မင်္ဂလာပါရှင်~~~
အရင်တုံးကတော့ ကျမမွေးရပ်မြေရဲ့ သာယာလှပတဲ့ပုံတွေဘဲတင်ခဲ့တာပါဘဲ...။
တကယ့်တကယ်သွားလေရာရှောင်မလွှတ်မြင်တွေ့ ခဲ့ရတာတွေကိုထိန်ချန်ထားခဲ့မယ်ဆိုရင်တော့
တကယ့်တကယ်သွားလေရာရှောင်မလွှတ်မြင်တွေ့ ခဲ့ရတာတွေကိုထိန်ချန်ထားခဲ့မယ်ဆိုရင်တော့
ဘယ်...မတရားဘူးလို့ ဆိုရမှာပေါ့..နော်..။
ဒီစာတွေရေးရင်းနဲ့ စိုင်းထီးဆိုင်သီချင်းလေးညည်းလို့ ကောင်းသား...ဗျ...။ အဲဒီသီချင်းက တခြားခံစားချက်
နဲ့ ရေးစပ်တာပါ။ #♬တောင်ပေါ်မြေရဲ့ အခြားတဖက်မျက်နှာမှာ ဘာတွေရှိမှန်းမသိခဲ့ကြပေ♬ # ဒါပေမဲ့ ကျမတော့ ကျမခံစားရတာတွေကို ဒီသီချင်းကိုအမှီပြုလို့ တင်ပြရအုံးမယ်လေ..။
နဲ့ ရေးစပ်တာပါ။ #♬တောင်ပေါ်မြေရဲ့ အခြားတဖက်မျက်နှာမှာ ဘာတွေရှိမှန်းမသိခဲ့ကြပေ♬ # ဒါပေမဲ့ ကျမတော့ ကျမခံစားရတာတွေကို ဒီသီချင်းကိုအမှီပြုလို့ တင်ပြရအုံးမယ်လေ..။
ကဲ..ကျမတို့ တောင်ပေါ်မြေမှာ ဒါတွေရှိပါတယ်...။ဒီမြင်ကွင်းမျိုးတွေနေရာတကာတွေ့ နိုင်ပါတယ်။
(ဒါတောင်ကျမကတကူးတက သွားရောက်ရှာဖွေရိုက်ယူထားတာမဟုတ်ပါဘူး၊ခရီးသွားဟန်လွှဲ ရိုက်ထားမိလို့ ပြန်ကြည့်ရင်းနဲ့  ခံစားမိရာက မိတ်ဆွေတွေကို ပြောပြတာပါ)
ဒါက ကျိုင်းတုံ-တာချီလိတ် ကားလမ်း၊ ကျိုင်းတုံအထွက်ဖက်မှာပေါ့...။
မလှတဲ့ပုံတွေကျတော့ ဖယ်ထားပြီး အပေါ်ယံကသာယာစိမ်းစိုနေတာကိုဖြတ်ညှပ်ကပ်ပြီးတင်ခဲ့တယ်လေ။
မိုင်းပေါင်း၁ဝဝ လုံး ခန့် ခန့် ညားညားကြီးပေါ့ရှင်..ရှိနေကြပါတယ်။ ဘတ်စ်ကားထဲမှာ အမှိုက်ပုံးမရှိပါဘူး...
လေလေးတဟူးဟူးနဲ့  ပြူတင်းပေါက်တွေဖွင့်ပြီး စားသောက်ပစ်ဝဲလိုက်တာဘဲ ဘာမှအခက်အခဲမရှိဘူး။
ဒီလိုဘတ်စ်ကားလိုင်းတွေပေါ်ပြီးသွားလာနေတာ နှစ်ပေါင်းမနည်းတော့ဘူးတဲ့..။ဒီတော့ ဖြူဖွေးနေတဲ့
စက္ကူတွေ ပလပ်စတိတ်တွေ လမ်းဘေးမှာနေရာယူကြတာလည်းမဆန်းပါဘူး။
.jpg)
ဆီးချိုနဲ့ ဆုံးသွားတယ်။အသုဘပို့ တော့ တရုတ်သင်းချိုင်းအသစ်(အဟောင်းကိုဘဲကျမကရောက်ဖူးတာ၊
ဒါတော့နေရာတိုင်းမှာတူကြမယ်နဲ့ တူတယ်။ သင်းချိုင်းကုန်းတွေဖျက် ပိုပြီးဝေးတဲ့နေရာတွေကိုပို့ ပစ်လိုက်
်ကြတယ်လေ။နောက်တော့ မြို့ သစ်တွေတည်ကြတာပေါ့...)ကိုသွားရတယ်။
.jpg)
ဟိုနားကတစု ဒီဖက်က မြောက်ဖက်ကိုဥိးတည်ထားရင် နောက်တခုက တောင်ဖက်မျက်နှာလှည့်လို့ ။
်
.jpg)
သေသေချာချာလုပ်ထားကြတာတွေ့ ရတယ်။ ဒါပေမဲ့ကွင်းတခုလုံးတော့ အမှိုက်တွေ အသုဘပိုံ့လာရင်ဝေတဲ့ရေဗူးခွံတွေ ချိုချဉ်ခွံတွေ ပြည့်နှက်နေပါတယ်။ အမှိုက်ပုံးတော့ တခုမှမတွေ့ ရဘူး...:(

တောင်တွေကိုပြောင်ခါနေတာပါဘဲ ရာသီဥတုပူလာတယ်လို့  မညည်းကြပါနဲ့ လေ။ရှင်တို့ ကျမတို့ ကြောင့်
ပေါ့..သဘာဝ တရားကိုဖျက်ဆီးတာ လူသတ္တဝါတွေက ကြောက်စရာအကောင်းဆုံးပါဘဲ...

လန်းသာယာဖူးခဲ့တယ်လို့ ပြောရင် ...ပုံပြင်တခုလိုဖြစ်သွားပြီပေါ့နော်...။ သစ်ပင်မရှိဘူး အမှိုက်ရှိတယ်။

တောင်ကတုံးပေါ်မှာ သစ်ပင်တွေခုတ်ထားပြီးပြီဆိုတာ သက်သေပြထားပါတယ်လေ ထင်းပုံလေး ကို စီစီရီရီနဲ့ ...အော်...ဒီနေရာက စစ်တပ်နယ်မြေ....တဲ့ ^_^
လို့ နံမည်အသစ်ပေးရမလိုပါဘဲ...။
ခုမှ...ထအော်ကြတယ်..သူ့ ကြောင့်..ဟိုလူကြောင့်....။
ပြီးရေလုံးဝမရှိခန်းခြောက်နေတဲ့သဲချောင်း၊သဲမြစ်..(နံမည်တော့မသိပါ) သစ်ပင်မရှိ အရိပ်ဝါသမရှိ..
ဟင်းဟင်း....စကားကိုကပ်သပ်ပြီးပြောဆိုခိုင်းနှိုင်းရရင် ကျမတို့ နိုင်ငံကြီးကိုအေးရိပ်ပေးမဲ့သူမရှိသလို
လို့ ထင်ယောင်မိပါတယ်.... :((((
ဘာဘဲဖြစ်ဖြစ်ပါ.... ဧည့်မျှော်နေကြတယ်ဆိုရင်လည်း အိမ်ကိုသန့် ရှင်းရေးလေးတော့ အရင်လုပ် ထားသင့်ပါတယ်လေ။ ဘယ်သူဘဲ အိမ်ဦးစီးလုပ်ချင်လုပ်ပါ အိမ်သားတယောက်အနေနဲ့  လုံခြုံစိတ်ချရတဲ့ 
ပတ်ဝန်းကျင် ကျမ်းမာရေးညီညွတ်တဲ့ပတ်ဝန်းကျင် အေးချမ်းသာယာတဲ့ အိမ်မှာနေချင် တဲ့ဆန္ဒတွေ
ရှိကြပါတယ်။ အိမ်ထောင်ဦးစီးတယောက်ထဲရဲ့ အခန်းလေးဘဲ ကွက်ပြီးလင်းထိန်လို့ သာယာနေလို့ ကော
တရားမျှတမှု့ ရှိနေပြီလို့ ထင်နေပါသလား..ရှင်...။ ဦးစီးဦးဆောင်လုပ်မှတော့ လုပ်ပေးနေရတာကို လုပ်ပေးနေပြီလို့ ပြောယုံနဲ့ မပြီးပါဘူး....ရှေ့ ကတာဖြောင့်ဖြောင့်သွားကြပါ..ကျမတို့ နောက်ကနေ တသွေမတိမ်းဂျက်စီဂျိန်း လိုက်ပါ့မယ်... အဟီး...(ရှေ့ မျက်နှာနောက်ထားလို့ ရေးလိုက်မိပြန်ပြီ)..
သီချင်းလေးတော့ ဆက်ဆိုလိုက်အုံးမယ်လေ...
♪♫တောင်ပေါ်မြေရဲ့ အခြားတဖက်မျက်နှာမှာ♬ ...ဘာတွေရှိမှန်းမသိခဲ့ကြပေ...♫♬
♫အကိုတို့ ရေ..ပျော်နေတဲ့အိမ်မက်ကလေ..အပြင်ထွက်စို့ လေ.... ♫
အားလုံးဘဲရွှင်လန်းချမ်းမြေ့ ကြပါစေရှင်~~~
မီးမီး