Wednesday, December 21, 2016

ဖက်ရှင်များနဲ့ကိုယ်တို့နိုင်ငံသား...

မင်္ဂလာပါရှင်~~~

အလို...ဒီတခါတော့..မယ်ငီး..ဖက်ရှင်တွေဘာတွေနဲ့ခေတ်မှီချင်နေပြီမထင်ပါနဲ့..။ ထုံးစံသွားရင်းလာရင်း
အတိတ်ဇာတ်လမ်းပြန်တွေးမိတော့မနေနိုင် ပြောချင်တာပေါ့..။ Fashion  ဆိုတာဘိုစကားကနေတိုက်ရိုက်
ယူပြီးသုံးနေကြတဲ့၊လုံးဝကြီးကို အသုံးတည့်လှတဲ့ ကျမတို့အတွက်နေ့တိုင်းပြောနေကြတဲ့ စကားတခွန်းပေါ့
ရှင်။ သူ့အဓိပ္ပါယ်ထဲမှာမှ ကျမမယ်ငီး အဝတ်အစားဆင်ယင်တာ၊ အပြုအမူစတိုင်ပေါ့လေ အဲ့တာလေးနဲ့ ပတ်သက်ပြီး ပြောပါရစေ...။ကိုယ်တို့ရွှေပြည်ကြီးရဲ့ဖက်ရှင်တော့ တမူထူးခြားတာတွေ အများကြီးပါ။
ကျိုင်းတုံကအလှုတခုစီတန်းလှည့်နေကြတာ

အဝတ်အစားဖက်ကိုကြည့်ရင် မြန်မာပြည်မှာ အမျိုးသမီးတွေဆိုတာ ထမိန်လုံချည်ဝတ်နေကြတဲ့ခေတ်ကနေ
(တိုင်းခြားပြည်ခြား နေရာဒေသကို ၁၉၈၈ နောက်ပိုင်းမှာ ပြောင်းရွှေ့နေထိုင်တာပိုများလာကြတာလေ) ဒီ
တော့ ခေတ်ကာလလဲပြောင်းလဲလာတယ်ဆိုပါတော့။ ထမိန်တွေ အသာခေါက်လို့ ဂါဝန် ဘောင်းဘီတွေ
ပြောင်းလဲဝတ်တတ်လာကြတယ်။ လူငယ်တွေဘဲမဟုတ်ပါဘူးလေ ၅ဝကျော်မယ်ငီး အရွယ်အထိဆိုပါတော့
လုံးလုံးကြီးပြောင်းလဲ ဝတ်ဆင်တာလည်း မဟုတ်ပါဘူး။ ပွဲလမ်းသဘင် မင်္ဂဆောင်အခန်းအနားတွေ 
ဘုန်းကြီးကျောင်းတွေသွားရင်တော့ ထမိန်တွေ အသက်မရူအင်္ကျ ီတွေ..အဲလေ..ကိုယ်ကြပ်အင်္ကျီတွေ
ပြောတာ..အဟဲ..😆 ဝတ်နေကြပါသေးတယ်။

၂ဝဝဝ ခုနှစ်လောက် မယ်ငီး ရန်ကုန်မှာ အူကြောင်ကြားစွာနဲ့ ခဏပြန်ရောက်ခါစပေါ့၊ ရန်ကုန်ရောက်ခါစ
ဝတ်စရာမရှိပါ၊ ထားခဲ့တဲ့အဝတ်အစားတွေကလည်း ၉နှစ်ကြာတော့ ဘီဒိုကဟောင်းလောင်းဘဲကျန်တာ
အမေတို့ အလှုကောင်းကောင်း လုပ်လိုက်လို့ကုန်ပေါ့..။ ပါလာတာတဲ့ တိုနံ့နံ့လေးတွေနဲ့ကိုယ်ကလည်း
ရိူးမပေးချင် 😁ဒီတော့ ဈေးပြေးရတယ်..လွယ်ပါတယ်။ အပေါ်အင်္ကျ ီတွေကတော့ ဝတ်လို့ဖြစ်တယ်။
ကိုယ်ကချည်သားတွေဘဲဝတ်တာလေ။ အသားအရည်အလာဂျီဖြစ်လို့၊ဒါနဲ့မာစရိုက်ခေါ်လား....ချည်သား
ပြောင်
လေးတွေ (ခုတော့ အဲ့လိုမျိုးလိုချင်တာ ပြန်ရှာလို့မတွေ့တော့ဘူး အသားအရမ်းညံ့တာဘဲရှိတယ်)
😕😒
ထမိန်ကွင်းတွေရောင်းတာတွေ့တယ်..အရမ်းလှတာဘဲ။ (ကိုယ်ကကြိုက်တာကိုး..တဒါဇင် တိတိဝယ်တယ်ရောင်စုံရှင့်..ဟိုကမေးပါတယ် နယ်သွားရောင်းဖို့လား...တဲ့..ဟီး..) ဆိုင်သွား..အားလုံးချုပ်ခိုင်းတယ်။
ဆိုင်က
အထက်ဆင်တပ်ရင် ကြာမယ်တဲ့..။ ကဲ...မတပ်ဘဲ ၂ထည်အရင်ချုပ်ပေးဆိုပြီး၊ စောင့်ယူလာရတယ်။ မှတ် မှတ်ရရ ပန်းဆီရောင်နဲ့ ခဲရောင်လိုလို...။ အရောင်တွေလည်း အရမ်းလှ၊ အသားလေးလည်းနူးညံ့၊ အရမ်း ပူရင် တဖြတ်ဖြတ်နဲ့ ထမိန်ကိုခါလို့လည်းရ..လေဝင်လေထွက်ကောင်း..လို့.. ဘယ်ပြောကောင်းလိုက် မလဲ၊ ထမိန်ဝတ်ရတာ အဆင်ပြေပုံများ..😜😝

လူကလည်း ခပ်ပိန်ပိန်ပုပုဆိုတော့ အိတ်စလွယ်သိုင်း၊ ရေဗူးနဲ့ယပ်တောင်နဲ့၊ထီးဂေါက်နဲ့ မျက်စိထဲ သာမြင်
ယောင်ကြည့်လိုက်ပါ။ ရန်ကုန်ရောက် မယ်ငီးဖက်ရှင်ပါရှင်...။ ရန်ကုန်မှာနေခဲ့တဲ့ဘဝကလည်း တကဲ့ကို
တထောင့်တညပုံပြင်ထက်ရှည်တဲ့ ဇတ်လမ်းခင်းနေခဲ့ရတာ။ အဲ့ထဲမှာ ထိုင်းသူဋ္ဌေးတယောက်ပိုင်တဲ့ စိန်
သွေးစက်ရုံမှာ စကားပြန်ဆိုပြီးသွားလျေက်တာ၊ တကယ်အလုပ်လုပ်ချိန်ကြတော့ စကော့ဈေးထဲက သူဖွင့် ထားတဲ့စိန်ဆိုင်ခဏလောက်ကူရောင်းပေးပါဆိုသတဲ့...။ စာရင်းချုပ်တော့ မယ်ငီး စကော့ဈေးခေါ် ဗိုလ်ချုပ်
ဈေးအရှေ့ဖက်တန်းအဝင်နားက ဆိုင်ခန်းတခန်းမှာ စိန်ရောင်းသူဘဝ ၃လလောက် ဖြစ်ခဲ့ဖူးပါတယ်။ထိုင်းသူ
ဋ္ဌေးက သူ့စကားပြန် အမျိုးသမီးတယောက်နံမည်နဲ့ဖွင့်တာပါ။ ဇာတ်လမ်းကစလာပြီ..ဟီး...။ ရန်ကုန်က ဗိုလ်ချုပ်ဈေးလိုနေရာ မှာ ပျိုပျိုအိုအို နိုင်ငံခြားသားအပါအဝင် လူတကာဝင်ထွက်သွားလာနေတဲ့နေရာမှာ၊ ဖက်ရှင်မျိုးစုံ နေ့တိုင်း မရိုးအောင် မြင်နေရတဲ့နေရာပေါ့။ စကားတခွန်းပြောစရာမလို ဖြတ်သွားဖြတ်လာ
လူတွေလိုက်ကြည့်ရုံနဲ့ တခါခါ အူတက်အောင်ရီရတယ်..။

ပို့စကဒ်ကိုင်ပြီး နိုင်ငံခြားသားနောက်လိုက်ရောင်းတဲ့ခလေးတသိုက်ကို အတင်းမောင်းထုတ် ဟိတ်နဲ့ဟန်နဲ့
တိုက်ပုံနဲ့ ယောပုဆိုးနဲ့ လာဟောက်စားပြီး သူကျတော့ အနားကပ်လို့ပိုက်ဆံလှဲချင်ရင်ပြောတဲ့.
ရောင်စုံခဲလုံး..အဲလေ..ကျောက်တွေပြ ပြီးညာရောင်းနေတဲ့သူတွေလည်းရှိပါ့၊ ကိုယ့်(သူဋ္ဌေးက အဲ့ခေတ်မှာ
ဦးပိုင်နဲ့ အလုပ်လုပ် တာဆိုတော့ သူကရန်ကုန်အကြောင်း ကိုယ်ထက်အပုံကြီးသိတယ်) သူကဘောလုံးပွဲတွေ လည်းလောင်း ကစားလုပ်တာ။ သူတခါရူံးရင် သိန်းမြောက်များစွာ၊ တရက်ကျတော့ သူ့ဆီ လူတယောက်
လာပါတယ်။ YG လက်ကိုင်ဖုံးလေးတွေပေါ်ခါစကိုယ်တော်ချောက ရှေ့ကနေ နားကြပ်နဲ့ လမ်းလျောက်ရင်း
ပြော သူ့နောက်ကကောင်လေးကဖုံးကိုင်ပြီး နောက်ကနေတကောက်ကောက်လိုက် ကြားထဲက ကြိုးက တန်းလန်းကြီးပေါ့ရှင်။အဲ့တာ..မီးမီး..သိလား တဲ့။ သူဋ္ဌေးမေးပါတယ်။ ဒီကတောသား ဘာသိလိမ့်မတုံးဗျ
သူကပြောပြပါတယ်။ အဲ့တာ..မှတ်ထား နံမည်ကြီး"ထေဆာ" တဲ့...အဟဲ..ထိုင်းတို့ပြောတဲ့ အသံ အထွက် အတိုင်းရေးတာပါ😉ဂလိုဂလို...😛 တိုတိုကြီး ဖက်ရှင်ကတော့ ရှေ့ကမော့မော့ လျောက်ပါလို့ နောက်က
ကော့ကော့လေးလိုက်ရ တယ်တဲ့ဗျား...။ အော်..မေ့နေလို့  လည်ဂတုံးရှပ်လေးနဲ့ချည်သားပုဆိုးလေးပေါ့ 😣

စကားပြန်ကောင်မလေးမှာ မွေးစားအမတယောက်ရှိပါသေးတယ်။ အဲ့ခေတ် ရန်ကုန်ထုံးစံအလုပ်မရှိယောင်
ခြောက်ဆယ်ကများသား။မေးလိုက်ရင်ပွဲစား..ဘယ်ကပွဲမှာသွားစားကြလဲမသိ..ဟီး..။ အဲ့မမကြီးက အလုပ် သင်သဘောမျိုးလာလုပ်ပါတယ်။ ကိုယ်တိုင်ကစိန်ပွဲစားဆိုလား...။ ထားပါတော့...လာပြီလေ ဖက်ရှင်အ
ကြောင်း..မာစရိုက်ထမိန်လေးနဲ့ ချွေး၂၄နာရီပြန်နေပြီး ယက်ခပ်နေရတဲ့ ခင်ခင်နှမမယ်ငီးကို သူဋ္ဌေးကအ
ထင်ကြီးပေမဲ့( သူက မယ်ငီးကျိုင်းမယ်မှာလုပ်ခဲ့တဲ့နေရာကိုသိတာကိုး..အဲ့တာက သူတို့နိုင်ငံမှာ နံမည်ကြီး) စကားပြန်သူဋ္ဌေးမပေါက်စနဲ့အပေါင်းအပါတသိုက်ကတော့ အထင်စမောတာပေါ့လေ..။ စိန်မမကြီး ဆို
ပေါ်တင်မေးပါတယ်။ မမီးမီး..အလုပ်ကိုလာတာ အင်္ကျီကောလှဲခဲ့ရဲ့လားတဲ့..ညအိပ်ဝတ်အင်္ကျီဖြစ်နေလေ
မလား..ဆိုဘဲ..ဟီးဟီး...။ သူကိုယ်တိုင်တော့ ထိုင်းကလာတဲ့ brand ရှိတယ်ဆိုတဲ့ အင်္ကျ ီတွေနဲ့ဆိုတော့
ပြောအားရှိတာပေါ့လေ..။ အဲ့ခေတ်က ထိုင်ဝမ်အင်္ကျ ီတို့ MK Fashion ကထိုင်းထုတ်အင်္ကျီတွေဆိုရင်
အပျံစားတွေပေါ့လေ..။

ရန်ကုန်မှာ ခပ်စုတ်စုတ်ဝတ်ရင် ဘယ်သူမှလူရာမသွင်းဘူး သိလား။ သားသား နားနား အဝါတုံးအခဲတွေ
ပုလင်းကွဲတွေ အဲလေ..ရွှေတွေစိန်တွေဝတ်မှ သူတို့ကကြည့်တာတဲ့။ အဲ့လိုလူတွေဘဲ သူများကိုလိမ်ရင် 
ထိပ်ဆုံးက..အဟီး ။ မိုးစက်ပုံစိန်လော့ကက်သီးဆိုတာ ဘယ်ကနေ ဘယ်လို ဒီဇိုင်းမျိုးလည်းတော့မသိ၊ အသက် ၄ဝ နောက်ပိုင်း မမတွေ အသေကြိုက်၊ လူတန်းစားမရွှေးနော် မိုးစက်ပုံဆိုပေမဲ့ ခပ်ပြားပြား ပုံစံ
ရွှေပြားပေါ်မှာ စိန်ခဲသေးသေးလေးတွေ အတန်းလိုက် အခွေလိုက်ပေါ့လေ ထဲ့ထားတာ။ ဘုရားစူးစိန်တွေ
ဆိုပါတော့၊ အရောင်ကမဲပုပ်နေတာ ဝါကျင်နေတာ သေချာကြည့် မှန်ကွဲလေးတွေကိုတူနဲ့ထုထားသလို
ကြေ
မွနေတဲ့ အရည်အသွေးရှိစိန်ဆိုတော့ ဘယ်လိုလုပ် လက်ပြောင်နေမှာလဲ..။ အဝါရောင်ရွှေကြားထဲမဲမဲသဲသဲစိန်လော့ကက်ကြီးတွေကိုယ်စီနဲ့ပေါ့လေ။ စိန်အရည်အသွေးကောင်းရင်ကောင်းသလို ဈေးက
မြောက်တော့
စိန်လည်ဆွဲဖြစ်ရင်ပြီးရော ဆိုတဲ့လူတန်းစားရှိနေတော့လည်းပြောသလို မဲခဲသဲလေးတွေ
အရောင်းကောင်း
ပေါ့။ တချို့ကစိန်ကိုဘဲ ဖက်ရှင်ထင်ကြသလို ရွှေမှရွှေဆိုတဲ့ ဖက်ရှင်ပရိတ်သတ်ကလည်း
မနဲမနောဆိုလား။

ရွှေပြည်ကြီးကပုံတွေတင်ရင်မဖြစ်ဘူးလေ..ဟီး
ဒါကတရုတ်ပြည်ကရွှေမမတယောက်..တဲ့
သူ့ဖက်ရှင်ပေါ့...
ထားပါလေ..ဆက်ရအောင်...ဒါပေမဲ့ဗျာ လူတွေကိုအပေါ်ယံလေးကြည့်ပေါင်းကြတာ အမှန်ဘဲ..။နေ့တိုင်း
ဈေးရောင်းရင်း အတွေ့အကြုံတွေ အများကြီး ရပါ့။ ပိုက်ဆံရှိသူလူတန်းစား အများကြီး ပါဘဲ တချို့ကလည်း အနေရိုးကြပါတယ်။

အဲ့ခေတ်က ( ၂ဝဝဝခုနှစ် ပတ်ဝန်းကျင်နဲ့တူတယ်) စိန်တလုံးကို  သိန်း ၁၅ဝ တန် ၂လုံးလောက်လိုချင်ပါတယ်
ဆိုပြီး လာမှာတဲ့မိသားစု၊ ဝတ်ထားတာက ထိုင်းကလာတဲ့ ညဝတ်အိပ် အကျီခြင်ထောင်ဇာကို အနားသပ်ချုပ်ထားတဲ့ ဝမ်းဆက်😂၊ တကိုယ်လုံးစိန်တွေ ပွစိထအောင်ဝတ်ထားတဲ့ အန်တီကြီးက ဖိစကဒ် နဲ့
နငယ် ရှိတ်လေး 😁 လမ်းလျောက်တော့ သူ့မှာ ဂျပန်မလေးလို ခြေလှမ်း စိတ်စိတ်လေးနဲ့လှမ်းရ ရှာတာ
😸😅ထက်ထက်မိုးပြူး ကြော်ငြာတွေနံမည်ကြီးချိန် သူဝတ်သမျှ လိုက်ဝတ်တဲ့သူတွေလည်း အများသား။ လိုက်တာမလိုက်တာ အပထား...ခေတ်ကိုလိုက်မှခေတ်မှီတာကွ..ဆိုတာ အဲ့အချိန် ဗိုလ်ချုပ်ဈေးမှာတွေ့
ခဲ့ရတယ်။ သံရုံးက အမြဲတမ်းဖေါက်သည်တွေလည်းရှိတယ်..။ ကိုယ်တွေကသာ ဟယ်လိုလို့ဘိုလို
နူတ်ဆက်ပေမဲ့ မင်္ဂလာပါခင်ဗျာ...လို့လာလာပြီး အာလူးဖုတ်တဲ့ ရှရှားသံရုံးက မိတ်ဆွေကိုလည်း
သတိရမိပါ
သေးတယ်။

ဈေးရောင်းရင်းနဲ့အတွေ့အကြုံတခု ပြောပြရအုံးမယ်။ လိမ်တဲ့လူတွေ အကြောင်း။  ဈေးဝယ်သူ အများကြီး လာရင် မှန်ဘီဒိုထဲကဟာတွေ တခုထဲ ဘဲထုပ်ပြပါ။ နောက်တခုပြခိုင်းရင် တခုသိမ်းပြီးမှ တခုပြပါလို့
အမြဲသူတို့ကိုကိုပြောရတယ်။ တနေ့တော့ နိုင်ငံခြားသားတသိုက် မယ်ငီးက နောက်အရောင်းစာရေးတ
ယောက်နဲ့  အလုပ်ရူပ်နေချိန်၊ သူ့ဆီ(သူဋ္ဌေးစကားပြန်) မြန်မာတွေပါဘဲ စိန်အကြွေတွေ ကြည့်ချင်လို့တဲ့။
ကိုယ်တချက်တော့ သူ့ကိုကြည့်ပေးပါသေးတယ်။ နောက်တော့ နိုင်ငံခြားသားဆီအာရုံရောက်သွားပြီး
ရောင်းပြီးတဲ့အချိန်မှာဘဲ သူကတယောက်ထဲအလုပ်တွေရူပ်နေတာတွေ့ရတယ်။ ထပ် သလဲလဲ စိန်ပွင့်
တွေရည်တွက်နေတယ်..စိန်တပွင့်ပျောက်သွားလို့တဲ့..။ ဟိုလူတွေလည်း ထွက်သွားလိုက်ပြီလေ။ သူက
အထုပ်လိုက်ဖြေပြတာကိုး...။ သူဋ္ဌေးကိုဖုံးဆက် အကြောင်းကြားတော့ တန်းပြောတာက အဲ့အချိန် မီးမီး
ဘယ်မှာလဲတဲ့..ကဲ..ကြည့်ပါအုံး...။ သူဋ္ဌေးကိုအကျိုးအကြောင်းရှင်းပြလိုက်ပါတယ်။ တကယ်ပါ
ဗိုလ်ချုပ်ဈေးဆိုတာ တယောက်အပေါ် လိမ်ညာစားသောက်နေကြတာက တပုံတခေါင်းကြီး...။
ကြာကြာနေရင်
မယ်ငီး ဂန့်သွားနိုင်တယ်...နောက်တော့ သူတို့ကိုတာတာလုပ်ပြီး လစ်ရတာပေါ့...။

ရန်ကုန်မှာတော့ စနေတနင်္ဂနွေဆိုရင် လူမူ့ရေးနေ့ကြီးလို့တောင်ပြောချင်တယ်။ အလူတွေ မင်္ဂလာဆောင်
တွေ မွေးနေ့ပွဲဘာညာတွေကအများသား။ ဒီကလည်းတတ်နိုင်သလောက်ရှောင်ပါတယ်။ မှန်တာပြောရရင် ကိုယ်ကြပ်အင်္ကျီနဲ့ ယားကျိကျိထမိန်တွေဝတ်ပြီး( ချိတ်တွေ ပိုးတွေမှရတယ်လေ)လူကြားထဲမှာ ပါးစပ်ကြီး
ဖြဲပြီးနေရတာ စိတ်ကြဉ်းကြပ်လို့ပါ။ ဂျင်းဘောင်းဘီနဲ့ စပို့ရှပ်ဝတ်တဲ့သူတွေ၊ ဘုရားပေါ် ကုန်းမရ ကွမရ
စကဒ်ကြပ်ကြပ်ကြီးတွေ လေဒီရူးနဲ့ မြေနီချိုင့်ခွက်လမ်းမှာ အားလုံးဖော်မတတ်တွေလည်း တွေ့ခဲ့ပါတယ်။ ဒါပေမဲ့နေရာဒေသနဲ့ ကိုက်ညီလိုက်လျောစွာ ဝတ်တတ်နေတတ်မှလည်း ဖက်ရှင်ကျတယ်ထင်တာဘဲလေ။

မယ်ငီးသာ မာစရိုက်ချည်သားပြောင်လေး..အသေကြိုက် အဲ့လိုသာ ဝတ်ပြီး အခန်းအနားသွားရင် မေးငေါ့
ကြမှာသေချာတယ်။ ဒီတော့ ကိုယ့်မှာ သူတို့ပြောတဲ့ ရယ်ဒီမိတ်သားဆိုကြီး ဝယ်ပြီး စကဒ်အရှည်တွေ ချုပ် ဝတ်ရတယ်..။ အရပ်ပုပေမဲ့ ပိန်တော့ တော်သေးတယ်။ (ခုဆိုရင် နငယ်ရှိတ်ဖြစ်နေပေါ့ 😂😵) အပေါ်
အင်္ကျီလည်း ချုပ်ရတယ်ဗျား..။ ကိုယ့်ဖာသာကိုယ်ထွင်ထားတဲ့ ဒီဇိုင်းတွေပေါ့...။ အထင်မစမောနဲ့ ဗိုလ်ချုပ်
ဈေးထဲ လမ်းလျောက်နေတုံး လူကိုလာဆွဲပြီး အဲ့အင်္ကျ ီ ဘယ်မှာဝယ်လဲမေးခံရတယ်ဗျ..။ ချုပ်ပေးတဲ့
ယောင်း မက ထိုင်းမှာ သင်လာတာလေ..။ကိုယ်တို့ မြို့ဖက်မှာတော့ စင်တီမီတာနဲ့ချုပ်ကြတယ်။
ပိုတိကျတယ်။ ပိုသပ် ရပ်တယ်ဆိုပါတော့လေ။ ဒီတော့ယောင်းမဆီကို လမ်းညွှန်ပေးလိုက်သေးတယ်။
ဇင်းမယ်ကရှမ်းတွေ အခန်းအနားတခုစီတန်းလှည့်ရင်းလမ်းပေါ်ကနေတာ
တကယ်ဆို ချည်သားစစ်စစ်တွေက ပိုဈေးကြီးဗျား..။ကချင်မနောတိုင်ပတ်လည်နဲ့ထမိန် တထည် ရှိခဲ့ဖူးတာ
အဲ့ဒီအ ချိန်ဝယ်ကတည်းက သောင်းချီပေးရတယ်။စိန်ရွှေရတနာ ဆိုတာကိုအလှဆင်တာလောက်ဘဲ နားလည်ခဲ့တာ၊ ဒီနေရာမှာ ကျွဲနွား ခလောက် နီးနီး ပြူးပြူးပြဲပြဲတွေ ထွင်ပြီးရောင်းကြတာဝယ်သူရှိပါ့မလား
ထင်
နေတာမှားတာဘဲ..တကယ်ဝတ်ကြတာကိုးနော့်...။ သူတို့ဖက်ရှင်ပေါ့လေ..။






ဒါကအင်တာနက်ပေါ်မှာတွေ့ရတဲ့ကြော်ငြာတခုထဲက ကျောက်စိမ်းရတနာရဲ့အလှကိုကိုယ်တော့ဘယ်လိုမှမမြင်ဘူး ပြူးပြဲနေတာဘဲသိတယ် လည်ဆွဲနဲ့နားကပ်ကဝမ်းဆက်ဆိုပေမဲ့အရမ်းနီးကပ်နေလို့မလိုက်ဖက်ဘူးလို့ထင်ပါတယ် ဆိုလိုချင်တာနားကပ်ဆွဲရင် လည်ပင်းမထဲ့နဲ့ပေါ့ အေးလေ..ကြော်ငြာဆိုပါမှ..အားလုံးပါအောင်ထဲ့ရတာပေါ့လေ.ဟီး..နဲနဲဝင်ရှည်ကြည့်တာ😉

ၑနောက်ပြီးတော့ သင်္ကြန်ချိန် ၂ဝဝဝ ပတ်ဝန်းကျင်ကဆို အင်းယားလမ်းက ချောင်ချောင်ချိချိ လည်ပတ်လို့
ရနေ
သေးတယ်။ အဲ့တုံးကဒီလောက်မဆိုးဘူး။ နောက်ပိုင်းကိုယ်လည်း အဝေးကနေ ဓါတ်ပုံတွေနဲ့ ရန်ကုန် သင်္ကြန် ဖက်ရှင် မြင်ပြီးပါးစပ်ဟောင်းလောင်းကြီးကိုဖြစ်ရတော့တာဘဲ...။ ကြုံခဲ့ဖူးတဲ့ ကျိုင်းမယ်သင်္ကြန်နဲ့
ပြန်ဆန်းစစ်ကြည့်တာ...အော်...ခေတ်မှီနေကြသူများကို...သြချမိရုံကလွဲလို့ ဘာလုပ်လို့ရမလဲဗျာ...😵
သူတို့ကမြန်မာတွေရဲ့ချိတ်အဆင်ကိုကြိုက်..ဇင်းမယ်ကထိုင်းတွေရဲ့စီတန်းလှည့်ပွဲဖက်ရှင်
အော်...တခုပြောဖို့ကျန်သွားတာ....ကိုယ်တို့ရဲ့ ခေါင်းဆောင်ကြီး ချည်ထည်လေးတွေနဲ့ကမ္ဘာပတ်ပြီး တင့် တယ်နေတာ ဘယ်လိုကြည်နူးမိမှန်းကိုမသိဘူး...။ ဒါကြောင့်လည်း ချည်ထည်တွေ ပြန်တွေခေတ်စားလာ တာ။ရန်ကုန်မှာလည်း ချည်ထည်ဆိုင်တွေ မိုလိုပေါက်..ဒါပေမဲ့ မယ်ငီးဒီဇိုင်း ဖက်ရှင်မဟုတ်တာတော့ အမှန် ဘဲ။ကိုယ်တွေကလည်း ချောင်ချောင်ချိချိ သက်တောင့်သက်တာဘဲ ဝတ်တတ်တယ်လေ...။
ထိုင်းမလေးတွေရဲ့ရိုးရာဖက်ရှင်...



ဒါကမန္တလေးကနေစစ်ကိုင်းအသွားတွေ့ရတဲ့အလှုပွဲလှည့်နေတာ
ထုံးစံအတိုင်းမူးမယ်သောက်မယ်ဒစ်စကိုတွေကမယ်..

ရူးသလိုလိုပေါသလိုလိုဝတ်မယ်ကမယ်အလှုငွေရမယ်...ဒါ...ကိုယ်တို့ဖက်ရှင်တဲ့လား...

တနေ့ မယ်ငီး ဖက်ရှင်ဆိုပြီး ထွင်ရောင်းရင် ကောင်းမလားလို့... 😁👍👌 ကဲ...အပေါ်ကပုံတွေကြည့်ပြီး
ဘယ်ဖက်ရှင်ကြိုက်သလဲပြော..ဘယ်ဖက်ရှင်ကပိုလှနေလဲ...ကိုယ်တို့သမိုင်းကြောင်းကလှနေပြီးသား
ဖျက်
ဆီးနေကြတာလည်း ကိုယ်တို့ရွှေပြည်သားတွေချည့်ပါဘဲ...။သူတို့ဆီက အပေါစားချုပ်ထားတာတွေ
သွင်းပြီး
ရောင်းကြမဲ့ ဝတ်ကြမဲ့အစား ကိုယ့်မူရင်းတွေကိုဘဲ ပြန်စမ်းသစ်တီထွင် ဖက်ရှင်ကြရအောင်...
ချည်သား နဲ့ချုပ်ထားတဲ့ ကျမတို့နိုင်ငံရဲ့ရေမြေသဘာဝ ရာသီဥတုနဲ့ကိုက်ညီတဲ့ အဝတ်အစား(ထပ်ကွန့်ရရင်
အသက် ရူရ မခက်သော..ဝတ်စုံ 👍) တွေနဲ့ မြန်မာပြည်သားများအားလုံးလှပကြပါစေ....

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး

Tuesday, December 6, 2016

ကြုံဖူးခဲ့တဲ့ဂျပန်များ(၂)

မင်္ဂလာပါရှင်~~~
ထုံးစံအတိုင်း မယ်ငီးတော့ ကိုယ်ရဲ့အတွေ့အကြုံလေးတွေဘဲ အာလူးလာဖုတ်ရတာပေါ့လေ..။ ညီမလေးတ
ယောက်ကဂျပန်အတွေ့အကြုံလေးဆက်ရေးပါ..ဆိုတာနဲ့ ကြုံတာလေးတွေ ကြုံတုံးလေးပေါ့ရှင်..ကိုကိုဂျပု
လေးလို့အမည်တွင်ခဲ့ဖူးတဲ့သူတွေအကြောင်းတုတ်ရအောင်.. 😁
မယ်ငီးဂျပန်ကို "နာရီတာ" လေယာဉ်ကွင်း ၄-၅ ခါလောက်ဘဲရောက်ဖူးတာပါ။ အဟဲ..သွားဖို့လည်းချောင်း
နေတာဘဲ အခွင့်ကမသာသေးဘူး..။ တနေ့ပေါ့နော်..။ ဒါပေမဲ့လည်း ကိုရွှေဂျပန်များနဲ့ အလုပ်လုပ်ဖူး၊ ကြုံခဲ့
ဖူးတာတွေတော့ အများသား။ ဇင်းမယ်(ကျိုင်းမယ်)မှာ အလုပ်လုပ်တုံးက ဘာသာစကားတခုထက် ပိုတတ်
ရင် လခသတ်မှတ်ချက်လေးတွေရှိတာလေ။ ဒါကြောင့် မယ်ငီးတို့သူငယ်ချင်းတသိုက် (ပြောရရင်၆ယောက်၊
ငီးငီးအပါအဝင်ဆို ၇ ရောက်လောက်ရှိပါတယ်၊ အားလုံးက ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးမှာ မွေးဖွား
ခဲ့ကြတာပါ။ အခြေအနေအချိန်အခါအရ အဲ့နေရာကို ပြောင်းရွှေ့ရောက်လာကြတာ။ တချို့ကလည်း ထိုင်း အထက်တန်းကျောင်းထိနေခဲ့ဖူးပါတယ်။ ) ဂျပန်စာကို သင်ကြမယ်ဆိုပြီး သူတို့ဘဲ သင်တန်းတွေသွားရှာ
တွေ့တော့ မယ်ငီးရဲ့ကျောင်းချိန်ကိုရှောင်( မယ်ငီးကထိုင်းညကျောင်းတက်နေတာလေ)ပြီး ၊ သွားတက်ဖို့
ဖြစ်လာရတာပါ။ အနူတောထဲကလူချောမယ်ငီးတော့ ဘီရုမာတက္ကသိုလ်ကျောင်းပြီးပေါ့။ သူတို့ကတော့
ထိုင်းက စီနီယာမမကြီးတွေပေါ့။ အန်မတန်မှ မယ်ငီးကို ဆရာလုပ်ချင်ကြပြီး၊ မယ်ငီးမပါရင် ဘယ်မှမသွား
ချင်ကြတဲ့သူငယ်ချင်းကောင်းတွေပါ။ ထိုင်းအထက်တန်းဆိုတာလည်း သိတဲ့အတိုင်း အေဘီစီဒီက အူတူတူ
ဗမာစာလည်း မူလတန်း အလယ်တန်းက ၁ယောက်ဘဲသင်ဖူးခဲ့တာ၊ ဆိုတော့ တချို့နေရာ အာဖျံကွီးလုပ်ဖို့
မယ်ငီးပါမှရတာလေ...။

ကဲ...ဒါနဲ့ဂျပန်စာသင်တန်းကြီးဆိုတာ အလုပ်ကအပြန် အလုပ်ဝတ်စုံ ချွတ်ပစ် ရေ ၃ခွက်လောင်းချိုး တီရှပ်
ဂျင်းဘောင်းဘောင်းတွေ ကောက်စွပ်၊ သူတို့မောင်းတဲ့ဆိုင်ကယ်နောက်တက်ခွလို့ ရောက်လာရတာ..။
သူတို့က အရင် အင်တာဗျုးထားပြီးပြီ...မယ်ငီးအကြောင်းကိုလည်း ရွှန်းရွှန်းဝေပြောထားလို့၊ ဆရာသမား
ကလည်းပြုံးပြုံးကြီးသဘောကျလို့ ကြည့်နေလေရဲ့...။ အရင်ဆုံး ကိုယ့်ဖာသာကိုပြောဆိုမိတ်ဆက်ကြရ တာပေါ့။ ဆရာက လူပျိုလေး အရပ်မြင့်မြင့်ပုလင်းဖင်လေး ၂ခြမ်းကမျက်စိရှေ့ကာလို့..အဟဲ..မျက်မှန်ထူ တာပြောတာဗျို့...။ မီးမီး..ဆိုတဲ့နံမည်ဂျပန်လိုလည်းပေါင်းပြတာ..လွယ်တာမှ ဌက်ပျောသီးခွာရတဲ့အတိုင်း၊
အအိအုအေအို့..တွေကစလို့...ဖတ်ရသင်ရတာပေါ့။ သူတို့ဂျပန်အုပ်စုက ဘာသာရေးနဲ့ထိုင်းရောက်လာ
တာ။ ဗုဒ္ဓဘာသာမဟုတ် ခရစ်ယာန်မဟုတ်၊ နေကိုကိုးကွယ်တာတဲ့။ ထားပါလေ..ဆရာသမားကြီး ရှင်းပြ
နေလည်း စိတ်မှမဝင်စားတာနားမလည်ဘူးပေါ့...။ သူတို့ဆရာသမားတွေနဲ့ ကျကျနနဟော်တယ်တခုမှာ အကျွေးအမွေး ဧည့်ခံကြိုဆိုတာ ကျမတို့ အုပ်စုက ဂျပန်စာကို အရမ်းစိတ်ဝင်စားကြတယ်ဆိုပြီး၊ မမတသိုက်
ရွှီးထားတာ...လေ။ တကယ်ဆိုလခတိုးအောင် ဘာသာစကားနောက်ထပ်တခုတတ်တယ်ဆိုပြီး သူဋ္ဌေးမကို
ပြောချင်လို့၊ ဘာဘဲဖြစ်ဖြစ်လေ...ဆရာတပည့် ဆက်ဆံရေးက ချောမွတ်နေတာ။ နောက်ပြီး ကျမတို့အုပ်စု
မြန်မာနိုင်ငံကဆိုတာလည်း သူတို့စိတ်ဝင်စားတာပါပါတယ်။  ဘယ်မှာမွေးလည်းမေးရင် ပြန်ဖြေဖို့ အရေး
တယောက်တပေါက် နဲ့ငြင်းကြခုန်ကြတာက တနာရီလောက်၊ ကချင် ကရင် တရုတ် ကုလား နဲ့ရှမ်းမမယ်ငီး၊
သူတို့တွေက မြန်မာပြည်ကဆိုတာလုံးဝမပြောချင်ကြဘူး။ ကိုယ်ကလည်း လိမ်ရင် တခါမေးတမျိုးဖြေနဲ့
ဂျပန်ကြားထဲ ညည်းတို့ကွီသွားမယ်လို့ပြော..။ နောက်မှ ဇာတ်စုံအဖြစ်မှန်ပြောပြလိုက်တယ်။ ဘာဘဲဖြစ်
ဖြစ် မိတ်ဆွေများကိုလည်း ပြောပြချင်တယ် ဘယ်အခြေအနေမျိုးမဆို အမှန်တရားကိုဘဲ လက်ကိုင်ထားပါ။
အမြဲဘဲ အဆင်ပြေပါတယ်။ လိမ်တာ ပုံပြင်လုပ်ထားတာတွေက ပြန်ပေါ်ရင် သွားရောဘဲ။ ဒီမှာတော့
လူလိမ်ဆိုရင် လူတောထဲတိုးဖို့ခက်တယ်။ အဟဲ...ရွှေပြည်မှာတော့ ရိုးနေပြီလို့မပြောပါနဲ့၊ သူများဘာဘဲ
ဖြစ်ဖြစ် ကိုယ်မပါဖို့ ကိုယ့်အခြေအနေမှန်ဖို့က အရေးကြီးတယ်။ ကိုယ့်တန်ဖိုးက ကိုယ့်ပေါ်မှာဘဲတည်တာပါ
နော်...။ အဲ...ဇာတ်လမ်း ဘေးရောက်သွားပြီ..အသက်ကြီးလာတော့ နဲနဲပိုရစ်ချင်လာတယ်..😁

စာသင်ခန်းမှာ စာတွေဖတ်တယ် ဝါကျတွေတည်ဆောက်ကြတယ်။ စာတွေမေးတယ်။ ထုံးစံ ခင်စပ်စုကြီး
ကအဆင်ပြေဆုံးပေါ့။ အရှက်မှမရှိတာ ဘာဘဲမေးမေး ဟုတ်တာမဟုတ်တာအပထား ဖြေရမှကျေနပ်
သူကြီးလေ..ဟီး..အကြောင်းတိုက်ဆိုင်သွားရင် မှန်တာပေါ့။ ခဏခဏ အကြောင်းတိုက်ဆိုင်တော့ မယ်ငီး
ကိုဆရာက လက်မထောင်ပြပါတယ်..။ ကျန်တဲ့ မမတွေက မကြည်ဘူး။ ခုမှ ထိုင်းရောက်လာတယ်။ (ရောက်တာနောက်ကျလို့သိပ်မထိုင်းသေးတာပါ စောစောရောက်နှင့်သူများထိုင်းနေကြတာလေ..
😂😝ဟီးဟီး )

ဘုမသိဘမသိနဲ့ ဟွန့်..ဆိုတော့ မယ်ငီးလည်း သူတို့မျက်နှာကိုထောက်လို့ လက်သန်းဘဲ ပြန်ထောင်ပေး
လိုက်ပါတယ်။ ဆရာကမဟုတ်ဘူး...ဒီအထဲမှာ မင်းအတော်ဆုံး..တဲ့ ထပ်ပြောလိုက်သေးတာ...။ ဒါနဲ့ငီးငီး
ခင်အူကြောင်ကြားက လက်ခလယ်ထောင်ပြလိုက်တယ်။ လက်မ မဟုတ်၊ လက်သန်းမဟုတ် လက်ခလယ်
ဘဲယူတော့မယ်ဆိုတော့၊ ဆရာကမျက်လုံးပြူးကြီးနဲ့ အကြာကြီးစိုက်ကြည့်နေတာ။ ဒီကလည်း ခပ်တည် တည်ပါဘဲ ပြောပြီးထိုင်နေတာ( တကယ်ဆို လက်ခလယ်ထောင်ပြ တဲ့ သဘောအဓိပ္ပါယ်ကို လုံးဝမသိတာ
လေ..ဟီးဟီး...) အင်မတန်မှ ရိုးသားလှတဲ့မျက်နှာလေးနဲ့ဆိုတော့ ဆရာလည်း...သဘောပေါက်သွားတယ် နဲ့တူတယ်။ ပြန်စဉ်းစားရင် မယ်ငီးအတော်ပိန်းတာ ကိုယ့်ဖာသာကိုယ်ရှက်မိပါတယ်ဆို...😂😂

နောက်တော့ဆရာက စကားလာပြောပါတယ်။ မီးမီး တကယ်မသိဘူးလား..တဲ့..။ ဘာမသိတာလည်းဆိုမှ
သူကရှင်းပြတာပေါ့...။ နောက်တခွန်းလည်း ပြောပြပါတယ်။ စာသင်လာရင် ခေါင်းလျှော်ခဲ့မယ်ဆိုရင်
ခြောက်အောင် သုတ်ပါတဲ့..။ ဆံပင်အစိုအတိုင်း စာသင်ခန်းထဲဝင်တာ ဆရာကို မရိုသေ ရိုင်းတယ် လို့ မှတ်ယူကြတာတဲ့။ သူတို့ဆီမှာ ဆံပင်အစိုနဲ့ အပြင်မထွက်ဘူးဆိုဘဲ... ပတ်ဝင်းကျင်ကို ဂရုမစိုက်သူ လို့ သတ်မှတ်တာတဲ့...။👀😏

လူမျိုးဓလေ့ထုံးစံတွေဆိုတာ တနေရာနဲ့တနေရာ အတော်ဘဲ ကွဲပြားခြားနားကြတာဘဲနော်...နောက်ထုံးစံ
တွေကတော့ ဂျပန်အဝယ်တော်နဲ့တွေ့တုံးက သိရပါသေးတယ်..ကြုံရင်ပြောပြရသေးတာပေါ့နော်...

ဆရာကတကယ်ဘဲ ကျမတို့အားလုံးအပေါ်မှာကောင်းပါတယ်။ ၁၉၉၁-၉၂ ခုနှစ်က ဂျပန်ကိုသွားချင်ကြ
တာလခကောင်းလို့... ပွဲစားခတွေ သိန်းအများကြီးပေးရတဲ့ခေတ်ကာလမှာ ကျမတို့ကို လျှောက်လွှာတွေ
ယူလာပေးတယ်။ ဖြေခိုင်းတယ်။ လူအိုရုံမှာ လူအိုကြည့်ဖို့၊ သူငယ်ချင်းတွေကသွားချင်တယ်ဆိုလို့ပါ။ တပြား မှပေးစရာမလိုပါ။ ၃ယောက်သွားကြတယ်။ ကျမလည်းသွားမယ်ဆိုပြီး အိမ်ကိုလှမ်းပြောတာ အဖေဆေးရုံ
တန်းရောက်သွားတယ်။ သူတို့ကြားတာက ယာဂုဆာတွေ မိန်းခလေးတွေခေါ်ပြီး ဇိမ်ခန်းထဲသွားရောင်းစား
ကြတာဘဲ သိတာကိုး...။ သူငယ်ချင်း ၃ယောက်သွားပြီး အဆင်ပြေကြတယ်တဲ့။ ကျမနဲ့တော့ပြန်အဆက်
အသွယ်တော့မရတော့ပါဘူး...။ ဘဝဆိုတာ မှန်းတာလည်းမဖြစ် မမှန်းရင်လည်း ဖြစ်လာတတ်ပါတယ်။
ကိုယ့်သမိုင်းကိုယ်ရေးဆိုပေမဲ့ ကံကြမ္မာအလှည့်အပြောင်းဟာတခါခါ ထူးဆန်းလွန်းပါတယ်လေ..။

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေ~~~
မီးမီး