မင်္ဂလာပါရှင်~~~
ငယ်ငယ်ကတဲကပါးစပ်လေးနဲ
့စပြီးအလုပ်လုပ်ခဲ့ရလို့ လား၊မသိပါဘူးလေ..။
ကြီးလာတော့လည်းပါးစပ်လေးရင်းရတဲ့အလုပ်မျိုးတွေနဲ
့ဘဲဆက်တိုက်ကြုံရတယ်။
ကျမကျောင်းပြီးခါစ
ကျိုင်းတုံမှာနေတုံးကပေါ့ ညညဆို၊
(မီးကလည်းမီးဆီကိုမလာတတ်ဘူးလေ..ဟီး)။
ဖယောင်းတိုင်
ရေနံဆီမီးခွက် လေထိုးရတဲ့မီးအိမ်၊
(တချို့  ကအောက်လင်းမီးအိမ်လို့ ခေါ်တယ်တဲ့)နဲ့ ဘဲစခန်းသွားရပါတယ်။
သွားလည်ပတ်စရာနေရာလည်းမရှိ။
ဒီတော့ တချာင်းထိုး တဘက်ထိုး ဒါတွေဘဲလုပ်နေရတယ်လေ။
ဆောင်းတွင်းဆိုရင်
မီးသွေးမီးဖိုလေးနဲ့ ကြွေမုန့် ကြွပ်လေးကင်
ခေါပုပ်လေးကင် သိုးမွှေးထိုးတံလေးတွေနဲ့ ၊
အဲဒါနဲ
့၂အိမ်ကျော်မှာနေတဲ့တရုတ်အဒေါ်ကြီးတယောက်က သူ့ သမီးအငယ်ဆုံးတယောက်၊
အိမ်စာလည်းမလုပ်။စာလည်းမကျက်နဲ
့၊ပြောရခက်လို့ ။
ကျမညညသိုးမွှေးထိုးရင်းသူ
့ကိုစာပြပေးလို့ အကူအညီတောင်းတယ်လေ။
ကျမထိုးထားတဲ့ယုန်မွှေးတဘက်တွေလည်း ၀ယ်သေးတယ်လေ။
ပိုက်ဆံရတော့ပျော်လိုက်တာ။
အဲဒါနဲ့ သူ့ သမီးကိုအိမ်စာလုပ်ရင်စောင့်ကြည့်ပေးတဲ့သူဖြစ်သွားတာပေါ့။
လကုန်ရင်ပိုက်ဆံကရအုံးမယ်လေ..။
ပေးသလောက်ယူမယ်လို့ ဘဲမှန်းထားပါတယ်။
တပတ်လောက်နေတော့ အိမ်ကိုအမြဲလာတတ်တဲ့ ချဲထီရောင်းတဲ့ဦးလေးကြီးတယောက်က၊
ကျမနဲ့ ခလေးမလေးကိုတွေ့ တော့..။
သူ့ ခလေး၃ ယောက်ကိုလည်းအပ်ပါတယ်။
အဲဒီလိုအိမ်စာလုပ်မလုပ်ကြည့်ပေးပါတဲ့..။
ကိုယ့်ဖယောင်းတိုင်ကိုယ်ယူလာပါ့မယ်ဆိုဘဲ..။
အိုး..အလကားနေတော့လည်းအလကားဘဲ။
စာသင်ရတာလည်းဟုတ်ဘဲနဲ့ ။
သူတို့ လေးတွေမေးတာဖြေပေး။
အိမ်စာလေးတွေရှိလားမေးပြီးစာကျက်ခိုင်းရုံဘဲလေ။
ဒီတော့..အိုကေတာပေါ့..နော့်။
ဒီလိုနဲ့ ဘဲ ရပ်ကွက်ထဲကခလေး သူငယ်တန်းကနေ (ရ )တန်းအထိ၊
အယောက် ၂၀ ကျော်ရဲ့ ဆရာမငယ်ဖြစ်သွားပါတယ်။
ကျမရဲ့ အမက အဲဒီတုံးကအလယ်တန်းပြကျာင်းဆရာမဆိုတော့၊
သူ့ ကိုဆရာမကြီး၊ကျမကိုကျတော့ ဆရာမငယ်။
သူတို့ လေးတွေခေါ်ကြတာလေ..။
သူငယ်တန်းခလေးတွေကို ပေါင်ပေါ်တင်ချော့ပြီးစာသင်ပေးရတယ်။
ကြီးတဲ့ခလေးတွေကတော့ စာမေးရုံပါဘဲ။
တနေ့ သင်တဲ့စာ အားလုံးကျက်ခိုင်းတယ်။
စာဆိုပြီးမှ အိမ်ပြန်ရတယ်။
အိမ်ရှေ့ မှာ ည ဂနာရီဆိုရင် လာကြိုတဲ့ သူတွေနဲ့ စည်ကားနေတာပေါ့။
လကုန်လို့ လခလေးတွေလာပေးရင်(တယောက်ကို ၂၅ကျပ်ရတယ်)။
ကျိုင်းတုံရုပ်ရှင်ရုံနဘေးက ကုလားကြီး၂ပြန်ကြော်တွေဝယ်ပြီး။
အားလုံးစားကြတယ်။သူတို့ လေးတွေနဲ့ လုစားရတာ..။
သူတို့ ဖယောင်းတိုင်ထွန်းဖို့ နို့ ဆီခွက်တွေ စည်သွပ်ဗူးဟောင်း တွေစုရတာကအမော။
အမြဲတမ်းပျောက်နေတာဘဲ..။
အိမ်နောက်ဖေးက ထမင်းစားခန်းမှာ(နဲနဲကျယ်တော့အဆင်ပြေနေတာ)၊
စားပွဲဝိုင်းက တခု၊လေးထောင့်စားပွဲရှည်ကြီးက ၂ခု၊
တရုတ်ခွေးခြေခေါ်မလားဘဲ..။
အဲဒီလိုခုံလေးတွေနဲ့ ။ညညဆိုဆူညံနေတာ။
ခုနှစ်အိမ်၊ရှစ်အိမ်ကြားပေါ့။
ဆရာမငယ်လည်း အော်ဟစ်နေရတယ်။
ဖယာင်းတိုင်(အရည်ပျော်သွားတဲ့ဖယောင်းပျော့ပျော့လေးတွေ)
နယ်ဖတ်ကစားကြတယ်လေ၊ဆော့ကြတယ်လေ။
ဒါနဲ့ ကဲ..ဖယောင်းကိစ္စ စခန်းရပ်ပြီး အောက်လင်းမီးအိမ်၊
ထွန်းပေးရတယ်၊ကိုယ့်စီးပွားရေးဆိုတော့။
သူများအားကိုးလို့ ဖြစ်ဘူးလေ။
ကျမအဲဒီမီးအိမ်ထွန်း တော်တော်ကျွမ်းကျင်သွားပါတယ်။
မီးစာလေးကိုအရက်ပျံနဲနဲလေးခွက်ထဲထည့်၊
ပြီးမီးစာကိုမီးရို့ မီးငြိမ်းစပြုရင် လေထိုးတံကိုအားရပါးရထိုးတော့တာဘဲလေ..။
အဲ...အရက်ပျံဖိုး၊ဆီဖိုးဆရာမငယ်ဝယ်ရတာပေါ့။
အမေကပေးဘူးတဲ့။ကိုယ်ပိုင်ဝင်ငွေရှိနေတာဘဲတဲ့။
အဟဲ..ကလေးတွေဆီကပိုမတောင်းပါဘူး..။
နောက်သူတို့ လေးတွေရဲ့ ကံလား..။
ကျမရဲ့ ဆုတောင်းကပြည့်သွားတာလားမသိပါဘူး။
မီးစက်ဝယ်ချင်လို့  ချဲထီထိုးတာ ၃၀ကျပ် ဖိုးပေါက်တယ်ဗျ..။
ချက်ချင်းဝယ်တာပေါ့။
မီးစက်တွေဘာတွေနဲ့ ဒေါ်မီးစာကျက်ဝိုင်းလေးကဟုတ်နေတာ။
နောက်ကျမတို့ ကျိုင်းဖေါင်းရေချောင်းကို ပျော်ပွဲစားထွက်ကြတယ်။
အရမ်းပျော်စရာကောင်းပါတယ်။
စက်ဘီးတွေအစီး ၂၀နီးပါးနဲ့ ခလေးငယ်လေးတွေတော့ မုန့် တွေရေဗူးတွေနဲ့ ၊
ကားနဲ့ ခေါ်သွားရတယ်။
အဲဒါကို...နောက်မှာဘဲပြောပြတော့မယ်နော်..။
အဟီး...အိမ်အလုပ်တွေပစ်ပြီး ရေးနေလိုက်တာ။
ဟင်းချက်လိုက်အုံးမယ်။
ဒါလေးကို ၃ရက်တောင်ရေးရတာ...။
မီးမီး
ထုံးစံအတိုင်းပါဘဲလေ..ပုံလေးတွေကို၊
အင်တာနက်ကနေရှာဖွေမွှေနောက်ပြီးယူထားပါတယ်။
တီထွင်သူအပေါင်းကိုကျေးဇူးတင်ပါကြောင်း...။