Friday, February 23, 2018

ဆောင်းရာသီပွဲတော်နဲ့အိုလံပစ်

မင်္ဂလာပါရှင်~~~
တန်းစီအပေါ်ရောက်ပြီးရေခဲမလျောဘူးရှင့် ပဲပေးပြီး ပြန်ဆင်းလာပါတယ်ရှင့်😁😂
The Quebec Winter Carnival (French: Carnaval de Québec) ဆိုတာ ဟိုးနှစ်ပေါင်း 1894 ကတဲက
စပြီးကျင်းပကြတယ်တဲ့..။ ၂ဝဝ၆ ခုနှစ်မှာ လူတသန်းကျော်လာလို့ ကမ္ဘာ့အစည်ကားဆုံးဆောင်းရာသီပွဲ
တော်ဆိုပြီးနံမည်ကြီးတော့ ဒီကလည်းချီတက်ကြတာပေါ့လို့..။
စားပြီးတော့ ပွဲခင်းရှိရာလမ်းထိပ်အထိ လမ်းလျောက်ကြရမှာ..။ တိုက်ပွဲဝင်သလိုပါဘဲ ဆောင်းရာသီ တခါ ထွက်ဆိုတာ သေချာအောင် အထပ်ထပ်ဝတ်သိုးမွှေးအထဲခံ အင်္ကျ ီဘောင်းဘီ ခြေအိတ်ပြီးမှ အပြင်ကထပ်
အိုး..လာလား...ပြင်သစ်လို..တရတာပေါ့..ဝက်ဝံကြီးလမ်းလျောက်နေရသလို..
ကိုင်း..ရှေ့ကလမ်းထိပ်တဲ့...လေကလည်းတိုး..အဲ့အချိန်က -၂၁ဒီဂရီစင်တီလေ..လေတိုက်ရင်ပိုအေးသွား
 လမ်းကစားသောက်ဆိုင်လည်းငေးမော အီတလီဆိုင်..
လမ်းတဝက်ဘဲရောက်သေး လူကဂတ်ဂတ်ဖြစ်ချင်နေ နောက်ပြန်လှည့်ကြည့်..( ရိုက်ယူထားမှ ဘလော့ ထဲထဲ့အာလူးပေးဖို့..အဲလေ..😁)
ဒီလိုလှည်းတွေ့လို့ စီးချင်တာနဲ့ အပြန်ကားစီပြန်လာဖို့ စီးကြသေးတယ်..လေကတိုက်ချမ်းကချမ်း..အောင်
မငေးဗျာ..အတတ်ဆန်းချင်အုံးဟဲ့...
 သူတို့ပန်းအိုးထားတဲ့နေရာလည်း ရေခဲတွေချည်းဘဲ..
ပွဲအဝင်ထိပ်က ကိုကိုကြီး သူ့ကိုဓါတ်ပုံရီုက်ရင် ပိုက်ဆံထည့်ရတာ ဒီက ခပ်တည်တည်နဲ့ ခပ်စောင်းစောင်း
ကနေရိုက်တော့ သူလည်း စောင်းပြီးကြည့်..ဟီး..ကပ်စီးနဲအိုးမယ်ငီးနဲ့တွေ့တာ...သူ့ခွေးအရမ်းလှဘဲ
 ကိုင်း..ရောက်ပြီ..ပွဲထဲဝင်တာဝင်ကြေးရှိတယ်..။
 ကနေဒါ ကောင်းဘွှိုင်ကလည်းရှိသေးဗျား..Time square မှာဘဲရှိတယ်မထင်နဲ့😆
 ဘာပွဲမှန်းကိုမသိဘူး..ဟီးဟီး..ခလေးဆော့တဲ့ပွဲလို့သာမှတ်...
 လူတွေတန်းစီတာတွေ့ရင် လိုက်စီတာဘဲ..အပေါ်တက်ဖို့ စီကြတာအရှည်ကြီး
 ကိုယ်တို့လည်းဝင်စီတာဘဲ..အပေါ်ရောက်မှ ရေခဲပြင်လျောစီး
 ကိုယ့်အလှည့်ရောက်ရင် စီးမဲ့ပုံးဆွဲပြီး ထိပ်အထိသွားရတာ...
 ကိုယ့်အလှည့်ရောက်ရင် စီးမဲ့ပုံးဆွဲပြီး ထိပ်အထိသွားရတာ...
 ပြီးရင်အဲ့လိုလျောစီးတာလေ... အားလုံးကရေခဲနဲ့တည်ဆောက်ထားတာ..
 ကိုင်း..စီးကြမလား..
 အောက်ဆင်းပြီး အိုင်းရစ်ကာဖီကို ရေခဲကောင်တာကနေ ရေခဲခွက်နဲ့ သောက်...
ဖယားဖယား...ရေခဲခွက်ကနူတ်ခမ်းကိုကပ် ထုကထူတော့ စုပ်သောက် အရက်ပါတော့ ရှရှလေးပေါ့.....
ဘာတဲ့..အိုင်းရစ်ကော်ဖီတဲ့ဗျား..ချစ်မိတ်ဆွေက ပုံပြန်ရှယ်ပေးလိုက်တာ ကိုယ့်ဖာသာကိုယ်ကြည့်ပြီး ခေါင်း
မူးချင်..ခင်ခင်က အေးစက် ကြမ်းတမ်းနေသလိုဘဲ..😲


ရေခဲကိုလည်း ထုဆစ်ထားကြပါသေးတယ်..။
နောက်တနေရာကတော့ ၁၉၇၆ ခုနှစ်က အိုလံပစ်ပွဲတော် ကျင်းပခဲ့တဲ့နေရာဟောင်းပါ လက်ရှိလည်းအသုံး
ပြုနေပါသေးတယ်
ဓါတ်ပုံရိုက်ဖို့အတွက် လူကခေါ်လိုက်ရတာ ပဲကများချင်နေတဲ့သူတွေနဲ့အိတ်အပြာလွယ်ထားတာက ဂိုက်မမ

ဒါက အိုလံပစ်မှာရှင်းပြတဲ့ဂိုက် သူပြတဲ့ အားကစားသမားကိုသိလားတဲ့ အလယ်ကတယောက်..သိကြတဲ့ သူများပါလိမ့်မယ် ခုတော့ လုံးရာကပြားသွားတဲ့ လိင်ပြောင်းထားတဲ့ ဦးလေးအန်တီကြီး..အန်တီဦးလေးကြီး
ကြိုက်တာခေါ်..သူတို့မိသားစုက နံမည်အရမ်းကြီး..သူ့သမီးတွေ မိန်းမဖက်ကသမီးရော သူ့သမီးရော နံမည်ကြီးအမည်းတွေနဲ့ဘဲ ရီးစားဖြစ် ဗိုက်ကြီးကြတာ...လေ kardashian မျိုးရိုးတွေ
အိုလံပစ်နေရာ ပုံစံငယ်
 အထဲဖက်မှာ ခန်းမကြီးတွေက အစည်းအဝေးတို့ CONCERT တို့ ပြပွဲတို့ အသုံးပြုလေ့ရှိတယ်တဲ့
ဂိုက်ကိုကိုလေးက မေးရှာပါတယ် ဘယ်သူပြင်သစ်တတ်လဲတဲ့..ဒီကလည်း ခင်ရှည်ရှည်..၅ခွန်းလောက်
သိတာကိုဘဝင်ရူးနေလေတော့ ဘွန်ရူးတွေ ဘာတွေ ကော်မောင်ဒါလေဝူးတွေနဲ့ဝင်ရွှီးတာ..ဘာရမလဲ..
ဟောင်ကောင်-အမေရိကန်များ..အံသြသွားပါတယ်..သူတို့သိတာ မြန့်တန့်ကလာတာလေ..လူကို စောင်း
စောင်းနဲ့ကြည့်နေတာ...ဟွန့်...ဘီရုမာအကြောင်းမသိလို့..ပုရွတ်ဆိတ်ကို ဂေါ်ဇီလာဖြစ်အောင် ပြောလိုက်ရ
မကောင်းဘူး...😆😅😜😂😁
 ရေကူးကန်အကြီးကြီးဘဲ...ကူးနေကြတယ်..
 ဒါကပြပွဲတခုအတွက်ပြင်ဆင်နေတာတဲ့..
အိမ်ဆောက်တာတွေနဲ့ပတ်သက်မလားမသိ အိမ်သေးသေးလေးတွေ ဆောက်ထားတာတွေ့ရတယ်..
 နောက်ဖန်လုံတိရစ္ဆာန်ဥယျဉ်သွားကြတယ်
 သိပ်မလုံပါဘူး...အသေချမ်း...
 ဘာဌက်လဲမသိ..မြင်ရာရိုက်ဘဲ...
 ရေကနွေးနွေးလေး...
 အဝင်ဝမှာ ဘယ်လိုအဓိပ္ပါယ်နဲ့ပုံလည်းမသိ..ပုံဖော်မတတ်ဘူး..
အကောင်းဆုံးက ကနေဒါဖက်မှာရှိတဲ့အခွန်လွတ် ဂျုတီဖရီးဆိုင်ပေါ့ သူငဲ့ပေးတဲ့ဝိုင်က ရေခဲစပစ်ဝိုင်တဲ့ သောက်လို့ကောင်း..၄ဗူးတဖါ ဝယ်ပြီး အိမ်ရောက်တော့ ကျားကျားကိုတိုက် သူသိပ်မသောက်တော့ ဒီက
ဘဲအားနာပါးနာသောက်...ပေါ့ရှင်...

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
#meemeenage

Thursday, February 8, 2018

ကနေဒါ Quebec ရှေးဟောင်းမြို့

မင်္ဂလာပါရှင်~~~
တကယ်ဆိုမနှစ်ကသွားပြီး ရေးခဲ့တယ်ထင်တာမရေးဖြစ်သေးဘူး။ ထုံးစံအတိုင်း ခရီးအစချီနေတာ လိုရင်း
မရောက်ဘဲပြတ်သွားတာ တနှစ်ကြာတော့ ပြန်စတာပေါ့နော့်... Quebec  ဆိုတာပြင်သစ်နံမည်ပါ။
ကနေဒါနိုင်ငံ Quebec  ပြည်နယ်ရဲ့မြို့တော် Quebec မြို့ကတော့ မြောက်အမေရိကတိုက်ရဲ့ရှေးအကျဆုံး
မြို့ထဲကတမြို့တဲ့..။ မြို့ထဲက ရှေးဟောင်းမြို့ရိုး တံခါးနေရာ တဝိုက်ကိုတော့ old Quebec လို့ခေါ်ပြီး ယူနက်စကိုက ၁၉၈၅ခုနှစ်ကတဲက ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်သတ်မှတ်ထားတဲ့နယ်မြေပေါ့...။ အဲ့လိုနေရာဆိုရင် အိမ်ဆောက်ပြုပြင်တာ တွေမလုပ်ရဘူးတဲ့ဗျ...ဟိုး..ကျုပ်တို့ပြည်ကြီးက ရှေးဟောင်း နယ်မြေမှာ လုပ်သလို ဟော်တယ်ဆောက် မျှော်စင်ဆောက် ထုံးသုတ် လုပ်ချင်ရာလုပ်..ဒါမျိုးတွေတော့ ရမယ်မထင်...😎
ကားထဲကနေရိုက်တော့ တုန်တုန်မူန်မူန်ပေါ့နော်
Quebec or de Québec ဘိုလိုဖတ်ဖတ် ပြင်သစ်လိုဆိုဆို ကိုယ့်နား ထဲကြားမိတာက ခွေဘက် ကေဘက် ဆိုတဲ့အသံပါဘဲ...သိပ်ပြီးဘိုဆန်ချင်လေသူသူငယ်ချင်းတယောက်က ကွီးဘက် လို့ပြောတော့ အင်မတန် မိချောင်းသမီးဖြစ်ချင်လေသူ မယ်ငီးကထောက်ပြမိတာ ဖင်ပိတ်ငြင်းပြီး..အခေါ် အပြောကိုနဲနဲတောင်တန့်
သွားပါတယ်ဆို...( သင်ခန်းစာနံပါတ်(၁)က ကိုယ့်ကိုယ်ကို အထင်ကြီးနေလေ သူများကို အမှားသွားမ ထောက်ပါနှင့် အခန့်မသင့် ဖနောင့်နဲ့ပေါက်ခံရအံ့ 😁😂)
အဲ့ဒီအချိန်တုံးကတော့ တွတ်ပီကံမကောင်းတဲ့နေ့လို့ ပြောလည်းရမယ် အရမ်းအေး လေကလည်းတိုက်သ လားမပြောနဲ့ အနုတ် ၂၁ဒီကရီစင်တီတဲ့ဗျား...ကိုယ်တို့ Tour အစီအစဉ်ကအပြင်မှာ ၃-၄ နေရာလောက်
လည်ပတ်ဖို့ရှိတယ်။
ပထမဆုံး La Citadelle စစ်တပ်လည်းဟုတ် ကနေဒါရဲ့ဘုရင်ခံစံအိမ်တော်ကိုသွားလည်ကြပါတယ် ။ ဒီနေရာလည်း ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်ထဲပါပါတယ်။ နှင်းထုတွေများ မြင့်မားလိုက်တာတော့ ပြောမ
နေပါနဲ့။ အဝင်ကလမ်းကျဉ်းကျဉ်းထဲ ဘတ်စ်ကားဆရာသမားက မောင်းဝင်သွားပါတယ်။
ခံတပ်ထဲလာပြီး ကားကြီးကခံနေပါတယ်။ လမ်းကကျဉ်းပြီး ကွေ့ကောက်သေး ပတ်လည်က ကျောက်နံရံ
ကြီးနဲ့ ကားထဲက အမေရိကန်တိုးရစ်ကြီးတသိုက်..😁😂😆 ၈၅%က ဟောင်ကောင်ဖွား အမေရိကန် များလေအိုး..သူတို့စကား ကွစိကွစိနဲ့ တယောက်တခွန်းဝိုင်းအာလိုက်တာ ဒရိုင်ဘာမျက်နှာကြီးမည်းမှောင် လို့၊ရှေ့တိုး မရ၊ တံခါးဖွင့်ပြီးဆင်းမရရှင့်..။
ဘေးက ကျောက်နံရံပေါ်က ခလေးမ၂ယောက်ကို လှမ်းပြီး အကူအညီတောင်းရတယ်။ ရှေ့တိုးနောက်ဆုတ်
ဘယ်ကွေ့ညာဝှိုက်နဲ့ နောက်ဆုံးအောင်မြင်စွာ ပြန်ဆုတ်ခွါသွားနိုင်ပါတယ်။ ကားကို ရပ်ပါလို့ဆိုင်းဘုတ်က
နှင်းတွေကြားထဲမြုပ်နေတာမမြင်လို့တဲ့...။ ကောျက်နံရံအပေါ်က နှင်းထုကြီးတွေ့လား အရမ်းကြီးမာခဲနေ တာဘဲ..။
ဒါကWiki ထဲကနေကစ်လာတာ..နွေရာသီဆို အတော်လှမဲ့ပုံ..ကားခံသွားတဲ့နေရာလေးတွေ့လား အဲ့နေရာ မရောက်ခင် ကွက်လပ်မှာရပ်ရမှာ အားလုံး နှင်းဖုံးနေတော့ ဆရာသမားကျော်ချသွားတာလေ...😝
စစ်တပ်ဝင်း ကိုယ်ရံတော်တပ်သားတွေလက်ရှိ နေထိုင်တုံး ရုံးလုပ်ငန်းတွေရှိတုံးပါ။ သူတို့ဂိုက်မပါဘဲ အထဲ မှာသွားလာခွင့်မရှိပါ။ ကနေဒါနိုင်ငံသူ Quebec သူလေးက ရှင်းပြရှာတယ်။ လူကပိန်ပိန်သေးသေးလေး။
 သူ့ခမျာရှင်းပြရှာတယ်။ ဒီကလူတွေလည်း အရမ်းအေးတော့ သိပ်စိတ်မဝင်စားကြဘူးဗျ...။ အရင်ကပြင်သစ်
တွေမြောက်အမေရိကရောက်လာပြီး အခြေချနေထိုင်၊ နောက်ဗြိတိသျှများလာသိမ်းပိုက်၊ နောက်ဘာညာ
ပြောတော့ ခင်ခင်ရှည်လည်း ရှည်လိုက်ပါတယ်။ အားမငယ်ပါနဲ့ အဲ့ဗြိတိသျှလည်း တို့ကို နှစ်တရာကျော်အုပ်
စိုးဗိုလ်ကျသွားပါတယ်လို့..။ သူကပြန်ပြောပါတယ်။ သူတို့ကိုအုပ်ချုပ်တာကပိုကြာပါတယ်တဲ့..။
အော်....သနားစရာ..။
ကိုယ်ရံတော်တွေ ဘယ်လိုဝတ်စားတယ်ဆိုတာရှင်းပြတာပါ။ စကားမစပ် ပြောရမယ်ဆိုရင် Quebec
ပြည်နယ်က ကနေဒါမှာအကြီးဆုံးပြည်နယ်တခုဖြစ်ပြီး ဒုတိယလူနေထူထပ်ဆုံးနဲ့ ပြင်သစ်စကားကိုရုံးသုံး
စကားအဖြစ်သတ်မှတ်ထားပါတယ်။ ဒီတော့ သူတို့ကလွတ်လပ်တဲ့တိုင်းပြည်တခုအဖြစ် ခွဲထွက်ချင်တော့
(လက်နက်ကိုင်မတောင်းဆိုပါဘူး....) တပြည်လုံးမဲခွဲဆုံးဖြတ်ချက်ယူကြတာ။ ရူံးလို့ကနေဒါရဲ့ပြည်နယ်တခု
အနေနဲ့ခုထိတည်ရှိနေတုံးပါ။ ၂၀၀၆ မှာနဲ့တူတယ်။ သူတို့ပြင်သစ်စကားပြောQuebecသားတွေ ဝမ်းနဲပက်
လက်ငိုနေကြတဲ့ပုံတွေ တခါက မီဒီယာလောကမှာ အရမ်းပေါ်ပြူလာဖြစ်ခဲ့တာပေါ့။
ဂိုက်မမကခေါ်နေတာ ဘယ်နေရာကြည့်ကြည့် ဖြူနေတာတခုဘဲ...
The gun of navarone တော့မဟုတ်ပါလေ...(ကြည့်ဖူးလား..အဲ့ဒီရုပ်ရှင်ပေါ်တာကိုယ်တောင်မမွေးသေး ဘူး) ဒါပေမဲ့ နံမည်ကြီးဗျ..
 Saint Lawrence River မြစ်ကြီးလည်းရေခဲပြင်တဝက်တပြက်..ဘစ်ကားနဲ့ သွားရင်းလာရင်း မြစ်ရေခဲ
ပြင်ဖေါက်ပြီး ငါးမျှားနေကြတာတွေ့ရတယ်...။ဓါတ်ပုံတော့မရိုက်ဖြစ်ဘူး..။
ကိုယ်တို့အဖွဲ့သားများကိုလည်းကြည့်ကြပါအုံး...လေတိုက်တော့ နှင်းထုကြီးကနှင်းတွေ လေနဲ့ဝှေ့ပြီးမျက်နှာ လာတိုးတာတော့ တကယ်မမိုက်ဘူး..။
Saint Lawrence River မြစ်ကို အဆုံးဆွဲပြီးရိုက်ကြည့်တာ..ကနေဒါရဲ့ဒေသခံ( အမေရိကားနိုင်ငံကဒေသခံ
ရက်အင်ဒီးယန်းလိုပေါ့)စကားနဲ့ Quebec ဆိုတာ မြစ်ကျဉ်း(ကျဉ်းမြောင်းသွားတဲ့မြစ်) လို့အဓိပ္ပါယ်ထွက် သတဲ့။ကနေဒါရဲ့ဒေသခံတွေကို အစိုးရကသေသေချာချာစောင့်ရှောက်ထားတယ်။ သူတို့က အခွင့်ထူးခံ အခွန်ဆောင်စရာမလိုတဲ့။ သူတို့လူဦးရေကလည်းအရမ်းနဲပါတယ်။
တော်သေးတယ်လို့ဆိုရမယ် ကျားျကျားဒီနေရာမှာ ၂နှစ်လောက်တာဝန်ကျသေးတယ်။ သူခြေထောက်
ကျိုးတာနဲ့မလာဖြစ်တာ...နှင်းထုနဲ့အအေးကြည့်ပြီး..လူကဂန့်ချင်ချင်..
ဖြစ်သန်းသွားရင်း သူတို့နေအိမ်တခုကိုကြည့်မိတယ်...။
 ကိုင်း..မြို့ထဲပြန်သွား..နေ့လည်စာစားမယ်တဲ့..
ပြီးရင်ဒီနေရာပြန်လာမယ်winter carnival လေ..
 အဲ့ခေါင်မိုးနီနီဆိုင်မှာ..နေ့လည်စာစား...
ပြင်သစ်အစားအစာပေါ့..ဖရုံသီးဟင်းရည်..အေးကအေးနဲ့ဒီလိုဆွပ်ပြုတ်တွေ့တော့ မနေနိုင်မြန်မြန်ကြီး
စားသောက်လိုက်ပါတယ်..အရမ်းကောင်းဘဲဆရာ...
အင်းသား ရှမ်းမဆိုတော့ ငါးအရမ်းစားပေါ့...။ ရှမ်းခေါက်ဆွဲမှမရတာ ငါးဘဲစားမှာပေါ့နော့်...။ ဒီလိုပါဘဲ
ပြင်သစ်စာတွေဆိုရင် ပုဂံထဲမှာနဲနဲဘဲပေးတတ်တာ...စားပြီးဆက်သွားတာတွေတော့ နောက်တခေါက်ပေါ့
နော်...အိုကေပါတယ်..နောက်နှစ်မကူးစေရပါဘူး...

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
#meemeenage