Friday, August 30, 2019

Horseshoe Canyon


မင်္ဂလာပါရှင်~~~
မြန်မာလိုခေါင်းစဉ်တပ်သင့်တာပေါ့လေ..ဒါပေမဲ့လည်းနောက်ဆိုရင် ကိုယ်တို့တွေကဇော်ဂျီကိုပစ်ခွါ
သွားကြတော့မယ်တဲ့..နှောင်းလူတွေကိုယ်တို့ကြိုးစားပမ်းစား၁ဝနှစ်ကျော်ရေးထားတာ..ဖတ်လို့မရ
တော့ပြီလေ...ဒီတော့ ကျန်တဲ့အခွင့်အရေးနဲနဲအမှီပြုပြီး ဇော်ဂျီနဲ့ဘဲ Canyon ပြီးအောင်သုတ်သုတ်လေး
သွားမှ😁😀


အရင်ကတော့ Barrier Canyon လို့ခေါ်သတဲ့ "Barrier Canyon style rock art" ဆိုတာကျောက်တောင်
သားပေါ်မှာ ကျောက်တုံးတွေနဲ့ခြစ်ပြီး ပုံတွေရေးဆွဲထားတာ..။ တကယ်ဆိုရင်ကိုယ်ကအဲ့တာလေး
ကြည့်ချင်တာ။ Tour အုပ်စုနဲ့ဆိုအဆင်မပြေဘူး..။ ဒီတော့အပေါ်ကနေဘဲ လှည့်ပတ်ကြည့် လူတွေကများ
ကျောက်ဆောင်တန်းပေါ်ကနေပြုတ်ကျ မလာကီးသွားတာလည်းမနဲဆိုတော့ ကျားကျားတချိန်လုံးဟန့်
နေတာနဲ့ သိပ်ပုံကောင်းတွေမရခဲ့ပါဘူး

ကဲ...ဘတ်စ်ကားရပ်ပေးပြီး တန်းရောက်တယ်ထင်ရင်မှားမယ်ဗျို့..လှမ်းကြည့်လည်းဘာမှမမြင်ရတဲ့ ဟင်း
လင်းပြင်ကြီးဗျ...။

ပုံနဲ့သေချာပြထားတယ်..အဲ့လိုမရပ်ဖို့..ဒီခရီးကိုလာမယ်ဆိုရင် walking shoe ကအကောင်းဆုံးပါ..။ တချို့
တွေက lady shoeနဲ့ ညှပ်ဖိနပ်နဲ့..အဝတ်အစားတွေအားလုံးကသူ့နေရာနဲ့သူမှ အသုံးဝင်ပါတယ်လေ...။

 ဟိုးတောင်ထိပ်က ကနေဆင်းလျောက်ရတာ လမ်းတဝက်မှာနောက်ပြန်ရိုက်ထားတာ...။
ဟိုးအောက်ချိုင့်ထဲအထိသွားရအုံးမှာ..ကြားထဲတက်စီမှာရမလားလို့တားကြည့်တာလေ😂
ကိုယ်ကဟိုနောက်တဆင့်ဆင်းထိုင်ချင်သေး...ဆရာသမားလည်း အော်ဟစ်နေတာဘဲဆို..😕 ဒီတော့
မြင်းခွါတခြမ်းပုံနဲ့ဘဲကျေနပ်ရ😎

 ဒီ၃ပုံက အောက်ချိုင့်ထဲက နံရံပေါ်က ပန်းချီပုံတွေပါ...
 မသွားရလည်း ပုံနဲ့ဘဲကျေနပ်ရတာပေါ့လေ...

 လူတွေက ကြိတ်ကြိတ်တိုး..
ဟိုးထိပ်အထိ..ပြန်သွားရမယ်..ဖယားဖယား..ဆောင်းတွင်းမို့လို့ဘဲ..နွေဆိုရင် အပူချိန် ၁ဝဝ ကျော်တယ်တဲ့..
ဒါကတော့သူများတွေရိုက်ထားတဲ့ပုံပါ...
ခြေလှမ်းများစွာထဲကတလှမ်းပေါ့...ဘာနဲ့ဘဲလှမ်းလှမ်းပါလေ..ရှေ့ခရီးဆက်ဖို့ကအဓိက...
သူတို့လည်းလာလည်သူတွေကိုကျေးဇူးတင်..ကိုယ်လည်းဖတ်ရူပေးသူတွေကိုကျေးဇူးတင်ပါရစေရှင်....
သူတို့အမိုက်ကားကြီးကိုသဘောကျချက်.....

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
#meemeenage

Sunday, August 11, 2019

Grand Canyon National Park

မင်္ဂလာပါရှင်~~~

ရဟတ်စီးပြီးတော့ Grand Canyon National Park ကိုသွားကြပါတယ်။ ဆောင်းတွင်းသွားတာကောင်းတယ်
ပြောရမှာဘဲ..။ 

ကားပေါ်ဆင်းခါနီး အနွေးထည်ပြန်ထပ် ဦးထုပ်ဆောင်း မာဖလာပတ် လက်အိတ်စွပ်နဲ့ ကရိကထတယ်များ
သကိုး...😁 နွေရာသီမှာ သွားလည်တဲ့တူမလေးပြောပြ အပူချိန် တရာကျော်ဆိုဘဲ...😱😵
အောင်မငီး..ကိုယ်နဲ့နေရောင်ရန်ဖြစ်ထားတော့ သွားမရတော့ဘူး..။

ကဲ.. ဆောင်းအချိန်ကကောင်းဆုံးဆိုတော့ လူများပါတယ်ရှင့်..။


ရူခင်းကလှသလို လူတွေကြိတ်ကြိတ်တိုးနဲ့ ထင်သလို ဓါတ်ပုံတွေမရတတ်ပါဘူး။ ဒီတော့ မယ်ငီးလည်း သူများပုံတွေဘဲရိုက်တော့တယ်😜

တကယ်ပါဘဲ..ငေးမောကြည့်ခံစားနေမိတာ..ဓါတ်ပုံရိုက်ဖို့မေ့..ကိုယ့်ကိုယ်လည်းသိပ်မရိုက်မိပါဘူး..။ မျက်
စိထဲမြင်မိတာတွေ ထာဝရကျန်အောင် တဝကြီးကြည့်နေတာက ပိုမိုက်ပါတယ်...။
အဲ့..ကျောက်တုံးပေါ်ကကိုယ်တော်..အောက်ကိုမဆင်းကြွနိုင်တော့ဘူး..လက်မြောက်လိုက် လက်ကားလိုက်
နဲ့..😖 ခဲနဲ့ကောက်ထုချင်ပါတယ်ဆို😝

 
အားချားဟဲတွေတော့ ကြွက်ကြွက်ညံ အော်ဟစ်ရိုက်ကြ တောင်စွန်းကနေဓါတ်ပုံရိုက်ရင်း 
ပြုတ်ကျသေဆုံးတာကလည်း နှစ်တိုင်းရှိတယ်ဆိုဘဲ.. 😲

ညနေစောင်းရောက်သွားကြတာ..
နေရောင်ကြဲကြဲတောက်ပေမဲ့..
လေတိုက်ပြီးအတော်အေးဗျား...
ချောက်ကမ်းပါးဖက်သံကာထားပေမဲ့..တချို့နေရာကာမထားလို့ ထပ်ခါထပ်ခါသတိပေး..အစွန်းအထိမသွား
ကြပါနဲ့တဲ့...


ကိုင်းတောင်စွယ်မှာနေကွယ်တော့မယ်... 
အဲ့..အချိန်မှသတိရ..ကိုယ်သိပ်ကြိုက်ခဲ့တဲ့ တောင်လေးနဲ့လဝန်းလေးပါအောင် သွားလေးဖြီး(အေးလွန်းလို့
ပါလေ) ဝမ်းတူးသရီး..လုပ်ခဲ့ရ😁
 ဆွဲရိုက်တာ လက်တုန်လို့လားမသိ..ပုံမကောင်းဘူး...
စမ်းချောင်းလေးကတော့ စိမ်းနေတာဘဲ 
ဒီတောင်ပိုင်းပြတ်လေးနဲ့လဝန်းလေးနဲ့...ပနံသင့်ချက်..😘

ဒါလေးအရမ်းသဘောကျမိ... 

မတတ်နိုင်တော့ဘူး..လေအေးနဲ့အရမ်းတုန်နေအောင်ချမ်း.. 
အမှတ်တရလက်ဆောင် ရောင်းတဲ့ဆိုင်ထဲပြေးရ..
ဆိုင်ပြင်ဆင်ထားတာဘဘောကျတယ်.. 
ကဲ...ခနနားပြီး..ကားထဲပြေးရတော့မယ်.. 
သူတို့ဒေသမြေပုံ ကြည့်ပြီး လည်သွားတာကမျက်စိ..😵😁😂...
နောက်နေ့ခရီးစဉ်တွေပိုတောင်လှပတယ်ဗျာ့...စကားမစပ်..လွန်ခဲ့တဲ့၆နှစ်ကရပ်မယ်ဆိုပြီး..မရပ်ဘဲ..တလ
တပုဒ်နူန်းနဲ့အသက်ဆက်နေတာ...ပြောရရင်လည်းရီစရာကြီးနော်...အချိန်တွေရှိမယ် မုဒ်လေးဝင်တယ်..
လက်ချောင်းတွေမကိုက်ခဲဘူးဆိုရင်..အမြဲလာပြီးရေးနေအုံးမှာပါ... အသက်ကြီးလည်းမပျက်စီးအောင်..
ဖြစ်နေတာတွေနဲ့နေတတ်အောင်ကြိုးစားနေဆဲပါလေ....

Happy birthday to me!!!
သူများပြောနားမထောင်တတ်
ခေါင်းမာသောလူသားတယောက်ပါလေ😁😂😜😝
OMG!!! 55 going to 56 😄
11 August ☺
အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
#meemeenage

Friday, August 2, 2019

Grand Canyon South Rim ရဟတ်စီး

မင်္ဂလာပါရှင်~~~
ဝေဟင်ကနေ မြေမျက်နှာပြင်အောက်နိမ့်နေတဲ့ နေရာက ချောက်ကမ်းပါးတွေကြည့်ရအောင်လေ...

သူတို့ရိုက်ပေးတဲ့ပုံပါ
LV မှာတညအိပ်ပြီး မနက်အစောကြီးထပြီး Grand Canyon ခရီးဆက်ကြပါတယ်။ ဆောင်းတွင်းအေး
ကအေးအိပ်ကငိုက်နဲ့ လမ်းတဖက်တချက် မငေးအားပါ...😎
သူတို့ရဲ့ လေယာဉ်ကွင်းငယ်ထဲကနားနေခန်းမှာ..


အမှတ်တရဆိုတာ..ဆတ်ကနဲထိုင် ဖျတ်ကနဲရိုက်တဲ့...

သူတို့ရဟတ်ယာဉ်..


သိတဲ့အတိုင်း ကိုယ်တို့များတောကျပုံက..ဒီဖက်က Tour တွေဆိုရင် ကားခတည်းခိုခလောက်ဘဲယူတာ
ကျန်တဲ့ အလည်အပတ်တို့ ဝင်ကြေးဘာညာကွီကွက သပ်သပ်ပေးရတာ။ အမြဲတမ်း သူတို့ပေးတဲ့ လည်စရာသွားစရာ အားလုံးလိုက်လုပ်တာဘဲ။အေးဆေးဘဲလေ..နို့မို့ရင် ဘယ်နားသွားမလဲ..မသိလို့ဆရာတင်ခေါ်လာပါတယ်ဆိုနေမှ..ဟာဘဲဟာဘဲ😂
ပီတိတွေဖြာ...V ဘဲရိုက်ရမလိုလို selfie ဘဲဆွဲရမလိုလို
မှန်တာပြော Panorama သုံးဖို့မေ့သွားတဲ့ Canyon ခရီးစဉ်ပါ..😖

အခုလည်း ရဟတ်ယာဉ်နဲ့လည်မှာလားတဲ့..ကိုယ်တို့ကထိပ်ဆုံးဘဲ..😄 တရုတ်မလေးတယောက်နဲ့ တကားလုံးမှာ စုစုပေါင်း၃ယောက်တိတိစီးပါတယ်😉 ကျန်တဲ့သူတွေက အနီးကမနီးမဝေးပါ..ဓါတ်ရှင်ပြဖို့ခေါ်သွားလေရဲ့...။ ဒီတော့ ကိုယ်တို့က ရဟတ်ယာဉ်ကွင်းအသေးမှာ နေခဲ့ရ..။ဟိုဟာမဘယ်ရ ဒီဟာမယူရ၊ဟိုကစစ် ဒီကစစ်နဲ့ လူကိုမူးသွားတာဘဲ...။ လူတွေလည်းများတယ်..။ ရဟတ်ယာဉ်အသံကဆူ..။လူတွေကရူပ်နဲ့..။ ကြားထဲ ရင်တွေကခုန်နဲ့..ဟီး...ပထမဦးဆုံးရဟတ်စီးဖူးတာကိုးဗျ..။
၅ ယောက်တတွဲ တန်းစီပြီးတင်တာ..ဗျ...ဘာမှပေးမယူပါ ကင်မရာလွဲရင်ပေါ့ ခါးပတ်မှာ သက်ကယ်
အိတ်လာချိတ်ပေးသွား..။
မြေညီမျက်နှာပြင်အောက်မှာ ဘွားကနဲ ချိုင့်ဝှမ်းတွေ တောင်ကြီးတွေ အဝေးကနေကြည့်ရင် မမြင်ရဘူး
ဘာဖြစ်လဲဆိုတော့ မြေအောက်မှာဖြစ်နေတာကိုး...အံ့မခမ်းလှပတဲ့တကဲ့သဘာဝတရားတွေပါဘဲ...
 ကင်မရာနဲ့ရိုက်လိုက် ဖုံးနဲ့ရိုက်လိုက်...
 ကင်မရာနဲ့ရိုက်တာတွေခုမှပြန်တွေ့လို့...
 ထပ်ဖြည့်တင်...
 တကဲ့ကိုယ်ရင်သပ်ရူမောပါဘဲ...

 နားကြပ်မှာတော့ ဘာညာပြောလားမသိ..ကိုယ်တော့ ဘာမှန်းကိုမသိ..ပြူးပြဲကြည့်နေလေဧ။်😆

 နှစ်သန်းပေါင်းများစွာကြာမှဖြစ်လာရတဲ့ ကျောက်တောင်တန်းကြီးတွေ...

 သစ်တပင်မှမရှိ..ကျောက်ကန္တရကြီး...
မြစ်ချောင်းတခုတော့လှမ်းမြင်မိ...အတွေ့အကြုံတခုပြောရမယ်ဆိုရင် ရီစရာတော့အကောင်းသား...
ရိုက်လာတဲ့ပုံကိုကြည့်ပြီးကားပေါ်မှာပီတိတွေဖြာ E Eတွေပါ..အဲလေ..😁 တရုတ်မလေးက ရဟတ်
ကုမ္မဏီကြော်ငြာကိုကြည့် သူ့ခုံကကိုယ့်အနောက်ဖက်မှာ သူတို့က မိသားစု၄ယောက် သမီး၂ယောက်
နဲ့သူ့အမျိုးသားနဲ့ပါ..။ သူကပြတာ ကိုယ်တို့ဆီကပိုက်ဆံကောက်တာ တယောက် $ 200 ကျော် $300
နီးပါး၊ ပုံထဲကကြည့်တော့ သူတို့ကောက်တဲ့ဈေးက တကဲ့အကောင်းစားရဟတ်နဲ့၊ ကိုယ်တို့ကို တင်ပေး
လိုက်တဲ့ရဟတ်က ရိုးရိုးရဟတ်..ဘာရမလဲ..ကိုယ်တို့ Tour Guide ကိုသွားပြောတော့ သူကအဲ့တာ
သူတို့နဲ့မဆိုင် ရဟတ်ကုမ္မဏီကလုပ်တယ်ဆိုပါတယ်..ကဲ..ဒီကလည်းစွာ တရုတ်မလည်းစွာ...😜
Guide ရဟတ်ကုမ္မဏီကိုဖုံးဆက်ပြီးပြော..ကိုယ်တခုသတိရမိတာက ရဟတ်အကောင်းစားအနီရဲရဲလေး
ကဆင်းလာတော့ ကိုယ်တို့ကိုသွားဖို့ တယောက်ကလွှတ်တာကို လူတယောက်က လမ်းဖြတ်တားပြီး
ခနစောင့်ခိုင်း သူ့လူတွေတင်..အဲ့တာလည်းပြောပြလိုက်တယ်..ကဲ..ငါတို့ဘယ်သူ့ဆီ ကွန်ပလိန်းတက်ရ
မှာလဲ..ပြူးတူးပြဲတဲကြတာပေါ့..ဒါနဲ့တယောက် 60$ နီးပါးလားမသိပြန်ရ...😁😂အဲ့လိုပါဆို............
သူတို့ထင်တာက အဖြူတွေဆိုရင် သုံးနိုင်တယ်ပေါ့..ကိုယ်တို့ကစုတ်တီးစုတ်ဖတ်များထင်နေလားမသိဘူး
အဝတ်အစားကြည့် လူမျိုးကြည့်ပြီး ဆုံးဖြတ်တတ်ကြတဲ့ဒီခေတ်ဒီခါမှာတော့ သိပ်ပြီးမထူးဆန်းလှပါဘူး
လေ..နော့်
 မစီးလိုက်ရတဲ့ နီနီလေး...😣😆
 ကိုယ်တို့ရဲ့စီးတော်ယာဉ်..
ကျန်တဲ့လူတွေစောင့်နေရတဲ့ ဒါတ်ရှင်ရုံ😇
ဒီလိုလေးပေါ့..မြေပြင်ညီညီကနေဘွားကနဲချိုင့်ဝှမ်းတွေတွေ့ရတာပါ


အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေ~~~
#meemeenage