Tuesday, November 5, 2013

Philadelphia ခရီး

မင်္ဂလာပါရှင်~~~
မမျှော်လင့်ဘဲနဲ့  ဖီလာဒဲဖီးယားမြို့ ကို အလည်ခရီးထွက်ခဲ့ရပါတယ်...။ကျေးဇူးရှင်က အလုပ်ကိစ္စရှိတာနဲ့ 
တရက်မကဖြစ်ချင်လည်းဖြစ်မယ်တဲ့။ ဒါနဲ့ ကမန်းကတန်းအဝတ်အစားပစ်ထဲ့ပြီး ကောက်ကောက်ပါအောင်
လိုက်သွားတာပေါ့..။ ခဏ ဂူးဂယ်တချက်ကြည့်တာတော့ The Philadelphia region is known as the
“Cradle of Liberty” as well as the “Cradle of American Horticulture.”
တဲ့


မြို့ အကြောင်းကိုလည်းမလေ့လာလိုက်ရဘူး..အရင်ကဆိုသွားမယ်ဆိုရင် ကြိုတင်ပြင်ဆင်လေ့လာပြီးမှ သွားတာများပါတယ်။ အိမ်ကနေ ၂ နာရီလောက်ဘဲ ကားမောင်းရတာပါ။ သူ့ အလုပ်ထဲမှာ တညနေလုံးထိုင်စောင့်နေရတာပေါ့..။လာလည်ချင်တာကိုး..သည်းခံ... ^_^



 
အလုပ်ပြီးတော့ ပင်ပန်းတယ်တဲ့..။ဟော်တယ်သွားပြီး အိပ်တော့မယ်ဆိုဘဲ...ဟွန့် ...
အဲနားက တရုတ်ဆိုင်မှာဘဲသွားစားရတယ်..ကြက်သားချိုရဲရဲကြီး..မကြိုက်လည်း..
စားပြီးနားရတော့မယ်လေ...။ သွားစရာမရှိတော့ဘူး...။
ဟော..မနက်ကျတော့ ရာသီဥတုကြီးက ဆိုးရွှားလိုက်တာ မိုးတွေရွာ လေတွေတိုက်လို့ ...

  
ဟော်တယ်ကလည်း မနက်စာမရှိဘူး..စားမယ်ဆိုရင် ပိုက်ဆံထပ်ပေးရမယ်တဲ့။သွားကြည့်တော့လည်း
သိပ်အကောင်းကြီးမဟုတ်ဘူး..ဒါနဲ့ အနီးမှာရှိတဲ့ WaWa ဆိုင်ကယ်ပေလို့ ပေါ့ရှင်.. မိုးလေထဲပြေးလွှား
ဝယ်လာစားပြီးပြန်အိပ်ပေါ့....။
နေ့ လည်လောက်ရောက်တော့ လေငြိမ်သွားတာနဲ့ စထွက်ကြပါတယ်...။ အိုးလာလား......၊
ဟိုတယ်ရှေ့ ဖက်မှာ အရမ်းကြီးလှပတဲ့ လမ်းလေးတွေရှိတယ်....ပို့ စကဒ်ထဲကအတိုင်းဘဲပေါ့...
ကဲ..ရောက်တုံးရောက်ခိုက်ကျမနောက်လိုက်ခဲ့ကြပါ..Philadelphia Tour ထွက်ကြရအောင်လေ... 
 
ဒီပုံက ငီးငီးလက်ရာတော့ဟုတ်ဖူးလေ...google တခိုးနဲ့ တွေ့ လာတာ..
ကိုယ်တို့ ရိုက်နေတဲ့အချိန်ကမိုးလေးရွာနေတော့ မှောင်နေလို့ 


ကပ်ရက်မှာ Rodin ဆိုတဲ့ ပြတိုက်တခုရှိတယ်။ ပြင်သစ်လူမျိုးAuguste Rodin ဆိုတဲ့
ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီး ရဲ့ နံမည်ကြီး ကြေးရုပ်ထုတွေပြတာပါ..။ ပြင်သစ်လူမျိုး တည်ဆောက်တဲ့
ပြတိုက်မှာ ပြင်သစ်စတိုင်ပန်းဥယျာဉ်ကို ပြင်သစ်လူမျိုးကဘဲဖန်တီးပြီး၊ ပြင်သစ်ပညာရှင်
ထုတဲ့ကြေးရုပ်တွေ၊ပန်းပုရုပ်တွေပြထားတာပါ...။အဟိ...ပြင်သစ်တွေရူပ်နေတာဘဲနော်..။
စာရင်းချုပ်တော့ဥရောပအငွေ့ အသက်တွေပြည့်နေတဲ့နေရာတွေဆိုပါတော့ရှင်....
ရုပ်တုတခုက The Thinker တဲ့....ကိုသင့်ကာကြီးဘာတွေတွေးခဲ့လဲတော့မယ်ငီးမသိ၊ 
မယ်ငီးတော့ အနီးအနားထိုင်းစားသောက်ဆိုင်လေးဘာလေးတွေ့  ရင်ကောင်းမှာဘဲလို့ တွေးခဲ့
တာပါဘဲလေ...ဟီး...ငတ်ကြီးကျထှာ အထဲမဝင်ခဲ့ဘူး..ထုံးစံပိုက်ဆံပေးရလို့ ...(တိန်..ကပ်စီးနဲတော့)
   


   
 
နောက်ရုပ်ထုတွေကတော့ The Gates of Hell,The Three Shades, အာသံနဲ့ အေဝ
ဆိုတာလည်းရှိတယ်တဲ့။ကမန်းကတန်းနဲ့ သေသေချာချာမကြည့်ခဲ့ရဘူး..
ဟိုအပေါ်ပုံကို...ကိုကြီးအာသံလို့ ဘဲမှတ်လိုက်ပေါ့နော့်..ဟဲ..  :P


 
အဲဒီနေရာကကျော်လာလို့ နောက်ပြန်လှည့်ကြည့်ရင် Philadelphia Museum of Art ကိုတန်းနေအောင်မြင်ရပါတယ်။ ဘေးတဖက်တချက်မှာတော့ ကျောက်တိုင်နဲ့ ရုပ်တုတွေပေါ့..
ရှိတ်စပီးယား အထိမ်းအမှတ်ကျောက်တိုင်...
သူတို့ ပြည်နယ်ကအသားအရောင်မျိုးစုံပါတဲ့စစ်သားအားလုံးအတွက် အထိမ်းအမှတ်ကျောက်တိုင်...
ဘေးနားက အိမ်ခြေယာမဲ့တွေ..ပန်းခြံတွေထဲမှာ အများကြီးဘဲတွေ့ ခဲ့တယ်..ညအေးလာရင်တော့ဘယ်မှာ သွားအိပ်ကြမလဲမသိဘူး...
ဒီတယောက်ကတော့လောလောဆယ် ကောင်းကင်ဘုံခဏ သွားလည်နေတယ်...
မြို့ လယ်ခေါင်ကရေပန်း..
ဒီနေရာလေးကလှလို့ ရိုက်တာ..မိုးအုံ့ နေလို့ သာပေါ့..နို့ မို့ ရင် အရမ်းကိုလှတာဘဲ...




လျောက်သွားရင်းနဲ့ တကယ်ပါဘဲ..ထိုင်းစာ၊တရုတ်စာရတဲ့ဆိုင်တဆိုင်သွားတွေ့ တယ်..။
ဖတ်ထိုင်းတဲ့...ထိုင်ဝမ်တရုတ်ကြီးပိုင်ရှင်ကစကားလာပြောပါတယ်..နိဟောင်လာလုပ်တာလေ..
ရီရပါတယ်..စီလုတ်ဟုတ်ဖူးပြောလည်းမရဘူးနော်..တရုတ်စတိုင်ဖတ်ထိုင်းလားသိပါဘူးလေ...
၁၄.၅ဝ တဲ့...ဟူးးး

သူက ကဖေါင်ကိုင်လို့ ခေါ်တဲ့ကြက်ပင်စိမ်းမှာတာ..ဂလိုလေး...တဲ့...ပဲသီးနဲ့ ကညွတ်တွေချည်းဘဲ...
 
ဟင်းရည်ကပင်လယ်စာတုံယမ်း..ရေနွေးတအိုး...စုစုပေါင်း ၃၂ ကျပ်ကျော်ဆိုတော့ တစ်နဲ့ ဘာနဲ့ ၃ရ တဲ့...
ပြောရရင်တော့ရန်ကုန်နဲ့ ဈေးသိပ်မကွာပါဘူးနော်...
ကိုင်း..စားပြီးဆက်လျောက်ကြမယ်လေ...
ဒီ အချစ်ဆိုတဲ့စာတမ်းကို ဓါတ်ပုံရိုက်နေကြတာ လူတွေပြည့်လို့ ....
 
ဘယ်အခြမ်းကနေရိုက်ရင်အလှဆုံးမှန်းကိုမသိဘူး...
 
တိမ်တွေလည်းကင်းလာတယ်၊ ကောင်းကင်ကလင်းလို့ ၊ပြာလို့ ၊ဒီလိုကြီးမားတဲ့မီးပူနဲ့ ဆိုမယ်ငီးကြုံလို့ 
အားလုံးကို အဝတ်တွေမီးပူတိုက်ပေးနိုင်ပါတယ်လေ..:))

ဒီပုံကိုတော့..နားမလည်မခံစားတတ်ပါဘူးရှင်....
Frank Rizzo , Mayor of Philadelphia from 1972 to 1980 ကျောက်ရုပ်ရှေ့ မှာ ချစ်ချစ်ကြီးကို
ဂလိုလေးရိုက်လို့ ပြောတာ..ဟီး..သူလည်းပဲပေးတတ်သားဗျ....

နေရာတကာ ရုပ်ထုတွေရှိတယ်လို့ ဘဲမှတ်...ဟီး..များလွန်းလို့ လေ....
လေယာဉ်ပျံ ပျက်ကျတဲ့ပုံစံတောင်ရှိဗျား....
 
သူတို့ လူကူမျဉ်းကျားကစကာကွက်နဲ့ တဲ့....
ကဲ...ဈေးထဲယောင်ချာချာနဲ့ ရောက်ခဲ့တယ်...

 

 

 
ဒါကြောင့်အပြင်မှာစားစရာရောင်းတဲ့ဆိုင်တွေရှာရခက်တာကိုး...
ဈေးထဲမှာအပြည့်..ထိုင်စားလို့ လည်းရတယ်...လက်ညိုးထိုးပြီးဝယ်ရုံဘဲ...
ကော်ဖီမျိုးစုံ...
အဲဒီ..ဝက်ပါးစပ်ထဲ အလှုငွေတွေထဲ့ကြတယ်...
ဗိုက်ပြည့်ပြီးမှဈေးတွေ့ တာ..သိပ်တော့မမိုက်ဘူး...
ရှေ့ ဆက်ပြီးနဲနဲထပ်လျောက်ရင်..တရုတ်တန်းတဲ့...
ဟော..နံရံပန်းချီကပြောပြပါတယ်..တရုတ်တွေရထားလမ်းစဖေါက်တာကအစပြုပြီးရောက်လာကြတာတဲ့
ကဲ..မြေပုံဖွင့်ကြည့်ပြီး တောင်ဖက်ရှောက်လိုက်မြောက်ဖက်ရှောက်လိုက်အရှေ့ အနောက်..အိုး..
မျက်စိတွေလည်ပြီး ခြေတွေလည်းညောင်းကုန်ပေါ့....

ကဲ..ကျမကဟော်တယ်နဲ့ နီးတဲ့ အနုပညာပြတိုက်ကိုသွားချင်တာ...ဒါနဲ့ တပ်ခေါက်ပြန်တယ်။
ခြေထောက်ကမဟန်ဘူး..ဘတ်စ်ကားစီးပြီးပြန်လာရတယ်...
ဟော်တယ်နားက ပြတိုက်မှာနေရောင်ထိုးလို့ ..ကိုသင့်ကာ ကြီးကိုလှမ်းနူတ်ဆက် နိုင်ခဲ့သေးတယ်လေ..ဟိ
ဟော..ကျမပြောတဲ့ ပို့ စကဒ်ထဲကအတိုင်းဆိုတဲ့နေရာမှာ ဂျာမာန်အဖိုးကြီးအဖွားကြီးတသိုက်၊
ရိုမန်းတစ်နေကြတာဗျာ..မိုက်တယ်နော်....

ကဲမထူးပါဘူး..မယ်ငီးလည်းနောက်တပုံလောက်....
ကျမက..အဲနေရာကိုသွားချင်နေတာလေ...။


ဘာအဓိပ္ပါယ်နဲ့ တရိစ္ဆာန်ပုံတွေကိုပတ်လည်မှာထားတာလည်းတော့မသိပါဘူး...
အပေါ်ရောက်တော့လူလည်းဟောဟဲဖြစ်နေပေါ့...နေတပိုင်းထိုးထားတာလေးကမိုက်ထှာ..
မြို့ ထဲဖက်ပြန်ကြည့်တော့..ပြပြလေးတွေဘဲမြင်ရတယ်...
ဟိုး..ထိပ်ကနေမြင်ရတာ...
ကဲ..ပြတိုက်လည်းပိတ်တော့မယ်...
ကိုယ်တို့ နားတော့မှဖြစ်မယ်..မနက်ဖန်ကျရင် Tour ကားနဲ့ ဆက်ကြမယ်..ပြတိုက်တွေဝင်ကြတာပေါ့ကွယ်...

အားလုံးဘဲရွှင်လန်းချမ်းမြေ့ ကြပါစေရှင်~~~
မီးမီး