Friday, February 24, 2017

ရေခဲဟော်တယ်

မင်္ဂလာပါရှင်~~~
ပရိုကင်မရာမင်း😁


ဟော်တယ်ခန်းလေးကမဆိုးဘူး မနက်စာမပါဘူး
ကိုယ်တော့ မနေ့ညကမုန့်လေးနဲ့မိတ်ဆွေတို့ပေးတဲ့ ဒိန်ချဉ်တွေနဲ့ အိုကေလိုက်ရတယ်😆 ချွေတာစုဆောင်း
သူထေးလောင်းကွ..။ ဟော်တယ်ကနေလှမ်းကြည့်တော့ ကောင်းကင်ကြီးကသာယာလှပနေပါတယ်။ ဂိုက်
မမလေးပြောတာ ဒီနေ့ကသူတို့ဆီမှာ စပယ်ရှယ်အရမ်းအေးပါမယ်တဲ့.... -21 ံC ဖယားဖယား...
ကိုင်း..လမ်းတလျှေက်ဖြတ်သန်းသွားတဲ့နေရာကြည့်လိုက် အေးစက်မာကြောနေသလို....။ မြစ်ပြင်ကြီး
လည်းရေတွေခဲလို့..။
ဒီဒေသက ပြင်သစ်စကားပြောဆိုတော့ အခေါ်အဝေါ်တွေကလည်း ပြင်သစ်တွေလိုပါဘဲ..


Quebec ထဲပြန်ရောက်လာပြီ။
ရေခဲဟော်တယ်ဆိုလို့...ရေခဲတုံးကြီးတွေလိုက်ရှာတာ..မတွေ့ရဘူး...ဒါကတော့ အဝင်ဝ..
ထုံးစံပေါ့..တံခါး ၂ ဆင့်ဖြတ်ပြီးသွားလိုက်ရင် အထဲမှာနွေးသွားတာဘဲ..လူတွေလည်း တရုန်းရုန်းနဲ့၊ လက် မှတ်ပြသွားချင်တဲ့နေရာပြော..၊ တာဝန်ကျသူတွေက လိုက်ပြပေးတယ်။ ကစားကွင်းရှိတယ်။ ရေကူးကန်ရှိ
တယ်။ ရေခဲဟော်တယ်ရှိတယ်။ ရိုးရိုးဟော်တယ်ရှိတယ်..ကဲပြော...ဘယ်နေရာသွားမှာလဲ...။
ကိုယ်တို့တော့ တနေရာရောက်ရင် ခင်သက်ထွေးလေ... ရေအိမ်ရှာရတာပါဘဲရှင်...😂
လူတွေအတော်များတာဘဲ.. ၃လလောက်ဘဲဖွင့်တာကို လာကြတာ သန်းချီပါတယ်တဲ့...။ ရေကူးဝတ် စုံတွေနဲ့ လူတွေကိုတွေ့တော့အစက အရမ်းအံသြနေတာ။ ကိုယ်တို့မှာတော့ စစ်ထွက်မဲ့အတိုင်းပတ်ရထပ်ရနဲံ
သူတို့က ဘီကနီတွေနဲ့ ခေါင်မိုးတခုထဲအောက်မှာ လူတန်းစား၂ရပ်ရှိလေသည်..👀အင်္ီထူတွေကို
လက်ခံပေးတဲ့ကောင်တာတွေလည်းရှိတယ်။ ခလေးတွေအများကြီး အုပ်စုလိုက် အထူထည်တွေချွတ်ကြ
တော့ ခင်စပ်စုက သွားကပ်မေးပါတယ်။ သူတို့လို ငါလည်းချွတ်ပြီး အပ်ခဲ့ရမှာလား..လို့..။ ဘယ်သွားမှာလဲ
မေးမှ ရေခဲဟော်တယ်ဆိုရင်မလိုပါဘူးတဲ့။ ဟိုကခလေးတွေက ရေကူးတဲ့.အဲဒီနေရာအထဲကိုဝင်ကြည့်ချင်တာ..မဝင်ရလို့..ဘယ်လောက်ကြီးတဲ့ရေကူးကန်လည်း တကယ်သိချင်တာဆို...လူတွေအများကြီးရာချီ
ပြေးဝင်သွားကြတာ...
ကဲပါလေ..မှန်တံခါးကြီးရဲ့ ဟိုဖက်မှာတော့ ဘောကွင်းတွေနဲ့ နှင်းလျှောစီးနေကြတာတွေ့ရပြီ....
ကဲ..အထဲဝင်ကြရအောင်...နှင်းကဖြူ ရေခဲကဖြူမယ်ငီးအင်္ကျီကဖြူ..ခင်ခင်ဖြူဖွေးနေတာဘဲ..
 
 လူကလည်းအမြဲအိတ်တလုံးကိုင်နေတာ အဲ့ထဲမှာ သိုးမွှေးစောင်သဘက်တခုထဲ့လာတယ်..ချမ်းရင်ခြုံဖို့..
ဒါတ်ထဲမှာ ပုံပဲ့လိုက်တာဟယ်...😝
 အထဲမှာရေခဲတုံးတွေကို တိရစ္ဆာန်ပုံထုလုပ်ထားပါတယ်...
 တံခါးကို အထဲကနေပြန်ကြည့်ရင်...
 ချာဒ့်ကျောင်းထဲကထိုင်ခုံတွေ...
အဲ့ဒီနေရာမှာ တနှစ်ကို မင်္ဂလာဆောင်ပွဲပေါင်း ၂ဝဝ ကျော်ကျင်းပရတယ်တဲ့...
ရေခဲဟော်တယ်ကဂိုက်ကြီး....သူရှင်းပြနေတာ ကိုယ်လည်းထိုင်နားထောင်နေတာသူကပြီးတော့လာ
ပြောပါတယ်။ အဝင်ဝမှာ ၄၅မိနစ်တခါ လိုက်ပြောပေးတာရှိတယ်။ အဲဒီနေရာမှာနားသွားစောင့်နေပါ။
ခုဟာကတဝက်တပျက်ဖြစ်နေတာရယ်၊ သူတို့Tourကသပ်သပ်မို့လို့ပါ...တဲ့ မျက်နှာချိုချိုလေးနဲ့
လာပြောပေးပါ တယ်။ အားနာလိုက်တာ အော်ငါလည်းအရှက်မရှိသူပြောတာနားထောင် သူ့ကို 
Video တွေရိုက်မိတာကိုးဘဲဒီးဆော်ဒီး.အခါတသောင်းပြောပြီး ပြေးထွက်လာရတယ်..
နိုင်ငံကြီးသားကိုကိုရေ့...
ကဲပါလေ...အချိန်ရှိခိုက် ဓါတ်ပုံရိုက်....ဟီးဟီး ကိုယ်ကလည်းရိုက် မိတ်ဆွေကလည်း ပဲလိုက်ပေးနဲ့ အရမ်း
ကြီးဟန်ကျလို့..ပျော်စရာကောင်းထှာ...
 သူတို့ lobby ထဲကထိုင်ခုံနဲ့ပန်းသီးစားပွဲ
 အရက်ဘားတဲ့...
 မယ်ငီးနဲ့မိတ်ဆွေသားအမိ..
ဟေး..ရှားရှားပါးပါး..မီးလှုံလို့လည်းရတဲ့နေရာလည်းရှိ....
 ရေခဲဖုံးကြီး...
 ထိုင်ခုံတွေက သားမွေးထည်တွေခင်းထားတာ..ထိုင်ရင် ရေမစိုဘူး...
 ဓါတ်ပုံမရိုက်တတ်ရင် အားလုံးကဖြူနေတာ..ဘာမှမလှပါဘူး....
 လူတွေလည်း ဟိုနား ဒီနား...မပါအောင်ရိုက်တာ..တခုမှမကောင်းဘူး...
ရေခဲဟော်တယ်အိပ်ခန်း... တခန်းကို 400 $လောက်ပေးရတယ်။ ပရိုမိုးရှင်းအချိန်ဆိုရင် 290$ ကျော်တဲ့။
ရေခဲလှော်ကား..သံပြားတော့ထဲ့ထားတာတွေ့ရတာဘဲ..အဲ့ထိပ်တက်ပြီး ဘေးကနေရေခဲပေါ်လျှော်ဆင်းလာ လို့ရတယ်...ကိုယ်တို့ထဲကတရုတ်အဖိုးကြီးတယောက်လျှောဆင်းတာ သူ့ကိုယ်ကြီးကလေးလို့ လျှော်ကနဲမ ဆင်းလာနိုင်တော့ လက်နဲ့ထောက်ထောက်ပြီးတွန်းလာရတယ်..ပါးစပ်ကလည်းအော်လိုက်တာ မိန်းမရေ.. ငါလာပြီ ကင်မရာချိန်ပါဟ ချိန်ပါဟ..နဲ့..တကယ်ရီရတယ်...
ကဲ..အချိန်စေ့တော့မယ်...သတ်မှတ်တဲ့နေရာအရောက်ပြေးရမယ်လေ...ရေခဲဟော်တယ်ဝင်းထဲက မုန့် ဆိုင်မှာ မုန့်ဝယ်စားတာ Video ဘဲရိုက်ထားမိတာ..အဲ့တာတင်တာမရဘူး..ဆိုက်ကြီးလို့တဲ့..အဲ့ဒီမှာပြော
ပြချင်တာက သကြားကွက်ကီးတဲ့..၃ခုကို (၄-၅ ဒေါ်လှလောက်ကျမယ်နဲ့တူတယ်) တခုမှ အမေရိကငွေ ၂၅ ပြားစေ့တန်လောက်ဘဲရှိတာ..သေးသေးလေး...စားဖူးသည်ရှိအောင်ဝယ်စားကြတာ..အိုးလာလား...
ပြင်သစ်လိုအော်ပါရစေ..သကြားခဲကြီးကိုက်ရသလိုဘဲ...ဘာမှအန့ံ့အရသာမရှိ...မြန်မာပြည်မှာ မိန်းခ
လေးတယောက် ထန်းညှက်တွေနဲ့ စားစရာလုပ်ပြီး အထုပ်လှလှလေးရောင်းတာ...အောင်မြင်တယ်ဆိုတာ
မထူးဆန်းပေဘူးဘဲ...မွှေးကလည်းမွှေး အချိုကစိမ့်နေတာ...။ တကယ်တန်းလုပ်မယ်ဆိုရင် ကိုယ်တို့ပြည်
ကဒေသအသီးသီးရဲ့ ရိုးရာမုန့်တွေကို အဆင့်မြင့်ပြီးသပ်သပ်ရပ်ရပ်ထုပ်ပိုးရောင်းချမယ်ဆိုရင် တကမ္ဘာလုံးဘယ်နေရာမဆို သွားရောင်းလို့ရတယ်။ မယ်ငီးကိုလာပြောရောင်းပေးမယ်..ဈေးကွက်ရှာတာ လွယ်မှလွယ်😏
နောက်တော့ ပြန်အထွက်မှာ ရိုရိုးဟော်တယ် lobby ကနေဖြတ်သွားရတာ..
 ခလေးတယောက်ကို ဆွဲလာတာ..မြင်လို့.. 
 
 ခလေးတင်မက လူကြီလည်းစီးကြတာပါဘဲ..ကိုယ်လည်းစီးချင်တာ..အချိန်မရလို့...
ကဲ...ကမန်းကတန်းရေးတဲ့စာလို့သာ မှတ်ယူပါ....နောက်အပတ်ခရီးထွက်ရမှာ မထွက်ခင်ရေးပြီး တင်တာ
ကိုဆက်တင်နဲ့ချိန်ထားတာ... မိတ်ဆွေများ ဒီစာဖတ်ချိန်မှာ မယ်ငီး ရေခဲအရပ်ကနေ ရေပူူပူူ နေပူူပူရှိရာ အရပ်ကို သွားဖို့ လိမ်ပြန်ကြီးထဲကွေးပြီးအိပ်နေတဲ့အချိန်လို့သာ..မှတ်ကြပါရှင်.....နောက် ၃လလောက် ကြာမှပြန်လာမှာဖြစ်တဲ့အတွက်..ကြားထဲပျောက်နေရင်လည်း... ရွှေပြည်ကြီးတနေရာမှာ ဒူးနန့်နေတာဖြစ်
လို့ ခွင့်လွှတ်ပါရှင်.... (ဖုံးလေးနဲ့ အင်တာနက်လောကကြီးကိုမကြည့်တတ်ဘူးလေ) old fashion lady
ဖြစ်လို့ ဖုံးလေးကလည်း သေးသေးလေးဘဲကိုင်တာလေ.. 😀😂😋

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
#meemeenage

Monday, February 13, 2017

ကနေဒါဆောင်းရာသီပွဲတော်အလည်ခရီး

မင်္ဂလာပါရှင်~~~
အနောက်နိုင်ငံဖက်မှာ Jan နဲ့ Feb ဆိုတာဆောင်းရာသီထဲမှာတော့ အအေးဆုံးကာလပေါ့..။ ဒီလိုကာလ
မှာဘဲခင်ခင်ကြောင်တယောက် အဖော်ကောင်းလို့ Quebec Winter Carnival Tour 
၃ရက်ခရီးထွက်ခဲ့ပါတယ် 😂 ပုံမှန်က တယောက် ၁၇၆ ဒေါ်လှပေါ့လေ..။ ၃ယောက်တခန်းထဲနေမယ်ဆိုရင် ၁၁၈ နဲ့ရမယ်ဆိုလို့၊
မိတ်ဆွေသားအမိတွေက ၂ခါ မခေါ်ရပါဘူး..ကျားကျားကို ရှင်ကအလုပ်ကိစ္စနဲ့ပတ်သက်ပြီး ခဏခဏ
သွားဖူးနေတာ ဒီတခါတယောက်ထဲ ဒိုးမယ်နော့်ဆိုပြီး အထုပ်ပြင်လို့ မယ်ငီးကောက်ကောက်ပါလိုက်
သွားခဲ့ပါတယ်။

Tour က နယူးယောက်ကနေစတာ ဖြစ်လို့ တခါတလေ နယူးဂျာစီကိုလာမကြိုပေးတာလည်းရှိတတ်ပါတယ်။ 
ဒီတခါတော့ သူတို့လူနဲလို့လားမသိ Jersey city မှာလာကြိုပေးလို့ လိုက်ဖြစ်တာလည်းပါပါတယ်လေ..။ 
pick up မဲ့နေရာနဲ့ အိမ်နဲ့က နောက်ထပ် ၄၅ မိနစ်လောက် ကားမောင်းသွားရပါတယ်။
Holland Tunnel နဲ့ကပ်ရပ်နေရာဆိုတော့ နယူးယောက်သွားမဲ့ကားတန်းကြီးတွေကြားထဲမှာညှပ်နေ
တာတချက်မှားရင် နယူးယောက်ထဲဝင်သွားမဲ့ကိန်း..။ GPS ကဘယ်ကွေ့ဆိုရင် ညှာဖက်ခေါင်းယူတတ်
တဲ့ကျားကျားကြီးတော့ ဒီတခါ ရင်သိမ့်တုန်စွာနဲ့ နေရောက်ဆိုက်ဆိုက်မြိုက်မြိုက်ရောက်အောင်ပို့ပေးပြီး
တာတာသွားပါတယ်။ သူက ၈နာရီကွန်ဖရင့်CALL တဲ့။ ၇နာရီကတဲကလာချထားပေးခဲ့တာ၊ ချိန်းတာ ၈နာ
ရီ။ ကားလာတာက ၉နာရီနီးပါး...အဟဲ..အမေရိကန်စံတော်ချိန်ဆိုတာ စီလုတ်တွေနဲ့တွေ့တော့ မှားလေပေါ့
ဟယ်..။ ဒီလိုမျိုး Tour တွေက စီလုတ်တွေများတယ်လေ..။ အခုလည်း တကားလုံး ဟောင်ကောင်ဖွား
အမေရိကန်စီလုတ်ကြီးများတွေချည်းပါဘဲ။ မိတ်ဆွေ၂ယောက်ကတော့ မြန်မာပြည်ပေါက်ဖော်ပေါ့..ဟီး
ကြားထဲမှာ ရှမ်းလအော့လအယ်မယ်ငီးရယ် ကုလားလင်မယားတတွဲရယ်ဘဲရှိတာ..။ ၂နာရီနီးပါးစောင့်နေ
တာချမ်းလိုက်တာ လေတိုက်ရင် ချမ်းနေတဲ့လူတွေ တုန်တက်သွားအောင် ခံစားရတာ..။ ဟိုရောက်ရင်
ဘယ်လိုလုပ်ကြမှာလဲမသိ...။ အစီအစဉ်ကတော့ Montreal မှာတနေရာလည်မယ် ညစာစားမယ်ပြီးမှ Quebec ကိုချီတက်ကြမှာလေ..။ကိုင်း...သွားကြတာပေါ့လေ..။
နေ့လည်စာတော့ ကားရပ်စခန်းတခုမှာဘဲရပ်ပြီးအပေါ့အပါးသွား စားသောက်ပေါ့..မယ်ငီးတော့ ကံကောင်း
ထောက်မစွာနဲ့ကြက်သားခေါက်ဆွဲ သူတို့အခေါ် CHICKEN NODDLE ပေါ့..သေးသေးလေးတပုဂံနဲ့ပြီးခဲ့ပါ
တယ်။ ( အီတလီအစားအစာရောင်းဆိုင်မှာ မေးကြည့်လို့ရတာ၊ သူရေးထားတာက ကြက်သွန်နီSoupနဲ့ ခရမ်းချည်သီးSoupဘဲရတယ်..တဲ့)အနောက်နိုင်ငံနေပြီး ဟမ်ဘာဂါတွေ ဗီဇာတွေမကြိုက်ခြင်းကလည်း ခရီးထွက်ရင်နဲနဲဒုက္ခရောက်တတ်တယ်။ အပေါ်ကပုံကတော့ Canada ရောက်ခါနီး တနေရာရဲစခန်းဘဲ၊ ဒါပေမဲ့ 
ရေချိုးခန်း ရေအိမ်တွေကျကျနနလုပ်ထားတာ၊ နားနားနေနေနေလို့ရတယ်။ ဘာမုန့်ဆိုင်မှမရှိဘူး။ ပါလာတဲ့သစ်သီးဝလံ သားငါးတွေကို အားလုံးစားချင်စားမစားရင် လွင့်ပစ်ရတယ်။ကနေဒါထဲ သွင်းခွင့်မရှိစစ်လို့တွေ့ရင် ဒဏ်ငွေ ၂၅ဝ ဒေါ်လှကြီး တဲ့ဗျား...။
အမေရိကားနယ်စပ်ဂိတ်....ကိုယ်ပိုင်ကားသေးသေးလေးတွေတာ့ အဲ့နေရာမှာ ဖြတ်ကြတာဘဲ။ ကနေဒါ ကအပြန်ခရီးပြောတာပါ..ကားပေါ်ကလည်းဆင်းစရာမလို PP စာအုပ်လေးစက်မှာပြရုံဘဲ လားတော့မသိ.. 
တစီးပြီးတစီးဖြတ်သွားတာမြန်တာ။အသွားတော့ ဘာမှမကြည့်ဘူး။ကိုယ်တို့ကိုလည်းမစစ်ပါဘူး။ အမေရိကအထွက်ဆိုရင် လေယာဉ်ကွင်းမှာလည်း မစစ်သလိုဘဲ..ဒီမှာလည်းမစစ်ပါဘူး..။
ဒီပုံကတော့ ကနေဒါအဝင်ပါ..။ တာဝန်ရှိပုဂ္ဂိုလ်ကအားလုံး အမေရိကန်တွေလားလို့ လာမေးပါတယ်..။ 
၉၅% ကအမေရိကန် ဂရင်းကဒ်နဲနဲပါတယ်ဆိုလို့...။ အထဲကိုအားလုံးကြွကြပါတဲ့။ ကဲ..အောက်ဆင်းရ
ပါတယ်..မယ်ငီးက ဂရင်းကဒ်ဘဲကိုင်ပါတယ်။ သူကြည့်ပြီးမေးရှာတယ်..။ ပိုက်ဆံဘယ်လောက်ပါလဲတဲ့။
ရှက်ရှက်နဲ့ဝန်ခံရတယ်။ ဟုတ်ကဲ့ ကျမ ကျားကျားက ၂၅ဝ ဘဲပေးလိုက်ပါတယ်ရှင့်..ပေါ့လေ 😁😝
(ဘာရမလဲ ကဒ်နဲ့သုံးလာခဲ့တာပေါ့ကွ...နော့်)

 ကားမှန်ကလည်း မူန်၊ လမ်းတွေပြင်လို့ ကားကလည်းခုန်၊ လက်ကလည်းတုန်တော့ ဒီတခါ ငီးငီး ဒါတ်ပုံ
တွေလှလှမပြနိုင်တော့ပါဘူးရှင်..။ အဲ့တာကတော့ Montrel မြို့ပါ...။
သူတို့တံတားတခုကို အကြီးအကျယ်ဆောက်နေတယ်။ ဘေးမှာလည်းတံတားတွေ အများကြီးပါ။ အမေရိကနဲ့တိုက်ရိုက်ဆက်တဲ့အမြန်လမ်းမကြီးလို့ပြောပါတယ်..။ စကားမစပ်ပြောရရင် ကျားကျားကြီးလွန်ခဲ့တဲ့
၂နှစ်ကျော်လာက်ဆိုပါတော့ ကနေဒါကပရောဂျက်တခုမှာ အလုပ်ဝင်ဖို့ အားလုံးအဆင်သင့်ပေါ့၊ မယ်ငီး
လည်းခဏနေအုံး..တောပြန်မယ်ဆိုပြီး ခဏပြန်ချိန်မှာ သူခြေထောက်ကျိုးတာနဲ့ အဲဒီ အလုပ်ကို မလုပ်ဖြစ်
တော့ဘူး။ ကနေဒါက လျှပ်စစ်မီးတွေကို အမေရိကားဖက်ပြန်ပို့တာတဲ့ ဗို့အားမြင့်ဓါတ်အားတွေပြန်ပို့ရင် 
သူပြောပြဖူးတာက ACကနေDC ကိုပြောင်းတယ်ဆိုလား..ဒီကလည်းသိပ်နားမလည်ပါဘူးလေ..။ သူက 
အဲ့လိုနေရာမှာအလုပ်လုပ်တာပါ...။ ဆိုလိုချင်တာက ကနေဒါကလျှပ်စစ်ဓါတ်အားတွေ အမေရိကားကပြန် 
ဝယ်သုံးရတယ်..ဆိုတာပါဘဲ...😊
ဒီတော့ အမေရိကားနဲ့ ဆက်သွယ်တဲ့လမ်းတွေဆို ဖြောင့်တန်းနေတာဘဲ...။ တခြားကုန်ပစ္စည်းတော်တော်
များများလည်း ကနေဒါကနေလာတာပါ..။
 မြစ်တွေချောင်းတွေလည်းရေတွေခဲလို့..အပြန်ခရီးမှာ ဖြစ်ကိုဖေါက်ပြီး ငါးမျှားနေကြတာမြင်ခဲ့သေးတယ်..

သူတို့ဆောက်နေတဲ့ တံတားပရောဂျက်ကြီးပါ...။ မယ်ငီးတို့နေခဲ့တဲ့ နယူးဂျာစီ County တခုက တံတား
သေးလေးတခုကို ပြန်ချဲ့တာ ၂နှစ်ကျော် ၃နှစ်နီးပါးကြာပါတယ်..ခုမှလုံးလုံးကြီးပြီးသွားတာပါ..။ ဒီလို တံ တားတွေဆောက်တာ ခိုင်ခံမူ့ကအဓိကကျတဲ့အတွက် ကြာချိန်ကို အရမ်းကြီး serious မထားဘဲ စနေ တနင်္ဂနွေလိုနေ့မျိုးမှာဘဲ ဆောက်ကြတာတွေ့ရတယ်။ ကျန်ချိန်တော့ သေးသေးမွှားမွှားလေးတွေ လမ်း
မပိတ်အောင်ကြံဖန်ပြီးဆောက်လုပ်ကြတာပါဘဲ..အဟဲ..ပြောကြည့်တာ...ရန်ကုန်ကမိုးပျံတံတားကြီးအ
ကြောင်းဖတ်ဖူးလို့..ဒုံးစိုင်းပြီးအမြန်ဆောက် လမ်းကိုလည်း ဒုံးစိုင်းအမြန်ဖောက်တော့ လူတွေလည်း အမြန်
နည်းနဲ့နိဗ္ဗာန်ရောက်ကုန်ရော...တဲ့..။ ဒါနဲ့ ဒီလိုအမြန်လမ်းမှာ sub ကန်တရိုက်ယူပြီး လမ်းကိုတောင်မမြင်
ဘူးဘဲ အဆင့်ဆင့်လွဲယူသူများ.၃-၄ဆင့်အထိ ကန်ထရိုက်ယူပြီးဆောက်ကြတာတဲ့။ ဒီတော့ အားလုံး
ဆိုပါတော့ တနည်းနည်းနဲ့အမြန်လမ်းလူသတ်တရားခံစာရင်းထဲပါနေတယ်လို့မယ်ငီးပြောရင်..😶😪 😨
လွန်တယ်လို့ထင်မလားရှင်..တော်ပီလေ...ခရီးပဲဆက်ရအောင်..
.
 Montreal ညနေခင်းလေး....
နောက်တော့Mount Royal တောင်ထိပ်မှာရှိတဲ့ St. Josephs Oratory ခရစ်ယာန်ဘုရားရှိခိုးကျောင်းသွား
ရပါတယ်။ ကနေဒါရဲ့အကြီးဆုံး church တခုလည်းဟုတ်ပါတယ်တဲ့။
 ကိုယ်တောင်ခပ်တည်တည်...မီးပူဇော်လိုက်ပါသေးတယ်..။
ခေါင်းလောင်းဆိုတာ ဘာသာမရွှေး ကုသိုလ်ကောင်းမူ့ပြုတဲ့နေရာမှာ ရှိနေတတ်တာဘဲနော့်...။
အဲ့ဒီဘုန်းကြီးကျောင်းကြီးကို စတင်တည်ထောင်သူရဲ့နှလုံးဆေးရည်စိမ်ထားတဲ့နေရာတဲ့...လုယက်တိုး
ဝှေ့ကြည့်ရတာ..ဘာမှလည်းသဲသဲကွဲကွဲမမြင်ရပါဘူး..။
ရှင်းပြတဲ့သူကတနေရာမှာ ကိုယ်တို့ကတနေရာရောက်နေတာ ဟီး..ဘာမှန်းမသိ မြင်ရာရိုက်လာမိပါ၏..
ဒါကတော့ ကိုယ့်ဒေသအလိုက် သူတို့ခရစ်တော်မွေးဖွားခန်းကို ထုလုပ်ပုံဖော်တာ..။ အားလုံးထဲမှာမှ မယ်ငီး
က အာရပ်ကပုံလေးသဘောကျတယ်..။ တကယ်ဆိုရင် ယေရူခရစ်တော်မွေးဖွားတာ..အာရပ်ဒေသကပါဘဲ
လေ။
ဒါကတော့ ထိုင်းတွေပုံဖော်ထားတာ ထမိန်လေးဝတ်လို့...။
 ဘုန်းတော်ကြီးရဲ့ပုံတူ...
ခင်ပြာယာ..ဆိုတဲ့ငီးငီးပေါ့...ချာ့ဒ်ကျောင်းကြီးဘယ်လောက်ကြီးသလဲဆိုတာ..ပြချင်လို့ပါ အထဲမှာရိုက်ထား တာကလည်းဒီတပုံထဲရှိတယ်တဲ့...😏
နှင်းတွေကျလို့ အရှေ့ဖက်ထွက်တဲ့တံခါးပိတ်ထားတယ်..မှန်ကြားထဲချောင်းကြည့်ပြီးရိုက်ခဲ့တာပေါ့...........
Montreal ကညနေခင်းမှာ လှနေလို့ဘဲ...
တောင်ပေါ်ကနေကြည့်တာ မြို့ကိုစီးမြင်နေရတာ..အရမ်းလှတာဘဲ...ဓါတ်ပုံရိုက်တော့ ဆက်တင်ပြောင်းပြီး
ရိုက်တာ ခဏလောက်စောင့်ရတာကို ခပ်မြန်မြန်ရိုက်ပြီး ပြေးတော့ ဘာတခုမှကောင်းကောင်းမရလိုက်ဘူး
ဒါကြောင့် လက်ဖက်ကောင်းစားချင်ရင် ပလောင်တောက်တက်နှေးရတယ်..တဲ့စကားပုံလေးတောင်..ရှိပါ့
ဟီး..ဆိုင်လား....ဘာမှမဆိုင်သလိုပါဘဲလေ....။
 မြို့ထဲဝင်ပြီး ညစာသွားစားကြမယ်..တဲ့
 သူတို့ဘားတခု...အဖြတ်မှာပေါ့...
 မြို့ကသောကြာနေ့လည်းဟုတ်အေးကလည်းအေးနဲ့ တိတ်ဆိတ်နေတာဘဲ..
ထမင်းသွားစားကြမယ်ချီတက်...လမ်းမှာတွေ့တဲ့ ကနေဒီယံတသိုက် ကိုယ်တို့ကို အညာဇီးယို ဆိုပြီး လိုက်အော်တယ်..ကိုးရီးယားမှတ်လို့...ဟောင်ကောင်ကလူတွေနဲ့ ပြည်ကြီးကလူတွေ အပြင်အဆင် ဝတ်စားတာလည်းနဲနဲကွဲတာကိုး..
  မီးလူံဖို့မီးဖိုထားတဲ့နေရာ ၄ခုလောက်တွေ့ရတယ်...
ကဲ..ဆိုင်သေးသေးဘဲ...ပြင်သစ်စတိုင်တဲ့....
 အထဲမှာလူတွေအများသား..
 စစချင်း...Soup ပေါ့... ရွှေဖရုံသီးလေ ချထားတဲ့ပေါင်မုန့်နဲ့ တို့တို့ပြီးစား..ကောင်းပါ့ဗျား...
ဘာဟင်းကအကောင်းဆုံးလည်း ဆိုတော့ သိုးသားတဲ့..ဒါနဲ့မယ်ငီး..သိုးသားမှာလိုက်ပါတယ်...မှန်တာပြော ရရင် သိုးသားဆိုတာကြီးကိုဒုတိယအကြိမ်စားဖူးခြင်းပါဘဲ...။ တကယ်ကောင်းပါတယ်ဆို နူးညံ့နေတာဘဲ..
 မိတ်ဆွေကြီးက Pork chop ဆိုလား..
အချိုမုန့်လာချတော့ မစားနိုင်ပါဘူး..ဘီရုမာတိုင်းပြည်ကလာသူပီသပါတယ်..စက္ကူနဲ့ထုပ်ပိုးဘယ်ဆောင်လာ
ခဲ့ပါတယ်ဆို..😂 မနက်စာအတွက်လေ... ဟော်တယ်ကမနက်စာမပါဘူး..ဗျ...
အဲ့တာလေး..ကြိုက်တယ်..အိမ်နံရံမှာ စလိုက်ထိုးပြီးကြောငြာတွေ လာနေတာ...အဲ့လိုနေရာမျိုး ၃-၄နေရာ
လောက်တွေ့ခဲ့တယ်..
ကြောင်လေးတွေချစ်စရာ...ကဲညနက်ပြီ..အသေအေး...ဟော်တယ်ကြောင်းကြရအောင်လေး....😂
I am here :P
လကုန်လောက်မှာခရီးဆက်စရာရှိသေးပေါ့...ကြားထဲ အချိန်ရရင်ရသလို ရေခဲဟော်တယ်အကြောင်း သူတို့
ဆောင်းရာသီပွဲတော်အကြောင်း..အာလူးလာပေးရမှာပေါ့လေ...

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
#meemeenage