Sunday, November 12, 2017

တောင်ငူမုန့်ဟင်းခါးအသုပ်

မင်္ဂလာပါရှင်~~~
အပြင်ထွက်တိုင်းတခုမဟုတ်တခုဖြစ်နေလို့ အာလာဂျှီသမားများအိမ်ထဲမှာဘဲနေတာအသင့်တော်ဆုံးအချိန်
ဆိုတာ ရေဒီယိုကလာတာကြားတော့မှဘဲ အိမ်ထဲကုပ်နေရတော့တယ်။ ကဲ..အိမ်မှာနေတော့ အားတိုင်းရေ ခဲသေတ္တာဖွင့်၊ဘာစားရမလဲစဉ်းစား..။ Anthony bourdain ပြောသလိုပါဘဲ..။ လူတွေဟာငြီးငွေ့လာရင် အစာ စားချင် တဲ့ဆန္ဒတွေဖြစ်လာတယ်ဆိုတာ..အဟုတ်ပါ့...။

ကဲ..ပျင်းပျင်းနဲ့ တောင်ငူမုန့်ဟင်းခါး လုပ်စားအုံးမယ်..။ အဓိကကတော့ အရည်နဲ့သောက်ချင်တာမဟုတ်ဘဲ
အသုပ်လုပ်စားချင်လို့ပါ။ လသာ၂မှာ ဘော်ဒါဆောင်ကျောင်းသူဘဝကတဲက တွဲခဲ့တဲ့ တောင်ငူသူ သူငယ် ချင်းတယောက်ကောင်းမူ့နဲ့ တောင်ငူအခေါက်ခေါက်အခါရောက် ဒေသကောလိပ်မှာလည်း တောင်ငူသူ
တပုံတခေါင်းနဲ့တွဲပြီး သူတို့ပြောတဲ့ မုန့်ဟင်းခါးဆိုတာ စားဖူးခဲ့ပါတယ်။ အဲ့တုံးကတော့ သိပ်အကြိုက်ကြီး မဟုတ်ပါဘူး။ မှန်တာပြော ကိုယ့်နိုင်ငံပြင်ပရောက်မှ မုန့်ဟင်းခါးကို စားတတ်လာတာ..။အဟဲ...ဒီက အလှုအဒါန်းမှန်သမျှမုန့်ဟင်းခါးကများတာကိုးဗျ...အဲ့တာနဲ့ မုန့်ဟင်းခါး စွဲလမ်းသွားရှာလေရောဗျာ...😂

တကယ်တော့ တရုတ်ကုန်စုံဆိုင်မှာ ဈေးဝယ်ရင်း ထိုင်းကလာတဲ့ ကောက်ညှင်းဆန်လှော်မုန့်တွေ့မိလို့ပါ။
ကိုယ်တော့ ထိုင်းအီစန်ဒေသအစားအစာလို အသုပ်မှန်သမျှ ကောက်ညှင်းဆန်လှော်မုန့်ထဲ့သုပ်ဖို့ဝယ်လာ
တာပါ။ နောက် တောင်ငူမုန့်ဟင်းခါးမှာလည်း ထဲ့တာသတိထားမိလို့..အင်း..ထိုင်းနဲ့ တောင်ငူဘုရင်ဆက်
စပ်မူ့ရှိတာ...ဒီတချက်လည်းပါမယ်နဲ့တူတယ်..ဟီးဟီး..😆😜😝

တောင်ငူမုန့်ဟင်းခါးက ပဲမုန့်တို့ ဆန်လှော်မုန့်တို့မသုံးဘူး။ အရည်ကြဲလေးပါဘဲ။ အဓိက တခုကလည်း ပဲကြော်ဆိုဘဲ...။ ကိုယ့်မှာ ကြော်ရသေးဗျား...။

ပဲသီးနုနုလေးပါးပါးလေးလှီး၊ ခရမ်းချဉ်သီးလည်းပါ၊ ဆီချက်လည်းမမေ့နဲ့၊ ငံပြာရည်လေးတပေါက်လောက်၊
ကောက်ညှင်းဆန်လှော်မုန့်နဲနဲ၊ ငရုတ်သီးလှော်လေးဖြူး(ဗလူဗလူးလုပ်ထား=မယ်ငီးစကားစက်နဲ့လှည့်တာ 😍ပြီးမီးအေးအေးနဲ့ပြန်လှော်)၊ မန်ကျဉ်းသီးရည်လေးတဇွန်းလောက်၊ အိုး..မေ့နေလို့...ငါးခူပြုတ်ပြီး အသား ထွင် ကြက်သွန်ဖြူနီ ဂျင်းနဲ့ပြန်ကြော်ထားတာလေးတဇွန်း၊ ကဲ...န့ံ့နံ့ပင်လေး၃ဖတ်လောက်..ပစ်ထဲ့..နယ် ဖတ်ပါလေ...အပ်ချလောင်း...
ပထမတပန်းကန်ကတော့ ခပ်ခြောက်ခြောက်လေးသုပ်မယ်..။ နောက်တပန်းကန်မှာတော့ ဟင်းရည် 
(ငါးပြုတ်ရည်ထဲ ကြက်သွန်ဖြူနီ ဂျင်းထဲ့) လေးနဲနဲဆမ်းမယ်..ခပ်ရွဲရွဲလေးပေါ့...လာစမ်း..အအေးမိလို့
ရူးရှဲနေတဲ့နှာရည်တွေ ချဉ်ချဉ်ငံငံစပ်စပ် ပူပူတွေနဲ့တိုက်ပစ်မယ်...အဲ့လိုနဲ့ဘဲ..မယ်ငီးလည်း ပေါင်ချိန်တွေ
တရိပ်ရပ်ပါဘဲ..တက်လာနေပါတယ်လို့....

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
#meemeenage

4 comments:

  1. ကောက်ညင်းဆန်လှော်မှုန့် အထုပ်တင်ပေးအုန်းဒါဆိုရင်
    ဒီက တောင်ငူမုန့်ဟင်းခါးစားချင်နေတာ
    သွားရည်တွေကျရင်းပြန်သွားရ
    ကျန်းမာရေးတော့ဂရုစိုက်ပါမိတ်ဆွေကြီးရေ
    အိုက်အိုရာ

    ReplyDelete
    Replies
    1. မအိုင်အိုရာရေ့...
      ပုံတွေဘယ်လိုပြရမလဲ
      စဉ်းစားနေတာ...

      Delete
    2. ဒီပို့ စ်အောက်မှာ ဖြည့်တင်လို့ ရဘူးလားလို့ 
      အိုင်အိုရာ

      Delete
  2. ဟီး..ဟုတ်သားဘဲနော်....
    အဲ့တာက ဖုံးနဲ့ရိုက်ထားတာ
    တခါတလေလည်း
    ဖုံးနဲ့ရိုက်ပြီး
    ကွန်ပြူတာထဲမသိမ်းမိ
    ပို့စ်ကိုတော့
    ကွန်ပြူတာနဲ့ဘဲဖတ်လေ့ရှိ
    စာလုံးကြီးမှမြင်ရတာလေ

    ReplyDelete