Friday, March 30, 2018

ထွေလာသောင်းပြောင်းပေါက်ကရရှစ်သောင်းသွားအကြောင်း

မဂၤလာပါရွင္~~~
ခုတလော မယ်ငီးကမ္ဘာတင်မက ဒီကမ္ဘာလောကကြီးတခုလုံး ပြောင်းဆန်နေသလိုခံစားနေရတယ်။ ကိုယ့်
ပြောင်းဆန်တာက ကျမ်းမာရေးအပြင်ဘာမှ ထွေထူးမရှိပါ။ ကမ္ဘာကြီးမှာ စီးပွားရေး နိုင်ငံရေး လူမူ့ရေးတွေ ကြောက်စရာကောင်းလောက်အောင် ဖြစ်ပျက်နေတာအများအသိ...။

အမေရိကားမှာနေတာ တခုအကောင်းဆုံးကတော့ကျမ်းမာရေးဖက်ကပါဘဲ။ တနှစ်တခါ ဆရာဝန်တွေ(သွား မျက်မှန် မီးယက်)ဆီမှန်မှန်သွား မသွားရင်လည်းကျမ်းမာရေးအာမခံကဖြတ်သွားနေပြီလေ။ ဒီတော့ တန်
အောင်ပြပေါ့..အဟဲ..။ ဒီလိုတွေနဲ့ ကိုယ်ကကံဆိုးထဲက ကံကောင်းတယ်ခေါ်ရမှလား မပြောတတ်။ ကြိုသိ လို့ကုသခဲ့ရတာတွေမနဲပြီ..။ သေချာတာက မြန်မာပြည်မှာဆို ခုချိန် ကုတင်ပေါ်ပက်လက်ဘဝ ဖြစ်နေမလား
ဘဲရှင်..။ အစပြုတာက နယ်သာလန်မှာ သွားကိုက်တာကစတာပါ..။

နေရတဲ့ ပင်လယ်ကမ်းခြေရွာလေးကလည်း မြို့မကျ ရွာမကျ လူဦးရေ ထောင်ဂဏန်းဘဲရှိတာလေ..။ သွား ဆေးခန်းကို အင်တာနက်ကနေရှာတာ၂ခုတွေ့တယ်။ သူတို့ဆီမှာက ကိုယ်တို့လို အထူးသဖြင့် အမေရိကား လိုရောပေါ့ ဆိုင်းဘုတ်ထောင်ပြပြီး အများသူငါချပြထားတာမရှိ။ မြင်သာအောင်ကြော်ငြာတာတွေ လည်းရှိ တာမဟုတ်။ အိမ်နံပါတ်နားမှာ သူတို့ဒတ်ချ်စာနဲ့ ခပ်သေးသေးဘဲရေးထားတာ။ ရွာလည်ခေါင်လည်း လမ်းတိုလေးတခုနဲ့ ပတ်ချာလည် အားလုံးဆိုင်တွေဘာညာတွေရှိတယ်။ ကိုယ်တို့နေတာလည်း ရွာလည်
ခေါင်ပါဘဲ။ ရောက်ခါစ ကျားကျားကလည်း သူ့ပရောဂျက်အရေးကြီး။ လိုက်မပို့နိုင်။ တညလုံးအိပ်မရတော့
လူကလည်း မလန်း။ ဒါနဲ့စာရွက်ပရင့်ထုတ်ပြီး မနက်ကျတော့ ထသွားတယ်။ အိမ်နဲ့အနီးဆုံးနေရာက ဝင်
ပေါက်ကလည်း တောင်ကြီးအိမ်တွေလို ခြံသေးသေးထဲမှာ ဝင်းတံခါးသေးသေးလေးတွန်းဝင်သွားရတာ။
အထဲဝင်သွားတော့ စာရေးမကပြူးပြီးကြည့် ..။နိမ်းနိမ်း..သူတို့စကားနဲ့ နိုးပေါ့...ဘိုလိုရှင်းပြတယ်။ ဘွတ် ကင်မတင်ထားရင် မရဘူးတဲ့။ နောက်ပြီး သူတို့လူနာကလွဲလို့ အပြင်လူနာလုံးဝမကြည့်ပေးဘူး..ဆိုဘဲ..။
အိုကေလေ..နောက်တခုရှိသေးတယ်..ဆိုပြီးထွက်ခဲ့ရတာပေါ့လေ။

နောက်တနေရာကလည်း စာရေးမက ဘိုလိုသိပ်မတတ်။ သူလည်း နိမ်းနိမ်းပါတယ်လေ..။ ကဲ..ဒီက နာ လည်းနာ လူကိုမရဘူး မရဘူးနဲ့ အဖက်မတန်သလို အငြင်းခံရတော့ စိတ်ကတို စကားကမပေါက်တော့
အရမ်းကြီးစိတ်လူပ်ရှား စိတ်တို အော်အော်ပြီးပြောတာဗျ..ဘာစကားနဲ့ပြန်ပြောမိမှန်းတောင်မသိဘူး။ ပြီး
အော်ငိုပစ်လိုက်တယ်မှတ်ရော...။ အဲ့လိုမှ ဆရာဝန်ကပြေးထွက်လာတာ။ လူနာကတန်းလန်းကြီးနဲ့။
လူနာအဖိုးကြီးက ပြောလိုက်တယ်။ သူ့ကိုခနနားပြီး လုပ်ပေးပါတဲ့။ အဲ့ခါမှအိုကေ..ဒါတောင် စာရေးမက
ပြောပါသေးတယ် ခရစ်တစ်မရဘူး လက်ငင်းငွေရှင်းရမယ်တဲ့။ အိုကေ ဆိုပြီး လက်ထဲကပိုက်ဆံတွေ လက်နဲ့ဆုပ်ထားတာ ပြလိုက်တယ်။ ယူရို ၂ဝဝ ကျော်တောင်ရှိတယ်။ အိမ်ကထွက်လာကတဲက လိုလို
မယ်မယ်ပိုယူခဲ့တာ။ သူ့ကိုလည်း နားလည်ပါတယ်။ တစိမ်းတယောက်ဆီက လက်ငင်းဘဲမှရမှာလေ။
တရားဝင်နေထိုင်ခွင့် လက်မှတ်လည်းတောင်းပါတယ်။ ဟင်းဟင်း..ဒါတော့အပျော့ပေါ့နော့်..။

ရန်ကုန်မှာ နှစ်ကုန်တဲ့ရက် ဒီဇင်ဘာလပေါ့ အဖေအမောဖေါက်တော့ ညကြီးသန်ခေါင် နီးချိန်၊ ရုံးက ကား
သမားခေါ်ပြီး ကမန်းကတန်းပြေးသွားချိန် ဆေးရုံက သမားတော်ကြီးဆိုတာကြီး မေးတာထက်ကို ခံသာပါ
တယ်။ သမားတော်ကြီးက မျက်နှာကိုသေသေချာချာကြည့်ပြီးမေးပါတယ် ညဝတ်အင်္ကျ ီ ဆံပင်စုတ်ဖွား
အိတ်စလွယ်သိုင်း တူလေးရာဘာဖိနပ်မှားစွပ်လာ တတောင်လောက်ရှည်ထွက်နေတာ၊ သူ့ခမျာမေးရမှာ
ပေါ့လေ..ခင်ဗျားတတ်နိုင်လားတဲ့ ဆေးရုံတက်ရမယ်။ အိုင်စီယူအခန်းထဲထားရမှာ သမားတော်နဲ့ သေသေ ချာချာပြရမှာတဲ့။ အော်..ဆရာရယ်...ကျမတခြားပြန်မပြောတော့ပါဘူး..ဆရာကျမတတ်နိုင်ပါတယ်။ အဖေ့ ကိုဘယ်လိုနည်းနဲ့မဆိုကုပါမယ်လို့...။ပြောချင်တာတော့ ဒေါ်လာယူမလား ကျပ်ယူမလား၊ အဲ့ဒီအိတ်စုတ် ထဲမှာ အိတ်စပို့လုပ်ငန်းလုပ်နေတဲ့ ပေစုတ်စုတ်ကောင်မလေး ဒေါ်လာထောင်ချီထဲ့ထားပါတယ်..။ (အခွန်ဖြတ်ပြီးဘဏ်ကထုတ်လာတာ... ပြန်ရောင်းဖို့ပေါ့😁😂)ထားပါလေ...ထားပါလေ... အဲ့အချိန် ၂ဝဝ၃-၂ဝဝ၄ ပတ်ဝန်းကျင် တညကို တသိန်းခွဲကျော်ပေးရပါတယ်။ ၉-၁ဝ ရက်လောက်တက်ရပါတယ်။ သမားတော်ကတရက် ၂ခါလာကြည့်ရင် ၂ခါစာကောက်ပါတယ်။ ဟိုကြေးဒီကြေး ကြေးပေါင်းမြောက်များစွာ ပါဝင်ပါတယ်။ ကိုယ့်မိဘဘဲမရှိရင်အိမ်တောင်ရောင်းပြီးကုရမှာ သားသမီးတိုင်းရဲ့ဆန္ဒတခုပါ...မဟုတ်ဘူး လားရှင်..။
ကဲ..ရှည်ပြီး အပြင်ရောက်...ဟီး...နယ်သာလန် သွားနုတ်ခန်းပြန်သွားမှ..

အဲ့တာနဲ့ထုံဆေးထိုး ၂ချက်လားမသိ..လူတကိုယ်လုံး ထုံတက်သွားတာ နားရွက်ကိုခနခနစမ်းကြည့်နေရ
တယ်။ မျက်ခွက်ကြီးလည်း ကမ္ဘာကြီးလောက်ဖေါင်းတက်လာသလို..။ ခနထိုင်ထားခိုင်းပြီး လူနာအဖိုးကြီး
ပြီးတော့ ကျမကိုခေါ်ပါတယ်။ အဖိုးကြီးက လူကိုတောင် Good luck ဆိုပြီး နူတ်ဆက်သွားသေး။ နောက် ဆုံးတော့ အံသွားနူတ် ပြီးဝါဂွမ်းစထည့်ပြီး ကိုက်ထားခိုင်းတယ်...။ပြီးဂျောင်းတော့..ဘာဆေးမှမပေးပါ။ ၈ဝကျော် ၉ဝယူရို လောက်ပေးလိုက်ရတယ်။ အဲ့ကတဲက ကိုယ့်မှာ ပါးစပ်လေးတဟဟ ဟိုစမ်းဒီစမ်း၊ လုပ်နေတာ ပြန်ဖြစ်မှာကြောက် လို့ပါ..။ အဲ့လိုနဲ့ သိပ်မကြာဘူး..ပါးမှာ အတွင်းဖက်မှာ အကြိတ်အဝိုင်းကြီး စမ်းမိတယ်..။ အမလေး...ဖယားဖယား အကြိတ်ဆိုရင် ကင်ဆာတဲ့..၊ ကဲ ကြားထဲထိုင်း ခနပြန်ဖို့ဖြစ်လာ တော့ဒီနယ်သာလန်မှာတော့ မပြနိုင်၊ဟိုမှာဘဲ သွားပြမယ် ဆိုပြီး ပြန်ချသွားတယ်။ အချိန်ကလည်း တပတ် ဘဲရတာပါ။ ထိုင်း ရောက်တော့ ဘန်ကောက်ဆေးရုံမှာ ပြတာပါ။ အဲ့တာနဲ့ အံသွားအားလုံးနူတ်ရမယ်တဲ့။ အဲ့သွားက ဂလင်းရည်တွေဘာဖြစ်တယ်ဆိုလား..ကဲ..ပါလေ......၃ချောင်းထဲကျန်တာ အချိန်လည်းမရ တရက်ခြား တချောင်းနူတ်ဖို့ သဘောတူပြီး နူတ်ပါတယ်။ ပထမတချောင်းကအိုကေ..။ ဒုတိယတချောင်းမှာ
နဲနဲကြာလို့ မျက်စိအုပ်ထားတာ ချောင်းကြည့်တော့ အပ်ချုပ်သလိုလုပ်နေတာတွေ့တော့ လူကဒူးတောင်
ချောင်လာသလိုလို.. ပြီးမှ ပြောပြ အဲ့အချောင်းက နူတ်ရခက်လို့ ခွဲရတယ်တဲ့ ၃ချက်ချုပ်ရ...။ ဆက်တိုက်
နီးပါး နူတ်ခံရတာ စဉ်းစားသာကြည့်တော့ အရည်တောင်ပိုက်နဲ့ဘဲသောက်ရတာ။ ကားစီးလို့ ကားချိုင့်ထဲ
ကျရင်တောင် မျက်ရည်ဝဲမတတ်နာတာ...။ ကျန်တဲ့အချောင်းက အထဲမှာ အဲ့ဒါက ခွဲမှရမယ်၊ ည နယ်သာ လန်ပြန်မှာကိုမနက်လာခွဲပါလားတဲ့...ဒီလိုချစ်စရာကောင်းလှသောဆရာဝန်မလည်းရှိတယ်ဆိုတာယုံ...
နောက် ၃လပြန်လာမယ်။ အဲ့အချိန်မှ ပြန်လာနူတ်ပါရစေနော့်..လို့..အဘွားတွေတလှေကြီးပေးပြီး တာတာခဲ့ရတယ်။ အဲ့ကတဲက သွားကိစ္စ ထပ်မဟရဲလေပြီ...မှတ်သွားတာ...။

ဒီမှာလည်း ကျားကျားက တချိန်လုံးသွားဆရာဝန်ဆီပြေးနေတာနဲ့ အားကျမခံ ပြီးခဲ့တဲ့အပတ်ကသွားပါတယ်။
ဟိုကြည့်ဒီကြည့်နဲ့ သွားကို deep clean လုပ်ရမယ်တဲ့..သိတာပေါ့.. ၈နှစ်ကျော်ဘာမှမလုပ်ထားတာ သွား
ချေးတွေကျွတ်တက်နေလောက်ပေါ့..။ ကဲလုပ်လေ..ဆိုတော့ တခြမ်းအရင်လုပ်ပါတယ်။ အရင်က ကိုးရီး ယားတော အခုနေတဲ့နေရာက အားချဲဟဲတော နေရာတကာ အထူးသဖြင့် ဆရာဝန်ဆရာမ CVS Walgreen ကဆေးဝါးကျွမ်းကျင် အားလုံး ကုလားအထီး မလေးတွေချည့်ပါဘဲ။ အခုသွား ဆရာဝန်မလေး လည်းခေါင်းတခါခါနဲ့ပြောပါတယ် သူတို့ခေါင်းခါတာက သဘောတူကြောင်းတဲ့ဗျ...။ ကျမသွားခြစ်ရင်း
အာခေါင်မှာ အမည်းရောင်အကွက်တွေ့လို့တဲ့ ခံတွင်းအထူးကုဆီသွားပါတဲ့..လာပြန်ပြီ...lupus ဆိုတဲ့
သွေးလေးဖက်နာ အရည်ပြားလေးဖက်နာ ကသက်သာခါစ...လူဆိုတာအင့်ကနဲဘဲ.... ကဲပြော..ငါ့ကိုရှင်း ရှင့်းပြော ခေါင်းခါနေတာက ဘာအဓိပ္ပါယ်ယူရမှန်းမသိ အဆိုးဆုံးအခြေအနေပြောဆိုတော့..အရေပြား
ကင်ဆာဖြစ်နိုင်တယ်တဲ့...😨😵

ကဲလေ..လူခန္ဓာရှိရင် အနာရှိတာမဆန်း သွားရမှာပေါ့။ လူလည်း စိတ်ထားတတ်နေပြီလေ..။ မနေ့ကဆေး ခန်းပြပါတယ်။ ပါရကူကြီးက ပြုံးလို့ စကားပြောလည်း ယဉ်ကျေး၊ မသွားခင် အွန်လိုင်းမှာဘဲ ကိုယ့်မှတ်တမ်း
တွေကို ၃မျက်နှာတိတိ ဖြည့်ရေးပြီး သူတို့ဆီပို့မှသွားရတာပါ။ ကိုယ့်မှတ်တမ်းအားလုံးသူက ဖတ်မှတ်ပြီးမှ
လူကိုစစ်ဆေးတာပါ။ ကိုယ့်မလည်း ဆေးအခေါ်အဝေါ်မတတ်တော့ google translate နဲ့လုပ်ပြီးဖတ်ရတာ ကတရက်လုံး..။ စကားမစပ်ဗျာ...မြန်မာနိုင်ငံသားတွေ ပြောကြဆိုကြငြင်းကြမယ်ဆိုရင် နိုင်ငံနဲ့ချီပြီးစည်းလုံး
ညီညာပါတယ်..အဟဲ...ဇော်ဂျီဖေါင့် ယူနီကုတ်ဖေါင့် နောက်ထပ်ဖေါင့်ပေါင်းမြောက်များစွာနဲ့ ဒီအွန်လိုင်းပေါ်
မှာပြသာနာတွေရှိလာခဲ့တာ ခုထိ မပြီးသေး..မပြီးတာကအရေးမကြီး၊ ကိုယ်တို့ google translate မှာ စာ
တွေပေါ်လာတာ ဘယ်လိုမှမဖတ်နိုင်..။ ကိုယ်လည်းပညာရှင်မဟုတ်တဲ့အပြင် တောသားဆိုတော့ ဘာမှ
မလုပ်တတ်။ family ဒေါက်တာက ကိုယ့်ကို ဆေးအခေါ်အဝေါ်တခုပြောမယ်ဆို သူက သူ့တက်ပလက် ကြီးပြပြပြီးပြောတာ သူပြတဲ့ဖန်သားပြင်ပေါ်က ဘီရုမာစာသားကို မြန်မာနိုင်ငံဖွားရှမ်းမ မဖတ်တတ်ပါ။ ဒါ
ပေမဲ့ သူ့ကို ကျမတို့နိုင်ငံက ဂလိုတွေရှိလို့ ဂလိုဖေါင့်မမှန်လို့..ဘာညာကွီကွလည်း မရှင်းပြနိုင်ပါ( ကိုယ့် ပေါင်ကိုယ်မလှန်ထောင်းနိုင်) စကားပုံအရ အပြောရိုင်းပေမဲ့ မှန်ကန်လွန်းတယ်ဆိုတာ...သိကြမှာပါ


ကဲ..CVS ဆေးဆိုင်ကစာပို့လာတာ ရှားရှားပါးပါး ကိုယ်တို့ဘာသာပါလာပြီဒါပေမဲ့ မြင်တဲ့အတိုင်း computer ပြန်ပေးသလိုသူလည်းပုံနှိပ်တာပါလေမှတ်ထားနော် ကိုယ့်နံမည်က အေးအေးသူတို့ခေါ်တာအိုင်အီး အိုင်အီး
တခါတလေအိုင်းအိုင်းKyi ကို ခီ လို့ရေးတာတွေကိုပြောဆိုထားတာတွေဖတ်ရလို့ပါအပြင်မှာဖြစ်ပျက်နေတာကြုံဖူးမှဖင်ပိတ်ငြင်းရင်ကောင်းမယ်ထင်တာဘဲလေ...😉😀


သူများတွေ ဘယ်လိုစာကိုဘာသာပြန်ကြလည်းမသိ..။ ကျမ မယ်ငီး ဘိုစာတွေကို ထိုင်းလိုပြန်ပြီး ဖတ်ရ တယ်ရှင့်...။ တချီု့ထိုင်းစာကို ဘိုစာပြန်ပြီးဖတ်တယ်ရှင့်..။ ကျေးဇူးပါ...မြန်မာဖေါင့်များစွာ...နို့မို့ရင် ထိုင်းစာ
ဘိုစာတွေ ဒီလောက်တိုးတက်လာမှာမူတ်ဘူး..😛😝😘

ကဲ...ခံတွင်းအထူးကုကြီးက ပြောပါတယ်...မယ်ငီးက အာခေါင်ထဲမှာ မှဲ့ခြောက်ရှိနေတာတဲ့...။ရှားပါးတဲ့
ရောဂါတခုပါတဲ့...အဲ့တာကို လေဆာနဲ့အားလုံးဖယ်ရှားမယ်ပြီး ဓါတ်ခွဲခန်းပို့မယ်တဲ့...အရေပြားကင်ဆာ
လား ရိုးရိုးမှဲ့ခြောက်လားဆိုတာ နောက်မှသိရမယ်တဲ့....ရက်ချိန်းကလည်း နောက်လ သင်္ကြန်ရက်မှာ ရပါတယ်....။ အားလုံးပျော်နေ ရေပက်နေချိန်မှာ မယ်ငီးရင်တခုန်ခုန် ဘုရားရှိခိုးတရားထိုင် ပဋ္ဌာန်းရွတ် လို့....လူ့ဘဝခရီး ဆက်လက်ချီတက်ပါအုံးမယ်လေ...

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
#meemeenage

Friday, March 9, 2018

ကျမကလမ်းလျောက်နှေးသူပါမောင်...

မင်္ဂလာပါ~~~
ခနခနပြောခံရရင် ကြာတော့လူက...နားငြီးလာရော....ဟုတ်တယ်မလား!!!


သူပြတဲ့လမ်းကအဖွားအိမ်ဖြတ်သွားရတဲ့လမ်းပေါ့google map ကတော့ ၉မိနစ်တဲ့





ကိုယ်တို့မြို့က ကိုယ့်စာသင်ကျောင်းနဲ့အိမ်ကိုသူများတွေ အလွန်ဆုံး ၁၂မိနစ်လမ်းလျောက်ရင်ရောက်ပေမဲ့
ခင်ခင်ပြာယာတော့ နာရီဝက်မဟုတ်ရင် ကျောင်းပေါက်ဝနားကိုမရောက်နိုင်သေးပါ။ အိမ်ကထွက်ခါနီး
၃ခါလောက်ဝင်လိုက်ထွက်လိုက်နဲ့ လွယ်အိတ်ထဲကို အခါပေါင်း မရေမတွက်နိုင် လက်နဲ့နိူက်ကြည့်
ပေတံ
ခဲတံ စာအုပ်စုံမစုံ စစ်ရသေးတယ်။ ကျောင်းဝတ်စုံလည်းဝတ်ပြီးပြီ။ တခုတော့ရှိတယ် သနပ်ခါး
လိမ်းသွား
ရတယ်ဆိုတာတော့ အီဖေကိုယ်တို့ သမိုင်းမှာမရှိခဲ့ဖူးပါလေ။ ဆောင်းရာသီဆိုရင်ရေခွက်ထဲ
လက်၂ချောင်း နိူက်ပြီး မျက်လုံးကို ဘဲပွတ်လိုက်တာပါ..။ အမေကမေးရင် အေးဆေးအားလုံးပြီးပြီပေါ့...။
စားသောက်ပြီး လိုအပ်တာလည်း စုံပြီ အိုကေဆိုရင် သွားရုံပါဘဲ။ ဒါပေမဲ့ ခင်ခင်ကြောင်က တမျိုးဗျ။ လွယ်အိတ်ထဲကမှာ စာအုပ်ကိုဒီအတိုင်း မထိုးထည့်တတ်ဘူး။ ဟင်းဟင်း...ဖတ်စာအုပ်အကြီးတွေက
သပ်သပ် ပြီးမှ ဗလာစာ
အုပ်စီထဲ့ ပြီးမှကွန်ပါဗူး ဘေးကပ်ရပ်မှာ သောက်ရေ။ ငယ်ကတဲက အမေပေးတဲ့ရေကျက်အေးဗူးကလည်း ပါရသေး..။ လွယ်အိတ်ကြိုးနားမှာတော့ ပေတံကိုထောင်ထဲ့ရတာပေါ့။
ဒီလိုလုပ်ပြီးတာကို သွားခါနီး ပြန်
ပြန်စစ်ရသေးတယ်..။

ကျောင်းသွားဖော် သူငယ်ချင်းဆိုတာကလည်း ကပ်ရပ်အိမ်က ချစ်ဆုံးကြီးပါဘဲပါဘဲ။ သူတောင် စိတ်မ
ရှည်တတ်ပါ။ ဘယ်သူမှစိတ်မရှည်ချင်ကြပါလေ။ ကိစ္စမရှိပါဘူး..လမ်းမှာတွေ့တဲ့သူကိုကိုယ့်ရဲ့ |
ပေါက်ဆိန်သွားဖြီးပြပြီး ဖော်ရှောလုပ်လို့ စကားစမြီပြောရင်း ကျောင်းရောက်သွားတဲ့အထိ
ဆွဲခေါ်သွားနိုင်တဲ့ပညာရပ်ကမွေး ရာပါ...။ တောမြို့လေးဆိုတော့ မြို့ကလေးထောင့်ကျကျတို့
ဘာတို့ဘယ်ရှိလေမလဲ..။ လမ်းကြိုလမ်းကြားလမ်းမြောင်လမ်းကောက်လမ်းဝှိက်များစွာနဲ့
အီဖေကိုယ်တို့ကျောင်းသွားရင် ရွှေးချယ်ဖို့လမ်းကြောင်းက ၃-၄ကြောင်းလောက်ရှိတာဗျာ..။
သိကြတဲ့အတိုင်း တလမ်းထဲနေ့တိုင်းသွားကြတဲ့အထဲမယ်ငီးဘယ်ပါလိမ့်မလဲ...။ နေ့တိုင်းပြောင်းတာဗျ...။အသွားတလမ်းအပြန်တလမ်း။ မိုးရွာရင်လမ်းမတန်း။နေပူရင် အဖွားအိမ်ဖက်ကနေပတ်၊ အပြန်စောရင်
အဝေးဆုံးလမ်း...။ အိုး..ပျော်စရာ..သွားမဲ့လမ်းတွေကအများကြီး..။ targetကတော့ အိမ်နဲ့ကျောင်းပါဘဲ..။
ရွှေးတဲ့လမ်းကဝေးရင်ဝေးသလို လမ်းမှာငေးစရာကြည့်စရာအပြည့်၊ ဘုန်းကြီးကျောင်းတွေ့ရင်လည်း
တချက်ဝင်လိုက်သေးတယ်။ အဖွားအိမ်ဝင်ပြီး ကြောင်အိမ်လည်းတချက်လောက် ဖွင့်ကြည့်မှ၊
အမျိုးအိမ်၄-၅အိမ်ရှိရင် တပတ်မှာ အိမ်စေ့ဝင်ပြီး မနူတ်ဆက်ရရင်ဘဲရင်ထဲတခုခု ဟာနေသလို..။
အဖွားအိမ်နဲ့ကပ်ရပ်က အဖိုးရဲ့အကြီးဆုံး အမကြီးအိမ်(တွီ့ထောင်) ရှမ်းလိုအဖွားအို၊ ရှေးခေတ်ရှမ်းအိမ်
ဆိုတာသိကြတဲ့အတိုင်း မီးဖိုချောင်က အိမ်လည်မှာ သစ်သားပျဉ်ပေါ်ထင်းမီးလေးတွေနဲ့ အပေါ်မှာ
ကြပ်တင်ထားတာတွေနဲ့၊ ကြမ်းခင်းကဝါးခင်း အိမ်ရှေ့ကနေလှေခါးတက်ရင် ဝရံတာကအကျယ်ကြီး
ပြီးမှအိမ်ထဲ ဝင်၊ ဘုရားခန်း အိပ်ခန်းရှိတဲ့နေရာက ခေါင်မိုးချွန်ချွန်အောက်လို့သာမှတ်၊ ပြီးမီးဖိုခန်း
အကျယ်ကြီးထဲမှာအလယ်တည့်တည့်မီးဖိုနေရာကအမြဲတမ်း မီးငွေ့လေးတွေရှိနေတတ်တယ်။
ကောက်ညှင်းပေါင်းအိုးကြီးရေနွေးအိုးကြီး ဘာညာပေါ့လေ...။ အဖွားအို(တွီ့ထောင်က ပိုက်ဆံရှိတယ်) မောင်နှမထဲမှာ အကြီးဆုံးသူပြီးရင် အားလုံးပါးစပ်မဟရဲဘူးတဲ့ သြဇာအာဏာရှိတယ်။ သူ့မှာသား
တယောက်ထဲရှိတာ၊ ကိုယ်တို့အဖိုးကတဦးတည်းသော ယောက်ကျားလေး။ အဖိုးမှာသားသမီးများတယ်။
ဒီတော့အမေ့ကိုငါ့ပေးမွေးစားမယ် ဆိုတာနဲ့ ပေးရတယ်တဲ့...။ အဖွားအိုရဲ့ သားကမွေးတာအားလုံး
မိန်းမချည့်ဘဲ..။ ဖြစ်ချင်တော့ သူကသူ့မြေးရင်းထက် ကိုယ်တို့မောင်နှမ သူ့မြေးပေါ့လေ..။ အရမ်း
ချစ်တယ်ဆိုပါတော့..။

ဟော...လိုရင်းပြောရင်လိပ်ပတ်မလည်မှာစိုးလို့ အဲ့လိုရစ်ရှည်ရသေးဗျား...။ ပညာ..ပညာ..😁😄
အဖွားအိုက မနက်ဆို ကောက်ညှင်းပေါင်းပြီး အထဲမှာ နွားနို့ခြောက်ကြော်ခြေပြီး ဆားနဲ့နယ်၊ တွတ်ပီတို့
ကံမကောင်းချင်တဲ့နေ့ တခါတလေလည်း ပဲပုပ်ချဉ်ထဲ့တာနဲ့ညားပေါ့..ဟီး...အဲ့လိုလေးလုပ်ပြီး မီးဖိုထဲမှာ
၄ချောင်းချထားပါတယ်..။ ကျမတို့မောင်နှမ ၄ယောက် ကျောင်းသွားရင် ဝင်ယူရပါတယ်။ ကိုယ်စားယူခွင့်
မရှိအဲ့ဒီအိမ်မှာလည်း အဖွားအိုရဲ့ညီမအငယ်ဆုံး နေပါသေးတယ်။ သူ့မိသားစုနဲ့ သားသမီးမြေးနဲ့၊ ဒါပေမဲ့
ကိုယ်တို့ရွှေချောင်း(😜😝) ထိခွင့်မရှိပါ။ ကောင်ညှင်းပေါင်းအချောင်းလေ သိပ်လည်းမကြီးပါဘူး၊ လက်
တဆုပ်စာလောက်ပါဘဲ။ နေ့တိုင်းလည်းမရပါဘူး။ မနက်ဆိုရင် သံတော်ဆင့်(ဈေးသွားမဲ့ အဒေါ်တွေကိုလှမ်းပြောပြီး အိမ်ရှေ့လာအော်သွားတာပေါ့..) ဟင်းဟင်း...ဒီလိုမနက်စာတွေနဲ့ဟန်ကျနေရင် အဖွားရင်းအိမ်က ကပ်ရပ်ပေါ့။ အဖွားလည်း အားကျမခံ သူ့မြေးတွေကို ညနေဆို မုန့်တွေရှိတယ် လာယူဆိုရင် သွားယူရတာအဲ့လိုဘဝကြီးကသာယာချက်..။ဒီလိုစပွန်ဆာမရှိတဲ့နေ့ ဆိုရင် ရွှာယိုးကိုးပတ်ဆိုလားဘာလား..ညနေ ၄း၃ဝ ကျော်ထိ အိမ်မရောက်နိုင်ခဲ့။

အဖွားတို့ရပ်ကွက်က အရင်ကရေအိုင်တဲ့..။ အရင်ကဆို စိုက်ခင်းတွေ များတာပေါ့..။ ညနေဆိုသူများ
စိုက်ခင်းထဲ ခြံစည်းရိုးဖြဲဝင်ပြီး စပ်စုစိန်သေးတယ်လေ..။သွားရင်းဘေးက ပေါက်နေတဲ့ အပင်တွေလည်း
ငေးမော၊ ခေါက်ဖွန်းရောင်းဆိုင်လည်း မဝယ်စားဘဲ ရပ်ကြည့်..။ တရုတ်မအိမ်ကမုန်ညှင်းနယ်လည်းရပ်
ကြည့်၊ အိမ်ရောက်ခါနီး ခေါက်ဆွဲဆိုင်က အမဲသားသံတုပ်နဲ့ရိုက်တာလည်းဝင်မော့ပါဘဲ ။ အိမ်မှာကျမတို့
အိမ်ထိန်းခေါ်မလားအိမ်ဖော်ခေါ်မလားရှိတယ်။ သူတို့က ညနေ၅နာရီဆိုပြန်တယ်။ ညမအိပ် မနက်လာ
ညပြန် ။ ကျမတို့ကို စောစောကျွေးပြီးရင်ပြန်ရမှာလေ..။ အီဖေငယ်က လမ်းသလားကောင်းတုံး။ သူတို့
အမြင်ကပ်လှတဲ့ မယ်ငီးပေါ့။ အမေကဘာမှသိပ်မပြောဘူး။ အရမ်းပြသာနာကြီးလာရင်တော့ သတင်းစာ
လိပ်ပြီးရိုက်ပါတယ်။ ပြာသာနာအပေါ်မူတည်ပြီး ၂-၃ စောင်ဒီလိုလိပ်တာပါ။ မယ်ငီးတို့များ ၁စောင်ထဲ
ဆိုရင် ကိစ္စမရှိ။ ၂-၃ ထပ်လိပ်ရင် တခါထဲ အဖေတို့ကို အရင်ဆုံးပြန်ကုန်းကိုက်ပစ်လိုက်တာဘဲ...။
😉😁အဖေတို့တတွေလည်း စီးပွားရေးတွေနဲ့ရူပ်နေတော့ မယ်ငီး ငယ်ဘဝကို လွပ်လပ်ခြင်း
များစွာနဲ့ဖြတ်သန်းခဲ့ရတယ်လေ။

ကဲ..ဒီလိုအကျင့်ဆိုးကြီးက..ခုထိပါနေတာ....တခုခုလုပ်မယ်ဆိုရင် ပြင်ဆင်နေတာ၊လှည့်ပတ်ကြည့်
နေတာက လိုရင်းကိုမရောက်နိုင်..။ ခုဆိုပိုဆိုး..ကိုယ်တို့နေ့စဉ်သုံးနေတဲ့ ပစ္စည်းတခုကို ဖာသိဖာသာ
နေတော့မသိ..။ တကယ်တန်းပြန်လေ့လာတော့ အံသြစရာ...အိုး..မြင်ကွင်းက လေ့လာလေ ကျယ်ပြန့်
လေ(နားထောင်ကောင်းအောင် လေ့လာလို့ပြော တာပါ..စာဖတ်ပြီး မျက်စိထဲမြင်ယောင်ကြည့်တာ...)
နယ်ပယ်တခုကိုသိဖို့ ခုခေတ်ကပိုပြီးလွယ်တယ်။ ခြေတိုအောင်လျောက်စရာမလို ကွန်ပြူတာတလုံးနဲ့
တကမ္ဘာလုံးပတ်လို့ရတာ...။ ဖတ်လေကြိုက်လေမှတ်လေ နဲ့မပြီးတော့ဘူး...။

အိမ်ကအညာသားကြီးကမေးနေပြီ...မင်းအလုပ်ဘယ်တော့စမှာလဲ..တဲ့..အင်း!!!!
ပြောစရာစကားလည်းတခွန်းဘဲရှိတယ်...။ အချိန်တန်ရင်တော့အိမ်ရောက်
ကျောင်းရောက်ရောက်ပါလိမ့်ပါမယ်လေ...။ကျမကလမ်းလျောက်နှေးသူပါမောင်...😁

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
#meemeenage