ခေါက်လောက်
လာလည်တတ်ကြတယ်။ သင်္ကြန်တခါလာဖူးတယ်။ သူများတွေတရုန်းရုန်းနဲ့ ဆိုင်ရှေ့ရေပက် ကစားနေ ကြတာလေ မယ်ငီးတော့ စာတအုပ်နဲ့ ချောင်ကုတ်နေတတ်လို့ သူတို့လေးတွေသတိထားမိတာလားမသိဘူး
ဧည့်သည်တွေလာလို့ဈေးရောင်းရင် ကောင်လေးတွေလည်း အရမ်းရောင်းချင်ကြတာကိုး..အနားလာပြီးကူ
ရောင်းပေးတယ်။ ဒါနဲ့ စကားလေးဘာလေးပြောဖူးခဲ့တာပါ။ ကိုယ်တို့က ဗမာပြည်ကနေလာတာရော စကား
မပီတာရော နောက်တခုက ရီစရာတော့အကောင်းသားဘဲ..။ 


တခါကပေါ့ သူဋ္ဌေးမ နံပါတ် ၂ တယောက်သူ့နဲ့က ကောင်လေးမိဘတွေပိုခင်ကြတယ်လေ။ သူ့အလုပ်စား ပွဲနားမှာ ရှေးဟောင်းပစ္စည်းတွေထားတဲ့ နေရာမှာပေါ့ နိုင်ငံခြားသားတယောက်ကို ဈေးရောင်းနေတာ ဖုံးကထမြည်ပါရော။ ဧည့်သည်ကသိပ်ပြီးဝယ်ချင်နေတဲ့ပုံစံမပေါက်တာကြောင့် သူက မယ်ငီးကိုဖုံးကိုင် ခိုင်းပါတယ်။ ဒီကလည်း အူကြောင်ကျားလေ..ဟုတ်ကဲ့ပါရှင် မင်္ဂလာပါရှင် ဘယ်ကနေဖုံးဆက်လို့ ဘယ်သူ နဲ့တွေ့ချင်ပါသလဲရှင် ဘယ်လိုအကူအညီပေးရပါမလဲရှင်...ဒီလိုအဓိပ္ပါယ်ပေါက်တဲ့ စကားလုံးလှလှလေးတွေ ကို ထိုင်းဖုံးတွေထဲမှာပြောဆိုတာကြားဖူးကြတယ်မူတ်လား..မယ်ငီးတို့လည်း မူတ်ရတော့တာပေါ့ အနား မှာက ထိုင်ပြီးနားစွင့်နေသောပုဂ္ဂိုလ်ရှိသကိုးဗျို့..။ ဒါနဲ့ဟိုကလည်း ဒီလိုအရှည်ကြီးပြောပြီးဆိုကတည်းက အသံနေအသံထားနားထောင်ပြီး သိပ်မစွံမှန်းသိတယ်နဲ့တူတယ်။ သူ့နံမည်က "အိုက့်ခမ်း " ကျိုင်းမယ်က လူတွေယောက်ကျားလေးတွေကို ခေါ်ရင် အိုက့် အိုက့် နဲ့..ရှမ်းနဲ့တူတယ်လေ..။ ဘယ်နေရာကနေဆက်ပါ သလဲလို့ ၂ခါမေးရတယ်။ အသံကတော့ တကယ်ကောင်းတာ နူးညံတဲ့အသံလို့ ပြောရမယ်..အော်..တဖက် လူရဲ့ စကားပြောသံပေါ့..။ ပြီးတော့ တိုးတိုးလေး။ နန်းတော်ကို ထိုင်းလို ဝှမ်း(ဟ်) လို့ အသံထွက်တယ်။ သူ ပထမတခါပြောတာမကြားလို့၊နောက်ပြီး သူတို့လူတွေဆိုရင်တော့ အော်တိုငုတ်တုတ်နားလည်ပေမဲ့ ကိုယ် တို့တောသားက ဘာသိမှာ တုံးဗျ..။သူကပြောပါတယ်..။ဒီကနားကလည်းခပ်ထိုင်းထိုင်း..။ ထပ်ခါ ထပ်ခါ
မေးတော့ ရွှာကဆက်ပါတယ်လို့ပြောပေးပါတဲ့...။ ဟင်း..ကိုယ်လည်း တူထေးမကြီးကို ဒီသတင်း နားတော် သွင်းရတာပေါ့.."အိုက်ခမ်းဆိုတဲ့ယောက်ကျားတယောက်( ရွှာနံမည်ကတော့ သူတို့ရွှေနန်းတော် နာမည်နဲ့ ပြီး ) ရွှာက"လို့ပြောလိုက်တယ်..အဲကတည်းက တူထေးမ မျက်ခွက်ကြီးစပ်ဖြီးဖြီးဖြစ်နေတာ)...
ဟွန့်  ... @_@


နောက်တော့ သူတို့အားလုံးရဲ့ ပြက်လုံးတခုဖြစ်သွားတာပေါ့..နောက်သူတို့အလည်လာတော့ ကားရပ်ပြီး အပေါ်တက်လာတာနဲ့ တန်းမေးတယ်..ဘယ်တယောက်လည်းတဲ့..ပြီး မယ်ငီးလက်ညိုးထိုးပြပြီး ပြုံးစိစိနဲ့
လေ..။ ကဲပါလေ...ဆက်ရအောင်..ကောင်လေးတွေနာမည်အရင်းကိုတော့ သိပ်မမှတ်မိတော့ဘူး ...
ခုတော့လည်း နံမည်ပြောင်းရတယ်လို့ပြောတယ်။ Last name ဆိုတဲ့အမျိုးနံမည် သူတို့အဖေကသူ့နောက်
ဆုံးနံမည်သုံးခွင့်မပြုဘူးတဲ့..။ အဲဒီတုံးက သူတို့ကျောင်းတက်တာ အင်္ဂလန်မှာ။ နောက်တော့ ဘယ်လိုဖြစ်ပြီး
အမေရိကားရောက်လာလည်းမသိဘူး။ အခုနယူးယောက်မှာရှိတယ်လို့ ထိုင်းသူငယ်ချင်းတယောက်ပြော
ပြတယ်။ သူတို့အိမ်နာမည်လေးတွေက " အ " အက္ခရာတွေနဲ့ဘဲ.. ကောင်လေးတွေဆိုတော့ လက်က အငြိမ်မနေတတ်ကြဘူး..ဒုတိယတယောက်က အဖေမျက်ခွက်နဲ့စွတ်ချွတ်တူတယ်။ သူတို့ကိုလိုက်စောင့်
ရှောက်တဲ့ရဲတွေရဲ့ လက်ထိပ်ကိုယူဆော့ပြီး သူ့လက်သူခတ်ကစားတာ သော့နဲ့ဘယ်လိုမှပြန်ဖွင့်မရဘူး။
ကျမရှေ့မှာဘဲ သူနဲနဲလန့်သွားတယ် ကျမတို့လူပ်လူပ်ရှားရှားဖြစ်နေအခါမှ ရဲတွေ ပြေးလွှားပြီးလာကြည့်
တော့ အားလုံးရူပ်ကုန်ကြတာပေါ့...နာရီဝက်လောက်တောင်ကြာတယ်...။ နောက်မှ ပြန်ဖွင့်လို့ရသွားတာ။
တိုက်ဆိုင်မူ့လို့ဘဲခေါ်ရမလားမသိဘူး။ တလအတွင်းမှာဘဲ သူတို့အရေးအခင်းတွေဖြစ်ပြီး ပြည်ပကနေ
ခုထိမပြန်လာရတော့ဘူးလေ..။ သူတို့အဖေက ပြန်ခေါ်တယ်တဲ့အမေမပါဘဲနဲ့ ပြန်လာရင်ရတယ်လို့ပြော
တယ်။ သူတို့ညီမလေးကတော့ အစကတည်းကပြန်ပို့ထားလိုက်ပြီလေ..။ ဒီအမေဘဲ ကျွေးမွှေးပြုစုကြီးပြင်း
လာတာကို ဒီအချိန်မှာ ဒီအမေကိုထားခဲ့ရမယ်ဆိုတာ ဘယ်..ခံစားတတ်တဲ့လူသားမှန်သမျှတော့ အမေ့ကို
ဘဲရွှေးမှာပေါ့နော်...။ သူတို့ အင်္ဂလန်ကနေ ယူအက်စ်ကို ပြောင်းလာပြီး တော်တော်ရုန်းကန်လူပ်ရှားကြရ
တယ်ပြောပါတယ်။ တတိယခလေးလေးက အခုဆရာဝန်တောင်ဖြစ်နေပြီလို့ပြောတယ်။ အဲဒီတယောက်နဲ့
သူခလေးဘဝတုံးက စကားခဏခဏပြောဖြစ်တယ်။ YouTube ကနေဟိုကြည့်ဒီကြည့်နဲ့ သူတို့တွေကိုပြန်
တွေ့မိတော့လည်း အရင်ကအကြောင်းတွေပြန်ပြောင်းသတိရမိတာပါ....။ သူတို့ ဘဝတွေတင်မကဘူးလေ
ကိုယ်တို့သူဋ္ဌေးမ နံပါတ်(၂)တောင် အဖမ်းခံရပြီး နေမကောင်းလို့ အချူ ပ်ကနေဆေးရုံအလာ ဆေးရုံဝမှာ
ဘဲလုပ်ကြံခံလိုက်ရတယ်တဲ့...။

 
ဒါကြောင့်...ရေချောင်း မြစ်ချောင်း ကမ်းနဘေးနားကသစ်ပင်တွေဟာ အချိန်မရွှေး ရေတိုက်စားခြင်းခံရတတ် တယ်လို့ပြော ကြတာပေါ့နော်..။

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး
PS..

သူတို့ဗီဒီယိုကလစ်လေးက အိမ်ကိုသတိရတဲ့သီချင်းလေးနဲ့ အရင်ကဓါတ်ပုံတွေစုထားတာ တကယ်
သနားစရာ စိတ်ထိခိုက်စရာလေးပါဘဲ...( အော်.. လင့်တော့ မပေးတော့ပါဘူး..ကြည့်ချင်လို့ရှာဖွေရင် လည်းလွယ်ပါတယ်လေ တခါတလေမှာ အပြင်ကအဖြစ်အပျက်တွေက စိတ်ကူးယဉ်ဝတ္တုဇတ်လမ်းတွေ ထက် ပိုပြီးရင်နင့်စရာကောင်းလှပါတယ်လေ..ဒီအထဲမှာပါတဲ့ လူသားတွေကိုခန့်မှန်းရလွယ်ပါလိမ့်မယ်
ကျမတို့အိမ်နီးနားချင်း ဘုရင့်နိုင်ငံတခုကပါ)