Tuesday, July 11, 2017

အမေ

မဂၤလာပါ~~~


June ၂၄ရက်နေ့ကိုယ်တို့ဆီကမနက် မြန်မာပြည်မှာတော့ ညပေါ့လေ။ နိုးတာနဲ့အမြဲအိမ်နဲ့စကားပြောဖြစ် တယ်။ ခုတလောပိုပြောဖြစ်ပါတယ်။ အမေ ပြီးခဲ့တဲ့သောကြာနေ့ကစပြီး အာရုံကြော အားနဲလာတယ်။ လေဖြတ်နေတဲ့သူ့ခြေလက်တွေ လုံးဝလေးလာပြီး သူ့ကိုယ်သူမထိမ်းနိုင်။ လှဲတတ်လာတယ်။ အိပ်ယာထ အပေါ့သွားတာချော်လှဲပါတယ်။ တညထဲ အကြိမ်ကြိမ်လှဲတယ်တဲ့။ ဒါနဲ့ လူကြီး Diaper ထည့်ပေးရတယ်။ သူမကြိုက်ပါ။ အမေကပင်ကိုစကားနည်းတယ်။ နောက်ပိုင်းပိုနည်းလာတယ်။မြန်မာညနေ ၆ နာရီခွဲကတဲက နဲနဲစအမောဖောက်ပေမဲ့ မယ်ငီးကို အဲ့နေ့နေ့လည်ပိုင်း သူ့ပင်စင်အလူ(ထပ်မွန်ကိုင် ဘုန်းကြီးကျောင်းလမ်း ခင်း)  အတွက်ရေစက်ချလိုက်ရတယ်ဆိုတာ အတင်း အားယူပြောပြရှာတယ်။တူမလေး(အမေ့မြေးအကြီး ဆုံး) လက်ကိုဆုပ်ကိုင်ထားပြီး ရေဗူးလေးက ရေကိုစုပ်သောက်နေတယ်။ သတိအားလုံးကောင်းတယ်။ မောလားမေးရင်မောဘူးဘဲ။ အမကိုနူတ်ဆက်စကားဆိုတယ် အမေသွားတော့မယ်သမီး..တဲ့။မယ်ငီးအ
လုပ် အဆင်ပြေလားတဲ့..။မယ်ငီး ကိုယ်ပိုင်အလုပ်တခု စလုပ်နေတာ သူမှတ်မိနေသေးတယ်။ ကြည့်နေ ရင်းမှာဘဲ လည်ပင်းလေးတဖက်စောင်းသွားပြီး..တကယ်ဘဲအမေ လူ့လောကကနေထွက်ခွါသွားတယ်...။ လုံးဝရိုးစင်းပြီး လွယ်ကူလွန်းလို့အရမ်းအံသြပြီး ကျမမယ်ငီး တကယ်ဘဲဘာလုပ်ရမှန်းမသိ။ အမေ့ကိုစကား
ပြောလို့တောင်မဝသေး..။အမေသွားလိုက်..ပြီ...။ ဒီလိုညင်ညင်သာသာလေးနဲ့ထွက်သွားနိုင်တာ ကြည့်နေ တဲ့ ကျမယောက်ကျားလည်းအံသြလို့။ တို့တွေကော..ဒီလိုသွားနိုင်ပါ့မလား...တဲ့။

အမေ့နေရာလေး
အမေ့အတွက် လေဖြတ်ထားတာက ဒီလိုဖြစ်သွားဖို့ အကြောင်းတရားတခုလို့ပြောရမလားဟင်...။ ၁၃ နှစ်
တာကာလမှာ အမေ့အလုပ် များများမရှိပါ။မနက် ၅နာရီလောက်ထတယ်။ ၆နာရီမှာ တခုခုစားတယ်။တရား
ခွေလေးဖွင့် ၂နာရီခြားတခါအစာ စားတတ်တယ်။ သူစားချင်တာတွေ သူ့စားပွဲနားချပေးပြီးရင် သူ့ဖာသာသူ ထစားတယ်။ ထိုင်တာညောင်းရင်အိပ်ယာထဲသွားလှဲနေတယ်။ တရားFM ရေဒီယိုလေး ပါချုပ်ဆရာတော် ဟောကြားထားတဲ့ ၂၄ပစ္စည်းအကြောင်း အကျယ်ကိုထပ်တလှဲလှဲဖွင့်၊ တရားစာအုပ်လေးဖတ်လိုက်၊ အိမ်
ရှေ့ဝရံ တာသွားရပ်လိုက်၊ သူ့လမ်းလျောက်တုတ်ကိုလှေခါးထိပ်ထားပြီး တခါခါအောက်ထပ်ဆင်းလာလိုက် နဲ့ အမေ့နေ့စဉ်လူပ်ရှားမူ့က ဒါလောက်ပါဘဲ။ ဒါပေမဲ့ မေးလိုက်တိုင်း အမေနေပျော်ပါတယ်။ အမေနေတတ်
ပါတယ်ဆိုတဲ့အဖြေကလွဲလို့၊ တခြားမပြောတတ်သူပါ။ အမေဟာ မြိုသိပ်နေထိုင် တတ်သူကြီးပါ..။


အမေလေဖြတ်တော့ ရန်ကုန်မှာ ဆေးရုံသွားတက်ပါတယ်။ တိုင်းရင်းဆေးရုံပါ ၂လတိတိ။ မယ်ငီးအမေ
စိတ်ဓါတ်ပြင်းထန်ပြီးကြံ့ခိုင်တယ်ဆိုတာ သူ့ပတ်ဝန်းကျင်ကလူတွေအမြဲပြောစမှတ်ပြုရတာ အမှန်။ အမေ
သူပြန်ကောင်းလာမယ်လို့ဘဲ ယူဆတယ်။ တောက်ရှောက်လေ့ကျင့်ခန်းလုပ်ပါတယ်။ သား ၂ ယောက် ကလည်း အမေအတွက်ဆေး လူးဆေး လေ့ကျင့်ခန်းလုပ်ဖို့ကိရိယာ အစစအရာပို့ပေး ဖုံးဆက်အားပေး
စကားပြောတော့ အမေကတက်ကြွပါတယ်။ အလည်လာတဲ့သူကို သူ့လက်လေးနဲ့ လေဖြတ်တဲ့ဖက်ကို မမပြီး မြောက်ပြရတာမောပေါ့။ ဆောင်းရာသီအေးရင် အဖေကအမေ့ကိုခေါ်ပြီး ရန်ကုန်ဖက်ကို အအေး လာရှောင်ပါတယ်။ ပြန်ချင်တာက အဖေ.။ မယ်ငီး..အမေဆုံးရင် အဖေပြန်မယ်နော်..တတွတ်တွတ်ပြော သူအဖေက ရန်ကုန်မှာဆုံးသွားပါတယ်။ အမေလေဖြတ်ပြီး ၂နှစ်လောက်မှာ အဖေဆုံးသွားပါတယ်။ အမေ အံ့ကြိတ်ပြီး သားသမီးတွေကို ပြန်နှစ်သိမ့်ပါတယ်။ တို့အဖေကြီးက သီလသာမာဓိနဲ့ရိုးဂုဏ်ကို အားလုံးအ
တွက်အမွေပေးခဲ့တာနော်..။တတွတ်တွတ်ပြောဂုဏ်ယူသူပါ..။သား၂ယောက်လုံးလည်းရှေ့ဆင့်နောက်ဆင့် ဆုံးသွားတော့ သူလည်းလေ့ကျင့်ခန်းလုံးဝမလုပ်တော့ဘူး။

အမေက မြန်မာ့စီးပွားရေးဘဏ်မှာ အထက်တန်းစာရေးမလုပ်ခဲ့ပါတယ်။ ပင်စင်စားကြီးပေါ့လေ..။ လူမျိုး မတူ(အဖေကအင်းသားလေ)ကိုယူမိတဲ့ ရှမ်း အထူးသဖြင့်ဂုံရှမ်းမတယောက်အတွက် အဲ့ခေတ်ကာလမှာ
ပြောဆိုကဲ့ရဲ့ခြင်းဆိုတာဘယ်ပြေးလို့လွှတ်ပါ့မလဲရှင်...။ ၁၉၆၂ ကာလမှာ ကားတဝီဝီနဲ့ ခလေးတယောက် ကို ခလေးထိမ်းကတယောက်စီ ထားပြီးဒူးနန့်နေရာက ရုတ်တရက်အဖေအင်းစိန်(အဲ့ခေတ်ကစကားနဲ့ဆို
စူစကာ အမူ့ဆိုလားဘဲ)သွားနေရတော့ အပြင်တောင်မထွက်ရဲဘူးတဲ့။အမေပြန်ပြောပြဖူးတယ်။ ပြောလိုက်

မေးငေါ့လိုက်ကြတဲ့ အသိုင်းအဝိုင်း ကြား အမေခလေး၃ယောက်နဲ့၊ကြံကြံခံနိုင်ခဲ့တယ်။ အဖအပြင်ရောက်ပြီး ထိုင်စားတာ ၁၅နှစ်နီးပါးတဲ့..။ အမေ တချက်မှမညီးတွားခဲ့ဘူး။ နောက်ပိုင်းမှ အဖေစီးပွားရေးပြန်လုပ်ပြီးပြန်
တက်လာချိန်ကိုယ်တို့ ကျောင်းပြီးပြီ။ ၈၈ အရေးအခင်းကာလ နောက်ပိုင်း စီးပွားရေးလောကကြီးက တမျိုး
ပြောင်း သွားတယ်။ ဖားနိုင်ရင် စားနိုင် တယ်လေ။ အသက်ကြီး လာတော့ မဖားတတ်တဲ့ အဖေတို့ကပရဟိ တတွေဘဲဇောက် ချလုပ်ခဲ့တယ်။ ရိုးရိုးလေးဘဲ ဘဝကိုဖြတ်သန်းကြတယ်။ ကိုယ်တို့မြို့လေးမှာ အဖွဲ့အစည်း
တော်တော်များများ အဖေစတင်ခဲ့တာတွေ ပြန်ထူထောင်ခဲ့တာတွေ အများကြီးပေါ့လေ။ အဖေဆုံးပြီးနောက်
၎နှစ်အတွင်း အကို၂ယောက်လုံး ရှေ့ဆင့်နောက်ဆင့် ဆုံး သွားခဲ့ကြပြန်တယ်။ ဘဝရဲ့နိမ့်တုံမြင့်တုန် လော ကဓံတရားအမေခါးစည်းခံ ရတယ်။ မျက်နှာတချက်မပျက်ဘဲ မယ်ငီးတို့ညီအမရှေ့မှာ ထိမ်းထားနိုင်ခဲ့တယ်။
တခါခါ အမေနေတတ်တယ်ပြောပြီး အမေမို့လို့နေတတ်တာပါ..ပြောခဲ့သူ။ သံမဏိစိတ်ဓါတ်အမေကြီးပါ...။


အမေ့မြေးတသိုက်အမေ့ပြာအိုးလေးရေမျှောပြီးနူတ်ဆက်လိုက်ပြီလေ
အမေရိုးရိုးလေးဘဲနူတ်ဆက်သွားခဲ့ပါပြီ...အမေသွားတော့မယ်နော်...တဲ့....။ အမြဲအိမ်ကိုဖုံးဆက်နေကျ...
အမေတို့နဲ့စကားပြောလိုက်နောက်လိုက်နေကြတာ။ ခုတော့ ဘာလုပ်ရမှန်းမသိ။ တကယ်ဘဲ ဟာလာ ဟင်းလင်းဖြစ်သွားပြီ။ အမြဲတမ်းပါဘဲ..အရင်သွားနှင့်သူတွေက အေးချမ်းသွားတာပါ။ ကျန်ခဲ့တဲ့သူတွေတော့
လွမ်းဆွေးနေရတယ်။ သတိရနေရတယ်။

မိတ်ဆွေအားလုံး မိဘတွေရှိသေးရင်လည်း ပြန်လည်ပြုစုကြပါ။ သူတို့မရှိတဲ့အချိန်သတိရရင်လည်း အလ ကားပါဘဲလေ...။ အနေဝေးရင်လည်း ဖုံးလေးတချက်ဆက်ပြီး မာကြောင်းသာကြောင်းလေးမေးပါ။ ကျမဆို
၃လနေလာပြီး ပြန်လာတာ။ ရောက်ပြီး တလကျော်မှာ ဆုံးသွားတာကိုဘဲ ယူကျုံးမရဖြစ်မိတယ်။ ဒီလိုမှန်း
သိရင်နေခဲ့တာပေါ့..လို့...။ ဘယ်သူကလည်းသိမှာလဲ..အမေကသာ တတွတ်တွတ်ပြောခဲ့တာ နောက်တခါ သမီးပြန်လာရင်အမေမရှိတော့ဘူးတဲ့...။မယုံချင်ခဲ့ဘူး..။ခုတော့ ယုံလိုက်ရပါပြီလေ..။ အမေ့ရေချိုးပေးခဲ့တာ ခြေသည်းလက်သည်းလေးတွေညှပ် ဆံပင်ညှပ် အခန်းရှင်း လုပ်ပေးရင်း သူ့နဲ့စကားပြောခဲ့တာ။ အရင်တုံး
ကအကြောင်းတွေပြောရင်း ရီမောခဲ့တာတွေ...အမြဲတမ်းသတိရနေတယ်..။ခုလောလောဆယ်တော့ မေ့လို့
မရနိုင်သေးပါ...။

အမေ့ကိုနောက်ဆုံးကန်တော့ခဲ့တာအဲ့အချိန်ကနောက်ဆုံးဆိုတာလည်းတကယ်မသိခဲ့ပါဘူး
အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
#meemeenage