Tuesday, October 1, 2019

ဆန်ဖရန်စ္စကိုခရီး

မင်္ဂလာပါရှင်~~~
LV Lasvegas ကနေအပြန်ကို LA မပြန်ဘဲ SF ကိုလာခဲ့ကြတယ်။ကားရပ်ပေးမဲ့နေရာနဲ့အနီးဆုံးဟော်တယ်ကိုမျက်စိမှတ်လို့ကြိုဘွတ်ကင်တင်ထားပြီးပြီလေ😙 အေးရာအေးကြောင်းဘဲ။ ဖြစ်ချင်တော့ကိုယ်တို့သွားတဲ့အချိန်ကတောမီးအကြီးအကျယ်လောင်ပါတယ်တဲ့။ ငီးငီးအလာဂျီနဲ့မဖြစ်ရင် ချက်ချင်းပြန်ထွက်လာကြမယ်လို့ဆုံးဖြတ်ပြီးချီတက်လာကြတာဘဲ။
ကံဆိုတာများကောင်းချင်ရင်လည်း လိုက်မမှီ 😊 တညနေလုံးစီးလာတဲ့ကားများ ဆန်ဖရန်စ္စကိုရောက်ခါနီးလေ မိုးသည်းထန်ရွှာပါလေရော။ လေနဲ့မိုးနဲ့ကိုယ့်မှာတော့ရင်တထိတ်ထိတ်နဲ့ဂဃာမငြိမ်။ ဓါတ်ပုံလည်းမရိုက်နိုင်။ မိုးကြီးလေကြီးနဲ့တောမီးကြီးငြိမ်းပါလေရော..😁😂
မနက်နိုးတော့ တိမ်ပါးပါးလေးဘဲရှိ။လေထုများသန့်ရှင်းလတ်ဆတ်ချက်က၁၀၀
အစောဆုံးထပြီး ဟော်တယ်မှာမနက်စာစား သင်္ဘောဆိပ်ကိုသုတ်ချေတင်တာပေါ့ဗျာ။
ဖယားဖယား..သူတို့မနက်စာလည်း ငီးငီးတို့အတွက်တနင့်တပိုးစားမကုန်။  
ရထား Bus ကြိုက်ရာစီးပြီးမြို့ထဲသွားလို့ရတယ်ဆိုတော့ သင်္ဘောကြီးနဲ့ငြိမ့်ကြ
ကိုယ်တို့တည်းတဲ့နေရာက port 
မိုးတိမ်ကိုကြည့်ပြီးဆုတောင်းပါတယ် အပ်ချလောင်း သွားလေဟဲ့💨😆
ပြောရင်းဆိုရင်း ပြာလဲ့လဲ့ ကောင်းကင်ကြီးက ပေါ်လို့လာ👏
သင်္ဘောကြီးတွေ့တော့ ဘာမဆိုင်ညာမဆိုင် ကျတော်တို့ခုန်ဆင်းနေခဲ့တာပါလို့ ခနခနကြားမိတာလေး ပြန်အမှတ်ရ😎😂
ဟော!!! တွေ့ပြီဘာတံတားမှန်းမသိသေး..လှလို့ပါ့..ပဲတွေပေး ဓါတ်တွေရိုက်
ကိုယ်တို့ဆင်းတဲ့ Port   
ခရစ်စမတ်နီးတော့ မြို့ပြင်ဆင်ထားတာတွေ့ရ

အဲဒီလမ်းထိပ်မှာဘဲ ကားလက်မှတ်ဝယ်
bus လက်မှတ်ဖြတ်တယ်။ အစောဆုံးပါဘဲ။ ကားပေါ်တက်တော့ လူတောင်မရှိသေး 
လမ်းပေါ်မြင်သမျှရိုက်ခဲ့တာတွေ ဓါတ်ပုံပျောက်ကုန်😓 မိတ်ဆွေတွေကတော့ ကံကောင်းတယ်ဆိုရမှာပေါ့လေ မျက်စိညောင်းသက်တာ ဒါပေမဲ့ကိုယ်မြင်ခဲ့တဲ့ရူဒေါင့်ကလှပချက်ကိုတော့ အတူလိုက်မခံစားရဘူးပေါ့လေ😜

သူတို့တိုက်ခန်းလှေခါးလေးတွေကအစ ချစ်စရာ.. 
ကုန်တိုက်မှာလည်းပြပင်ဆင်ထား 
မြို့လည်ခေါင်လားမသိ..လူတွေကြိတ်ကြိတ်တိုး..လူမပါဘဲရိုက်ရတဲ့ပညာလည်းမသေးဗျ😆
 
တရုတ်တန်းလည်းခနဆင်း နေ့လည်စာစား

မိတ်ဆွေတွေနဲ့တွေ့တုံးလေး အမှတ်တရ။ ကိုယ်တွေကတော့ သူများပြောနားမထောင်တတ်😁 ‌ပြောချင်ရာပြောလေ ဒီကလည်း လုပ်ချင်ရာလုပ်တတ်😂
သူတို့လက်ဖက်ရည်ဆိုင်သဘောကျမိ 
ငယ်ငယ်ကကြည့်ဖူးတဲ့ ဒါတ်ရှင်တွေအတိုင်းပါဘဲလေ 
ဆရာသမားလည်း ကိုယ်တို့ငယ်ဘဝကိုအတော်လွှမ်းမိုးခဲ့တာပေါ့  

နံမည်ကျော်တံတားကြီးပေါ့လေ ရွှေရောင်ဆိုပြီး ဘာလို့နီတာလဲဗျာ👀
မြို့ထဲကိုလှမ်းမြင်ရ  
သာသာယာယာပေါ့.. 
အနီးအနားက အိမ်တွေ.. 
အပြန်လေအရမ်းတိုက် အေးကအေးနဲ့ 
အောက်ထပ်ကနေဘဲ ငိုက်လိုက်လာခဲ့ 
တံတားပေါ်ကနေရိုက် 
လှတယ်နော်..

ညသင်္ဘောစီးတော့ လပြည့်ချိန် တံတားနဲ့ လဝန်းနဲ့ လှလိုက်တာဆိုတာ...အဲ့တတွဲလုံးပျောက်နေ..မနက်မြို့ထဲကတိုက်ကြီးကိုနေရာင်ထိုးချိန် ရောင်ပြန်ဟပ်ပုံတွေအများကြီး နှ‌မြောလိုက်တာ ပြန်တွေ့တဲ့အချိန်ထပ်တင်အုံးမယ်လေ

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
#meemeenage

0 comments:

Post a Comment