ဒီတခါ အခွင့်အရေးရှိလို့ ကျိုင်းမယ်နောက်ထပ်တခါရောက်ရပြန်တယ်။ သိပ်ပြီးထွေထွေထူးထူးမကြည့်
နိုင်ပါဘူး။ ရောက်ပြန် ဆိုတာလေးမဖြစ်ယုံတမယ်...😀 ကဲ..ပထမဆုံးရောက်တာနဲ့ဝင်တာက ကိုကြီး တက်ဆင် Shinawatra တို့ရဲ့ ပိုးထည်လုပ်ငန်းနဲ့ အထောင်းမျိုးစုံဆိုင် ဝင်ရောက်လေ့လာခဲ့ပါတယ်😋
ကိုင်း....ပထမဆုံး ပိုးထည်လုပ်ငန်းသွားကြည့်ရအောင်...။ လွန်ခဲ့တဲ့ ၂၈နှစ်ကာလတုံးကဆို ထိုင်းကို
အလည်လာတဲ့ နိုင်ငံတော်ဧည့်သည်အပါ တိုးရစ်တော်တော်များများ မဝင်မနေ မသွားမဖြစ်တဲ့နေရာ
တခုပါ။ တကဲ့ကို သူတို့ရဲ့ရွှေထီးဆောင်းခေတ်ဆိုပါတော့။ ကိုယ်လည်း Sankampang road ,
Chiang Mai, Thailand ဆိုတဲ့နေရာမှာ ၈-၉နှစ်လောက်အလုပ်လုပ်ခဲ့ပေမဲ့ သူတို့ဆိုင်ထဲတခါမှ
မဝင်ခဲ့ရဘူး။ ဒီတော့သွားခဲ့တယ်ဆိုပါတော့...။ ခုခေတ်မှာတော့ ပိုးထည်စက်ရုံတွေမိူလိုပေါက် လာပြီလေ.။
သူတို့လည်းနဲနဲကျဆင်းချိန်..ဘဝဆိုတာဒီလိုပါဘဲ တက်ပြီးလို့ထိပ်ရောက်ရင် ပြန် ဆင်းလာရစမြဲပါဘဲ...။
သူတို့လည်းနဲနဲကျဆင်းချိန်..ဘဝဆိုတာဒီလိုပါဘဲ တက်ပြီးလို့ထိပ်ရောက်ရင် ပြန် ဆင်းလာရစမြဲပါဘဲ...။
ဝင်ဝင်ခြင်း ထုံးစံက ပိုးထည်ဘယ်ကနေစလာသလဲဆိုတာရှင်းပြပါတယ်။ ဘယ်စက်ရုံသွားသွား ဒီအ
ဆင့်ကနေစတာပေါ့။ ဒီလို အဖြူအမည်းဝတ်ထားတဲ့ ကျောင်းသူလေးတွေ့ရင် သူတို့အလုပ်သင်
လာလုပ်တယ်လို့သာမှတ်ထားလိုက်ပါရှင်။ ကိုယ်တွေလည်းဒီလိုလုပ်လာခဲ့ရတာ...ဒီလိုအလုပ်သင်
လေးတွေကိုသင်ပေးလာခဲ့ရတာ..ပြန်အမှတ်ရမိပါတယ်။
သူတို့ကို ပိုးစာတွေကျွေးပြီး ဘယ်နှစ်ရက်ဘယ်နှစ်လထားရဆိုတာ သူတို့ပြောတဲ့အချိန်မှာ
မှတ်ထားပြီး ဒီအချိန် မှာတော့ လုံးဝမမှတ်မိတော့ပါ...။ ပြန်ပြီးဖတ်မှတ်ပြီးမှ ဒီပို့စ်ကိုရေးသင့်
ပေမဲ့လည်း အချိန်ကမရှိလေတော့တလတပုဒ်မတင်နိုင်ရင် မဖြစ်ချေ...
သုတ်ချေတင်မှလေ...😝
အသည်းယားစရာပိုးကောင်...တချို့တွေ ပိုးကောင်လေးတွေ ဘာညာကောင်တွေကြော်စားကြ
တာတွေ့တယ်ကိုယ်တော့ လုံးဝမစားရဲ..အသဲယားလို့...
အင်း...ဒီပုံကတော့ ဟီး...စဉ်းစားလို့မထွက်လာ...ဟီးဟီး ရမ်းတုတ်ဖို့တောင် မစဉ်းစားနိုင်တာ..
😅😆😂
ထုံးစံအတိုင်းအရင်ကတော့ လူပြည့်ယက်က္ကန်းတွေခတ်ကြမှာပေါ့လေ ခုတော့ for show
တဦးတည်းပါ
ဆရာကြီးသက်ဆင်မိခင်ဖြစ်ပါလိမ့်မယ်....တကယ်ဆို သူတို့ရဲ့အဘေးကြီးတွေ ၂ဖက်လုံးက
တရုတ်ပြည်ဖွားပေါက်ဖော်စစ်စစ် ပြီးမှထိုင်းကိုဝင်လာတာ သူ့အမေဖက်ကအဖွားက ကျိုင်းမယ်
စော်ဘွား ခေါ်ရမလား ဘုရင်ခေါ်ရမလား...ဆွေတော်မျိုးတော်ထဲကပါ...။ ဆရာသမားက
မြန်မာပြည်လာလည်ရင် အီးတီဆီမှာ အမြဲဗေဒင်ကြည့်တတ် သတဲ့။ နောက်ဆုံး အီးတီ မဆုံးခင်
သူ့ကိုဟောပြောတာက ရှင်သေရင်တောင်အရိုးက ထိုင်းပြန်မရောက်ဘူး ဆိုဘဲ....
ဒီလိုဘဲဟိုနားကြားဒီနားကြားနဲ့ မခိုင်မလုံသောဋ္ဌာနကသတင်းပါရှင်..ဟီး...အတင်းတုပ်နေ
တာကွ😆
ကိုယ်က ပိုးပုဝါလေးတွေတွေ့တော့ ဝမ်းသာအားရပေါ့
ဓါတ်ပုံရိုက်ပါတယ်မြန်တာလေ..
တချပ်ချပ်နဲ့
အရောင်းဝန်ထမ်းတွေ အပြေးလာပြောပါတယ်..လုံးဝရီုက်ခွင့်မရှိတဲ့..ဘာရမလဲ ရိုက်ရ
သလောက်တင်ထားပြီဟေ့...ကြည့်ကြနော်...😜😆
ကြားထဲဖြတ်ပြီး ဆိုင်သည်ရှိ မဆိုင်သည်ရှိ...ပြောရမယ် နိူင်းယှဉ်ရမယ်ဆိုရင်တော့....အဲ့ဒီ
တခါပြန်တုံးကပေါ့ ရန်ကုန်ရောက်တာညကြီးသန်းခေါင် လာမကြိုနဲ့ရပါတယ်လို့ပြောပေမဲ့ မဒမ်ကိုးတို့လင်မယား လေဆိပ်လာကြိုပေးတယ်..ဆရာသမား ကိုရင်ကလည်း တက်စီ
မောင်းနေတော့ အကိုက်ပေါ့လေ..။ ဒီတော့နောက်ရက်ဆရာသမားနဲ့ ဆက်ပြီးဒိတ်လုပ်
ရပါတယ်😁 ကိုယ်သွားချင်တာသူ့ပြော သူရအောင်ပို့ပေးပါတယ်။ လိပ်စာလည်းသေချာ မသိပါ...
စက်ပန်းထိုးဆိုတာ ကြည့်ချင်တယ်ပြောတော့ ကမ္ဘာအေးဘုရားနား တဝိုက် စွယ်တော်အနောက်ဖက်ဆိုလား...ရွာလည်ပြီးကားကို တနေရာရပ်လို့(လမ်းပြင်တာနဲ့တိုး) ဆိုင်ကယ်တက်ခွလို့ သွားရပါတယ်။ အဲ့ဒီမှာ ပန်းထိုး စက်ရုံခေါ်မလား အလုပ်ရုံ ဆိုပါတော့ ရောက်သွားပါတယ်။ သူတို့သူဋ္ဌေးမက မရှိ၊ ဒါပေမဲ့ သေသေချာချာ ပြပေးပါ တယ်။ ကျမကသုံးတဲ့ပိတ်စ သုံးတဲ့ချည် နဲ့လက်ခသိချင်တာပါ။ တစင်ပြိုင်ထောင်ဖို့လည်းမဟုတ်ရပါ။ ထမိန်တထည်ကို အပြီးအစီး ၅သောင်းပတ်ဝန်းကျင်လောက်ကျမှာပေါ့လေ..။ လက်ခနဲ့ တွက်ရင်တော့ တန်ပါတယ်။ ကွာလတီတန်ဖိုးနဲ့ပြောရရင် သူတို့အပြော ချီဖွန်ဆိုလား သုံးတဲ့ပိတ်စက ကိုယ့်အကြိုက်မဟုတ် ပွပွဖြစ်နေတာ။ ပန်းထိုးတာကလှပါတယ် ဒါပေမဲ့ သုံးတဲ့ချည်ကပြော
စက်ပန်းထိုးဆိုတာ ကြည့်ချင်တယ်ပြောတော့ ကမ္ဘာအေးဘုရားနား တဝိုက် စွယ်တော်အနောက်ဖက်ဆိုလား...ရွာလည်ပြီးကားကို တနေရာရပ်လို့(လမ်းပြင်တာနဲ့တိုး) ဆိုင်ကယ်တက်ခွလို့ သွားရပါတယ်။ အဲ့ဒီမှာ ပန်းထိုး စက်ရုံခေါ်မလား အလုပ်ရုံ ဆိုပါတော့ ရောက်သွားပါတယ်။ သူတို့သူဋ္ဌေးမက မရှိ၊ ဒါပေမဲ့ သေသေချာချာ ပြပေးပါ တယ်။ ကျမကသုံးတဲ့ပိတ်စ သုံးတဲ့ချည် နဲ့လက်ခသိချင်တာပါ။ တစင်ပြိုင်ထောင်ဖို့လည်းမဟုတ်ရပါ။ ထမိန်တထည်ကို အပြီးအစီး ၅သောင်းပတ်ဝန်းကျင်လောက်ကျမှာပေါ့လေ..။ လက်ခနဲ့ တွက်ရင်တော့ တန်ပါတယ်။ ကွာလတီတန်ဖိုးနဲ့ပြောရရင် သူတို့အပြော ချီဖွန်ဆိုလား သုံးတဲ့ပိတ်စက ကိုယ့်အကြိုက်မဟုတ် ပွပွဖြစ်နေတာ။ ပန်းထိုးတာကလှပါတယ် ဒါပေမဲ့ သုံးတဲ့ချည်ကပြော
တော့ပိုးချည်ပါ..။ ဟုတ်မဟုတ်တော့ အီကိုယ်လည်းသေချာမသိ..တခါလျှော်တာနဲ့ဖွာထွက်
လာမဲ့ပုံ။ စားသုံးသူဖက်ကကြည့်ရင် ပေးရတာနဲ့တန် တဲ့ကွာလတီမရဘူးလို့ ဆိုချင်ပါတယ်.။
ဒါက ခုလောလောဆယ် မြန်မာပြည်ရဲ့ စက်ပန်းထိုး အထည်များရဲ့အခြေအနေ
(အီဖေငီးရဲ့အမြင်ပေါ့)😎💭😁...။
ကိုယ့်အမြင် ပြောရရင်( အင်း..လာပြီလေ ပြောချင်လို့စောင့်နေတာကြာပေါ့..😇 )
အရင်ကကျမမာစရိုက်ထမိန်တခါဝယ်ရင် ဒါဇင်လိုက်ဝယ်တတ်တယ်။ အရောင်စုံ
ကာလာလည်းလှ အသားလည်းချော၊ ခုနောက်ပိုင်းတခုမှမကောင်းဘူး..ရင်းမြစ်က
ယက်ကန်းစင်တွေမှာသုံးတဲ့ချည်ကိုက ၁၀၀% ချည်သားမဟုတ်ဘဲတရုတ်က
အိန္ဒိယက လာတဲ့ ချည်တွေဖြစ်နေတာတဲ့။ စက်ပန်းထိုးမှာသုံးတဲ့ ချည်လုံးတွေလည်း
ထိုနည်း လည်းကောင်း...ပေါ့...။ ၁၀၀% ချည်ပါ ပိုးပါလို့ ပါးစပ်ကဘဲပြောနိုင်ပါတယ်
တံဆိပ်တုံးဒိုင်းကနဲထုပြီးဒါဟာ ဟောဒီလို စစ်စစ်ပါရှင့်..ဆိုတာ ဘယ်ပိုးထည်
ဘယ်ချည်ထည်ကများ ပြောရဲတာရှိလဲ...ဟီး...ရှိရင်ပြောပေးကြပါ..
ကျမသွားလည်ချင်တာ..ဝယ်ချင်လို့ရှင့်..... 😚😜 (ဒါကမေးနည်းတမျီုးပေါ့လေ)
အရင်ကကျမမာစရိုက်ထမိန်တခါဝယ်ရင် ဒါဇင်လိုက်ဝယ်တတ်တယ်။ အရောင်စုံ
ကာလာလည်းလှ အသားလည်းချော၊ ခုနောက်ပိုင်းတခုမှမကောင်းဘူး..ရင်းမြစ်က
ယက်ကန်းစင်တွေမှာသုံးတဲ့ချည်ကိုက ၁၀၀% ချည်သားမဟုတ်ဘဲတရုတ်က
အိန္ဒိယက လာတဲ့ ချည်တွေဖြစ်နေတာတဲ့။ စက်ပန်းထိုးမှာသုံးတဲ့ ချည်လုံးတွေလည်း
ထိုနည်း လည်းကောင်း...ပေါ့...။ ၁၀၀% ချည်ပါ ပိုးပါလို့ ပါးစပ်ကဘဲပြောနိုင်ပါတယ်
တံဆိပ်တုံးဒိုင်းကနဲထုပြီးဒါဟာ ဟောဒီလို စစ်စစ်ပါရှင့်..ဆိုတာ ဘယ်ပိုးထည်
ဘယ်ချည်ထည်ကများ ပြောရဲတာရှိလဲ...ဟီး...ရှိရင်ပြောပေးကြပါ..
ကျမသွားလည်ချင်တာ..ဝယ်ချင်လို့ရှင့်..... 😚😜 (ဒါကမေးနည်းတမျီုးပေါ့လေ)
မြန်မာပြည်မှာ ပိုးထည်တိုက် ဆိုပြီးပိုးထည်ဆိုင်တွေမိူလိုပေါက်...။ ကိုယ်ပိုင်စက်ရုံနဲ့က မရှိ
သလောက်ပါ။သူတို့ယူလာရောင်းတဲ့ပင်ရင်းကလည်း မြန်မာပြည်က ထိုင်းဖက် တရုတ်ဖက်
အစုံရှိပါတယ်။ ကျမသိရသလောက်ဆိုရင် မြန်မာပြည်က ပိုးထည် ချည်ထည်ကို (အင်း..
ဒီစကားကိုတော့ ရှမ်းလိုဘဲပြောတတ်တာ)ဆေးစိမ်ခေါ်မလား ပျော့အောင် ရေစိမ်ခံအောင်
အဲ့လိုနည်းပညာအားနဲပါသတဲ့...။ ကိုယ့်သူဋ္ဌေးမဟောင်းတယောက်(ထိုင်း)ကတော့
စက်ရုံလာထောင်ဖူးသေးတယ်။ လွန်ခဲ့တဲ့ ၁၅ နှစ်ကပေါ့။ ထိုင်းကလူတွေ တပုံကြီးမ
လာလုပ်ရတာလေ..ခုတော့ အကြောင်းအမျိုးမျိုးကြောင့်ပိတ်သွားပြီတဲ့...။
မြန်မာချည်ထည် ပိုးထည် လုပ်ငန်းဒီထက်မက တိုးတက်စေချင်တယ်။ နိုင်ငံတကာ
အဆင့်အတန်းမှီလေးတွေထုတ်လုပ်စေချင်တာ...စကားမစပ် အင်းထဲက ပိုးထည်
ချည်ထည်ကတော့ အဆင့် မှီတယ်တဲ့။ဖယားဖယား....အင်းသားရှမ်း ဖြစ်ရတာ
ဂုဏ်ယူလိုက်ရတာနော်....(ဘာမှလည်းမဆိုင်)ဟားဟား..😝😂😅
ကြားဖြတ်အာလူးခန်း ပြီးပါပြီ......ကျိုင်းမယ်ဖက်ပြန်သွားမယ်လေ....။
ကဲ...ပုဝါလေးတထည်လောက်တော့မျက်စိမှိတ်လို့ အမှတ်တရဝယ်ခဲ့ပါတယ်....
ပြီးသွားစားဖို့ပြင်ပြီလေ
ဒါက ထိုင်းမြောက်ပိုင်းဒေသဟင်းပါ...ဟူး..အားလုံးစပ်ထှာ....
အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
#meemeenage
No 7 photo is silk warm breeding tray, ပိုးကောင်လေးတွေ အိမ်ဖွဲ့လိုရအောင် လုပ်ပေးတဲ့ ဗန်း၊ ကျန်တာတော့ ပိုထည်တွေနဲ့ တူတယ်
ReplyDeleteဟုတ်ပါတယ်
Deleteသူပြောတုံးကတော့မှတ်ထား
ပြန်ရေးရင်ပိုးလုပ်ငန်း
အကြောင်းသေချာရေးမယ်လို့
ကြံစည်တာဘဲ...
လူကသိပ်နေမကောင်းတော့
လိုက်ရှာမနေတော့ဘဲ
အချိန်ခနလေးလက်တန်းရေး
လိုက်ရတာပါ....
ခုနဲနဲ..ပြန်ဖြည့်ရေးထားတယ်နော်...
မြန်မာပြည်ကချည်ထည်
ပိုးထည်အကြောင်းပါ
:P
ဇာပန်းထိုးမှာ သုံးတဲ့ချည်က စီလွန်ချည် (Celyon) ပါ၊ ချည်သားစစ်စ်မဟုတ်ပဲ ချည်+polyester + nylon အရော natural မဟုတ်ပါဘူး၊ သူက အရောင်ပိုလှပြီး ပိုခိုင်ပါတယ် ပွဲတက်ဝတ်ရင် ကောင်းပါတယ်၊ natural မဟုတ်တော့ ပူတယ်၊ မာစရိုက် ချည်ထည် စစ်စ်တွေ ဈေးကွက်ထဲမှာ ရှိပါသေးတယ်၊ အရောင်သိပ်မထွက်ပဲ ညိမ်တယ်၊ အေးတယ်၊ ပျော့ပြောင်းတယ်၊ ပါးတယ်၊ ဈေးပိုကြီးတယ် ဒါကြောင့် မသိတဲ့သူတွေက လဲ တောက်တောက်ပြောင်ပြောင် မဟုတ်တော့ မကြိုက်ကြပါဘူး၊ သေချာရွေးဝယ်ရင် ရှိပါတယ်၊ ပြသာနာက ရွေးတတ်ဖို့ကလဲ အတွေ့အကြုံမရှိရင် မလွယ်လှဖူး၊ တံဆိပ်ကလဲ ဒီစက်ရုံတွေကကို ဈေးမျိုးစုံထုတ်နေကြတော့ ခက်ပြန်ရော၊ ကျွန်တော်တို့ ကိုယ်တိုင် လက်ပေါ် တင်မကြည့် ရင် မသိဖူး၊ (အဖေ့ ဇာတိက ဆိပ်ခွန် ချည်ပါ ဖက်က ယက္ကန်း လုပ်ကြပါတယ်)
ReplyDeleteကို Oak Kar ရေ...
Deleteပထမဦးဆုံးကတော့
ဆရာ့အဖေ့ဇာတိရွာဖက်
သွားလည်ချင်တယ်
ပြန်ခါနီးဆက်သွယ်အုံးမယ်နော့်...။
နောက်တခုက ကျမနားလည်တဲ့
Celyon ဆိုတာ......
Rayon, Polyester, Cotton, Nylon
ဒါတွေရောထားတာလားလို့ပါ
စက်ရုံတနေရာနဲ့တနေရာ
အရောမတူလို့ကွာလတီ
ကွာသွားတာဖြစ်မယ်။
Maxwell Fabrics
ဆိုတဲ့ကနေဒါ
အခြေစိုက် Company
ကပိတ်စတွေဆိုရင်
အရောင်းကောင်းဘဲ
သူတို့သုံးတဲ့
Celyon က
ွှိအိန္ဒိယကလာတာ
80% POLYESTER
20% COTTON
သေချာတာက
ကိုယ်တို့ဆီမှာတော့
ဈေးချိုမဲ့တရုတ်တို့
ကုလားတို့ဖက်က
လာတာဘာတွေ
ဘယ်လောက်ရော
ထားမှန်းကျမတို့
မသိနိုင် ခန့်မှန်းမရတဲ့
ကွာလတီဖြစ်ဖို့များတယ်...
လျော်ရင်အမွှေးတွေဖွာထွက်တာ
လည်းသေချာတယ်...
ကျမအမမှာရှိလို့လေ...
မြန်မာချည်ထည်စစ်စစ်တွေ
လိုချင်ပါတယ်
ချည်လုံးကကုလားပြည်သွင်း
မြန်မာမှာယက်တာမျိုးဟုတ်ဘူးနော်...
သူများတွေအလုပ်ကြီးအကိုင်ကြီးအကြောင်းတွေပြောနေတာ
ReplyDeleteကိုယ်ကအထောင်းအကြောင်းဝင်ပြောချင်နေတာ ဟဟ
ကိုယ်ခုတလော အဲဒီအထောင်းတွေပဲစားချင်နေတာ
မီးမီး တို့ ကျိုင်းတုံမှာရော ဒီလိုမျိုးတွေထောင်းလေ့ရှိလား
အရွက်မျိုးစုံနဲ့ သူတို့ လိုတွဲစားလား
အိုင်အိုရာ
အိုး!!!
Deleteထောင်းပါ့ဗျား!!!
ရှိသမျှအသီးအရွက်
အကုန်ထောင်း😜
ကြက်သွန်ပင်အရွက်အကြီးကြီး
ဒီမှာပေါတယ်
ပစ္စည်းတွေရှိတာပြောတာပါ
အဲ့တာကိုပဲပုပ်နဲ့ငရုပ်သီးနဲ့ထောင်း
ကောက်ညှင်းပေါင်း အဲ့ဒီကြက်သွန်မြိတ်
အရွက်နဲ့ပြန်တို့စား
မိုထောင်း မျှစ်အနုထောင်း
အရွက်နုတွေပြုတ်ထောင်း
တချို့အသီးက
မြန်မာလိုခေါ်တတ်ဘူး
အများကြီးဘဲ
ရှိသမျှအရွက်နု
သရက်သီးရွက်နု
သပြေရွက်နု
ကြက်ဟင်းခါးသီးရွက်
ဒီလိုအရွက်ပေါင်းစုံဘဲ
အဲ့လိုကပ်စားတယ်
ကောက်ညှင်းက
ပင်တိုင်ကိုး
ဒီတော့တို့တို့စား
အရွက်အသီးတဂျွမ်းဂျွမ်းကိုက်
အသားကကင်
ပြီးပြန်ပေါင်း
ခပ်ခြောက်ခြောက်လေး
ဒီလိုတွေက
ရိုးရာစားကြတဲ့ဓလေ့ပေါ့
ကြိုက်တာကွာ
Deleteအဲဒါမျိုးတွေစားချင်တာလို့ 
အိုင်အိုရာ
My brother suggested I might like this website.
ReplyDeleteHe was totally right. This post actually made my day.
You can not imagine simply how much time I had spent for this information! Thanks!
Hi there to all, how is all, I think every one is getting more from this site, and your views are fastidious
ReplyDeletedesigned for new visitors.
အဖေ့ရွာက ဆိပ်ခွန်လို့ ခေါ်ပါတယ်၊ ရွှေဘို အနောက်ဖက် ၇ မိုင်ဝေးပါတယ်၊ လမ်းကောင်းပါတယ်၊ ရွှေဘို-မုံရွာ ဖြတ်လမ်းပေါ်မှာပါ၊ ရွှေဘိုရောက်ရင် "ဆိတ်ခွန်"လို့မေးရင် ဘယ်သူ့မေးမေးရပါတယ်၊ ရွှေဘိုမြို့ အနောက်ဖက် ရွှဘို-မုံရွာ ဖြတ်လမ်းကနေ နာရီဝက်လောက် မောင်းရင် ရောက်ပါပြီ၊ မန်းလေးကနေဆို ၃ နာရီလောက်မောင်းရပါမယ်၊ ရိုးရာ လက်ယက္ကန်းကတော့ နဲသွားပါပြီ၊ စက်ယက္ကန်းစင်တွေများပါတယ်၊ ကချင်လုံချည်နဲ့ ပိုးတွဲလုံချည်တွေ ယက်ကြပါတယ်။
ReplyDeleteဒီတခါပြန်တဲ့အချိန်
Deleteမြန်မာပြည်အလည်ပိုင်း
အဆင်ပြေလို့ရောက်ခဲ့ရင်
ရောက်အောင်သွားလိုက်ပါအုံးမယ်
သတင်းပေးတာကျေးဇူးပါ
https://www.facebook.com/mayoneyinponepyinmat/videos/1687218701585097/
ReplyDeleteအဲ့ဒီလင့်ကို
Deleteဘယ်လိုမှဝင်မရဘူး
ဖြစ်နေတာ...
မြန်မာလိုလည်း
ရိုက်ရှာတော့
အများကြီးထွက်လာတာ...