မင်္ဂလာပါရှင်~~~
ဟိုဟိုဒီဒီလေးတွေ ပြောပြမယ်လို့ဂတိတလှေကြီးပေးပြီး ပေါ်မလာအတော်ကြာသွားတာ၊ခွှင့်လွှတ်ပါလို့
ပြောရင်း၊စားစရာလေးတွေနဲ့မျက်နှာလုပ်ရအုံးမယ်ကွယ်..😁
အိမ်ပြောင်းတာ အလုပ်သမားရှာလည်းမရ၊သိတဲ့လူလည်းမရှိ..၂ယောက်ထဲ ၄ ရက်တိတိပစ္စည်းတွေ
ရွှေ့ရတာအီစလံဝေသွားပြီး၊လက်ချောင်းထိပ်တွေ နာနေလို့ကွန်ပြူတာလက်ကွက်ကိုမနှိပ်ချင်ဘူးလေ။
(အပေါ်ထပ်နဲ့အောက်ထပ်ပြောင်းတာပါ၊ပြောင်းတဲ့ကုမ္မဏီကိုဆက်တာပြန်ကိုမဆက်သွယ်လာဘူး)
ပိုက်ဆံသက်တာသွားပေမဲ့ လူက မသက်တာချက်....ဗျ...😔
ပစ္စည်းသိမ်းတုံးကလည်းချက်ဖို့ပျင်း၊ပြောင်းတဲ့အချိန်လည်းမအားလို့၊ ပြောင်းပြီးသွားလည်းယောင်ခြောက်
ဆယ်လုပ်ပြီးပျင်းနေတာနဲ့အပြင်စာfirst-food တွေစားဖြစ်တယ်။ကျမ်းမာရေးအရကြည့်ရင်တကယ်မ
ကောင်းတာပါ။ငံကလည်းငံ၊တရုတ်ဆိုင်ဆိုရင်လည်းဆီများ..မမိုက်ပါဘူးလေ..။
![]() | ||||
ဗီဇာဆိုင်မှာ ချိစ်နဲနဲလေးဘဲပါမယ်ဆိုပြီးမှာကြည့်တာ spinach & cheese တဲ့အစားအသောက်ကိုဟိုဟာဒီဟာနဲ့ချေးများတတ်ပေမဲ့ ပျင်းလာရင်ရေတောင် ထမသောက်ချင်တဲ့ လူတန်း စားလေ ဒီတော့ ဝယ်စားတာပေါ့....ပြီးခဲ့တဲ့လကတဲက ချိစ်တွေဘာတွေ ဆက်တိုက်စားမိတယ်..

ဂျပန်ဆိုင်တဲ့၊salad တွေရတယ်ဆိုလို့..ဂဏန်းဆလတ်တဲ့...ခေါက်ဆွဲလိုလိုဘာလိုလိုနော်...အပေါ်ကဆမ်း
ပေးတဲ့အရည်က..မြေပဲတွေပါသလိုဘဲ...ပြစ်ခဲနေတာဘဲ..အော်..ကော်လက်စထော်တွေ...
အမျိုးသားအလုပ်ထဲလိုက်သွားတာ သူ့အလုပ်ထဲကလူတွေဝယ်ကျွေးတယ် chicken & vige pizzaတဲ့ကိုယ့်ဖာသာကိုယ်သွားဝယ်တာ spinach & cheese pizza လေ.. အချိုတည်းတာက
chocolate ice-cream cup cake နဲ့...cocktail သောက်သေးတာနော်...အဟီး..မိုက်ထှာ
မွေးနေ့မှာ အလုပ်တွေရှုပ်နေတယ်လေ...နေ့လည်စာကိုညနေမှစားရတာ..အဲဒါမွေးနေ့အစားအစာတဲ့ :(
မျက်မှန်အသစ်သွားလုပ်တုံးက ဆေးခန်းဘေးကဆိုင်မှာဝယ်ခဲ့တာ..rokula cheese pizza နဲ့garlic knots.
ချိစ်ဖြူးကြက်သွန်ဖြူပေါင်မုန့်ခေါ်ရမလားမသိပါဘူး..၃လုံးမှ ၁ဒေါ်လာထဲပေးရတာ..
ရက်ပေါင်း၃ဝ အတွင်းထောပတ်တွေချိစ်တွေတလှေကြီးစားမိပြီး မအီမသာဖြစ်လိုက်တာ...
နေ့တိုင်းစားနိုင်တဲ့သူတွေကိုတော့ တကယ်ချီးကျုးပါတယ်လေ...။
ကျမဗီဇာစားရင်လူကြားထဲမှာမစားရဲဘူး..စက္ကူနဲ့အပေါ်ကဆီတွေကိုစုပ်ရသေးတယ်လေ..
သူများတွေတွေ့ရင်အမြင်ကပ်ချင်စရာ..ကဲကဲပိုလေ..အဟီး...

ကိုးရီးယားဆိုင်သွားပြီး လာတီးနို(စပိန်စကားပြောတဲ့ လက်တင်အမေရိက ကလာတဲ့သူတွေ)ချက်တဲ့၊
ဗီယက်နမ်ခေါက်ဆွဲ ကိုရှမ်းမ စားခဲ့တာပါ..ထည့်ပေးလိုက်တဲ့လင်ပန်းကြီးကိုဘယ်ရတာကပိုမောတယ်
ကြီးမားလှသော ဇလုံ..အင်တုံ နဲ့ကိုရောင်းတာဘဲနော်..ဘယ်သူတွေစားလို့ကုန်ကြမလဲ....
ကျေးဇူးရှင်ကလည်း ကိုးရီးယားပန်ကိတ်ကိုပိုကြိုက်တာတဲ့..အထဲမှာမြေပဲယိုလိုမျိုးပါတယ်လေ..။
တခါဝယ်ရင် ၂ ထုတ် ၃ ထုတ်..ကျမတော့သိပ်မကြိုက်ပါဘူး..။
သူ့ကိုကျတော့ မိုင်ကရိုဝေ့နဲ့ပြန်နွေးလို့မကောင်းဘူး..မီးအေးအေးလေးနဲ့ပြန်လှော်ပေးရုံပါဘဲ။
ဒါကကျမတို့ရှမ်းလိုဆိုရင် ခေါက်ယာကု လို့ခေါ်တာဘဲ ကြံသကာနဲ့ကောက်ညှင်းပေါင်းပေါ့..အလှုတွေမှာ
ကျွေးတတ်တယ်။ဝယ်လာတာနဲနဲမာတယ်..။ဒါနဲ့ကိုယ့်ဖာသာကိုယ်လုပ်စားတာ..ပေါ့..
တွေ့လား...ကြံသကာကိုအများကြီးမထဲ့လို့အရောင်မရဲတာပါ။အုန်းသီးဖတ်လေးတွေပါထဲ့ထားတော့ အုန်းနို့ နံလေးမွှေးပြီး စားကောင်းလိုက်တာ...မနက်စာအတွက်အများကြီးလုပ်ထားပြီး တနေ့နဲနဲစီစားတယ်။
အထဲမှာဖော့ဗူးလေးနဲ့၃ဗူးပါတယ်။တခါလုပ်စားရင်တဗူးနူန်းနဲ့၊ထမင်းနဲ့တခါကြော်စားတယ်။ ဒီတခါကဂျင်းနဲ့ငရုတ်သီးနဲ့ကြက်သွန်မိတ်(တကယ်ဆိုနံနံပင်ထဲ့ရတာပါ မရှိလို့) ကျွတ်ကျွတ်ကြော်စားတယ်။ထမင်းပူပူလေးနဲ့စားလို့ကောင်းတယ်လေ...။
တဗူးဆိုပုဂံလုံးရဲ့ဖင်ကပ်ကလေးဘဲရတာ....။

နောက်နေ့နံနံပင်နဲ့ကြော်ထားတာ...
အိမ်မှာဂျင်းသုပ်စားချင်လို့ပုဇွန်ခြောက်ရှာဝယ်တာ မိတ်အင်ချိုင်းနားဘဲတွေ့မိတယ်...။ဟင်းဟင်း...
အသက်သာအသေခံမယ် မိတ်အင်ချိုင်းနားနဲ့ရောဂါအဖြစ်မခံချင်ပါဘူး။တနေ့ကသတင်းထဲမှာတွေ့မိတယ်
တိရိစ္ဆာန်စွန့်ပစ်ပစ္စည်းတွေနဲ့ဆီချက်ပြီးစားသောက်ကုန်လုပ်ငန်းတွေဆိုင်တွေပြန်သွင်းတာတဲ့...။
တရုတ်ပြည်မရောက်ဖူးတာဘဲ ကျေးဇူးတင်ရမလိုလို..မိတ်အင်ချိုင်းနားကို..သူတို့တိုင်းပြည်မှာဘဲသုံးကြ
ပါစေလေ...ကိုယ်တို့တော့ခပ်ဝေးဝေးရှောင်နေနိုင်ရင်အကောင်းဆုံးပါဘဲ...။
ဒီတော့ ကိုယ်တိုင်မူလလက်ဟောင်း ပုဇွန်ခြောက်လုပ်ပြီး စားကြည့်တာ မဆိုးဘူးဗျ။ဆားလည်းပေါ့သလားမမေးနဲ့...ဆားကိုမထဲ့မိလို့..နောက်တခါဆားနဲ့နယ်ပြီးပြန်လုပ်ရတယ်..။
ကျက်ပြီးခဲထားတဲ့အကောင်အသေးဆုံးပုဇွန်ကိုရေဆေးပြီး ဒယ်အိုးထဲထဲ့လှော်..ရေခန်းတာနဲ့အိုဝင်မှာ ၁ရဝ
လောက်အပူပေးပြီး ၄၅ မိန်စ်လောက်ပစ်ထားလိုက်တာ..ကြွတ်ရွှနေတဲ့ပုဇွန်ခြောက်ရလာတာဘဲ...

တခါတလေလည်းကင်စား...အသားမလိုပါဘူးခင်ဗျား...ခရမ်းချဉ်သီးထောင်း၊ပဲပြားကင်၊ပဲနီလေးဟင်းရည်နဲ့
တို့စရာအသီးအရွှက်တပန်းကန်..ဆို...ကျမရဲ့နတ်သုဓ္ဒာ.ပါဘဲလေ...
.jpg)
ငရုတ်သီးရှိရင်ထဲ့ဖြစ်တယ်..။ငရုတ်သီးတောင့်ကြော်နဲ့ပိုလိုက်တယ်...။ပဲစားပြီးပဲများပါတယ်..:P
အိတ်သွန်ဖာမှောက်ပွဲနဲ့ဘလော့ဒေးနေ့ဆိုတာလည်း..တပတ်လောက်တောင်ကြာခဲ့ပြီဆိုတော့...
တရေးနိုးမှထအော်သလိုဖြစ်နေပါပြီလေ..ဟီး..happy blogger day...
ဒါပေမဲ့ မယ်မီးတော့ အိတ်ဘဲသွန်ပြတာဟုတ်ပါဘူးနော်...
ဘဝတခုလုံးသွန်မှောက်ပြသ ဘလော့ကင်းနေပါကြောင်း.... :)))))
အော်...ဒါနဲ့...ကျမရဲ့မိတ်ဆွေများဘာဟင်းတွေချက်စားကြပါသလဲရှင်....
ဝယ်စားလိုက်ချက်စားလိုက်နဲ့..ကျမလိုပေါ့နော်...ကျမဟင်းတွေကတဖြေးဖြေးနဲ့ဆီတွေပျောက်လို့ခြောက်
တောက်တောက်တွေဖြစ်ကုန်ပါပြီ....ကျမ်းမာရေး..လေနော်...^_^
ချက်စားဝယ်စား(၁)



