Friday, February 7, 2014

မှန်းချက်နဲ့နှမ်းထွက်မကိုက်သောအခါဝယ်...

မင်္ဂလာပါရှင်~~~

ပြီးခဲ့တဲ့အပတ်ကတဲက အာကာသ ခရီးစဉ်နောက်ဆုံး အနေနဲ့အပိုလိုယာဉ်တွေ သူတို့ရဲ့ 3D ရုပ်ရှင် အာကာ
သလေ့လာရေးကို သမတ ကိုယ်တိုင်မြေတောင်မြောက်ပြီး အောက်ခြေကစလို့ ခုထက်ထိ ဘယ်လိုအခက် အခဲမျိုးစုံကနေ ရုန်းကန်လာရသလဲဆိုတဲ့ အကြောင်းတွေရေးမယ်လို့ စီစဉ်ထားခဲ့ပါတယ်။ ဒီမှာလည်း အ များသိကြတဲ့အတိုင်း နှင်းမုန်တိုင်းတွေ တခုပြီးတခု ကျမတို့နေရာကို မဖိတ်ဘဲ အတင်းလာလည်နေကြ တယ်လေ..။ တချိန်လုံးခရီးထွက်နေတဲ့ ကျမတို့၂ယောက်နဲ့ ခဏခဏခလုပ်တိုက်မိတော့..နမိုးနီးယား
တဲ့ဗျား...။


ဟော..ရေးမယ်ကြံတော့ စက်ထဲကဒေတာတွေ တနေရာရာကို မပြောင်းထားဘဲနဲ့ စက်ကလိရင်း ကျမPC
လေးဂန့်သွားပါတယ်..(သူ့ external hard disc drive ၂ခုနဲ့ဆက်ပြီး ဟိုကဟာဒီပို့ ဒီကဟာဟိုပို့ လုပ်တာ
လေ..နောက်ကိုယ့်ဖာသာကိုယ် မမှတ်မိဘဲ ရူပ်သွားတာနေမှာပေါ့) အဲဒါ ဘာမပြောညာမပြောနဲ့  discover CD ရှိတယ် ဆိုလားခပ်တည်တည်နဲ့ လျှောက်လုပ်နေတာ နောက်တော့ အားလုံးဂန့်သွားတယ်လေ..။ပြန်

ပြီး အသစ်သွင်းတယ်တဲ့ ဒါပေမဲ့ ဓါတ်ပုံတွေအားလုံးပျောက်သွားပါတယ် ။ အဲ့ ..ညကတကယ် စိတ်ဆိုး မိတယ် စိတ်တအားတိုလိုက်တာ ည ၂နာရီထိုးခါနီးမှ အိပ်ပေမဲ့လည်း အိပ်မရဘူး ။ ဒေါသ မောဟတွေ
လောင်မြိုက်နေတာလေ..။


အော်...အားကျမခံပေါ့ရှင် အများတကာလို ဘုတ်အုပ်ကြီးမှာ အဖေ့ကွယ်လွန်သွားတာ ၇ နှစ်ပြည့်..တာ
ကိုတက်ပြီးလွမ်းပြတမ်းတချင်နေတာလေ..နှင်းတွေဆက်တိုက်ကျလို့ ပတ်ဝန်းကျင်တခွင်လုံး ဖြူဖွေးပြီး
ကြားထဲတရက်မှာ နေကသာတော့ ကောင်းကင်ပြာပြာနောက်ခံနဲ့ ဖြူဖွေးနေတဲ့ အပင်တွေ လက်စွမ်းပြ
ထားတာ လည်းပြချင်သေး...အော်..မယ်ငီးမယ်ငီး..ခေါင်းကဆံပင်ဖြူတွေမှ အားမနာ..သူငယ်ပြန်ချင်နေ
သေးတာလေ..ကြည့်အုံး..ဟီး... ကိုယ်ကလည်းဓါတ်ပုံတွေကြည့်ပြီးမှ  စာကိုစဉ်းစားရေးတတ်တာလေ.. ကိုယ့် ဦးနောက်ထဲကမှတ်ညဏ် အခန်းလေးကနဲနဲကျဉ်းသလိုလို.. အဟဲ..(က်ျကား မယ်ငီး၏ စာရေး ဟန်တည်း ) @_@


အင်း..ဒီနေရာမှာ.. ကျမဓါတ်ပုံတွေပျောက်သွားတာ လူသားတွေစည်းမဲ့ကမ်းမဲ့ သစ်ပင်တွေခုတ်လို့..အဟဲ
ညောင်ဦးကမ်းပါးပြိုတော့ (အန်မတန်မှ စာလုံးပေါင်းရခက်သော)စမ္မနဂိုရ် ရွှာကနွားမပေါင်ကျိုး ဆိုသလို
လေဗျာ..သိလား..ကဲပါ..မသိရင်လည်း..ပေါက်ပင်ဘာကြောင့်ကိုင်းရတယ်..ဆိုတဲ့ ကဗျာလေးတော့သိကြ
မှာပါ..နောက်ဆုံး.."ငါ့ဝမ်းပူဆာမနေသာလို့"ကိုင်းရတဲ့သဘောပေါ့..ဘာဆိုင်လို့လည်းမယ်ငီးရာ..လို့မပြော
နဲ့လေ..ဆိုင်ဆိုင် မဆိုင်ဆိုင် အတင်းစပ်ဟပ်ပြီးဆွဲဆိုင်ပြမယ်..ရှေ့ကသွားရမှာလား..နောက်ကပြန်လှည့်
မှာလား..ဒီလိုဗျို့...


လူသားတွေ သစ်ပင်ခုတ်တော့ တောတွေတောင်တွေ ပြုန်းသတဲ့...
တောပြုန်းတော့ အိုဇုန်းလွှာတွေ ပျက်သတဲ့...
အိုဇုန်းလွှာတွေပျက်တော့ ရာသီဥတုတွေဖေါက်ပြန်သတဲ့..

(ကမ္ဘာကြီးပိုပြီးပူနွေးလာတယ် မိုးရွှာလည်းအရမ်း မိုးခေါင်လည်းမတရားပေါ့
ဒီအမေရိကားမှာ နှစ်ပေါင်း ၃ဝအတွင်း အအေးဆုံးနဲ့နှင်းအကျဆုံးတဲ့)

နှင်းတွေကျလေတွေတိုက်တော့ အရမ်းကြီးအေးပါသတဲ့...
အရမ်းကြီးအေးတဲ့အချိန် အညာသားကြီး တယောက်ခါးပတ်ပါ ကမ္ဘာပတ်ပြီး လျှပ်စစ်ဓါတ်အားမြှင့်စက်

 (AC ကနေDC ကိုပြောင်းတယ်ဆိုလား သူပြောပါတယ် ကိုယ်ကနားမလည်)
သူတို့ Station တွေကိုလိုက်စစ်ရပါတဲ့...

နှင်းတွေကြားထဲလျှောက်သွားတော့ သူဘွတ်ဖိနပ်ထဲရေစိမ့်ဝင်ပါသတဲ့..
အပိုလှဲစရာမပါလို့ အအေးပတ်ပြီး ဖျားပါသတဲ့..
ဒီတော့အိမ်က နန်းမတော် ခင်နုနုထွတ်ကလေးငီးငီး အဖျားကူးပါသတဲ့..

အဲဒိအချိန်မှာ ဟိုသွားဒီသွားနဲ့ အအေးထပ်မိပြီး နမိုးနီးယားကြပါသတဲ့..
ဒီတော့..ဒိန်း..ဒန့်..ဒန့်နဲ့ အိမ်မှာအနားယူကြရပါသတဲ့..
ငြိမ်ငြိမ်နေဇာတာပါမလာရှာသောအညာသားကြီး ငီးငီးတယောက်တီဗီကဟင်းချက်တာတွေငမ်းကြော ထနေတုံး.အခွင့်ကောင်းယူပြီး PC ကိုကလိပါသတဲ့..
သူ့
external hard disc drive ၂ခုနဲ့ဆက်ပြီး ဟိုလုပ်ဒီလုပ်နဲ့ နောက်ဆုံးဓါတ်ပုံတွေပျေက်သွားပါသတဲ့..

(အဲဒီအထဲမှာ Disney Land ကိုကောင်းကောင်းရေးမယ်လို့ချန်ထားတာ)
Florida ခရီးစဉ်တခုလုံးရဲ့ဓါတ်ပုံတွေပါသွားသတဲ့..

ကဲ...ဆိုင်ပြီနော်...

ဟဟ...စာကို လှတပတ ဖွဲ့ဖွဲ့နွဲ့နွဲ့မှမရေးတတ်တာ..ဒီလိုပေါက်ကရရေးမယ်ဆိုရင်တော့ရတယ်..

ဒါကတကြောင်းပေါ့..ဒါပေမဲ့ ဒါကြီးကိုဘဲ စိတ်ကစွဲနေရင်ကိုယ်ဘဲဒုက္ခရောက်မှာဘဲလေ..ဘာပစ္စည်းမှ
ကိုယ်တို့အပိုင်မရှိပါဘူး အချိန်တန်ထားခဲ့ရတာချည်းပါဘဲဒီတော့ နောက်တမျိုးပြန်ပြောင်းစဉ်းစားလိုက်

တယ်..ကဲပါလေ.. ဓါတ်ပုံနဲ့ မရေးတော့လည်း စာကိုဖတ်တဲ့သူတွေ မျက်စိထဲမြင်ယောင်လာအောင် ကြိုးစားရေးရဖို့ အခွင့်အရေးတရပ်ဖြစ်လာတယ်လို့ သဘောထားလိုက်တယ်...ဟိ..ကိုယ့်ကိုယ်ကိုဘာလိုလို ညာလိုလိုနဲ့...နောက်ကျရင် ပုံတွေလျှော့ပြီး စာများများနဲ့ အတွေ့အကြုံတွေရေးကြည့်မယ်လေနော်..(အဟမ်း..အဟမ်း..ကြုံတုံး ကြော်ငြာဝင်ရရင်တော့ မယ်ငီးစာကိုလစဉ်ရေးပေးဖို့ ကမ်းလှမ်းခြင်းခံ ရပါကောလား..အဲလိုမျိုးရေးရရင်တော့ ဂလို တောရောက်တောင်ရောက်အရည်မရအဖတ်မရ ပေါက်ကရ
ရှစ်သောင်းလျှောက်ရွှီးလို့မသင့်ပေတော့ဘူးနဲ့တူတယ်...)ဒါနဲ့ ..ဘာတွေရေးရမယ်ကြောင်း.... 0_0

မှန်းချက်ကိုယ်နဲ့မကိုက်ရင်လည်း မြင်နေရတဲ့ ကြိုးစတွေ ဘာဘဲဖြစ်ဖြစ် လှမ်းသာဆွဲလိုက် တခုခုတော့
ပါလာမှာဘဲလေ..ဟုတ်လား..


နောက်လာမဲ့ နှင်းမုန်တိုင်းများကိုစောင့်မျှော်နေရင်း..အဲလေ..အခွင့်အလမ်းအသစ်များကို ကြိုဆိုရင်း ချစ်သောမိတ်ဆွေများနဲ့အတူ နေရာလေးမှာ အမြဲရှိနေမယ်နော်...

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး

အောက်က ကဗျာလိုလိုဘာလိုလိုက..တခါက ဘုတ်အုပ်မှာပေါထားတာလေးပါ...
ကျမတို့ဆီမှာမိုးတွင်းတောင်ရေကျလို့ရွှာတွေပျက်စီးတာကို ရေးထားကြည့်တာပါ...
(ဒါလေးက..ကျမရဲ့လူသားပီသပုံကိုပြတာပေါ့နော်..တခုခုဖြစ်လိုက်တာနဲ့ သူများကိုလက်ညိုးထိုးဖို့တန်းမြင်လိုက်တာဘဲလေ...ဟုတ်တယ်ဟုတ်.. ^_^
ဟိ..နောက်တာပါဗျာ..)


သူ့ ဝမ်းပူဆာမနေသာလို့ ..

August 19, 2013 at 1:48pm

ရွာတွေဘာကြောင့်ပျက်ရတယ်..ရေတွေကြီးလို့ ပျက်ပါတယ်။
ရေတွေဘာကြောင့်ကြီးပါတယ်..ချောင်းရေလျှံလို့ ကြီးပါတယ်။
ချောင်းရေဘာကြောင့်လျှံရတယ်..တောင်ရေကျလို့ လျှံရတယ်။
တောင်ရေဘာကြောင့်ကျရတယ်..တောတွေပြုန်းလို့ ကျပါတယ်။
တောတွေဘာကြောင့်ပြုန်းရတယ်..သစ်ပင်ခုတ်လို့ ပြုန်းပါတယ်။
သစ်ပင်ဘာကြောင့်ခုတ်ရတယ်..ထင်းတွေလိုလို့ ခုတ်ပါတယ်။
မီးသွေးဖုတ်ဖို့ ခုတ်ပါတယ်။တောင်ယာလုပ်ဖို့ ခုတ်ပါတယ်။
စီးပွားရေးလုပ်ဖို့ ခုတ်ပါတယ်။(ဟေ..မေးနေတဲ့ မယ်ငီးမျက်စိလည်သွားပြီ၊တခုချင်းစီပြန်မေးမှ) 
ထင်းတွေဘာကြောင့်ခုတ်ရတယ်..ထမင်းတွေချက်ဖို့ ခုတ်ပါတယ်။
မီးဖိုချောင်သုံးဂက်စ်တွေရှိဘူးလားဟယ်..တို့ နိုင်ငံကဂက်စ်တွေပေါပါတယ်..
ပေါတဲ့ဂက်စ်တွေရောင်းစားတယ်။
အဖိုးတန်သစ်နဲ့ ဟင်းချက်မယ်။
မီးသွေးဖိုးတော့တတ်နိုင်ပါဘူးကွယ်။(အော်..မီးသွေးဖုတ်တာက သပ်သပ်စီပေါ့ ) 
ထုံးတမ်းစဉ်လာတောင်ယာခုတ်ဖို့ ၊တနှစ်တခါတောပြောင်းတယ်။
စီးပွားဖြစ်တော့ခုတ်ဘူးကွယ်။
ထမင်းနှပ်မှန်ရုံဘဲမှန်းပါတယ်။
သစ်ပင်ခုတ်လို့ တောပြုန်းမယ်..အားလုံးဒုက္ခရောက်ကြပါလိမ့်မယ်..ဒါတော့တို့ ကသိဘူးဟယ်။
သိအောင်ဆိုင်ရာကပြောဖို့ လိုပါတယ်..
ဆိုင်ရာများကမအားတယ်။
ဖွင့်ပွဲများ၊ကြိုဆှိုဧည့်ခံပွဲများနဲ့ ရှုပ်ကြတယ်။
သစ်ခုတ်ခြင်းကရပ်လိုက်မယ်။ဘယ်သူကထမင်းချက်ဖို့ လောင်စာရှာပေးမယ်။
ဆိုင်ရာများကိုပြောပေါ့ကွယ်..အခြေခံလိုအပ်ချက်တွေကိုဖြည့်ပေးမှာပေါ့ဟယ်..
စိတ်ကူးယဉ်လို့ ရှောက်ပြောတယ်။
မယ်ငီးပြောတာယုံဘူးကွယ်။
လူကြီးများကဗိုက်ကြီးတယ်။
စားသလောက်လည်းဝဘူးဟယ်။
နှစ်၅ဝလုံးစားတတ်တယ်။
ပြည်ရွှာကောင်းအောင်နဲနဲလေးတော့လုပ်ပေးပါအုံးကွယ်....။

မယ်ငီး
၁၁.၈.၂၀၁၃ ကျိုင်းတုံမြို့ နယ်မှာရေကြီးတယ်တဲ့...
ဒီလောက်ကောင်းတဲ့ကိုယ့်မွေးနေ့ မှာမှဝမ်းနဲစရာတွေတွေ့ လို့ အမှတ်တရ...

ကဗျာမဟုတ်စာမဟုတ်..တပုဒ်လောက်ဖန်တီးကြည့်တာ....
:P