Saturday, October 31, 2020

ကုန်မြန်တဲ့အချိန်

မင်္ဂလာပါရှင်~~~
မနှစ်ကခုလိုအချိန်မှာ မြန်မာပြည်ပြန်ဖို့ပြင်ဆင်လို့ရင်တွေခုန်လို့ ပြန်သွားပြီးအမေရိကားပြန်ရောက်တော့ ဒီဇင်ဘာအေးလို့..ဘယ်မှမသွားဖြစ်..ဒီလိုနဲ့ကိုဗစ်ကြီးကမ္ဘာမြေကိုအလည်ရောက်တာနဲ့ အားလုံးအိမ်တွင်းအောင်းသတ္တဝါလုပ်ကြရတာများ မနေ့တနေ့ကလို..ဟေ👀..ကြည့်ခုဆိုတနှစ်ပြည့်တော့မယ်...တရက်ရက်ဘယ်လိုကုန်မှန်းမသိ ကုန်သွား..ဟိုယောင်ယောင်ဒီယောင်ယောင်နဲ့ အသက်ကြီးလာမေ့တတ်ရတာနဲ့ လုပ်ချင်တာမလုပ်ရတာတွေကများလာ..လွှတ်ချပစ်ရမဲ့ကိစ္စတွေများလာ..အားလုံးကိုမဟုတ်တောင် ဘဝဆိုတာ..အော်..ဒါပါလားဆိုတာလေး..သဘောပေါက်လာ...

သီတင်းကျွတ်ဆိုလည်း သီတင်းကျွတ်ပေါ့လေ..အားလုံးကိုဗစ်ရောဂါဘေးကနေကျွတ်လွတ်ကြပါစေဗျား......
#meemeenage


2 comments:

  1. Replies
    1. Thank you dare, in YG also terrible news about Covid 19!! You and your family stay safe and wish the best for all.

      Delete