၂ဝ၁၂ စက်တင်ဘာလ ၂၂ ရက်နေ့  နယူးယောက်နဲ့ အနီးအနားတဝိုက်မှာနေကြတဲ့ မြန်မာနိုင်ငံဖွား၊
တိုင်းရင်သားတွေ ဗမာလူမျိုးတွေ တော်တော်များများ ဒီပွဲကိုလာကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ နယူးယောက်မြန်မာပြည်သူတွေနဲ့ တွေ့ ဆုံတဲ့ပွဲပေါ့ရှင်။
သူများတော့မပြောတတ်ပါဘူး၊ကျမတို့ ၂ ယောက်တော့ ယူအက်စ်လာမယ်လို့  ကြားကတဲက၊
သွားကိုသွားတွေ့ မယ် ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ် ဘယ်နေရာဖြစ်ဖြစ်ဘဲဖြစ်ဖြစ် လို့ တိုင်ပင်ထားကြပါတယ်။
အဲဒီနေ့ မရောက်မှီ သောကြာနေ့ ကတဲ့ကသူကဖျားပါတယ်။ နီးနီးနားနားဟိုတယ်မှာ သွားတည်းမယ်ဆိုတဲ့၊
အစဉ်အစဉ်ဖျက်ပြီး မနက် ၅နာရီမှာ တက်စီနဲ့ သွားခဲ့ကြပါတယ်။
၅နာရီ ၄၅ မိနစ်လောက်မှာရောက်သွားခဲ့တယ်။ကားပေါ်ကဆင်းဆင်းချင်းပေါ့၊ ကိုယ့်ထက်ဝိရိယရှိတဲ့သူတွေ အများကြီးပါဘဲ...။
ကျေးဇူးရှင်က အဖျားတက်နေလို့  ခပ်တုန်တုန်နဲ့ ရိုက်ပေးတော့လည်း မှုံရီဝိုးတဝါးလေး မနက်ခင်းက၊
ပိုတောင်ပီပြင်သေးတယ်။(အော်.ဒီလိုဘဲ.ဖြေသိမ့်ရတယ်လေ)
အပ်နဲ့ အပ်ချည်ဘဲရှိတဲ့ ကျမရဲ့ လက်ဖြစ် ချိတ်နဲ့ ပတ်ထမီလေးကလည်း မီးပုံးပျံလား၊စည်ပိုင်းပြတ်ကို အဝတ်ပတ်ထားတဲ့အတိုင်း..အဟိ။ လူကလည်းပု ..။ အိုး..စူပါမိုက်စ်စိန် :)))
နဲနဲလင်းလာတော့ ကျမတို့ ရဲ့ အနောက်မှာတန်းလည်း တဖြေးဖြေးရှည်လာပါတယ်။
ကဲ..ဒီနေရာမှာ အမြင်အမျိုးမျိုး ရူဒေါင့် အဖက်ဖက်ကနေကြည့်လို့ ရပါတယ်။
ဒီတခါတော့ ကျမတောင်ပေါ်တောသား တယောက်အမြင်နဲ့ ကျမပြောပြမယ်နော်။
ကျမတို့ ၂ယောက်အတွက်တော့ ဒီလိုမြန်မာပြည်ရဲ့ ပြင်ပ မှာ၊ ကိုယ့်နိုင်ငံသားတွေကို တစုတပေါင်းတည်း၊
ဒီလိုတခါမှ အများကြီးမတွေ့ ဖူးဘူးလေ။ ပုဆိုးတွေ ထမိန်တွေနဲ့ ဗမာစကားအကျယ်ကြီးခေါ်ကြပြောကြ၊
တကယ်ပျော်စရာကောင်းတာဘဲ။ ကျမအနောက်မှာထမိန်ဝတ်ထားတဲ့ အမျိုးသမီးတွေနဲ့  တွေ့ လား။
သူတို့ နဲ့ ဓါတ်ပုံရိုက်ချင်တာမပြောရဲလို့ ။ ငါးခူပြုံးလေးနဲ့ အလယ်ကနေရိုက်တော့၊ အားလုံးပါသွားတယ်လေ:P
သူတို့ ထမိန်အဆင်တွေ လိုက်ကြည့်ရအောင်..။ကျမလေ ချည်သားထည်တွေအရမ်းကြိုက်တယ် အေးလို့ ။
ပိုးထည်တော့မကြိုက်ပါ တရွမ်းရွမ်းထလို့ ။
အရမ်းကြီးကို လှတာဘဲ၊အရောင်ရော အဆင်ရော..။
အရေးထဲ သူကယောက်ကျားပုဆိုးတွေကို လိုက်လက်ညှိးထိုးနေတယ်လေ။
အဲလို အရောင်ကြိုက်တယ်၊ ဝယ်ပေးပါ...တဲ့။ လူတွေကြားထဲမှာ ကျမတို့ ၂ယောက်က ဂနာမငြိမ်ဆုံးပါဘဲ။
ယောက်ကျားလေးတွေကိုတော့ ဓါတ်ပုံလိုက်မရိုက်ရဲပါဘူးလေ။
ဖြတ်ကနဲ လှမ်းလှမ်းပြီးရိုက်ယူတော့ တချို့ ပုံတွေက ဝါးနေတာ..ထမိန်ဆင်တွေ အားလုံးနီးပါး သာရေယိုခဲ့ရတယ်။ ဒါကတော့ မယ်မီးရဲ့ မိန်းမဆန်တဲ့ ရူဒေါင့်ကအမြင်ပေါ့..။
ဟော..ချစ်စရာကောင်းတဲ့တိုင်းရင်းသားဝတ်စုံတွေနဲ့ ၊ဒေါ်အောင်ဆန်းစုကြည်ကိုပန်းစည်းဆက်သဖို့ တဲ့။
ကျမအဝေးကနေဘဲ လှမ်းရိုက်လိုက်တာပါ။ တချို့ လူတွေသူတို့ အုပ်စုနဲ့ တွဲပြီးဓါတ်ပုံတွေရိုက်နေတာတွေ့ ရတယ်။
တိုင်းရင်းသားဝတ်စုံတွေ လှပပြီးချစ်စရာကောင်းသလို၊ သူတို့ စကားပြောရင်လည်းဝဲနေတာက၊ ချစ်စရာ ပိုကောင်းမနေဘူးလား....(အဟဲ..ကိုယ့်လိုလေ....:P )
ရှမ်းလိုမမှုတ်ရတာကြာလို့ ၊ ရှမ်းလိုဝတ်ထားတာတွေ့ လို့ ၊
သွားဖြီးပြပြီး စကားသွားပြောတော့ ရှမ်းပြည်မှာအနေကြာလို့ ဝတ်တာပါတဲ့ ။
အဲ...ချစ်စရာကောင်းတဲ့ ဦးလေးကြီး..ကလည်း ရှမ်းဟုတ်ဘူးတဲ့..။
ကျမနဲ့ ကပ်ရပ်တန်းစီနေတဲ့ အကိုလေး၂ယောက်ကလည်း တိုင်းရင်းသားအကြောင်းတွေပြော နေတယ်။
သူတို့ ပြောတာနားထောင်ကြည့်တော့..ဟော ကျိုင်းတုံအကြောင်းဆိုပါလား...။
ဇင်းမယ်က ယွန်းရှမ်းနဲ့ တူတာတွေ၊ ကျိုင်းတုံကရှမ်းတွေက တခြားရှမ်းတွေနဲ့ စာအရေးအသားမှာကွဲပြား၊
နေတာတွေ ကြားတော့ ခပ်တည်တည်နဲ့ အနားမှာ မယောင်မလည်ရပ်ပြီး နားထောင်ခဲ့တယ်လေ။
ပြောနေရင်းနဲ့  ဒွတ်တို့ ရွှတ်တို့ အိုင်တို့ ယူတို့  ထဲ့ပြောပြီး နောက်ဘိုလို တော့ခ်နေကြတာပေါ့။
တခါခါ ဘိရုမာနဲ့ လည်း တော့ခ်ကြပါသေးတယ်။ ပြီး အီးလိုမှုတ်နေကြတာ...။ပြောတော့ တိုင်းရင်းသား၊
သမိုင်းအကြောင်း....။အကိုလေးတို့ ရေ..ကျမအကိုလေးတို့ စကားဝိုင်းကိုနားထောင်ရတာ အရမ်းနှစ်သက်ပါတယ်။ဒါပေမဲ့ မုန့် ဟင်းခါးထဲ ချိစ်ဖြူးစားရသလိုဖြစ်နေလို့ ။
မြန်မာ အချင်းချင်းတွေ့ တုံး၊ အားရပါးရပြောခွင့်ကြုံတုံး၊ ဘာလို့ တခြားဘာသာက ကြားညှပ်လာရတာလဲဗျာ။ တနေ့ ၈ နာရီလုပ်ငန်းခွင်မှာ၊ တခြားနေရာဒေသမှာ ဒီကသူတို့ စကားကို ပြောကိုပြောနေရတာဘဲဟာ..။ အိမ်ပြန် မိသားစုနဲ့ တွေ့ မှ ဒီစကားလေးဘဲပြောရတာ။
နှစ်ပေါင်းများစွာနေလာလို့  မေ့သလိုဖြစ်နေရင်လည်း အခုအခွင့်အရေးရတုံး ပြောပေါ့..နော်..။
အင်းးမိဘဖြစ်သူတွေကတောင် ဒီလိုဖြစ်နေရင် သူတို့ သားသမီးတွေ မြန်မာလိုမတတ်တာ မထူးဆန်းပါဘူး။
| ဒီအကိုလေးတွေလို့ မဆိုလိုဘူးနော်..ဂိတ်တံခါးဖွင့်ပြီဆိုတော့ အမှတ်တရလှမ်းရိုက်လိုက်တာ..:P |
ကျမတို့ ဆွေမျိုးတသိုက်တော့ အချင်းချင်းတွေ့ ရင် ရှမ်းလိုဘဲပြောတာ။
မြန်မာလို ဘယ်တော့မှ ပြောလေ့မရှိဘူး။ တခြားရှမ်းစကားမတတ်တဲ့သူရှိမှ မြန်မာလိုပြောကြတယ်။
ကိုယ့်မိခင်ဘာသာ စကားကလွဲလို့ တခြားဘာသာစကားကို ပီသအောင်မပြောနိုင်တာကိုလည်း မရှက်ပါဘူး။ သူတို့ စကားကိုသူတို့ လိုပြောတတ်အောင် ကျင့်နိုင်သလို၊ကိုယ့်ဘာသာစကားကိုလည်း၊
သားသမီးတွေမမေ့အောင် အမြဲဘဲ ပြောပေးရမယ်လေ...နော့်။
အင်းးးလျှာရှည်နေတာ..ချောင်းရိုက်ခံရတော့မယ်...ဟီး..။
ဒါကတော့ ရိုးရာဓလေ့ထုံးစံအပေါ် ကျမရဲ့ ရူဒေါင့်အမြင်ပေါ့..။
တန်းကြီး..ဟိုးနောက်ဖက်အထိတောင်ရောက်သွားပြီ။
လုပ်အားပေးတဲ့ မောင်ငယ်လေးတွေက လိုက်ပြောပါတယ်။ အသက် ရဝကျော်နဲ့  ကိုယ်ဝန်ဆောင်သည်၊
တွေအရှေ့ ဖက်ကိုကြွပါတဲ့။ ကျမတို့ နားမှာ ၆၈ နှစ်အန်တီနဲ့ အန်ကယ်ကြီးက ရဝကျော်ပါပြီ ။
မိသားတစုရှိတယ်။ ၆၈နှစ်ကော သွားလို့ မရဘူးလားလို့ ဝိုင်းမေးကြ၊ ခပ်ဝဝ ဗိုက်ပူပူအကိုလေးတယောက်ကိုလည်း ကိုယ်ဝန်ကြီးနဲ့ ဆိုပြီးလက်ညှိးထိုးပြ၊ သူတို့ ပြန်ဖြေပါတယ်။
အောင်ထရာဆောင်းလက်မှတ်ထောက်ခံစာလိုတယ်တဲ့...။
နှာခေါင်းတရူံ့ ရူံ့ နဲ့ လူတယောက်က ထအော်လိုက်သေးတယ်၊
မုန့် ဟင်းခါးနံရတယ်။ ကျွေးမလားမသိဘူး..တဲ့။ဆူညံအော်ဟစ်နေကြတာ တကယ်ပျော်ဖို့ ကောင်းတယ်။
ကိုင်း အထဲရောက်ပြီ။ထိုင်ကြ ပြောကြဆိုကြနဲ့ ပေါ့။ ဒီလောက်လူတွေအများကြီးထဲ ကျမတို့ ၂ယောက်၊
သိတဲ့သူတယောက်မှမပါပါလားလို့ ပြောနေတုံးမှာဘဲ၊ ကျမနှဘေးထိုင်ခုံမှာ ကျမရန်ကုန်မှာနေတုံးက ၊
ကျမအိမ်မှာလာနေဖူးခဲ့တဲ့ ညီမလေးတယောက်လာထိုင်တာ။ ဝမ်းသာအားရဖြစ်ပြီး စကားတွေပြောနေလိုက်တာ ကျမပတ်ဝန်းကျင်ကိုတောင်မေ့သွားတယ်။
စစချင်း ဒီဆရာလေးစကားပြောတာ လူများတော့ သူလန့် နေတာလားသိဘူး။
နေ့ ရက်ကြေငြာတော့မှားသွားတယ်။ လူတွေ ဟေးဟား..ဆိုပြီးအော်ကြတယ်။
ရောက်လာပြီ..။ အပြင်မှာလည်း ရုပ်သံတွေ ဓါတ်ပုံတွေထဲကတိုင်းပါဘဲ၊ ပိန်ပိန်ပါးပါးနဲ့ ၊
အားလုံးမတ်တပ်ရပ်ပြီး လက်ခုပ်တီးကြပါတယ်။
ကဲ...ဘယ်လောက်ကျက်သရေရှိသလဲ...။ သူ့ ကိုကြိုက်တာ မျက်စိကန်းလို့ ဟုတ်ဘူး။
ရုပ်ဆင်းအင်္ဂါနူးညံတယ်၊ ကျက်သရေမင်္ဂလာရှိတယ်။ အမျိုးကောင်းသားသမီးဖြစ်တယ်။ပညာတတ်တယ်။
သူနိုင်ငံခေါင်းဆောင်ကြီးဖြစ်လို့ အာဏာရလာရင်လည်း မတရားခေါင်းပုံဖြတ် အမြတ်ထုတ်မှာမဟုတ်ဘူးဆိုတာ အကျွမ်းမဲ့ ယုံကြည်တယ်။ နူးညံတဲ့သဘောထားတွေနဲ့ တိုင်းပြည်ကို၊
အုပ်ချုပ်နိုင်တယ်...ဒါက သာမာန်ပြည်သူ ဘာမှ နိုင်ငံရေးနားမလည်တဲ့ ကျမတို့ ရဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာထားတဲ့ မပြောင်းလဲတဲ့ သဘောထားပါ။
ပြီးခါနီးလေးမှာ...။
အခန်းအနားပြီးဆုံးသွားပါပြီ..။
ဘယ်အသံလွှင့်ဌာနလည်းတော့မသိဘူး...။
ဟိုး..အောက်ဒေါင့်နားမှာ အော်ကြဟစ်ကြနဲ့ ။ ဒီမိုကရေစီနိုင်ငံကိုး... မကြိုက်တာလည်းပြော၊
ကြိုက်တာလည်းပြော။ သေသေချာချာသိပြီးမှ ပြောကြအော်ကြတာတော့ ပိုကောင်းတာပေါ့နော်..။
အားလုံးကြိုက်ရမယ်လို့ မဆိုလိုပါဘူးလေ...။ကိုယ့်အချင်းချင်းတွေထဲမှာတောင် ပြောကြဆိုကြသေးတာဘဲ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့် ခွန်းတွေကိုတော့ အွန်လိုင်းပေါ်မှာပလူပျံအောင်တွေ့ ရမှာပါ။
နားထောင်ပြီးလောက်ပြီလို့ ထင်ပါတယ်။ နားမထောင်သေးရင်လည်း နားထောင်ဖြစ်အောင်လို့ ၊ နားထောင်ကြပါလို့ တိုက်တွန်းချင်ပါတယ်။ ကျမတို့ ဘယ်နိုင်ငံကလာသလဲ ဆိုတာ၊တချို့ ကမသိပေမဲ့၊
ဒေါ်အောင်ဆန်းစုကြည်လို့ ပြောရင် အားလုံးဘဲ သိကြပါတယ်။
ဒီလိုကမ္ဘာကျော်တဲ့ ပုဂ္ဂိုလ်မျိုးက ကျမတို့ ခေါင်းဆောင်ကြီးဖြစ်တယ်ဆိုတာ ဂုဏ်ယူတယ်။
အပြန်မှာ ကွင်းစ်ဖက်က ရထားဘူတာအထိ ဘတ်စ်ကားစီးသွားပါတယ်။
အဲနားတဝိုက်က တရုတ်ဆိုင်မှာ စားသောက်ပြီး ပြန်ခဲ့တာပေါ့။
တရုတ်မုန်ညှင်း မှိုမွှေး ပေါင်း...
ဘဲသားကြွပ်ကြွပ်တဲ့...။
ဟင်းရည်ကောင်းပေမဲ့ ယောက်ချိုကြီးကပဲ့နေပါလား.....။
ဆိုင်ကထွက်တော့ လက်ကိုထောင် နေကိုကာပြီး ကြည့်ရတယ်...။အပြင်မှာနေကြဲကြဲတောက်ပူလို့ ။
ဒီကွင်းစ်ကြီးက လူလည်းများလိုက်တာ..။
အဲ...အပေါ်မော့ကြည့်မိတော့ ကျမလက်ဖမိုးကိုဘဲမြင်ရတယ်လေ။
အားလုံးဘဲ ရွှင်လန်းချမ်းမြေ့ ကြပါစေရှင်...
မီးမီး


