Thursday, June 28, 2018

PSEG မိသားစုနေ့

မင်္ဂလာပါရှင်~~~
မက်စီကန်တွေခိုးဝင်ဆိုပြီးမကြိုက်ကြပေမဲ့သူတို့အစားကိုတော့ဒီကလူတွေအသေကြိုက်😝
PSEG ဆိုတဲ့ စကားလုံးကို နယူးဂျာစီမှာနေတဲ့ သူတွေကတော့ နားလည်ကြမှာပါ။ ဒီပြည်နယ်ရဲ့
လျှပ်စစ်ဓါတ်အား ဂက်စ်တွေကို ဖြန့်ဖြူးထုတ်လုပ်ပေးတဲ့အဖွဲ့အစည်းတခုဆိုပါတော့။ ဒီနိုင်ငံမှာတော့
ဓါတ်အားပေးတာကို အစိုးရကအားလုံးမဆုပ်ကိုင်ထားပါဘူး။ တချို့ပြည်နယ်အလိုက် ပုဂ္ဂလိကတွေ ကော်ပိုရေးရှင်းကုမ္မဏီကြီးတွေကပိုင်ကြပါတယ်။ တချို့တွေလည်း ပြည်နယ်အစိုးရပိုင်တယ်။ ဒီ PSEG ကအတော်ကြီးတဲ့ကုမ္မဏီတခုထဲကဆိုပါတော့။ အရင်က Superstorm Sandy - October 2012
စင်တီဆိုတဲ့ မုန်တိုင်းတိုက်တုံးက သူတို့တွေ အချိန်တိုတိုနဲ့ ပြတ်စီးသွားတဲ့ ဓါတ်အားလိုင်းတွေ ဂက်စ်
လိုင်းတွေ နေ့မအားညမအား ပြင်ဆင်ပြီး ဖြန့်ဖြူးပေးနိုင်ခဲ့တယ်။ နယူးယောက် Long island NY မှာလည်းသွားကူညီပေးနိုင်ခဲ့ပြီး အဲ့ဖက်တွေမှာလည်း သူတို့နယ်ပယ်ချဲ့ထွင်လုပ်လာနိုင်ခဲ့တယ်...။ အခုဆိုရင် မယ်ငီးတို့နေခဲ့ဖူးတဲ့ NY Long island ကလျှပ်စစ်ဓါတ်အားပေးတဲ့ LIPA (အစိုးရပိုင်)
နဲ့ပေါင်းပြီး အလုပ်လုပ်နေပါတယ်။
တိုတိုပြောရရင်တော့ Siemens ဂျာမဏီကနေကျားကျား အလုပ်ပြောင်းလို့ အခုဒီမှာရောက်နေတယ်..ဆိုပါ
ရစေ😁။ အရင် ဂျာမဏီမှာနေတုံးကလည်း Siemens မိသားစုနေ့သွားရသေးတယ်...။ သူတို့တွေက အဲ့လို
နေ့ဆိုရင် သူတို့လုပ်ငန်းအားလုံးမိသားစုတွေကိုချပြတယ်။ ခလေးတွေကိုစက်ကြီးတွေပေးကိုင်တယ်။ စား
စရာတွေအကျွေးအမွှေးတွေ အလျှံပယ်နဲ့ပေါ့...။ ဂျာမဏီမှာနေခဲ့တဲ့မြို့က Siemens ကုမ္မဏီစထောင် သူရဲ့ မြို့ကိုး...။တမြို့လုံးသူ့ရုံးခန်းတွေချည်းဘဲ...။ လာတဲ့လူတွေလည်းမြို့လုံးကျွတ်ရှိလေမလားဘဲ၊ ဆပ်ကပ်တွေ
ရော ပြပွဲတွေရောအများကြီးဘဲ..ကိုယ်တို့တော့ ယောင်တောင်ပေါင်တောင်နဲ့ မှတ်မှတ်ယယ မိုးရွာပါတယ်။
ဒီ PSEG နေ့မှာလည်း မိုးတွေအု့ံ့လို့..ညနေမိုးရွာမယ်ဆိုလို့။ လူတိုင်းကမိုးကာကိုယ်စီနဲ့ပေါ့...။

အီဖေတိုတိုနဲ့ကိုကို😂
ဒီတခါမိသားစုနေ့ကို မွေးစားသမီးနောက်ထပ်တယောက် ဘလော့ဂါစန်းစန်းထွန်းကိုပါခေါ်လိုက်တယ်။
(ကိုယ့်မှာလည်း စမီးတွေများမှများဘဲ... 😉😘)သူက ၁ဝ ကြိမ်မြောက်အိမ်ပြောင်းခြင်းကို ညအိပ်ပြီး လာကူပေးတယ်။ ဘဝမှာတခါခါလည်း မမျှော်လင့်တာတွေဖြစ်တတ်သလို မျှော်လင့်တာလည်းဖြစ်မလာ တတ်ပါဘူးလေ။ မယ်ငီးတို့လည်း ကျမ်းမာရေးအကြောင်းပြပြီး အမေရိကားမှာတော့ကျောချစရာလေးတခု
ပိုင်သွားတယ်ပေါ့လေ..။ တနေ့ပြန်မယ် တနေ့ပြန် မယ်ဆိုတဲ့အတွေးလေးကလည်း အမြဲရှိနေတုံးပါဘဲ..
ဒီရက်ပိုင်းအမေ့နှစ်ပတ်လည်ရက်ဆိုတော့ စိတ်ကမငြိမ်ဘူး...ငိုချင်သလိုလို ဝမ်းနဲတာအမှန်ဘဲ...
ကဲပါလေ...အခန်းအနားကျင်းပရာပြန်သွားရအောင်။ မနက်ထပြီး နွားနို့လေးတခွက်သောက် အိပ်ယာသိမ်း
(ပြောင်းဖို့..အဲ့နေ့မှာဘဲအပြီးပြောင်းပါတယ်။ ပြီးတဲ့အပတ်ကတဲကစပြောင်းတာ တနေ့နဲနဲစီ...) ပြီး လာတာ။
ဒီလိုကမန်းကတန်းလာရတော့ ရောက်တာနဲ့ ကျွေးတာကိုဘဲ အရင်ဆုံးစားပါရစေဆိုပြီး..မက်စီကန်အစား
အစာအရင်ဆုံးစားပါတယ်...ပြန်ခါနီးနောက်တခါထပ်စားပါတယ်...အော်..တန်လေစွ လာရကြိုးနပ်😜

ဒီနေရာက ကျားကျားပြောပြပါတယ် သူတို့ရဲ့ ထရိန်းနင်စင်တာပါ..တဲ့။ ကားထားတဲ့နေရာမှာမိုးထားတာက
ဆိုလာပြားတွေ....
မြန်မာပြည်မှာလည်း ဒီလိုဆိုလာပြားနဲ့ဘဲ စွမ်းအင်တွေထုတ်ရင် အမြန်ဆုံးမီးတွေလင်းမှာဘဲ..ခုတော့လည်း
မှောင်သားကျနေကြပါပြီလေ..ကျိုင်းတုံမှာတော့ ရေပူရေအေးကို တမြို့လုံး ဒီလို ဆိုလာပြားနဲ့ဘဲသုံးကြတာ။
စားပြီးအထဲဝင်တော့ စိတ်ဝင်စားစရာက ခွေးတွေပါ...ပြည်နယ် ၃ ခုမှာ သူတို့အခေါ်TRI STATE K-9 တဲ့
လေ့ကျင့်ထားတဲ့ခွေးတွေနဲ့ ခလေးနဲ့ ဘေးအန္တရယ်ခံရတဲ့ပတ်ဝန်းကျင်ဒေသလူတွေကိုဖျော်ဖြေ နှ.စ်သိမ့်ပေး တဲ့ non-profit orgကခွေးတွေပေါ့...တကောင်ကအကြီးကြီးမှ အကြီးကြီး...ပွတ်သတ်ပေးရင် မျက်လုံးလေး ပိတ်ပြီးခံနေတာများချစ်စရာကောင်းလိုက်တာဗျာ.
အဲ့တာက သူတို့ အဖွဲ့အစည်းနံမည်...
သူ့ထရိန်းနာစားနေတာကို ကြည့်နေတဲ့မျက်နှာကသနားစရာ...
နောက်တနေရာက ကြက်ခြေနီပေါ့...သူကရှင်းပြပါတယ်..တခုခုဖြစ်ရင် အရေးပေါ်ကုသပေးရသလို အမြန်
ဆုံး 911 ကိုခေါ်ဖို့လည်းလိုသတဲ့...
ဘာတွေဖြစ်ရင် ဘယ်လိုလုပ် ဘာတွေဆိုရင် ဘယ်နေရာကိုဆက်ဆိုတဲ့ သတင်းတွေအချက်အလက်တွေ စာရွက်နဲ့ရေးထားတာ ယူပြီးဖတ်ပါလေ့လာပါဆိုတော့ ကျားကျားနဲ့ ဂျမ်းဒွန်းကြီး အပြိုင်ယူကြတယ်လေ😅
အဲ့နေရာလေးက ခလေးအတွက်ထင်လို့မဝင်ဘူးလုပ်နေတာ..ဘယ်ကလာ..စားပွဲပေါ်တင်ထားတာတွေပေး
ပြီးရှင်းပြတယ်..ဒီကုမ္မဏီရဲ့ ကျမ်းမာရေးစောင့်ရှောက်မူ့ ခံစားခွင့် အားလုံးဗဟုသုတဖြစ်စေတာတွေပေါ့..
ပြောပြတယ်။
သူဘာတွေကပ်မေးနေလဲမသိ...စကားမစပ် သူတို့ကုမ္မဏီက အလုပ်သမားခံစားခွင့်တွေပေးထားတဲ့ အထဲ ကတခုကိုပြောပြရအုံးမယ်...။ ကျမ်းမာရေးအတွက် ခုခေတ်ကလက်ပတ်နာရီတွေရှိတယ်လေ..နာရီအပြင်
သွေးခုန်နူန်း ခြေလှမ်းပေါင်း ဘယ်လောက်လှမ်းသလဲဆိုတာပါ တိုင်းတာပေးတဲ့နာရီမျီုးပါ။ အနောက်နိုင်ငံ
မှာတော့ လူတိုင်းပတ်လေ့ရှိကြတယ်။ တနေ့ကိုခြေလှမ်းပေါင်း ၇ဝဝဝ-၉ဝဝဝ အထိလျောက်သင့်တယ်ဆိုပြီး
ကျမ်းမာရေးရူထောင့်ကလည်း တချိန်လုံးပြောနေတာ မြင်ဖူးကြမှာပါလေ။ သူတို့အလုပ်ထဲကလူတွေရဲ့ အလုပ်သဘောအရကလည်း လျှပ်စစ်တပ်ဆင်ဖြန့်ဖြူးတယ်ဆိုတော့ စက်ကြီးတွေ ဘာတွေကိုင်ကြတာကိုး။
ကြည့်လိုက်ရင် ထောင်ထောင်မောင်းမောင်းတွေချည့်ဘဲ..။ သူတို့သတ်မှတ်ထားတဲ့ ခြေလှမ်းနဲ့ တခြား အားကစားရုံမှာလည်းသွားကစားရတယ်..။ လက်ပတ်က ကွန်ပြူတာနဲ့ချိတ်ဆက်ထားတော့ တနေ့နေ့ ဘယ်သူက ဘယ်လောက်လုပ်တယ်..။ ဘာတွေစားတာကအစ မှတ်တမ်းတင်ပါတယ်..။ ပြီးတော့ အမှတ်
ပေးပါတယ်။ Point ရတာပေါ့နော်..အဲ့ဒီ point နဲ့ သူတို့  website မှာ ပစ္စည်းတွေဝယ်ရင် အားလုံးက အလကားနီးပါးရတယ်ဆိုပါတော့...။ နောက်ပြီး တနှစ်ပြည့်ရင် Bonus ဘိုးနပ်( အားကစားတခုဘဲနော်) ကျန်တဲ့ အလုပ်ဖက်ကကသပ်သပ်၊ $ ထောင်ကျော်ပေးတာဗျား...။
ပြောရရင်တော့ အများကြီးပေါ့လေ...နောက်တနေရာက ကွန်ဖရန့်ဟောတဲ့...
သူ့အလုပ်သမားနံပါတ်မေးပြီး သူ့နံပါတ်ကို ကဒ်ပြားမှာရေး သူကကိုင်ပြီး ဓါတ်ပုံရိုက်ယူထားပါတယ်။ 😀အမှတ်တရလား မှတ်တမ်းလား..မသိ..။ ကိုယ်ကတော့ သူ့ကိုမြောက်ပေးပြီး ဒီလိုရိုက်ပေးလိုက်ပါတယ်..
သူကဒေါ်နယ်ထွန်းပုံစံချိုးလို့..ကိုယ်ကအဲ့ဒီလူကြီးသတင်းလာရင် နားကိုမထောင်တာ မေတ္တာထားမရပါ..။
အော်...ညည ဘုရားရှိခိုးရင် ခေါင်းရင်းအိမ်က ဒေါ်ကြီးမပါ(ရန်ဖြစ်ထားလို့ 😆) ဘုံ ၃၁ ဝေနယျ သတ္တဝါ အားလုံးအမျှပေးဝေပါ၏..ဆိုတဲ့ပုံစံမျိုးဖြစ်နေပေါ့လား...😅😂)
သူတို့ပြထားတဲ့ တီဗီထဲကလာနေတာပါ..နေရာတကာအနှံ့ သွားသမျှလမ်းတွေ မီးကြိုး ဓါတ်ကြိုး ဖုံးကြိုး
အားလုံးပါဘဲ နေ့တိုင်းပြင်ဆင်နေကြတာက ကမ္ဘာအနှံ့ပါလေ။ လမ်းပြင်ရင် ရဲကားက လမ်းပိတ်ပြီးစောင့်
ပေးရတယ်။ မနှိုင်းယဉ်ပေမဲ့ တခါကကြုံခဲ့တာ ရင်ထဲကကျလိကျလိ...ဗန္ဓုပန်းခြံပတ်လည်ကမြောင်းပေါ့..
တကဲ့မြို့လည်ခေါင်မှာပါ...တူးပြီးပြင်ဆင်မလို့နဲ့တူတယ်။ ပိတ်ရက်လည်း လူမရှိ ရုံးချိန်လည်း အလုပ်သမား မရှိ ဘယ်အချိန်မှာလုပ်ကြလည်းမသိ။ ကိုယ်ခဏပြန်တာကိစ္စရှိလို့ ရုံးချိန်အတွင်း အဲဒီနေရာ ပတ်ဝန်းကျင် သွားတာ...ကားတွေနဲ့လူတွေနဲ့ မြောင်းဟောင်းလောင်းနဲ့ ဈေးသည်နဲ့...ရုံးတွေရှိတော့ လူတွေလည်းများ... ပုံစံကိုသာမြင်ယောင်ကြည့်ပါလေ...တကယ်ဆိုရင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ နိုင်ငံသစ်ဆီကို ကိုယ်တို့ချီတက်
နေကြတာလေ.....😝 ဘာမှပြောစရာမရှိပါ...🙈🙉🙊
လူနာတင်ယာဉ်လည်း ဝင်လေ့လာလို့ရတယ်..အထဲမှာဘာတွေဘယ်လိုထားသလဲဆိုတာပြောပြပါတယ်...။
(ကတောက်စ်..အဖေနေမကောင်းလို့ အိမ်နားကဆေးရုံမှာပြတော့ သူတို့က နှလုံးအထူးကုဆေးရုံတန်း သွားဖို့ ပြောဆိုပြီး သူတို့ဆေးရုံကကားနဲ့လွှတ်ပါတယ်...ထုံးစံပေါ့...လူနာကအရေးမကြီး ကုန်ကျငွေ တွက်ချက်နေတာ အရင်စာရင်းမရှင်းရင်မလွှတ်ပါဘူးရှင်...မှန်ပါတယ်..ပိုက်ဆံမပေးဘဲထွက်ပြေးရင်
ဘယ်လိုလုပ်မလဲနော်..ဒါပေမဲ့ဒါက နှလုံးအမောဖေါက်တာအချိန်မရှိလေ...အဓိက ပြောချင်တာက ကားအကြောင်းပါ..အန်ပြူးလန့်ကြီးက တကဲ့အန်ပြူးလန့်ပါ...ဝေါ်ဝေါ်နဲ့သွားနိုင်တာတခုကလွဲလို့
အထဲမှာ အဆာပလာမရှိပါ...၂ဝဝ၅ ပတ်ဝန်းကျင်ဆိုတော့လည်း ဒီလောက်တော့ရှိမှာပေါ့...ဒါပေမဲ့
အဲ့ခေတ်က တသောင်းငါးထောင်ကျပ်တိတိရှင်းရပါတယ်...ဒါတောင်သနားလို့တဲ့ 😱 အတိတ်ဟောင်း
တွေပါ..ခါးသီးလှတဲ့အတိတ်တွေပါလေ...)
 
မီးသတ်ကားရဲကား..စုံလင်စွာနဲ့..ဝေါ်ကြအော်ကြပျော်ကြတာလေ..ခလေးတသိုက်...
ကယ်ဆယ်ရေးယာဉ်....မီးစက်ကစလို့စုံပလုံစိ..လွှစ်တွေလည်းဆိုက်စုံ...
သေသေချာချာ သပ်သပ်ရပ်ရပ်စနစ်တကျ....တခုခုဖြစ်ရင် အဆင်သင့်ပေါ့...
ဟိုး...ထောင်နေတဲ့ အပေါ်ကိုတက်ဖို့ ကားက ၅-၆ စင်းရှိတယ်...တက်စီးလို့ရတယ်..ကိုယ့်ကို အတင်း
ခေါ်တာ မစီးရဲပေါင် အမြင့်ကြောက်တယ်ရှင့်😟
တန်းစီပါလေ....
ခါတိုင်းတော့ ဒီလိုနေရာအပြင်လူဝင်ခွင့်မရှိပါ ဓါတ်အားလွှတ်ထားတော့ အန္တရယ်ရှိတယ်လေ..
ကားတွေလည်းမျိုးစုံ...
မြေတူးစက် တက်မောင်းကြည့်နေသူများ..
ဦးထုတ် ခါးပတ်အစုံ ပါမှတက်လို့ရတာ...ဆင်ပေးတယ်လေ..
မီးသတ်ကား..အဲ့အချိန်မှာ ချာတိတ်ကောင်တက်သွားတာ သူတက်ပြီးနှိပ်တော့တာဘဲ..တဝေါ်ဝေါ်နဲ့မြည်လို့
သူကပြုံးဖြီးဖြီးနဲ့ သဘောကျနေလို့...
လျှပ်စစ်ကားဘက်ထရီသွင်းတဲ့နေရာတဲ့...သူတို့ဆီကလူတွေ အဲ့လိုကားဝယ်ရင် ဈေးကစပယ်ရှယ်လျော့ပေး
တယ်ဆိုဘဲ..
ပြန်ခါနီး ဆလတ်နဲ့ မက်စီကန်တာကိုလေး ထပ်တန်းစီစားခဲ့ပါသေးတယ်....

တလတပုဒ်တော့ တင်မှဖြစ်မှာဆိုပြီး..ဖြစ်ညှစ်လိုက်တာ...ထွက်လာပါပြီလေ...5 ရက်လောက်ရေးယူရ😎
ရာသီဥတုအခြေအနေအမျိုးမျိုးကြောင့်မရေးဖြစ်တာပါ...စိတ်ထဲမှာတန်းစီပြီးရေးထားတာကအများကြီးပေါ့

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
#meemeenage

2 comments:

  1. သူတို့ရဲ့ CSR တစ်မျိုးပေါ့လေ ကောင်းပါ၏၊ blogger စန်းထွန်းက ဒေါ်မီးရဲ့ သမီးကိုး၊ စကားမစပ် ဟိုဖက် ချင်းမိုင် ပိုးထည် post က ကွန့်မင့်တွေ မပေါ်လာဘူး။

    ReplyDelete
    Replies
    1. ဟုတ်ကဲ့ပါ...
      အားနာစရာကြီး
      အကြာကြီးနေမှ
      ခုဝင်ကြည့်မိလို့တွေ့
      စန်းထွန်းနဲ့အရမ်း
      ရင်းနှီးတယ်
      အရွယ်ချင်းကွာတော့
      သားအမိပေါင်း
      ပေါင်းရတာပေါ့ဗျာ...
      ဘာကွန်မန့်ကမပေါ်တာလဲဟင်
      သေချာပြန်ကြည့်ပါတယ်
      ဘာမှမတွေ့မိဘူးကွယ်...

      Delete