Friday, July 29, 2016

သူ့စကား(၂)

မင်္ဂလာပါရှင်~~~
ရေမြင့်ရင်ကြာတင့်ပါတယ်..တဲ့
အနီ အဝါ အရောင်တွေနဲ့ဘန်ကောက်ကြီး ရှုပ်ယှက်ခတ်ချိန်မှာပေါ့ အနက်ဆိုတာလည်း ခဏလောက်ထကြွ
ပါသေးတယ်။  အဲလို အချိန်မှာမှ မယ်ငီးတို့ကလည်း မြို့ထဲက ဟော်လန်(နယ်သာလန်) ပျံလန်နေတဲ့ သံရုံးကို
ဂတီးဂတီးသွားနေရတဲ့အချိန်ပေါ့။ မြန်မာသံရုံးက ချစ်ကိုကိုကြီး ထုပေးလိုက်တဲ့ တုံးနဲ့စာရွှက်ကလည်း တလွဲ၊
ပျံလန်သံရုံးက ပြန်သွားလုပ်ခိုင်း၊ နောက်ဆုံး သူတို့ဆီမှာ Permanent resident ယူဖို့ စည်ပင်ရုံးက
ထောက်ခံ စာလိုပါတယ်တဲ့။ long-term resident အဖြစ်နေရမှာဆိုတော့ PRလိုတယ်လေ။
ပုံကစာတွေနဲ့မဆိုင်ပါဘူး😁
 
ဘန်ကောက်က စနမ်လုံမှာ
ဘုရင့်အမအသုဘအခမ်းအနားပြင်ဆင်ထားတာပါ



ကိုယ်တို့ဆီမှာ ဘယ်စည်ပင်ရုံးကထုတ်ပေးမလဲ။ ဒီတော့ ရန်ကုန်ခဏပြန် နေပူတော်ပြေး နိုင်ငံခြားရေးရုံးက
ထောက်ခံစာယူ၊ ဘန်ကောက်က မြန်မာသံရုံးမှာ တုံးပြန်ထု..။ ပြီး ပျံလန်တို့ဆီပြန်သွားပေါ့။ အဲ့ဒါကြောင့် သူ့ ကို ပျံလန်လို့နံမည်ပေးပစ်တယ် အေးရော။ အိုး ဒီလိုဒီလို ပြေးလွှားခဲ့ဖူးတယ်။ ဘန်ကောက်နေနဲ့နွေအပူက
ပြေးလွှားနေတဲ့ ငီးငီးရင်ထဲအပူ( အဲ့အချိန်မှာပါဘဲ ထိုင်းလေယာဉ်ကွင်းမှာ မယ်ငီး သေတ္တာတလုံးပျောက် သွားပါတယ်) ကို ဘယ်မှီမလဲ။ အပူအလုံးတွေကြွလို့ မိုးပျံရထားတို့ဘာတို့ တက်ဆင်းတက်ဆင်းနဲ့ မြို့လည်
ခေါင်မှာ ခဏခဏအိပ်ဖွင့်စစ်တာ လမ်းပိတ်တာ ဒါတွေကိုလည်း မခံစားချင်၊ ဒီတော့ တက်ကစီပေါ့...။

ကဲ..လာပြီ..အတော်ပြောချင်တဲ့လူတွေ..။ပြန်ထောက်ချိန်မရှိအောင်ကို နားထောင်ပေးခဲ့ပါတယ်လေ..။
အချိန်အခါက ကိုယ်တို့ဘိရုမာမှာလည်း ပြားပြားဝပ်အဆင့်ကနေမတက်နိုင်သေးပါဘူးလေ။ သူမသာ
ကိုယ်အသုဘပါလို့တောင် ကျမပြောခဲ့တာ..။ ဟော..သူတို့အခု အသုဘဖြစ်နေပြီ..ဟီး..။

ရန်ကုန်မှာဒီလိုကားလမ်းမဘေးလွတ်လပ်တဲ့
လမ်းလျောက်တဲ့နေရာတွေ
ကျန်သေးရဲ့လားမသိဘူး

" တကယ်တော့ အဝါရော အနီပါတိုင်းပြည်ဖျက်နေကြတာပါဗျာ...အာဏာရသွားရင် လူတွေကပြောင်းလဲ
သွားတာပါဗျ  သူတို့ လေယာဉ်ကွင်းကို သိမ်းလိုက်တော့ ကျွန်တော်တို့ ဘယ်လောက်နှစ်နာလဲသိလား
အမလေးရေ့...." ရန်ကုန်ခဏပြန်တုံးက လေယာဉ်ကွင်းအသွား ကားဆရာစကား...

"ဘုရင်က အရမ်းသဘောထားပြည့်ဝတော့ ဘုရင့်ဘန်းပြပြီး လုပ်စားတာလေ...ကျွန်တော်ကတော့ နီမှနီဘဲ
သက်ဆင် လုပ်ပေးခဲ့တာတွေ သိလား ညတိရစ္ဆာန်ရုံ ဒီလေယာဉ်ကွင်းကအစပေါ့ဗျာ..။ အသည်းနာတယ်။
မြို့ပေါ်က ပညာတတ်တယ်ဆိုတဲ့ လူတန်းစားကိုမေးချင်ထှာ ဒီလူတွေ စပါးကို ဆန်ဖြစ်အောင်လုပ်တတ်ကြ ရဲ့လား..." တောကကနေမြို့ပေါ်ရောက် ကိုနီတယောက် အံကြိတ်ပြီးပြောတဲ့စကား..

" သက်ဆင်က ပိုက်ဆံနဲ့ မသိနားမလည်တဲ့ လူတွေကိုပစ်ပေါက်ဝယ်ပြီး စည်းရုံးထားတာလေ။ သူကတော
သားဆိုတော့ တောသူတောင်သားတွေအကြိုက်လိုက်လုပ်ပေးဖို့ပညာကျွမ်းကျင်တယ်ပေါ့ဗျာ..။  နောက်ပြီး
သူ့အိပ်ကပ်ထဲ ပြန်ထဲ့တာ ဟိုကလူတွေ ဘယ်နားလည်မလဲ၊ ဘုရင့်နဲ့တောင် ခြေရာလာတိုင်းချင်နေတာဗျာ"
ကားမောင်းပြီး သားကို မစ္စတာဘွဲ့ရတဲ့အထိကျောင်းထားပေးနိုင်လို့ သူတို့ဟာ ဘန်ကောက်ပညာတတ်လူ
တန်းစားဆိုတဲ့( သူကိုယ်တိုင်လည်း ဘွဲ့ရ) ခပ်အေးအေး ဘန်ကောက်နေတရုတ်စပ် အဖိုးကြီးတယောက်
ရဲ့အသံ...

" အခု ခွန်းသက်ဆင်နိုင်ငံခြားမှာနေရတာ သနားပါတယ်။ အမနိုင်ငံခြားရောက်လို့ သူ့ကိုတနေရာမှာ ဆုံ
တွေ့ခဲ့ရင်လည်း ပြောပြပေးပါဗျာ..ကျွန်တော်တို့ရင်ထဲမှာ သူကလွဲလို့ ဘယ်သူ့ကိုမှ ခေါင်းဆောင်လို့မမြင်
ပါဘူး.." ဆိုတဲ့ အီစန်ဖက်က သူ့စကားနဲ့ပြောပြနေတဲ့အသားမဲမဲ ကိုတောသားလေးရဲ့ စကားသံ...

သူတို့စကားသံတွေကြားပြီး ငီးငီးရင်ထဲမပြောဖြစ်တဲ့ စကားတခွန်းလည်းရှိခဲ့ပါသေးတယ်။ ဆရာကြီးကွေး
မြန်မာပြည်လာရင် ဂါဝရပြုစရာရှိတာတွေပြု..အဟဲ...(အမှန်ပြောတာပါဗျာ ချိတ်ချိုးရဘူးနော်.. ^_^ )
ကြားဖူးတာက မြန်မာ့အသံမှာ တပ်ထားတဲ့ ဂြိုလ်တုစလောင်းနဲ့ တခြားပစ္စည်းနည်းပညာတွေအတွက်
သူ့ကို အရင်အစိုးရလက်ထက်ကတဲက ပေးစရာအကြွေးတွေရှိနေသေးပါတယ်တဲ့ ထားပါလေ စာရင်းသာ
တို့ ထားလိုက်ပါကိုကြီးရာ..နောင်လာနောက်သားများဆပ်ကြမယ်တဲ့..ဟီး..။ အော်..နောက်တခုသူလုပ်တဲ့
အလုပ် က ETဆိုတဲ့ အကြားအမြင်ရ ဆရာမနဲ့ တွေ့တာတဲ့။ နောက်ဆုံးခေါက်တွေ့တော့ ဆရာမလေး
ကပြောလိုက်တာ သေတောင် အရိုးက ပြန်တော်ပြန်ဝင်ခွင့်မရှိဘူး..ဆိုဘဲ...။

အော်......ဒါတွေက သူများစကားတွေပါဗျာ....ငီးငီးတို့ပြန်ဖေါက်သည်ချတဲ့သဘော...ပါ...။
အနိစ္စ ဒုက္ခ........။ ဘာမှအစိုးမရ မတည်မြဲဘူးတဲ့နော်....။

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး

Thursday, July 28, 2016

သူ့စကား...

မင်္ဂလာပါရှင်~~~
"တကယ်ဆိုရင် ကျွန်တော်လည်း ကိုယ့်အာရုံနဲ့ကိုယ် ကားမောင်းရင်းနဲ့တခါတလေ ဖေါက်သည်တွေ သူတို့ အခြင်းခြင်းပြောစကားကိုနားထဲမဝင်ပါဘူး သူတို့ဖုံးနဲ့သူတို့ပြောတာလည်း ကြားနေပေမဲ့ ဂရုမစိုက်မိတော့မ
သိပါဘူး။ ဒါပေမဲ့ တလောက ရဲတယောက်(ဝတ်စုံနဲ့မဟုတ်ပါဘူး) သူတက်လာတာ၊ အရက်နံ့ကဟောင်နေ တာဘဲ။သူပြောတဲ့နေရာကလည်းစားသောက်ဆိုင်ပါ နေ့လည်ကြီးသွားသောက်မဲ့ပုံစံပါဘဲ။ကိုယ့်ကိစ္စမဟုတ်
ပေမဲ့လည်း ဖုံးပြောရင်း တချက်ချက် ကျွန်တော့်ကို လှမ်းပြီးစကားပြောတာကြောင့် သူပြောသမျှနားထောင်
ဖြစ်သွားတယ်ဆိုပါတော့"

" ဟိုဖက်ကသူငယ်ချင်းကို သူလှမ်းပြောတာ ပိုက်ဆံမရှိရင် နည်းလမ်းဟောင်းသုံးပေါ့ကွ သွားနေကြနေရာ
မှာ "ဖာ့မာ့" (ဗမာပြည်ကလူတွေကို သူတို့ဒီလိုခေါ်တာလေ) ၃ကောင်လောက် ညစ်ပြီး ပိုက်ဆံယူရင် ထောင်
ဂဏန်းပြေးမလွှတ်ပါဘူး...တဲ့  ကျွန်တော့ကိုလည်း ပြောပြနေသေးတယ်။ အရက်သောက်တာ အိပ်ကပ်ထဲ ကပိုက်ဆံထုတ်စရာမလိုပါဘူးတဲ့ သန်းချီရှိနေတဲ့ ဖာ့မာ့ ကအဆင်သင့်ပေးပေးပါတယ်တဲ့...."

"ကျွန်တော် အမကိုပြောပြရတာကိုလည်း ရှက်ပါတယ်တဲ့။ အမက အခု မြဘုရားသွားတာ ကုသိုလ်ကောင်းမူ့
လုပ်တာမြင်တော့ ပြောပြချင်တာပါ။ လောကမှာ လူတွေအမျိုးမျိုးရှိပါတယ်။ ကောင်းတဲ့လူ မကောင်းတဲ့သူ ဆိုတာ တိုင်းပြည်တခု လူမျိုးတစုဆီမှာဘဲ ရှိတာမဟုတ်ပါဘူးတဲ့..."

ထိုင်း မြဘုရားသွားရင်း နှစ်တိုင်း ရောက်တယ် ဝင်ကြေးကလည်း တနှစ်တနှစ်ပိုဈေးကြီးလာတယ်နော့် လို့ပြောပြီးကားဆရာနဲ့ ဘုရားအကြောင်းတွေ ပြောနေရာက သူဆက်ပြောပြတာလေးတွေပါ။ ဘန်ကပိက
နေ မြဘုရားကြောတောင့်နေအောင်စီးရတာ လမ်းကလည်းပိတ်၊ ဒီတော့ ဇိမ်ကျတာပေါ့ သူပြောပြတာတွေ နားထောင် ရင်းဘာပြန်ပြောရမှန်းမသိ ဆွံအမိပါ၏....
ပုံကိုအင်တာနက်ကနေယူသုံးထားပါတယ်
အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး

Thursday, July 21, 2016

Amsterdam

မင်္ဂလာပါရှင်~~~
 
တကယ်ဆို ၂၀၁၀ ကတဲကတင်ဖူးခဲ့တဲ့ပို့စ်အဟောင်းတခုပါ။ စာမရေးတတ်တဲ့ကာလဆိုတဲ့၊ တောင်ရောက်
မြောက်ရောက်စာတိုနဲ့ပုံတွေဘဲပေါ့..။အဲ့တာကို ခုလိုပို့စ်မတင်ဖြစ်တာကြာချိန်မှာ ဖြတ်ညှပ်ကပ်ပုံစံလေး လုပ်ပြီးတင်တတ်လာပြီလေ..ဟီး..။ ကဲ ကမ္ဘာကျော် ဆေးခြောက်နဲ့ ကတော်တော်လို့တွန်သံပေးတဲ့ကြက်
လေးတွေရဲ့ကမ္ဘာ အမ်စတာတမ်မြို့ အလွှမ်းပြေလေး ပြောပြရအုံးမယ်..။

Amsterdam ကိုခဏခဏသွားဖြစ်ပေမဲ့လည်း မယ်ငီးတို့တခါမှ မော်တော်ဘုတ်ကြီးနဲ့ ရေချောင်းမြောင်းတွေ
ပတ်မလည်ဖြစ်ခဲ့ဘူး။ ဒီတခါတော့ မော်တော်လေးစီးမယ်ဆိုပြီး စောစောလေးထွက်ခဲ့ကြတာ။ ဘူတာရုံ မှာတောင် လူတွေသိပ်မရှိသေးဘူး။ ထုံးစံအတိုင်း ဘူတာနားတဝိုက်ပြင်ဆင်ရေးတွေ ဆောက်လုပ်ရေး
တွေနဲ့ရူပ်နေတာဘဲ။
ဘူတာရှေ့တည့်တည့်မှာဘဲလှေဆိပ်ရှိပါတယ်။ ဘယ်တခုစီးရမှန်းမသိကြောင်နေတုံးမှာဘဲ၊ ခရီးသွားတရုတ်
ကောင်လေးတယောက် တော်တော်ငယ်ပါသေးတယ်၊ သူကလာအဖော်စပ်နေတာ ပထမဆုံးအတွေ့ အကြုံ
လား သူလည်းစီးမလို့ပါဘဲတဲ့။ ကိုယ်တွေလည်း စာဖတ်ပြီး ကြောက်တယ်ရှင့် သိပ်ပြီးမခင်ရဲတော့ဘူး။ ဟိုဟို ဒီဒီပြောပြီး လစ်တာပါဘဲ..အဟဲ ။ခုခေတ်ကာလကြီးက အပေါင်းအသင်းတောင် သိပ်မလုပ်ရဲကြတော့ဘူး မယ်ငီးကို သူများတွေအပေါင်းအသင်းမလုပ်ရဲသလို ကိုယ်ကလည်းအဲ့လိုဖြစ်လာပြန်တယ်လေ...။( အဲ့တာ ကတကဲ့အတွေ့အကြုံဗျ)

 ကိုင်း..မော်တော်ဆရာကြီးထွက်ပါပြီ..လှေပေါ်မှာလူစုံတယ် ဘယ်နိုင်ငံကလာကြသလဲမေးပါတယ်။
 ဆွစ်ကမော်တော်ကြီး..တဲ့
 တခြားနိုင်ငံကရော..ဘဲရာသီဥတုသာယာတော့ လူတွေရောလှေတွေရောအများကြီးတွေ့ခဲ့ပါတယ်။
 
မြင်ရတဲ့ တရုတ်ဘုံကျောင်းလိုလိုက တရုတ်(အင်ဒိုနီးရှားကနေလာတဲ့)စားသောက်ဆိုင်၊ ကိုယ်တို့တွေမှတ် ထားပြီးနေ့လည်စာသွားစားကြပါတယ်
ထုံးစံအတိုင်း တွေ့ရာ မြင်ရာရိုက်တာပေါ့..ဒါပေမဲ့ဒီလှေကြီးကလှလို့ပါ ..း))


လှေပေါ်ကအိမ်လေးတွေ...ဒီမြို့မှာ လှေပေါ်အိမ်နဲ့နေတဲ့သူတွေလည်း ထောင်ချီပြီးရှိတယ်လို့ဂိုက်ကပြောပြ
ပါတယ်။

ထုံးစံကလည်းသူပြောတာ လိုက်မှတ်ရင်လည်း ဓါတ်ပုံမရိုက်နိုင်၊ ဓါတ်ပုံတွေရိုက်နေတော့လည်း သူပြောတာ မသိပေါ့။ ဒီလိုနဲ့ဘဲ မယ်ငီးလည်း အနှံ့လျောက်လည်ခဲ့တာဘဲ.။ မိတ်ဆွေများကို ပြန်ပြောပြမလို့ လုပ်ရင် 
ခေါင်းခဲပြီ..ဟီး..ဘာမှမမှတ်မိလို့လေ..။နဲနဲပါးပါး ရမ်းတုပ်ရတာပေါ့ဟယ်...။ နားလည်ပေးပါကွယ်.. ^_^
တံတားတွေသဘောကျတယ်။ မော်တော်ဖြတ်သွားရင် ဟပေးနေရတာ။ တချိန်လုံးလည်း ဖြတ်နေတာဘဲ။
 ဒါက သူတို့စာနဲ့ စက်ဘီးကို တံတားထိပ်မှာ တက်ချီထားတာ။ ဘာလဲတော့ နားလည်းမလည်ပါဘူးလေ။
တလှေထဲစီး တခရီးသွားကြသူများပေါ့ရှင်...
 တချို့လှေပေါ်အိမ်တွေလည်း ခပ်စုတ်စုတ်လေးတွေ..

ဒါကတော့ နောက်မှသွားကြည့်မယ်လို့တေးထားတဲ့နေရာပေါ့..ကတော်တော်လို့အော်တဲ့ ကြက်တန်းပေါ့။
ပြူတင်းပေါက်တခုစီမှာ မိန်းမတယောက်စီထိုင်ပြီး မျှော်နေပါတယ်။ တရားဝင်လက်မှတ်ရှိတဲ့ အလုပ်သမား
လူတန်းစားထုကြီးပါတဲ့..။

 ကိုယ့်ဖာသာကိုလှေလှော်သွားလည်းရတယ်လေ..။လှေဌားစီးတဲ့နေရာ..
တချို့အိမ်တွေလည်း..လှတယ်..ဒတ်ခ်ျတွေကပန်းတကယ်ကြိုက်တဲ့လူတန်းစားတွေပါဘဲ..။
Anne Frank house ဆိုတဲ့ ဂျုးစာရေးဆရာမလေးရဲ့ပုန်းနေတဲ့အိမ်ပြတိုက်လေးမှာလူတွေတန်းစီနေကြတာ။
တကယ်သနားစရာကောင်းတဲ့ခလေးမလေးပါ။၂နှစ်နဲ့တလပုန်းနေပြီး နောက်ဆုံးတော့လည်း နာဇီတွေ ဖမ်းမိလို့ အကျဉ်းစခန်းပို့သတ်ပစ်လိုက်ကြတာပါ။ Anneဆိုတဲ့ခလေးမလေးပုန်းနေတဲ့ကာလမှာ ရေးထားတဲ့
ဒိုင်ယာယီစာအုပ်ကို သူတို့ကိုကူညီပေးတဲ့ မိသားစုက Anne မိသားစုအမှတ်တရပစ္စည်းလာရှာပြီးတွေ့သွား တာ။ ခလေးမလေးအဖေဘဲ မသေဘဲလွှတ်လာတော့ သူ့သမီးဒိုင်ယာယီစာအုပ်ကိုပေးလိုက်တာ။ သူကစာ
အုပ်ထုတ်လိုက်တော့ The Diary of Anne Frank ဆိုပြီးကမ္ဘာကျော်စာအုပ်ဖြစ်သွားတာပေါ့။

 ရေချောင်းကလည်း အင်းလေးကန်ထက်တောင် ညစ်ပတ်ပါသေးတယ်..အဟဲ..ကိုယ့်ငါးချဉ်ကိုယ်ချဉ်တာ။ ဟိုကရေဖြင့် ခန်းတောင်နေပေါ့..။
 ရေချောင်းကျဉ်းကျဉ်းလေးမှာ မော်တော်ကြီးငယ် ကွေ့ပတ်သွားနေကြတာ အသည်းယားစရာဘဲ..။
 ကဲ..တမျော်တခေါ်..နဲ့လှေဆိပ်ပြန်ရောက်ခါနီးပြီတဲ့..။
 ၈၉ ယောက်တောင်စီးလို့ရတယ်ဆိုပါလား...

ကဲ...တစခန်းရပ်လို့..ကြုံရင်..ဆေးခြောက်နဲ့ ကတော်တော်ဆိုတဲ့ ကြက်အကြောင်းလေးပြောပြအုံးမယ်လေ
မီးမီး

Tuesday, July 12, 2016

Taxi ဆရာများရဲ့စကား..

မင်္ဂလာပါရှင်~~~
တက်စီကားပေါ်တက်ပြီးထိုင်လိုက်တာနဲ့ ပါးစပ်ပိတ်လို့ ငြိမ်ငြိမ်လေးကလေးထိုင်မလိုက်ချင်တာက ခင်စပ် စုစိန်ရဲ့ ဗီဇခေါ်ရမလားဝါသနာပြောရမလား ပါဘဲရှင် 😂ဒီတော့ မင်္ဂလာပါ Hello สวัสดี သူ့ဒေသဆိုင်ရာ
စကားနဲ့နူတ်ဆက်ပြီး ကားသမားတွေရဲ့ ဘဝအကြောင်း ကန့်လန့်ကာလေး အသာမလို့ ချောင်းကြည့်ဖို့
ကြိုးစားတတ်ပါတယ်။ လူတဦးတယောက်ရဲ့ သူ့ရင်ထဲ အမြင်ဘယ်လိုရှိတယ်ဆိုတာ သိနားလည်နိုင်ဖို့က
သူ့ဆီကို ပီယဝါစာစကားတံတားခင်းပြီး ချဉ်းကပ်တာကအကောင်းဆုံးနည်းလမ်းတခု မဟုတ်ပါလားရှင်။
လောကကြီးရဲ့စာမျက်နှာတွေကို သွားရင်းလာရင်း ကြားရမှတ်ရ အထူးအဆန်းလေးတွေ လေ့လာမှတ်သား
အံသြစရာလေးတွေ သိမြင်ခွင့်ရတာက လောကမှာနေတတ်ရင်ကျေနပ်စရာ လို့ပြောပါရစေ။
ကဲ..အဲ့ဒီ မတတောင်ဘွားလူသားများစွာနဲ့နေ့စဉ်ဆက်ဆံနေရတဲ့ သူတို့ရဲ့အတွေးတွေထဲက ထိုင်းနိုင်ငံက
တက်စီသမားစကားလေးတွေ ကြားခဲ့တာလေးတွေ ဖေါက်သည်ချ ပြောပြရအုံးမယ်။ လွန်ခဲ့တဲ့ ၇-၈ နှစ် အ
ချိန်တုံးကဆို နွေရာသီ March April လောက်ဆို ကျမတို့ထိုင်းကိုပြန်တတ်ပါတယ်။ ရောက်တဲ့နေရာဋ္ဌာနက
နေပေါ့။ ပြီးရင် နောက်ဋ္ဌာနတခု ဆက်သွားဖို့ မြို့ထဲက သံရုံးတွေ ထိုင်းမှာနေတဲ့ဗီဇာသက်တမ်းတိုးတာတွေ
တခြားကိစ္စတွေနဲ့ မြို့ထဲကို ဂတီးဂတီးရောက်ရတယ်။ ရထားတွေစီးရင် ပိုမြန်ပေမဲ့ သွားချင်တဲ့နေရာရှေ့
တည့်တည့်အထိ(စိတ်ထဲကလည်း ငြိမ့်ငြိမ့်လေးလိုက်သွားရုံဘဲ လို့ထင်တာကိုး) ပို့ပေးပြီး အဆင်ပြေတဲ့
တက်ကစီကြီးဘဲ အားကိုးသွားကြတာပေါ့။ တခါတလေလည်း ဘတ်စ်ကားစီးပါတယ်။ မြန်မာသံရုံးကို တမေ့တမောကြီးဘဲစီးယူရတယ်။ အရင်တုံးက Ramkhamheang ကနေသံရုံးအထိ ရောက်တဲ့ ဘစ်ကား ခပ်သေးသေးပြေးသေးတယ်။ စပယ်ရှယ်ဘဲ အဲယားကွန်းအေးစက်လို့တမြို့လုံးပတ်သွားတယ်။ ကားထဲမှာ
လည်း ကိုယ်တို့ ၂ယောက်ကလွဲလို့ ဘယ်သူမှမရှိဘူး..ဟီး။ နာရီနဲ့ချီမောင်းရတယ် ။ ကားသမားလည်း
စကားတွေပြောလို့ နောက်တနှစ်ပြန်သွားပြီး အဲ့ကားကိုစောင့်စီးတာ မရှိတော့ဘူး ပြုတ်သွားပြီတဲ့။ (၂ဝ၁ဝ နောက်ပိုင်း ရောက်မှသာကျမတို့ ရထားတွေစီးဖြစ်တော့တယ်)

တက်စီစီးရင်တော့ဖြင့် ကျားကျားကစကားတခွန်းမှမပြောဘူး..။ပါးစပ်ပိတ် အိပ်လိုက်လာတာဘဲ။ ကားဆရာ
တွေမေးတတ်တာက အမြန်လမ်းကသွားမလား..သွားရင် အမြန်လမ်းတက်ခ ကိုယ်ကသပ်သပ်ပေးရတာ
လေ။ ကားပေါ်တက်ကတဲက သွားမဲ့နေရာပြောပြီး ကားဆရာမျက်ခွက်လည်း လှမ်းကြည့်ပြီး အကဲခပ်ရ
သေး။ တချို့က မျက်နှာမာကြီးနဲ့ ဒီလိုဆိုရင် ကိုယ်တွေကလည်း အလိုက်သိပါတယ်။ ပါးစပ်လေးပိတ်လို့
ဘုရားဘုရား..တရားလေးမှတ်လို့ လိုက်ရတယ်။ သူတို့မျက်နှာကြီးက လူကိုတောင် အစိမ်းလိုက်ဝါးစားချင်
နေတာလေ။ ဘန်ကောက်ကားကြပ်တာကတော့ခဏခဏကြုံဖူးတာပါဘဲ။ အထူးပြောစရာမလိုကမ္ဘာကျော်
ပါ။ ဒါနဲ့စကားမစပ် ရန်ကုန်ကားကြပ်တာက သိပ်မကြုံဖူးလို့ မခံစားတတ်သေးဘူးဆိုပါတော့။

တခါစီးရင် ၂ဝဝဘတ်ကနေ ၃ဝဝနီးပါးရှင်းရတယ်ဆိုတော့ စဉ်းစားသာကြည့်ပါတော့။ အကြာကြီးပေါ့..။
ခရီးကရှည် ကားတန်းကြီးကမရွှေ့ ငုပ်တုတ်ကြီးထိုင်နေရာတာထက်စာရင် ဟိုအကြောင်းဒီအကြောင်းတွေ
ပြောပေးရတယ်။ ကားဆရာစိတ်ကြဉ်းကျပ်တာတွေလျော့စေချင်တာလည်းပါ ပါတယ်။ ထိုင်းမှာ သူတို့လည်း ကိုယ်တို့လိုပါဘဲ စကားတခွန်းဘဲပြောထွက်လာရင်ကို ဘယ်နေရာဘယ်ဒေသကလည်းဆိုတာ ခန့်မှန်းရ လွယ်ပါတယ်။ များသောအားဖြင့် အီစန်ဆိုတဲ့ သူတို့အညာဒေသကများပါတယ်။ အသားမဲမဲ ပိန်ကပ်ကပ်
သီချင်းဖွင့်ရင် တောသီချင်း မြန်မာပြည်က ထိုင်းစကားဘယ်လောက်ဘဲတတ်တယ်ပြောကြပါစေ သူတို့ အချင်းချင်းပြောကြသံကြားရင်ဖြင့် မျက်စိလည်ကြမှာအမှန်။ ဖုံးသံလာလို့ သူတို့စကားပြောသံနားထောင်ပြီး
တခါခါရီလည်းရီချင်တယ်။ အိမ်သူသက်ထားက စစ်ဆေးရေးဝင်တာတွေရောကြားနေရတာလေ။ သူတို့တွေ
နဲ့တိုးရင် ရေပက်မဝင်။ စကားလေးသာ နဲနဲဟပေးလိုက်။ ကိုယ်တွေက သူတို့ ဒေသအမျိုးသမီးတွေ များ
သောအားဖြင့် ဥရောပမှာ အိမ်ထောင်ကျတာများတယ်။ နောက်ပြီး ကြက်တန်းရောက်တာလည်းများတယ်။
ကဲ..အဲ့ဒီ မတတောင်ဘွားလူသားများစွာနဲ့နေ့စဉ်ဆက်ဆံနေရတဲ့ သူတို့ရဲ့အတွေးတွေထဲက ထိုင်းနိုင်ငံက
တက်စီသမားစကားလေးတွေ ကြားခဲ့တာလေးတွေ ဖေါက်သည်ချ ပြောပြရအုံးမယ်။ လွန်ခဲ့တဲ့ ၇-၈ နှစ် အ
ချိန်တုံးကဆို နွေရာသီ March April လောက်ဆို ကျမတို့ထိုင်းကိုပြန်တတ်ပါတယ်။ ရောက်တဲ့နေရာဋ္ဌာနက
နေပေါ့။ ပြီးရင် နောက်ဋ္ဌာနတခု ဆက်သွားဖို့ မြို့ထဲက သံရုံးတွေ ထိုင်းမှာနေတဲ့ဗီဇာသက်တမ်းတိုးတာတွေ
တခြားကိစ္စတွေနဲ့ မြို့ထဲကို ဂတီးဂတီးရောက်ရတယ်။ ရထားတွေစီးရင် ပိုမြန်ပေမဲ့ သွားချင်တဲ့နေရာရှေ့
တည့်တည့်အထိ(စိတ်ထဲကလည်း ငြိမ့်ငြိမ့်လေးလိုက်သွားရုံဘဲ လို့ထင်တာကိုး) ပို့ပေးပြီး အဆင်ပြေတဲ့
တက်ကစီကြီးဘဲ အားကိုးသွားကြတာပေါ့။ တခါတလေလည်း ဘတ်စ်ကားစီးပါတယ်။ မြန်မာသံရုံးကို တမေ့တမောကြီးဘဲစီးယူရတယ်။ အရင်တုံးက Ramkhamheang ကနေသံရုံးအထိ ရောက်တဲ့ ဘစ်ကား ခပ်သေးသေးပြေးသေးတယ်။ စပယ်ရှယ်ဘဲ အဲယားကွန်းအေးစက်လို့တမြို့လုံးပတ်သွားတယ်။ ကားထဲမှာ
လည်း ကိုယ်တို့ ၂ယောက်ကလွဲလို့ ဘယ်သူမှမရှိဘူး..ဟီး။ နာရီနဲ့ချီမောင်းရတယ် ။ ကားသမားလည်း
စကားတွေပြောလို့ နောက်တနှစ်ပြန်သွားပြီး အဲ့ကားကိုစောင့်စီးတာ မရှိတော့ဘူး ပြုတ်သွားပြီတဲ့။ (၂ဝ၁ဝ နောက်ပိုင်း ရောက်မှသာကျမတို့ ရထားတွေစီးဖြစ်တော့တယ်)

တက်စီစီးရင်တော့ဖြင့် ကျားကျားကစကားတခွန်းမှမပြောဘူး..။ပါးစပ်ပိတ် အိပ်လိုက်လာတာဘဲ။ ကားဆရာ
တွေမေးတတ်တာက အမြန်လမ်းကသွားမလား..သွားရင် အမြန်လမ်းတက်ခ ကိုယ်ကသပ်သပ်ပေးရတာ
လေ။ ကားပေါ်တက်ကတဲက သွားမဲ့နေရာပြောပြီး ကားဆရာမျက်ခွက်လည်း လှမ်းကြည့်ပြီး အကဲခပ်ရ
သေး။ တချို့က မျက်နှာမာကြီးနဲ့ ဒီလိုဆိုရင် ကိုယ်တွေကလည်း အလိုက်သိပါတယ်။ ပါးစပ်လေးပိတ်လို့
ဘုရားဘုရား..တရားလေးမှတ်လို့ လိုက်ရတယ်။ သူတို့မျက်နှာကြီးက လူကိုတောင် အစိမ်းလိုက်ဝါးစားချင်
နေတာလေ။ ဘန်ကောက်ကားကြပ်တာကတော့ခဏခဏကြုံဖူးတာပါဘဲ။ အထူးပြောစရာမလိုကမ္ဘာကျော်
ပါ။ ဒါနဲ့စကားမစပ် ရန်ကုန်ကားကြပ်တာက သိပ်မကြုံဖူးလို့ မခံစားတတ်သေးဘူးဆိုပါတော့။

တခါစီးရင် ၂ဝဝဘတ်ကနေ ၃ဝဝနီးပါးရှင်းရတယ်ဆိုတော့ စဉ်းစားသာကြည့်ပါတော့။ အကြာကြီးပေါ့..။
ခရီးကရှည် ကားတန်းကြီးကမရွှေ့ ငုပ်တုတ်ကြီးထိုင်နေရာတာထက်စာရင် ဟိုအကြောင်းဒီအကြောင်းတွေ
ပြောပေးရတယ်။ ကားဆရာစိတ်ကြဉ်းကျပ်တာတွေလျော့စေချင်တာလည်းပါ ပါတယ်။ ထိုင်းမှာ သူတို့လည်း ကိုယ်တို့လိုပါဘဲ စကားတခွန်းဘဲပြောထွက်လာရင်ကို ဘယ်နေရာဘယ်ဒေသကလည်းဆိုတာ ခန့်မှန်းရ လွယ်ပါတယ်။ များသောအားဖြင့် အီစန်ဆိုတဲ့ သူတို့အညာဒေသကများပါတယ်။ အသားမဲမဲ ပိန်ကပ်ကပ်
သီချင်းဖွင့်ရင် တောသီချင်း မြန်မာပြည်က ထိုင်းစကားဘယ်လောက်ဘဲတတ်တယ်ပြောကြပါစေ သူတို့ အချင်းချင်းပြောကြသံကြားရင်ဖြင့် မျက်စိလည်ကြမှာအမှန်။ ဖုံးသံလာလို့ သူတို့စကားပြောသံနားထောင်ပြီး
တခါခါရီလည်းရီချင်တယ်။ အိမ်သူသက်ထားက စစ်ဆေးရေးဝင်တာတွေရောကြားနေရတာလေ။ သူတို့တွေ
နဲ့တိုးရင် ရေပက်မဝင်။ စကားလေးသာ နဲနဲဟပေးလိုက်။ ကိုယ်တွေက သူတို့ ဒေသအမျိုးသမီးတွေ များ
သောအားဖြင့် ဥရောပမှာ အိမ်ထောင်ကျတာများတယ်။ နောက်ပြီး ကြက်တန်းရောက်တာလည်းများတယ်။
အိမ်ထောင်ကျတာတောင် ကြက်တန်းမှာတွေ့လို့ စားသောက်ဆိုင်မှာတွေ့လို့နဲ့ ဒီလိုဘဲယူကြတာလည်း များတယ်။ အိုး..အထင်မစောမောနဲ့ဗျ...တကဲ့ သူဋ္ဌေးသူကြွယ်တွေနဲ့ အရင်ကသူတို့အိမ်ထောင်ကျထားတဲ့
ထိုင်းကလေးတွေအစ ဟိုကတာဝန်ယူခေါ်သွားပေးကျောင်းထားပေးတာ။ သူတို့တွေကို လှတပတဖြူဖြူ
ချောချောလေးလို့ထင်ရင်လည်းမှားမယ်..မျက်နှာဗြဲဗြဲ ခွက်ခွက် နှာခေါင်းပိပိ တကဲ့ထိုင်းရုပ် (ရုပ်ရှင်မင်းသမီး
မင်းသားတွေလှနေတာ ကပြားက ၈ဝ%လောက်ရှိတာလေ) အဲ့ဒါကို ဥရောပကလူတွေကို ခင်စပ်စုမေးဖူး
တာပေါ့။ သူတို့ပြောတာက အဲ့တာမှတကဲ့အလှတဲ့..အသားလေး..မဲတာက ချောကလက်လေးလို..နှာခေါင်း
လေးပိပြားနေတာက ချစ်စရာ မျက်မှေးလေးက perfect တဲ့။ ကဲ..မှတ်စရာတခုက အလှဆိုတာ ကြည့်တတ်
မြင်တတ်ခံစားတတ်သူတို့ရဲ့မျက်စိမှာဘဲရှိပါတယ်ဆို...ဆက်ပြောတာကအသည်းနာစရာ နင်တို့လို နှာတံ
ပေါ်ပေါ်အသားဖြူဖြူ မျက်လုံးဝိုင်းပြူးကြီးက ငါတို့ဆီနဲ့အတူတူ ဘယ်နေရာကြည့်ကြည့် မကွာဘူး မလှဘူးတဲ့။ @#$%&* စိတ်ထဲကျိတ်ဆဲပေါ့ရှင် (ရှည်ပြီးမေးတာကိုး)

အီစန်ဒေသက သူတို့ဆီမှာအဆင်းရဲဆုံး မိုခေါင်ရေရှား ။ အလုပ်အကိုင်သိပ်မှရှိဘူး။ ဒီတော့ မြို့တက်လာ ကြတာများပါတယ်။ အစားအသောက်လည်း စူပါအစပ်နဲ့ ငါးပိရည်မပါတဲ့ဟင်းမရှိသလောက်။ အနံ့ပြင်း တယ်။ အီစန်အစားအစာကလည်း ဘန်ကောက်မှာ နံမည်ကြီးဆုံးပေါ့။ကားဆရာပြောပြတာ သူ့အမေလည်း ဂျာမဏီမှာ နောက်အိမ်ထောင်နဲ့ အိမ်က အငယ်ဆုံးလေးကိုသာခေါ်သွားတာ အကြီးဖြစ်တဲ့ သူတို့၂ယောက်
သူ့ညီမနဲ့က ဘန်ကောက်မှာဘဲ ကျန်ခဲ့ပြီး လုပ်ကိုင်စားသောက်နေတာတဲ့။ သူလည်းအိမ်ထောင်ကျနေပြီ။ ခပ်ငယ်ငယ်လေးဘဲရှိသေးတာ။ သူ့ခလေးက သူ့အမေခလေးနဲ့ရွယ်တူတဲ့..ဗျ..။ သူ့ညီမကလည်း သူ့အ
ပြော fan ရှိနေပြီ။ တခြားဆွီဒင်..ဆိုလားမသိ။ စာရွက်စာတမ်းတွေ ပြည့်စုံရင် သူလည်းလိုက်သွားေတာ့
မယ်..ဆိုဘဲ။ တော်သေးတယ်..သူတို့ဆီမှာ မျိုးညစ်အဖွဲ့မရှိလို့(အဲလေ..စလုံးပေါင်းမွှားထွားပါဒယ် 😂
ကျမကျိုင်းမယ်မှာနေတုံးက သူငယ်ချင်း အခြောက်တယောက်ဆိုရင် (အီစန်ကပါဘဲ) ယောက်ကျားပုံနဲ့ဘဲ
ခပ်ချောချောဖြူဖြူလေး..သူကျတော့ Siwss ကသူဋ္ဌေးထီးနဲ့အိမ်ထောင်ကျတယ်။ ဟီး..တကယ်ချမ်းသာတာ
ခရီးထွက်ရင် ဖတ်စကလတ် @_@ First class လေကြာင်းလိုင်းနဲ့ အရမ်းမိုက် နွေရာသီစံအိမ်နဲ့ဘာနဲ့ နေ တဲ့အိမ်ကလည်း နန်းတော်တပိုင်း...။ သူကအလှပြင်တာနံမည်ကြီး မိတ်ကပ်ဆရာပေါ့။ သူ့လက်ထောက် လည်း အိမ်ထောက်ကျပြီတဲ့ အဲ့တယောက်က ကျမတို့အခေါ် အီကိုင်( ကြက်မ) တကဲ့သူ့အိမ်နံမည်က လည်းကြက်မလေ..။ သူကျတော့ အောက်ပိုင်းဖျက်ပြီး..ဟီး..လှလွန်းလို့မယ်ငီးတို့တောင်မနှာလိုဖြစ်နေရ သူ။ သူ့ယောက်ကျားက ကျိုင်းမယ်မှာ ဘတ်သန်းချီတန်တဲ့ တောင်စောင်းနားက ကွန်ဒိုဝယ်ထားပေးတာတဲ့။

အီစန်ကကားဆရာလူကြီးပြောပြပါတယ်။ ဘဝပေးကံအရ နေတဲ့ရေမြေမကောင်းလို့ လူတွေ ပြောင်းထွက် လာကြရတော့ တခြားကောင်းတဲ့ကံက ဖေးမတာပါတဲ့..ဟင်းချက်ကောင်းလို့ စားသောက်ဆိုင်ဖွင့်တယ်။
အနောက်နိုင်ငံသားတွေ လာစားရင်း ကြိုက်သွားလို့ တသက်လုံးစားချင်တာနဲ့ သူတို့တွေကိုမိန်းမအဖြစ်ယူ
ကြတာ ဘဝရဲ့ရှေးရေစက်တွေပါတဲ့..။ ပြောလည်းပြောတတ်ပါ့..။ ကျမတို့ ဂျာမဏီသွားဖို့ သံရုံးရောက်တော့
တကယ်ကို မျက်စိနဲ့တွေ့မှဘဲ ယုံလိုက်ရတော့တယ်။ ဗီဇာကောင်တာက လေယာဉ်လက်မှတ်ရောင်းကောင် တာလိုအတန်းလိုက် ၈ ခုလောက်ရှိမယ်။ လူတွေတန်းစီပြီးမေးကြတာ မေးတဲ့ဂျာမာန်ကိုယ်တိုင်ထိုင်းစကား
ပြောလိုက် ဂျာမန်စကားပြောလိုက်နဲ့၊ စောင့်နေတဲ့လူအုပ်တန်းကြီးကလည်း ဂျာမန်အဖိုးကြီးတွေ ထိုင်းမတွေ
ထိုင်းခလေးတွေ လက်တွန်းလှည်းပေါ်က ကပြားလေးတွေ ဗိုက်ကြီးသည်တွေ ဂျာမာန်ကောင်ကြီးကောင်
လတ် ကောင်ငယ် များစွာသောကိုနာဇီများ ထိုင်းမမလက်လေးတွေတွဲလို့ ဗီဇာလာလျောက်တာများပါးစပ်
ဟောင်းလောင်းထလို့ ငေးမောခဲ့ရဖူးပါတယ်။

တကယ်ဆိုရင် နိုင်ငံခြားသားတွေနဲ့ အိမ်ထောင်ကျတာ အများဆုံးကတော့ ထိုင်းတွေလို့ဘဲပြောရမှာဘဲ။ ဂျာမဏီမှ မဟုတ်ပါ။ တခြားနေရာနိုင်ငံအားလုံး မှာပါဘဲ။ သူတို့တွေဆီကပေါက်ပွားလာတဲ့ကပြားခလေး 
တွေကမ္ဘာမှာနံမည်ကြီးတွေလည်း အများကြီးပါဘဲ။
Tiger wood, ChrissyTeigen (John_Legend Glory သီချင်းနဲ့ အော်စကာရဖူးတာရဲ့မိန်းမ) ။
ခုလောလောဆယ် ဒီ ၂ယောက်ကတော့ ကမ္ဘာကျော်ပါတယ်။တခြားလည်း အများကြီးရှိပါသေးတယ်။အရင်
ကတဲက ကျမစိတ်ထဲမှာ မတင်မကျဖြစ်နေတာတခုက ဒီလို နိုင်ငံခြားသားတွေနဲ့ အိမ်ထောင်ကျတာ များ
တော့ သူတို့တွေဘယ်လိုများ တုံပြန်ကြတာလဲဆိုတာကြီးကို သိချင်နေတာ။စကားကြုံရင် ကြုံသလို
မေးလေ့ရှိပါတယ်။ ထိုင်းမှာလည်း လူတန်းစားခွဲခြားတာရှိပါတယ်။ ဘုရင်စနစ်ကရှိနေတာကိုး။ ဆိုရှယ်မမ
တွေကတော့ သူတို့အခေါ် ဟိုက်စိုး(High social) သူတို့တွေကရီစရာတော့အကောင်းသား လမ်းမှာ ထိုင်း
မတယောက်နဲ့ ဘိုထီးတယောက်တွဲခုတ်လာတာမြင်ရင် အောက်တန်းစား ဘာညာနဲ့နှာခေါင်းရှုံ အထင်
သေးတတ်ကြတယ်။ ဒါပေမဲ့လည်း သူတို့အသိုင်းအဝိုင်းမှာတင် ဘိုတွေနဲ့ညားတော့လည်း ဘာမှမဖြစ်ပါ။ ကြည်ဖြူစွာလက်ခံပါတယ်။ တော်ရုံသာမာန်လူတန်းစားတွေကတော့ ဘာမှပြသာနာမရှိပါဘူး သူတို့တနိုင်ငံ
လုံးကပြားတွေကများတာ တရုတ်ကပြား များမှများ ထိုင်းစစ်စစ်ဆိုတာ တော်တော့်ကိုရှားပါးနေပါပြီ။ ဘာမှမဟုတ်တဲ့ မယ်ငီး ရှမ်း(၃မျိုးရော)နဲ့အင်းသား စပ်တာတောင် အနှောင့်အသွားမလွတ် အပြောအဆိုခံရ
တာ ငယ်ငယ်ကတဲက သွားလေရာ ကပြားခလေးတွေ အိမ်ထောင်စုတွေ တွေ့ရင် စပ်စုချင်နေတာဗျ။ ကမ္ဘာ
ကြီးဆိုတာ ကျဉ်းကျဉ်းလေးပါဗျာ..တနေရာရာမှာ အကြောင်းတခုတခုကြောင့် ခလုပ်တိုက်မိပြီး အကြောင်း
စုံလို့ပေါင်းဖက်ဖြစ်သွားကြတာကို လူတွေက ဘာမို့ ဘာမို့ လူမျိုး ဘာသာ ဘာသညာလာတိုင်းပြီး ပြောသံ ကြားရင် အသည်းယားတာအမှန်ဘဲ။ အားလုံးကသတ်မှတ်ချက် ပညာတ်ချက်တခုပါဘဲမဟုတ်လား။

အဲ့ဒီမှာ ကားဆရာက ကျမကိုပြောပြတာပါ...။ဘဝမှာ ကိုယ်ဖြစ်ချင်တာတွေ ဖြစ်မလာရင် ဖြစ်လာသလိုဘဲ
ဖြစ်အောင်နေတတ်သွားရင်..ဘဝဆိုတာကျေနပ်စရာကြီးပါ..တဲ့

အင်း..စရေးတာကကားဆရာတွေ မြန်မာလုပ်သားအကြာင်းပြောတာရေးမလို့..ရေးရင်းနဲ့..ဘာလို့ဒီ
အကြောင်းထွက်လာရပါလိမ့်!!!!!

အော်..တော်တော်ကို စိတ်များနေတဲ့မယ်ငီးပါလား...ဟိ..ကဲ..နောက်တခါတွေ့မှဘဲဆက်ကြတာပေါ့ရှင်..
အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး