Thursday, December 31, 2020

နူတ်ဆက်ပါရစေ2020

 မင်္ဂလာပါရှင်~~~
၂၀၂၀ ကတော့တကယ့်နှစ်ပါပဲ... ကမ္ဘာကြီးအတွက်ကံမကောင်းတဲ့နှစ် တချို့ထင်တာကမြန်မာပြည်အဆိုးဆုံးထင်နေတာ မဟုတ်ပါဘူး..ကိုယ်တို့အိမ်နားပတ်ဝန်းကျင်လည်း ထူးမခြားနားပါ။ Edison NJ ကအာရှတွေများတယ်။ ကုမ္မဏီကြီးတွေဘာတွေများ စီးပွားရေးကောင်းကြတယ်။ ပြီးခဲ့တဲ့နှစ် ၂၀၁၉ နှစ်ကုန်ခါနီး စားသောက်ဆိုင်ကြီးတွေ အသစ်ဖွင့်တာအများကြီး..။ ခုတော့ အားလုံးပိတ်ကုန်ကြပြီ။ တချို့ဆိုရင် ဖွင့်တာ ၃ပတ်လောက်ပဲရှိသေး။ သနားစရာကောင်းတယ်။ ခပ်သေးသေးဆိုင်တွေဆိုရင် မရှိသလောက်ပဲ..။ အလုပ်တွေပြုတ်ကြ လူအိုရုံမှာ အသေအပျောက်များ ဆေးရုံဆေးခန်းလူ‌တွေများ လမ်းမပေါ်လူမရှိ အပြင်မထွက်ရလို့ ကိုကိုကဲ မမကဲတွေမကျေနပ် ထွက်ကြကူးကြသေကြ တလောကလုံးရူပ်ရှက်ခတ်နေတာပဲ..မှန်တာပြော ကိုယ်တွေတရားထိုင်တောင် စိတ်ကမငြိမ်ပါဘူးဆို..😁 ကြာလာတော့သူ့ဖာသာသူတရားရလာတာပါပဲ..လောကမှာကျမ်းမာရေးကအဓိကပါပဲ..လူကမကျမ်းမာတော့ ဘာမှမလုပ်နိုင် ရည်မှန်းချက်လည်း အားလုံးမေ့ပစ်နိုင်တယ် စီးပွားရေး လူမူရေးဆိုတာတွေလည်း ကျမ်းမာမှ စိတ်ကပါတာလေ..ကဲ.ကျမ်းမာအောင်နေထိုင်စားသောက်ပြီး အသက်ရှင်ကြရအောင်ဗျာ...
၂၀၂၁ မှာအားလုံးကျမ်းမာချမ်းသာကြပါစေ

လွန်ခဲ့သော၂နှစ်နွေရာသီတုံးက

#meemeenage

3 comments:

  1. မမီးလဲကျန်းမာပါစေ နှစ်သစ်မှာ လိုရာအားလုံးပြည့်ဝပါစေ...

    ချစ်တဲ့
    မိုးငွေ့

    ReplyDelete
    Replies
    1. မိုးငွေ့လေးလဲနှစ်သစ်မှာပျော်ရွှင်ချမ်းမြေ့ပါစေ

      Delete
  2. မမီးလဲကျန်းမာပါစေ နှစ်သစ်မှာ လိုရာအားလုံးပြည့်ဝပါစေ...

    ချစ်တဲ့
    မိုးငွေ့

    ReplyDelete