Thursday, September 20, 2012

နယူးယောက်မြို့ ၏နွေရာသီကာလအခါ..

မင်္ဂလာပါရှင်~~~
ရာသီတွေ ဥတုတွေပြောင်း၊ နွေကုန်လို့ ဆောင်းဦးရာသီထဲရောက်တော့မယ်...။
ကျမတော့ ဆောင်းတွင်းချိန်ဘဲ၊ နယူးယောက်မြို့ ထဲရောက်ရတာ။
ဒီနွေတုံးကသွားခဲ့တာ၊ ပြန်ပြောပြမလို့ ...။
နယူးယောက်မှာနေတယ်ဆိုပြီးတော့ အရင်နေခဲ့တဲ့ Longisland ကနေလာဖို့ ဆိုတာ၊ အချိန်ပေးရတယ်။
ကားနဲ့ သိပ်မရောက်ဖြစ်ဘူး။ ရထားဘူတာရုံမှာ ကားထားပြီး ရထားကို ၄၅ မိနစ်လောက်စီးရသေးတယ်။

ဟော..ခု နယူးဂျာစီပြောင်းသွားတော့၊အိမ်ရှေ့ မှာ ဘတ်စ်ကားဂိတ်ရှိတယ်။
ဒါနဲ့ ၂ယောက်သားမြေပုံလေး ကိုင်ပြီး ဘတ်စ်ပေါ်တက်လိုက်လာတာ ၁၅မိနစ်နဲ့  နယူးယောက်မြို့ လည်ခေါင်ကိုရောက်လာကြတယ် ဆရာ...မိုက်ထှာ။နောက်မကြာမကြာသွားပေးရမယ်။
ဘရော့ဝေးပြဇာတ် ဆိုတာလည်းကြည့်ဖူးသေးဘူး။ ဒိုင်နိုဆောရုပ်ကြွင်းကြီး ဆိုတာလည်းသွားချင်သား..။

ကျမအိမ်ရှေ့ ဘတ်စ်ကားက Post Authority Bus Terminal ၄၁ လမ်းမှာဂိတ်ဆုံးပါတယ်။
ဒီBus Terminalမှာ တနေ့ နေ့ ဘတ်စ်ကားနဲ့ ခရီးသွားလာတဲ့သူပေါင်း ၂သိန်းကျော်ပါတယ်တဲ့..။ 
ဒီအမေရိကားမှာတခါမှ ဘတ်စ်ကားမစီးဖြစ်ဘူး။ ကျမတို့ ၂ယောက်က ဒီလိုခြေဦးတည့်ရာသွားနေရတာ၊
အတော်ဝါသနာပါတယ်လေ..။ ဒီတခါတော့တချက်ခုတ် ၂ချက်ပြတ်ဘဲ..။
သူ့ ကိစ္စကတနင်္လာနေ့ စောစောရှိတော့ တနင်္ဂနွေနေ့ ကို ကျောပိုးအိတ်လေးနဲ့ ထွက်လာကြတယ်။
တနေကုန်လျောက်သွားကြမယ်။ ညသူ့ အလုပ်နဲ့ နီးတဲ့ဟော်တယ်မှာတည်းမယ်။ ဒါဘဲလေ...။
ကဲ...မြို့ ထဲသွားရအောင်...။
ကားပေါ်ကဆင်းဆင်းချင်း bus Terminal အဆောက်အဦထဲမှာဘဲ သမုဒ္ဒရာဝမ်းတထွာအတွက်၊
ဖြည့်ရသေးတယ်လေ..။ ကြက်သားကင်ဆလတ်နဲ့ စပါကက်တီ...။
ကဲ..ဒီတခါရာသီဥတုလည်း အိုကေတယ်ဆိုတော့ လမ်းဘဲလျောက်ကြရအောင်ဆိုပြီး၊
ချီတက်ခဲ့ကြတာပေါ့။

 အပြန်အတွက် လက်မှတ်ဘယ်နေရာကနေဝယ်ရသလဲဆိုတာကို သွားကြည့်ထားတာ။
အလာတုံးက လမ်းဘေးကားမှတ်တိုင်ကနေတက်ရင် ကားဆရာဆီကနေဝယ်လို့ ရပေမဲ့၊
ကားဂိတ်စကနေစီးရင်တော့ လက်မှတ်ပါမှပေးတက်ပါတယ်။ 
အဲဒီ ရုပ်ထုဖြူဖြူကြီး အနောက်ဖက်နားတဝိုက်မှာ လက်မှတ်ရောင်းကောင်တာတွေ ရှိပါတယ်။

 
 ကဲ..အဆောက်အဦကနေ ထွက်တာနဲ့  သတင်းစာတိုက်ကိုမြင်ရတယ်..။
အဲဒီကသတင်းစာကို ဟော်တယ်မှာနေရင်တော့ အလကားရလို့ ဖတ်တယ်။
နို့ မို့ ရင် အွန်လိုင်းပေါ်မှာဘဲ ဖတ်နိုင်တယ်..ဟီး( ကပ်စီးကုပ်လေ)။
ဒီလမ်းတည့်တည့်သွား ညာဖက်ချိုးရင် တိုင်းစကွဲယားကြီးဆိုတာရောက်ပြီတဲ့..။

ဘတ်စ်ကားကြီးကလည်း အူကြောင်ကြားကြီး...;P

 နေပူပူ မှာ လူဖြူဖြူတွေ ဘာတွေကြည့်နေကြသလဲ...

 
  အော်..လမ်းပိတ်ဘောကန် ဆိုတာ၊ တို့ ဆီမှာလည်းရှိတာပေါ့နော့်...:)))

 ဘောလုံးကန်တာလား..လူလည်းနဲနဲလေး ကွင်းလည်းသေးသေးလေး...။

 
 ဒီဓါတ်ပုံထဲမှာပါတဲ့ ဟိုးအလယ်က အဆောက်အဦ ထောင့်ချွန်ထိပ် မှာအဝိုင်းအလုံးလေးရှိတယ်။
သူတို့ ဒီဇင်ဘာလ ၃၁ရက်နေ့ ည အဲဒီအလုံးလေးကိုမျော်ကြည့်နေကြတာလေ..ည ၁၂ထိုးရင်အလုံး၊
လေးပြုတ်ကျလာတာလေ..။မြင်ဘူးကြမှာပါ။ လူပေါင်းသိန်းသောင်းချီပြီး ဒီနေရာမှာစုကြတာပေါ့..။

 
 ထိုင်းမမလေးတယောက် ဖက်ရှင်အတွက်လာရိုက်တာတွေ့ လို့  ပြန်ရိုက်ပါတယ်ဆို ဒီလူကြီး၊ ဖင်ထိုင်ချတဲ့၊
အခိုက်နဲ့ ကြုံသွားတာလေ...ဟိ။
တွေ့ လား...နှုတ်ဆက်နေပါတယ်လေ...:P
ကြော်ငြာဆိုင်းဘုတ်က အပြင်လမ်းပေါ်ကလူတွေပြန်ရိုက်ထားတာ.။လူတွေအဲ့နားနေပြီးလက်ပြနေကြတာ။

 
ဟဟ..ကျောပိုးအိတ်၊ဦးထုတ်၊ထီးဂေါက်ကြီးနဲ့  တောသားကတော့ ကျမပေါ့..:P

 
ပြောင်ပြောင်ကြီး..:))သူ့ တင်ပါးကို ဂန်ဒူးအဖိုးကြီးတယောက်အတင်းလိုက်ပွတ်လို့ ၊
သူ့ ခမြာထွက်ပြေးလိုက်ရတာ...ဟားဟား..တကယ်ရီရတယ်။

ဒီလူ၂ယောက်တော့ ဘယ်အချိန်လာလာ တွေ့ တယ်။

စိန်တန်း ၄ရလမ်းဖက်ကိုဖြတ်ပြီး သွားခဲ့တယ်။ တနင်္ဂနွေလည်း တချို့ ဆိုင်တွေဖွင့်နေတာ တွေ့ တယ်။

ဟား..ဒီတခါပိုမိုက်သွားတယ်။ လမ်းဘေးဈေးတန်းတမျော်ခေါ်နဲ့ တိုးတယ်။
ဒီညစာတော့ ဒီမှာဘဲကြံဖန်လို့ ရပြီလေ..။

 
Subway တော့ဟုတ်ဘူး။ အီဂျစ်way လား၊တူရကီway လား..မသိ။
 
 ဘာတွေဝယ်ရမလဲမသိဘူး..သွားပတ်ကြည့်ရအောင်..။
 အကင်ကလည်းများများစားရင် ကင်ဆာဖြစ်နိုင်ချေများတယ်တဲ့။ ရှောင်အုံးမှ..။

 ထိုင်းဆိုင်...။

အော်..တခုတကျပ်ဆိုတာ ကော်ပြန့် လိပ်ကိုပြောတာပါတဲ့..။
 
 တန်းစီရမှာကြီးဟယ်..။ တန်းကလည်းရှည်ပါ့။

နွေရာသီ အဝတ်အစားလေးတွေလှလိုက်တာ..။

ဆိုင်တွေခြုံကြည့်ရင် အာဖိန်၊အာချိန်တို့ ပစ္စည်းကို၊မူတူးတို့ တသိုက်က အန်ကယ်ဆာမ် နေရာကနေ
လာတီးနီုတတွေကိုရောင်းပေးနေကြတာဘဲ :))) (ပြင်ညာရှင်ဂျီးဒေါ်မီးသုံးသပ်ချက်..ဌဲဌဲဌဲ)

မပြီးတော့ဘူး..ရှည်လိုက်တာ..ညောင်းလာပြီလေ..။
ဖတ်ထိုင်းနဲ့ ထမင်းကြော်ဝယ်ပြီး ပြန်ခဲ့တယ်လေ။
ကိုင်း...ဟော်တယ်ရောက်ပြီလေ။

အခန်းထဲကနေ ကြီးဒေါ်ကြီးတိုက် :P ကိုမြင်ရတာ..။
ညဖက်မြင်ရတာ..။
ညအိပ်ယာဝင်တော့ အိပ်ယာကလည်းနံပါတ်နှိပ်ပြီး အပျော့အမာလုပ်လို့ ရတယ်ဆိုလို့ ။
တညလုံးဘဲ အလုပ်ရှုပ်နေတာ၊ပက်လက်လေးအိပ်လိုက်၊နှိပ်လိုက်နဲ့ ကစားစရာအသစ်တခု ရတဲ့၊ ခလေးလိုပေါ့:P ကျမရဲ့ မွှေ့ ယာနံပါတ်က ၄ဝ ...တဲ့...အဟဲ...။

ရွှင်လန်းချမ်းမြေ့ ကြပါစေရှင်...
မီးမီး


ps..ဒီနယူးယောက်၊နယူးဂျာစီမှာနေတဲ့သူများတွေကတော့ နေ့ တိုင်းသွားလာနေကြတော့
     မထူးဆန်းပေမဲ့ တခါမှမသွားဘူးတဲ့ ကိုယ်တို့ အတွက်တော့ အသစ်အဆန်းပေါ့လေ။

     စနေနေ့ ကျရင်အရှေ့ ဖက်ကမ်းခြေက မြန်မာနိုင်ငံသားတွေအများမျော်လင့်စောင့်စားနေတဲ့နေ့ ၊
     ကျမလည်း စိတ်လှုပ်ရှားတယ်။ သွားချင်၊ဝတ်ချင်လွန်းလို့ ထမီလေးကို  ပြင်ချုပ်နေတာ တပတ်
     လောက်ရှိပြီ။ တိုးခွေ့ ပြီး ဓါတ်ပုံလေးတွေရိုက်မယ်။ အရမ်းကြီးတွေ့ ဖူးချင်တဲ့၊ လေးစားချစ်ခင်တဲ့၊
     တဲ့သူနဲ့ တွေ့ ရမှာ...ပြီးပြန်ပြောပြအုံးမယ်နော်..။