Wednesday, April 27, 2016

လက်ဖက်အကြောင်းသိကောင်းစရာ

မင်္ဂလာပါရှင်~~~
လက်ဖက်အစမြန်မာပြည် အရှေ့ဖက်ရှမ်းတောင်တန်းတွေကလို့ ပြောရင်မယ်ငီးကိုစကားကြီးစကားကျယ်
ပြောတတ်ပါပေ့ဆိုပြီး ထင်ကြမှာဘဲနော်။ တကယ်ပါ တကမ္ဘာလုံး သိထားကြတာက လက်ဖက်ဆိုတာတရုပ်
ကအစပြု လို့ ဒီနေ့အထိ ကမ္ဘာအနှံ့ပြန့်နှံသွားပြီး အကောင်းဆုံးနဲ့ အများဆုံးတင်ပို့ရောင်းချတာလည်း သူတို့ တရုပ်ဆိုတာချည်းဘဲ ကြားခဲ့မှတ်ခဲ့နားလည်ခဲ့ကြရတာဘဲလေ။ တကယ်ဆိုရင် လက်ဖက်ရဲ့မူရင်းဒေသထဲမှာ
မြန်မာပြည်ရှမ်းတောင်တန်းလည်း တခုအပါအဝင်ဖြစ်ပါတယ်။ 
လက်ဖက်အစဒေသတဲ့
မြန်မာပြည် အရှေ့ဖက်ရှမ်းတောင်တန်းဒေသကလို့ ရဲရဲကြီးပြောချနိုင် တာကလည်း မယ်ငီး ၄လလောက် စာ
တွေဘာတွေဖတ်၊ လက်ဖက်နဲ့ပတ်သက်တာ လေ့လာမှတ်သားပြီးမှ ရေးတာပါရှင်။(အဟဲ..၄လလေးများစာ
ဖွဲ့ပြီးပြောနေတယ်လို့ထင်ဘူးလားဟင်..ဟီး..ပြောခံလည်းပြောတော့ ရေးမှာဘဲ...) စာဖတ်တဲ့နေရာမှာ အစွဲ
ကင်းအောင်ရေးတတ်တဲ့စာတွေဆိုတာ ဖတ်ရင်းနဲ့နားလည်လာတာဘဲ တချိုု့စာတွေဆို ဒါငါတို့ နိုင်ငံမို့ လူမျီုး
မို့ ဘာသာမို့ သာသာနာနာလေးတွေ ပင့်ထားပြင်ထားဖတ်ကောင်းအောင်ရေးတတ်ကြတာ အစကတော့ နားမလည်ဘူး။ ကြာတော့လည်း (အသက်အရွှယ်ရင့်လာတာလည်းပါပါလိမ့်မယ်) စိတ်ထဲခံစားတတ်လာတယ်။ ပြောမဲ့သာပြောရတာ အနောက်နိုင်ငံသားတွေတော်တော်များများတွေရဲ့ စာတမ်းတွေ သမိုင်းတွေ ဖတ်ပြီး ကိုယ်တို့သိထား တာတွေ စာသင်ခန်းမှာသင်ကြားခြင်းခံထားရတာတွေ နဲ့တခြားစီဖြစ်နေတတ်တာ
နောက်ပိုင်းမှာ ပိုတွေ့ရ တတ်လာတယ်။ ပထမဆုံး ထိုင်းမှာနေပြီး သူတို့စာဖတ်တတ်လာတော့ မဂ္ဂဇင်းတွေ ဂျာနယ်တွေဖတ်ရင်း မမြင်ဘူးတာတွေ မကြားဖူးတာတွေ ဖတ်ရသိရတော့ အရမ်းဝမ်းသာတယ်။ အနဲဆုံး
တော့ပါတီအကြောင်း လူကြီးများ လိုအပ်သည်များကို မှာစား(အဲလေ)မှာကြားသွားပါသည် ဆိုတဲ့အကြောင်း မပါတဲ့ သတင်းစာ ဂျာနယ်တွေမြင်ဘူးလာတယ်။ အဟီး... 😁

အေဘီစီလေးပေါင်းပြီး ဟိုဖတ် ဒီဖတ်နဲ့ ဘိုစာလေးမြည်းတတ်လာတယ်။ စာဖတ်ပြီးမျက်စိမှိတ် ခံစားကြည့် ရတဲ့အရသာက အရမ်းကိုပီပြင်တယ်လို့ပြောချင်ပါတယ်ရှင့် း))) ( မြန်မာပြည်က သတင်းစာ ဂျာနယ် ဝတ္တုတွေ မဖတ် ဘူးလို့ပြောမိတာ မယ်ငီးကို ပုဆိန်ရိုးတဲ့ ဘိုရူးတဲ့..ကျမထွက်ခဲ့တာ ၁၉၈၉ ခုနှစ်ကလေ..) @_@ 

တခါလာလည်း လမ်းစဉ်ပါတီ ၂ခါလည်းပါတီ အဲ့ဒီ လိုမျိုးတွေဘဲရှိတာ။ ကျမက ခံစားမူ့(ရသဝတ္တုဆိုပါတော့)
သိပ်မကြိုက်ဘူး..တွေ့ရန်ဖြစ်ချစ်ကြိုက်ညား အဲ့လိုမျိုးဆိုရင် စိတ်မရှည်တာလည်းပါတယ်။ ဖတ်ကိုမဖတ်ချင် တာ။ ရုပ်ရှင်ဆိုရင် စုံထောက်ကား စစ်ကား ကာတွန်းဒီလောက်ဘဲကြည့်တာ။ ကိုးရီးယား ထိုင်းကား မြန်မာ
ကားအကြောင်းလာမမေးနဲ့..ဟီး..သိဘူးဗျ။ အခြေခံဘဝအကြောင်းပါတဲ့ ဝတ္တုဇတ်လမ်းဆိုရင်တော့ အရမ်း
စိတ်ဝင်စားပါတယ်..အဟဲ..ကျမကမြေကြီးနဲ့ပိုနီးစပ်ပါတယ်ဆို..ယုံလား( အရပ်က ၅ပေလေ..အဟက် :P)
ဂျာနယ် မဂ္ဂဇင်း ဝတ္တုတိုတွေတော့ အရမ်းကြိုက်ဗျ့...။ စားသောက်မူ့ဆိုင်တာတွေဆို လာခဲ့ဘဲ...အဟဲ..
ထားပါလေကိုယ်တို့က ခေတ်ရဲ့သားကောင်စနစ်ရဲ့သားကောင်တွေ ဘဝနဲ့ကြီးပြင်းလာရတာကိုး။ ခုလည်း
အချိန်မနှောင်းသေးပါဘူး။ ကိုင်း....လက်ဖက်ကနေစပြီး ရောက်သွားပြန်ပြီ..နောက်တနေရာစီ း))))
 
ဝေးဝေးလံလံနဲ့များများသွားမရှာပါနဲ့ ဒီ ဝီကီ နေရာလေးကတော့ ကိုယ်အမြဲသွားနေကြနေရာလေးပေါ့။
အဲ့ဒီမှာတောင် ပြူးပြူးကြီးရေးထားပါသေးတယ်။ "Tea plants are native to East Asia, and probably originated around the meeting points of the lands of north Burma and southwest China." 
ရင်နာစရာကောင်းတာတခုကလည်း မူရင်းအစဖြစ်ပေမဲ့ ထုတ်လုပ်မူ့မှာ ကမ္ဘာ့အများဆုံးနဲ့အဓိကလက်ဖက် ထွက်တဲ့နိုင်ငံစာရင်းထဲမှာ မရှိသလို၊ လက်ရှိ နိုင်ငံခြားသားအားလုံးနီးပါး (မြန်မာပြည်ရောက်ဖူးသူမပါ..လို့
ပြောရင်ရတယ်။ ရောက်ပြီးမှ အယ်..ညည်းတို့လည်းရှိတာကိုး..ဒါမျိုးကလာတယ်ဗျ) လက်ဖက်ဆိုတာ မြန်မာ
ပြည်ကလည်းထွက်တယ်ဆိုတာ မသိသလောက်ပါဘဲ။ ( လက်ဖက်များစကားထဲလာပြောနေသေးတာ ဘယ်က လာလဲလို့မေးခံရရင် မြန်မာပြောလည်းမသိ ဘာမားလည်းနိုးဆိုတာချည်းဘဲ..နိုင်ငံခြား မှာသွား လာနေတဲ့ ကိုယ်တို့နိုင်ငံသားများအသိဆုံး..ဟင်းဟင်းဟင်း... ^_^) တော်တော်များများ လက်ဖက်ခြောက်နဲ့ ပတ်သက်ပြီးရောင်းဝယ်လုပ်နေတဲ့သူတွေတောင် မူရင်းက တရုပ်လို့ဘဲရေးပြီးကြော်ငြာကြတာတွေ့ရတယ်။ 
တရုပ်စာအောက်နားဖက်စာကြောင်းကတော့လိရှမ်းစာဖြစ်ပါတယ် လက်ဖက်ကိုရှမ်းလို"လ"လို့ခေါ်ပါတယ်
ခရစ်တော်မပေါ်မှီ ၂၇၃၇ ကတဲက ဒုတိယမြောက် တရုပ်ဧကရာဇ် shen Nung က သူ့ရေနွေးခွက်ထဲ သစ် ရွက်ပြုတ်ကျလာတာက စပြီးလက်ဖက်ရွက်ကိုသောက်ရမှန်း သိလာကြတာလူတိုင်းကြားသိနေတဲ့ လက်ဖက်ပုံပြင်တခုပေါ့နော်..။ဘုရင်က သစ်ပင်အောက်မှာထိုင်ပြီးရေနွေးကြိုတာ အပင်ပေါ်က သစ်ရွှက်လေလွင့်ပြီး
ပြုတ်ကျလာတယ်ဆိုတော့ လက်ဖက်ပင်က အစကတည်းက အပင်ကြီးတယ်လို့သိထားရမယ်။ခုခေတ်
လေးတွေက လက်ဖက်ပင်ကို ပင်ပုလေးတွေဘဲမြင်ဖူးတော့ လက်ဖက်ပင်ကြီးတွေမြင်ပြီး စိတ်ထဲတမျိုးထင်
နေမှာစိုးလို့ပါ။ နောက်ပိုင်း တနှစ် ၃ခါလက်ဖက်ကိုခူးပြီးရောင်းကြရတော့ အပင်ကိုလူကိုယ်ခန္ဓာခါးပတ်ဝန်း ကျင်လောက်ဘဲ ခူးရအဆင်ပြေအောင် ထားကြတယ်။ မြင့်ထွက်လာရင် ဖြတ်ပေး ခုတ်ပေးနေမှာပေါ့ဗျာ။
Tang dynasty တန်မင်းဆက်ကြမှ လက်ဖက်သောက်ခြင်းယဉ်ကျေးမူ့ကနေရာအနှံ့ပြန့်သွားပါတယ်။
ဒါတောင် ဆေးဝါးအနေနဲ့ လူတွေသောက်သုံးကြတာပါတဲ့။ သူတို့ မှတ်တမ်းအရ သက္ကရာဇ် ၄၇၉ ခုနှစ်မှ
မွန်ဂိုးလီးယားနယ်ကနေ တူရဂီတွေ လက်ဖက်ခြောက်ကိုစပြီး ကူးသန်းရောင်းဝယ်ကြတာတဲ့။ ဂျပန်က ဘုန်း
ကြီးတရုပ်မှာဗုဒ္ဓဘာသာလေ့လာရင်း လက်ဖက်နဲ့အတူ ဗုဒ္ဓသာသာနာကိုဂျပန်ဘယ်သွားခဲ့တာ။ ကုလားပြည်
ဒါဂျီလင် အာသံ ကိုတောင် နောက်ကျမှရောက်သွားတာ ခုတော့ တတောလုံးတတောင်လုံး စိုက်ပျိုးကြတာ ကမ္ဘာမှာ ပထမဦးဆုံး စီးပွားဖြစ်စိုက်ပြီး အရှေ့အိန္ဒိယကုမ္မဏီကနေ အင်္ဂလန်ကို တင်ပို့ရောင်းချခဲ့တာ ၁၆၆၄ ခုနှစ်ကတဲကတဲ့။ အားလုံးကို ရေးချရင်တော့ တထောင့်တညပုံပြင်လိုဘဲအရမ်းဘဲ ရှည်လျှားပေများမှာ အမှန် ပါ။ ဒါပေမဲ့လည်း စိတ်ဝင် စားစရာကောင်းလှပါတယ်။ ကျမဆိုလိုချင်တဲ့ နေရာကို မြန်မြန်ရောက်ဖို့ သမိုင်း 
ကြောင်းခဏဖြတ်အုံးမယ်။ ^_^ စစချင်းတွေ့တာ တရုပ်မြန်မာနယ်စပ် တောင်တန်းလို့သာမှတ်ထားပါ..ဟီး

တရုပ်နိုင်ငံ အနောက်တောင်ပိုင်းနဲ့ မြန်မာနိုင်ငံအရှေ့ဖက်တောင်တန်းတွေကနေ လက်ဖက်ပင်စတင်ပေါက် ပွား ရာနေရာဒေသအဖြစ် စာတွေတော်တော်များများမှာရေးထားကြပါတယ်။ လက်တွေ့  အနေနဲ့လည်း
ကျမအရင်က ရေးခဲ့တဲ့ ဝမ်ဆိုင်းတောင်ပေါ်ရွှာက လက်ဖက်တောကြီးသက်သေပါဘဲမဟုတ်လား။တချိုု့
အပင်တွေဆို နှစ်ပေါင်း ထောင်ကျော်ပါတယ်တဲ့။တရုပ်ပါမောက္ခတယောက် အဆိုအရဆိုရင် ၁၃၀၀ နှစ်
ထက်မနည်း ကြာပြီရှိမဲ့ ကျမတို့အရှေ့ရှမ်းတောင်တန်း ဝမ်ဆိုင်း နဲ့အတူ ကပ်ရပ် ယူနန်ပြည်နယ်ဆစ်ဆောင် ပန်းနားဒေသ လက်ဖက်ရိုင်းတောကြီးကထွက်တဲ့လက်ဖက်ခြောက် ကတော့ကမ္ဘာ့အကောင်းဆုံးပါဘဲတဲ့။
Remote area အဖြစ်နေလာခဲ့ရတာက ဓါတ်မြေသြဇာ နဲ့ထိတွေ့မူ့မရှိဘူးလေ။

ရေမြေတောတောင်( ပေ ၇ဝဝဝ နီးပါး ၊အနဲဆုံး ၅ဝဝဝ ပေအထက်မှာမှ ကောင်းတဲ့လက်ဖက်ကထွက်ပါတယ်တဲ့)ရာသီဥတု စတာတွေက အကောင်းဆုံးလက်ဖက်အတွက် အထောက်အပံကောင်းတွေဖြစ်ခဲ့ တာလေ။
( တောထူထပ်လို့ လူသူပေါက်ရောက်နည်းခဲ့တာကိုဘဲ ကြံဖန်ကျးဇူးတင်ရပါတယ်လေ ) အဲ့..နေရာအားလုံးကတောင်ပေါ်တိုင်းရင်းသားတွေ လူမျိုးစုတွေနေတဲ့ နေရာဖြစ်ပါတယ်။ တရုပ်ဖက်အခြမ်း ကလည်း တရုပ်တွေ မဟုတ်ကြပါဘူး။ ရှမ်း၊လွိုင်ရှမ်းလူမျိုး၊ ပလောင်လူမျိုး၊ လားဟူ၊ အားခါ စတဲ့သူတို့တွေ အခါးရည်ကို သစ်ပင်အောက်မှာ လာထိုင်တဲ့ဘုရင်ကြီးမသောက်ဖူးခင်ကတည်းကသောက်ခဲ့ဖူးတဲ့ပုံစံ
ပါဘဲ။
ရှမ်းပြည်မြောက်ပိုင်းကတော့ ကျမလည်းမရောက်ဖူးပါဘူး။ အဲ့ဒီဒေသထွက် လက်ဖက်လည်း နံမည်ကြီးပါဘဲ။သူတို့ဆီမှာ နှစ်ကြီးလက်ဖက်ပင်ရှိမရှိ ကျမ မသိပါဘူး။ (စကားမစပ် စိတ်ထဲမတင်မကျဖြစ်နေမိတာ
တခုကရှမ်းပြည်မြောက်ပိုင်းနဲ့ ရှမ်းအရှေ့တိုက်ရိုက်ကားလမ်း လေကြောင်းလမ်းတွေကျမသိခဲ့သလောက်
မရှိ
ခဲ့ပါဘူး။ တမင်သက်သက် ရှမ်းအချင်းချင်း ကူးလူးဆက်ဆံ တွေ့ဆုံမူ့တွေကို ချုပ်ထိန်းထားသလားလို့ပါ ။
သူတို့တစ်ပါတီ စနစ်ရဲ့ စစ်ရေးဗျုဟာအရလား..ဆိုတာကိုအမြဲစဉ်းစားမိပါတယ်) နောက်ပိုင်းတော့မျှော်လင့်
တာတွေဖြစ်လာမယ်ထင်ရပါတယ်လေ။
ရှေးခေတ်က လက်ဖက်ခြောက် ကုန်ကူးပုံ



ကဲပါ...ကျိုင်းတုံက လက်ဖက်တောဆီ ပြန်သွားရအောင်..။ ရှေးခေတ်ကာလက လက်ဖက်ကို တခြားနယ်
မှာသွားရောင်းရတယ်ဆိုတော့ ဘယ်လို ဘယ်ယူသွားသလဲဆိုတာ ကြည့်ရအောင်။ ကျမတော့ ဒီအပိုင်းကို ပိုပြီးစိတ်ဝင်စားတယ်။တောတောင်အမြင့်ဒေသကနေ နောက်တခြားနေရာကို သွားကြတာ အရိုးရှင်းဆုံးက
ကျောပိုးဘယ်သွားကြတာပါဘဲ။ လက်ဖက်ခြောက်ကို များများလည်း သယ်လို့ရအောင် တောင်ပေါ်သားတွေ ကအတုံးအခဲအချောင်းသဘောမျိုုး အဲ့အခြောက်ကို ပြန်ပေါင်းပုံသွင်းပြီး ကုန်ကူးခဲ့ကြတယ်တဲ့။ ပုံမှာပါတဲ့ အတိုင်း တယောက်ကို ကီလို ၆၀ ကနေ ၉၀ အထိဘယ်နိုင်ကြတယ်။ ကြားဖူးကြမှာပါ Silk Road ဆိုပြီး တရုပ်ကပိုးထည်တွေကို အနောက်ကမ္ဘာနဲ့ အာရပ်ဖက်ကို ကုန်သွယ်ရေးလုပ်တော့ အဲ့လမ်းနဲ့စပြီး ကူးသန်း
ရောင်းဝယ်ကြတာ နံမည်ကျော်တဲ့ ရှေးခေတ်ကုန်သွယ်ရေးလမ်းကြောင်းတခုပေါ့။ အဲ့ဒီ လမ်းနဲ့ဘဲ တိဘက်
အိန္ဒိယကိုလက်ဖက်တွေ သွားရောင်းတဲ့ဓါတ်ပုံတခုပါ။
သူတို့ကတော့ ကျမတို့လို လက်ဖက်သုပ်မစားပါဘူး..။အဟဲ..အတုံးအခဲ လက်ဖက်ခြောက်ထုပ်ပိုးပုံစံကရှေး
ကျဆုံးဆိုပါတော့။ အဲ့လိုထုပ်ပိုးပြီးမှ ဘယ်ရလွယ်တာကိုး..ခုနောက်ပိုင်းမှသာ ဗူးတွေ ခွက်တွေနဲ့ထုပ်ပိုး
ရောင်းချလာကြတာပါ။

ဒီလို မြင်းတွေ လားတွေနဲ့ဘယ်တာကတော့ ကျမတို့တောင်ပေါ်ဒေသမှာ ခုထိအသုံးပြုနေကြဆဲ...

ခုနောက်ပိုင်း ရှေးခေတ်ကလို အစိုင်အခဲ ပုံစံကို နှစ်ကြီးလက်ဖက်ပင်ထွက် လက်ဖက်ခြောက်နဲ့ ထုတ်ပိုးပြီး
ရောင်းကြတာကို အနောက်နိုင်ငံသားတွေ တအားကြိုက်ကြတယ်။ ဒီလိုလက်ဖက်ခြောက်မျိုးကို Pureh ဆိုပြီး
ခေါ်တယ်။ (တရုပ်ကတော့သတ်မှတ်ပါတယ် ယူနန်နယ်ကထွက်တဲ့ နှစ်ရှည်လက်ဖက်ပင်တမျိုးကိုဘဲ Pureh
လို့ခေါ်နိုင်တယ်ဆိုတဲ့အကြောင်းပေါ့)
ကျမကို နှစ်ရှည်ပင်လက်ဖက်ခြောက်နဲ့မိတ်ဆက်ပေးတဲ့ လူငယ်လေးရဲ့ အလုပ်ရုံကလည်း ဒီလိုမျိုးထုပ် ပါတယ်။
 သောက်ခါနီးနဲနဲတော့ စိတ်ရှည်ရတယ်လေ..။စာအိတ်ဖွင့် ဓါးလေးနဲ့ ကလှော်ပြီး သုံးရတာပေါ့
ဒီလိုမျိုး လက်ဖက်ကို ထုပ်ပိုးထားရင် ၁၀နှစ်လည်း အထားခံတယ်။သက်တမ်းကြာလေ အရသာရော 
ကျမ်းမာရေးအတွက်ပါပိုကောင်းတယ်တဲ့။ အထင်မသေးနဲ့ဆရာရေ့ အနောက်နိုင်ငံမှာ သူတို့ကလက်ဖက်သား ကိုဖဲ့ဖဲ့ပြီး ရွှေရောင်းသလို ချိန်ရောင်းတာ ။ လွန်ခဲ့တဲ့ ၁၀ နှစ်ကထွက်တဲ့လက်ဖက်ခြောက်ဆိုပါစို့ သူ့ကို
ဒီလိုထုပ်ပိုးထားပြီး ခုချိန်မှာ ဈေးနူန်း ဘယ်လောက်များရှိတယ် ထင်ကြပါသလဲ....ကိုင်း...အဖြေကို..
နောက်တပတ်မှဆက်ကြမယ်လေ...ပျော်ပျော်ပါးပါးပေါ့.. :) ^_^ :P

သူကျမကို တခုလက်ဆောင်ပေးလိုက်တာ..မျောက်အုံးသီးရသလိုဖြစ်ပြီး ဘာအတွက်ကောင်းသလဲဆိုတာ
google တန်ခိုးနဲ့ရှာလိုက်တာ ၄လကြာသွားတော့ ဒီစာထွက်လာတယ်ဆိုပါတော့...အဟီး...
( လက်ဖက်အမျိုးအစား ကိုယ်တို့ဆီက လက်ဖက်ဈေးကွက်နဲ့ သူတို့တွေ ဘယ်လိုလုပ်ကြသလဲ ဆိုတာ
နောက်တခါပေါ့နော်...)

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်...
မီးမီး

Friday, April 15, 2016

လက်ဖက်ရည်(tea)သောက်ခြင်းအနုပညာ

မင်္ဂလာပါရှင်~~~
လက်ဖက်ရည်ကြမ်း၊ ရေနွေးကြမ်း၊အဖန်ရည် ကိုကျမတို့ရှမ်းပြည်ကအခါးရည်လို့ခေါ်ကြတယ်။ အရင်က
မြန် မာပြည်ထမင်းဆိုင်တွေမှာထမင်းစားရင် ကျမကအခါးရည်ပေးအုံးပြောတာ နားမလည်ကြဘူး
လူကိုအူတူတူ
နဲ့ကြည့်ကြတယ်။ ရှမ်းပြည်မှာဆို အဲ့လိုဘဲပြောကြတာကိုး..။ကျမတို့ရှမ်းပြည်မှာ
ထမင်းစားရင် ရေနွေးကြမ်း
ပါမှ ထမင်းဝိုင်းလေးကပြီးပြည့်စုံတယ်လို့ပြောရမယ်။

အဲ့ဒီ ရေနွေးကြမ်းကိုဘဲ သောက်ဖို့ပြုလုပ်နည်းတွေမတူကြပြန်ဘူး။သောက်ပုံသောက်နည်းတောင် မတူကြ တာ။ ခပ်လွယ်လွယ်ပြောရင်တော့ နှာခေါင်းအောက်ကပါးစပ်ပေါက်ထဲ သွင်းလိုက်ယုံဘဲ။ ဘာပေများရှည် လျှားချင်နေသေးပါသလဲ..ဒေါ်မယ်ငီးလို့မဆိုပါနဲ့။ တကယ့်ကို နည်းလမ်းပေါင်းများစွာတွေ့လာလို့ မိတ်ဆွေ များကိုဖောက်သည်ချရအုံးမယ်..။ ဂလို..ဂလို..

မှန်တာပြောရရင် မနှစ်ကနှစ်ကုန်ခါနီး ဒီဇင်ဘာပြန်တုံးအထိဆိုပါတော့။ ဒီလက်ဖက်ဆိုတာကြီးကို ဒီအတိုင်း 
ပဲသိထားတာ။ ဆိုလိုချင်တာက လက်ဖက်သုပ်ကို မြန်မာနိုင်ငံသားတွေစားကြတယ်။ လက်ဖက်ခြောက်ကို
ရေနွေးထဲခပ်သောက်တယ်။ ယွန်းရှမ်းတွေက လက်ဖက်ကိုအုန်းခြစ်သားတွေနဲ့ အချိုနှပ်ပြီးစားတယ်။ 
ကုလားပြည်က အချိုခြောက်လုပ်သောက်တယ်။ ဒီသဘောလောက်ဘဲရှိတဲ့ ဗဟုသုတနဲ့ မယ်ငီးနေခဲ့တာပါ။
အဲ...ဒီတခါပြန်သွားတော့ ( အရှေ့ကပို့စ်မှာပါပြီးပါပြီ) အိမ်လာဌားတဲ့ လုပ်ငန်းရှင်လူငယ်က တညနေတော့
ကျမကို လက်ဖက်ရည်သောက်ကြွဖို့ ဖိတ်ပါတယ်..။အဟဲ..ကြားကောင်းအောင်ပြောတာပါ..။အမလာခဲ့ပါ။
ကျွန်တော်လက်ဖက်ရည်တိုက်မယ်..ဒီလောက်ပါဘဲ။  မြန်မာပြည်လက်ဖက်ရည်မျိုးမဟုတ်ဘူးနော်..အချို
မဟုတ်ဘူး..ဟီး..အချဉ်လို့ပြောရင်လည်းရမဲ့ ဟိုဟိုဒီဒီ လာဘ်ထိုးတာမျိုးမဟုတ်ရပါရှင် 😁  မြန်မာပြည်မှာ လက်ဖက်ရည်ဖိုးဆိုရင် လာဘ်တောင်းတာလေ.. အဲ့ဒါအချဉ်ဖမ်းကြတာပေါ့..ကဲပါလေ..ဒါတွေက
နောက်ဆို
လုံးဝကင်းစင်တော့မှာတဲ့.. ပျော်ထှာနော်..

ကဲ..ဒီကလည်းနေခင်းအိပ်နေတာ တူမလေးလာနိုးတော့ ကမန်းကန်းပြေးဆင်းပြီးသူတို့လက်ဖက်အရောင်း
ပြခန်းထဲပြေးဝင်သွားတာပေါ့..။ သူက မီးစက်နိုးခိုင်းနေတာကြားရတယ် ဒီကလည်း..ဟွန့်..ဒီအခါးရည်
များ
ဘာမီးစက်ကလိုသေးတုံးပေါ့..စိတ်ထဲထင်နေတာ။ သူ့ခုံတန်းလျားရှေ့ဝင်ထိုင်တော့ စားပွဲကိုလည်း
အရမ်းသဘောကျသွားတယ်။ သစ်သားအလျှားလိုက်တချပ်ထဲအထူကြီးကို စားပွဲလုပ်ထားတာအရမ်းမိုက်တယ်။ရှေ့မှာထိုင်ခုံကလည်းခုံတန်းလျှားသဘောမျိုးဘဲ ။ ဒါပေမဲ့ သစ်သားအထူကြီး။ စားပွဲပေါ်မှာထူးဆန်းတဲ့
နောက် ထပ်သစ်သားတချပ်တင်ထားသေးတယ်..အဲ့ဒီသစ်သားပြားမှာတော့အပေါက်ကလေးပါတယ်။
အကန့်လေး
ပါတယ်။ နောက်ပြီး ရေနွေးအိုးသေးသေးလေး လျှပ်စစ်နဲ့တည်တဲ့အိုးတခုကိုရေထဲ့ပြီးတည်ပါတယ်။ ကျမ လည်းသတိရပြီးမှ အိမ်ထဲပြန်ပြေးပြီး ကင်မရာသွားယူရတာ။ စစချင်းတော့(ကျားကျား
ကလည်းရောက်လာ တယ်လေ) သူ့နဲ့ ဗီဒီယိုရိုက်ဖို့ကို ကင်မရာလုကြတာ။ သူကကင်မရာမန်းကြီး
ဖြစ်ချင်နေတာ။ဒီကလည်း
မရဘူးဘဲ။ အဲ့ဒါနဲ့ရှေ့ဆုံးအခန်းနဲနဲလွတ်သွားတယ်။ ကျမ ဒီမှာ ဗီဒီယိုဖိုင်
တင်ထားပါတယ်။

ဒီလိုမျိုး လက်ဖက်ရည်ကြမ်းကို သောက်ဖို့ပထမဦးဆုံးကအဖုံးပါတဲ့ ခွက်တလုံးလောက်လိုပါမယ်။ ရေလည်း တအားကြီးဗွက်ဗွက်ဆူတာမျိုးမဟုတ်ဘူး ရေနွေးပေါ့။ အရင်ဆုံးသူ့ရှေ့မှာရှိတဲ့ခွက်ထဲကို ကိုယ်သောက်မဲ့ လက်ဖက်ခြောက်တွေထဲ့ရတာပေါ့။ နောက်ရေနွေးဆူလာရင်  အဲ့လက်ဖက်ခြောက်ထဲငှဲ့ပြီး အဖုံးကိုခဏ
လေးဖုံးထား (စက္ကန့်ပိုင်းလေးပါ) နောက်ပြီးအားလုံးပြန်သွန်ပစ်လိုက်တယ် အဖုံးကိုနဲနဲဟထားတော့ ရေစစ်
သလိုဖြစ်သွားတာပေါ့။ အဖတ်တွေတော့ ဒီအတိုင်းကျန်ခဲ့တယ်။ အဲ့တာ လက်ဖက်ခြောက်ဆေးတာပါတဲ့။
ပြီးကျတော့ ခြောက်နေတဲ့လက်ဖက်တွေကိုရေနွေးနဲ့ ခဏလေးထိလိုက်တော့ နူးပြီးသူ့ရဲ့အခါးဓါတ်တွေပွင့်
လာအောင်လုပ်တာပါတဲ့။ ကျမ ဗီဒီယိုင်က ၂ခုရှိတယ်။ ဒုတိယတခုမှာတော့ သူလက်ဖက်ခြောက်ဆေး တာပါတယ်။ အော်တခုမေ့သွားလို့ လက်ဖက်ခြောက်ဆေးတဲ့ရေကို အလကားမသွန်ပစ်ဘူး နောက်ခရား
သေးတခုထဲထဲ့ပြီး ကျမတို့ကိုတိုက်မဲ့ခွက်တွေကို ဆေးပါတယ်။ လက်နဲ့မကိုင်ဘူးတူလိုမျိုး ညှပ်တုတ်ချောင်း
နဲ့ကိုင်တာ။ ခွက်တွေလည်း အေးစက်နေတာမျိုးမဖြစ်ရဘူးတဲ့။ နောက်ရေတအိုးမှ လက်ဖက်ခွက်ထဲ့ ခဏလောက်ဘဲဖုံးထားပြီး ချက်ချင်း ဇာကာစစ်ထဲ့ထားတဲ့ ရေကျားသေးသေးတခုထဲ ပြန်လောင်း တာပေါ့။ ပြီးမှ ကျမတို့ရေနွေးခွက်ထဲ လောင်းထဲ့ပေးတာပါ။ အရောင် ကတော့သပ်အရင့်ကြီးမဟုတ်ဘူး။ ဒါပေမဲ့ တကယ်ဘဲသောက်လို့ကောင်းလိုက်တာ။ တသက်လုံးသောက်ဖူးတဲ့ ရေနွေးကြမ်းနဲ့ အရသာဘာမှမဆိုင်ဘူး
ဒီရောက်တော့ သူ့လိုလုပ်ပြီးသောက်တာ
မေးမြန်းကြည့်မှ လက်ဖက်ခြောက်က တပိသာ သိန်းကျော်တယ်တဲ့ဗျား...။ အပင်တွေက သက်တမ်းရင့်
နှစ်ပေါင်းထောင်ချီနေပြီ..အနဲဆုံး ၃၅၀နှစ်ကစတယ်လို့ပြောပြတယ်လေ။ အင်း..နဲနဲစိတ်ဝင်စားလာပြီ။ ကဲ
ပြောနေကြာတယ်..ကျွန်တော်မနက်ဖြန် NGO အဲဖွဲ့တွေကိုသွားပို့ရမယ် လိုက်ခဲ့ပါ စီစဉ်ပေးမယ်တဲ့..။ ဒါနဲ့
ပြီးခဲ့တဲ့အပတ်က ရေးလိုက်တဲ့ ဝမ်ဆိုင်းလက်ဖက်ရွှာ အကြောင်းပေါ်ပေါက်လာတာပေါ့ရှင်..။
လက်ဖက်ခြောက်ဖတ်တွေလည်းကြီးမားပါ့
ကျမတောင်ကြီးမှာနေတော့ ဓနု အင်းသားအမျိုးတွေအိမ်မှာ သောက်တဲ့ လက်ဖက်ခြောက်က တမျိုး။ လက်
ဖက်ကိုလှော်ပြီးမီးဖိုပေါ်ကချတာနဲ့ နှမ်းနဲနဲထဲ့လိုက်တယ်။ အိုးအပူရှိန်နဲ့နှမ်းကချက်ချင်းကျက်တယ် တဖေါက်
ဖေါက်နဲ့ထမြည်တာပေါ့။ချက်ခြင်းဘဲ ရေနွေးကြမ်းအိုးထဲထည့်ပြီး ရေဗွက်ဗွက်ဆူနေတာလောင်းထဲ့လိုက် တာပေါ့။ ခဏလောက် အဖုံးလေးအုပ်ထားပြီး ခွက်ထဲငဲ့ သောက်ကြတာပေါ့။ ဆားနဲ့လည်းခပ်သောက်ကြ တယ်။ နှမ်းနံ့မွှေးမွှေးလေးနဲ့ပေါ့ရှင်။ ကျိုင်းတုံကဘဲ ကျမတို့ရှမ်းတွေက လက်ဖက်ခြောက်ကို ထမင်းဟင်းချက်
တဲ့အိုးနဲ့ မလှော်ဘူး။ မြေအိုးလက်ကိုင်ပါတယ် သေးသေးလေးနဲ့ ထင်းရူးချောင်းနဲ့လှော်ရတယ်။ ပြီး နှမ်းထဲ့
တာပေါ့။ ကဲ...စမ်းသောက်ကြည့်ကြပါလား...။
ဒီလက်ဖက်ရွှက်ကိုတော့လက်ဖက်နှပ်လုပ်လို့မရဘူးတဲ့
 အမေရိကားပြန်ရောက်ပြီး ဒီလက်ဖက်အကြောင်းသိချင်လွန်းလို့ Google နဲ့ ကမ္ဘာတလွှားရှာဖွေဖတ်ရူ့ကြည့် တာတကယ်ဘဲ...အံသြစရာစိတ်ဝင်စားစရာအများကြီးတွေ့လာလာတယ်။

ကဲ..နောက်တခါအဲ့ရွှာက လက်ဖက်ခူးပုံလေးတွေ လုပ်ပုံလေးတွေပြောပြအုံးမယ်... နော်ကပြီး ဘာဖြစ်လို့
ဈေးနူန်းခေါင်ခိုက်ရသလဲဆိုတာလည်းပြောပြမယ်လေ..နောက်ပြီး အခါးရည်ရဲ့ အရသာ ခါးခြင်းရဲ့ပုံစံအမျိုး
မျိုး..။ နောက်တခုက ကျမ်းမာရေးနဲ့ ဘယ်လိုပတ်သက်သလဲဆိုတာ...လာမယ်နော်..မျှော်..အဟဲ

ကိုယ်တို့မြို့မှာ တာဝန်ကျတဲ့ မူးကြီးမတ်ကြီးများ..အဲလေ..အရာရှိကြီးဆိုပါတော့ သူတို့တတွေ ဈေးထဲတိုင်း ခန်းလှည့်လည်တာ တွေ့တဲ့ဈေးသည်တွေကို ဘာလဲ ဘယ်လိုရောင်းလဲ ဘယ်ဈေးလဲဆိုပြီးမေးမြန်း စပ်စု တတ်တယ်တဲ့ လက်ဖက်ခြောက်တပိသာ သိန်းကျော်ဆိုတော့ မျက်စိပြူးပြီး ဘာဖြစ်လို့လဲ ဘာလဲဘာကြောင့် လဲ ..လဲပေါင်းများစွာနဲ့ အဲ့ဒီဒေသကို ကိုယ်တိုင်ကြွချီပါသတဲ့။ အပင်တွေမြင်မှ အံသြလို့ သူတို့ကောင်းမူ့လို့
ပြောရမှာဘဲ လမ်းတွေဖေါက်ပေး ကျောင်းတွေဆောက်ပေးဖြစ်လာတယ်လေ..။



သူ့ကိုပြောထားတာ လက်ဖက်ခူးချိန်ကျရင် ရွှာကလူတွေလက်ဖက်ခူးပုံလေးပို့လာပေးပါဆိုလို့ ကျမကိုပို့လာ
ပေးတဲ့ပုံတွေပါ...

အားလုံးဘဲ နှစ်သစ်အခါသာမည ရွှင်လန်းချမ်းမြေ့မူ့အပေါင်းနဲ့ပြည့်စုံခညောင်းကြပါစေရှင်~~~

မီးမီး
ပြောပြချင်တဲ့လက်ဖက်ရည်သောက်နည်းအမှန်..
အပိုင်း(၁)
အပိုင်း(၂)
အပို်း(၃)

Saturday, April 9, 2016

နှစ်ပေါင်းရာချီသက်တမ်းရင့်လက်ဖက်တော

မင်္ဂလာပါရှင်~~~

ပြီးခဲ့တဲ့တောင်ပေါ်ရွှာခရီးရဲ့အဆက်ပေါ့။ နောက်ထပ်ဆက်သွားတဲ့ရွာ ၂ရွာကတော့ လွိုင်ရှမ်းတွေနေတဲ့
ဝမ်ဆိုင်း နံမည်ကျော်လက်ဖက်ခြောက်ထွက်တဲ့ နေရာဒေသပါ။ ငယ်ငယ်ကတဲက ဈေးမှာ လက်ဖက်ခြောက်
ထိုင်ရောင်းနေတဲ့"လွိုယ်"လူမျိုးတွေဘယ်ကလာသလဲလို့ မေးလိုက်ရင် ဝမ်ဆိုင်းရွာကဆိုတာလောက်ဘဲသိ 
ခဲ့တာ။တခါမှလည်း မရောက်ဖူးခဲ့ပါဘူး။ လမ်းပမ်းဆက်သွယ်ရေးကလည်း ကြမ်းတမ်းတဲ့ကာလ မြို့နဲ့ နဲနဲ လှမ်းတဲ့ရွှာတွေဆိုရင် လက်နက်ကိုင်တွေ ၂ ဖက်စလုံးပါဘဲ ဘယ်သူ့ကိုယ်စားပြုပြု လက်နက်လေးကိုင်ကြ
ရရင်ကိုဘဲ တလောကလုံးက ထိုင်ရှိခိုးပေးရမဲ့အပေါက်မျိုးချိုးနေကြတာက အတူတူချည့်ပါဘဲ။ အဲ့လိုမျိုးတွေ
ရူပ်ပြီး ကြီးစိုးနေကြတဲ့အချိန်လေ။ခုတော့ လွိုင် ဆိုရင်မြို့က အချမ်းသာဆုံး စာရင်းဝင်ထဲမှာ ပါဝင်နေကြပြီ။
ပြောပါတယ်ခေတ်ကာလကြီး ပြောင်းလဲသွားပါပြီလို့( မနေ့တနေ့ကမဟုတ်ဘူးနော်) ဒီလို လက်နက်အာဏာ အပေါ်ကို အသပြာငွေကြေးနဲ့  ခင်းပြီးကုပ်တက်ခွစီးနိုင်တဲ့ အချိန်ကာလတရပ် ကိုယ်တို့တိုင်းပြည်မှာထွန်း
ကားလာခဲ့ဖူးတယ်လေ။ 
စကားချီးကလည်း ရှည်လျှားပေများပါတယ်ဆို..လိုရင်းကိုမရောက်နိုင်ဘူး..လိုရင်းကတော့ မယ်ငီး တောင်
ပေါ်လက်ဖက်ခြောက်ထွက်တယ်ဆိုတဲ့ လွိုင်ရွာ ၂ ရွာ (ဝမ်ဆိုင်းရွာ) ရွာသစ်နဲ့ရွာဟောင်း ခွဲထားတယ်တဲ့..
အလည်ရောက်ခဲ့တဲ့အကြောင်းပြောမလို့ပါ...ဟီး.. အဓိကအကျဆုံးတခု သတင်းပေးချင်တာကလည်း မိတ်
ဆွေများမြင်ဖူးနေကြလက်ဖက်စိုက်ခင်းမျိုးမဟုတ်ဘဲ၊ သဘာဝပေါက်တယ်လို့ပြောလည်းမရဘူးဗျ။
ရှေးလူ ကြီးများ စနစ်တကျစိုက်ပျိုးထားခဲ့တဲ့လက်ဖက်ပင်တွေလို့ဘဲဆိုရမှာဘဲ။

(အဲ့ဒီလက်ဖက်ကို စိတ်ဝင်စားတာနဲ့ google တန်ခိုးအမှီပြုလို့ ကမ္ဘာပတ်ရှာလိုက်တာ တကယ့်ကိုမထင်မှတ်
တဲ့သမိုင်းကြောင်းတွေ ဖတ်မိလေ့လာမိတယ်။ကမ္ဘာမှာ လက်ဖက်ဆိုတာ တရုတ်ကစတယ် ဆိုတာလောက်
ဘဲအားလုံးကသိကြတာ။ တရုတ်နိုင်ငံ ဘယ်နေရာ ဘယ်ဒေသ ဘယ်လူမျိုးကစခဲ့ကြတယ်ဆိုတာအသေ
အချာ မသိကြဘူး အခွင့်ကြုံရင်ပြောပြမယ်နော့်)



ရွာသားတွေကတော့ နှစ်ပေါင်းရာချီတယ်လို့ဘဲပြောတတ်ပါတယ်။ ခင်စပ်စုက လွိုင် အဖိုးကြီးတွေနားကပ်ပြီး
မေးမြန်းစုံစမ်းလိုက်တော့ နှစ်ပေါင်း ၃၅ဝ ကနေ ၅ဝဝ အထိသက်တမ်းရှိတယ်လို့ပြောပြပါတယ်။ ရွာသစ်မှာ ကားရပ်ပြီး ဟိုဟိုဒီဒီကြည့် ပါလာတဲ့ ဆရာမတွေက ဘုန်းကြီးကျောင်းမှာစုပြီး ခလေးတွေကိုဆေးထိုးပေး ဖို့ပြင်ဆင် NGO အဖွဲ့ကခလေးမလေးလည်း ဟောပြောဖို့ပြင်ဆင်နေတုံး၊ ဖုန်းမောင်တု့ိတသိုက်နဲ့ ရွာဟောင်း
ဖက်ကို ထွက်ခဲ့ကြပါတယ်။


( စကားမစပ် ရွာသစ်ဖက်က ဓါတ်ပုံနဲနဲဘဲရိုက်ထားမိတယ် အရင်ပို့စ်မှာပါပါ တယ်) ရွာသစ်က တောင်ထိပ်လွင်ပြင် ပြန့်ပြူးတော့ ကားတွေဘာတွေရပ်လို့ပြုလို့ရတယ်။ရွာဟောင်းကတော့နေရာကလည်း တောင်စောင်းချိုင့်နေရာမှာတည်ထားတာ ကားဝင်ဖို့ ခက်ခဲတယ်လေ။ လမ်းလည်းဖေါက်နေဆဲပါဘဲ။
ကျမတို့ကိုခေါ်သွားတဲ့ လက်ဖက်လှော်လုပ်ငန်းရှင်ကောင်လေးကလည်း အပြောကချိုတယ် သိပ်မဝေးဘူးနီး
နီးလေးတဲ့..လမ်းလျောက်ဘဲရမယ် ကားလမ်းက တံတားထိုးနေတာ မရသေးဘူးတဲ့။ကဲ.လျောက်ဆိုလည်း
လျောက်တာပေါ့..နော်..။ မယ်ငီးနဲ့ကျားကျားတို့ ၂ယောက် လျှာထွက် မတက်ဘဲ အသေမောထှာဗျာ..။
လမ်းဖေါက်တာကလည်းထုံးစံအတိုင်းပေါ့ ကန်ထရိုက်ကဖေါက်တာပါ။ အစိုးရမဟုတ်ပါဘူး။အလုပ်သမား
တွေအားလုံး ပြည်မကလာတဲ့ လူတွေချည့်ဘဲ..။
တမြို့လုံး အရေးကြီးတဲ့နေရာအကွက်အကွင်း အားလုံးသူ့နေရာနဲ့သူ  သူ့လူနဲ့သူတဲ့ဗျ...စီးပွားရေးကွက်ပြော တာဗျာ ..ကိုယ်တို့ဆီမှာ တာဝန်ထမ်းဆောင်ဖူးတဲ့ အုပ်ချုပ်ရေးတို့ စစ်တပ်ဖက်တို့ ဘာတို့ဆိုရင် အရမ်းသ
ဘောကျတာဘဲတဲ့။ ပြောသမျှ ဆိုသမျှအသာပြာချည်းဆိုဘဲ။ရူး..တိုးတိုး..ကျမစာဖတ်မိတ်ဆွေခင်လို့သူများ
ပြောပြတာ ပြန်ဖေါက်သည်ချတာနော့် 😁ကိုယ်တို့ဆီကနေ အဆင့်ဆင့်တက်သွားတဲ့ လူတွေကို သိတဲ့လူ
လက်ညိုးထောင်... @_@ ကဲ..တချို့လည်း အနိစ္စမတည်မြဲခြင်းတရားသဘောဆောင်သလို ကျန်နေသေးတဲ့
လူလည်းရှိပါသေးတယ်။
 ကိုင်း..အတင်းတုပ်တာ ခဏရပ်လို့ တောင်ပေါ်ကုန်းတက်ကြပါစို့...ဟောဟဲဟောဟဲ...
ဒီနေရာလေးပေါ့..သေသေချာချာကြည့်ပါ ဟိုးတောင်စောင်းကနေလျောဆင်းလာတယ်။ တံတားပေါ်မှာကွေ့
တယ် ပြီး ဂငယ်ကွေ့ပြီး ကုန်းအမတ်ကြီးပြန်တက်ရမဲ့သဘော။ ကိုယ်တို့ကတော့ ခင်အာကျယ်ဘဲ မြန်မာ
စကားကျယ်ကျယ်နဲ့ လမ်းကြီးက ဖေါက်တာအချိုုးမကျဘူးလို့ ဒီဂရီ အများကြီး ထောင်နေတယ် ကားအတွက် အန္တရယ်ရှိတယ်တို့ ဘာတို့ပေါ့ဗျာ..အဲ့မှာ အကြာကြီး ဝေဖန်လေကန်ရေးလုပ်ခဲ့တယ်။ အော်..... မြန်မာနိုင်ငံ သားပီပီပေါ့ရှင် " ဟိုလိုလုပ်ပါလား ဒီလိုလုပ်ပါလား ငါလည်းလုပ်တတ်ဘူး"ဆိုသလိုပေါ့။ အဟီး 
အတုမြင်အတတ်သင်တဲ့ ဘုတ်အုပ်ထဲ သူများတွေ အဲ့လိုလုပ်ကြတာဗျ..သိလား  😁
တောင်ကုန်းလေးထိပ်ရောက်တော့ လမ်းပြင်နေတဲ့နေရာလေးကို ပြန်ကြည့်မိသေးတယ်..
လမ်းဘေးတလျောက်တောင်ကုန်းတခုလုံး လက်ဖက်တောတွေချည့်ပါဘဲ..(တံတားခင်းနေတဲ့ နေရာက အပင်တွေအားလုံးလည်း လက်ဖက်တွေပါဘဲ..)
လမ်းဖောက်တာ လမ်းနဲ့မလွတ်တဲ့အပင်တွေ ဒီအတိုင်းခုတ်လှဲပစ်လိုက်တယ်..( နောက်မှပြောပြရအုံးမယ် ဘယ်လောက်အဖိုးတန်သလဲဆိုတာ)
ဒီနားကအပင်တွေကျတော့ သိပ်အကြီးစားမဟုတ်ဘူး..
သူတို့ရွာက ပေပေါင်း ၇ဝဝဝ ကျော်တယ်တဲ့..ဟိုးလှမ်းမြင်ရတဲ့တောင်တွေကပိုမြင့်နေတာ ပေပေါင်းတစ်
သောင်းနားနီးနေပေါ့( စကားမစပ် ကျမတို့ကျိုင်းတုံမြို့က ဒယ်အိုးပုံသဏ္ဍန် တောင်ပတ်ချာလည်ဝိုင်းရံနေတာ)
တချို့တောင်ပေါ်တွေကနေ မြို့လေးကိုမူန်ပြပြလေးမြင်နိုင်တယ်။
ဟောဝမ်ဆိုင်းရွာဟောင်းရောက်ပြီ... ရွာထဲမဝင်ခင် ဒီတောင်ထိပ်မှာ လက်ဖက်လှောတဲ့နေရာကို ယာယီ စာသင်ကျောင်း လုပ်ထားတာ ခဏသွားကြည့်ရအောင်...
ဆိုင်ကယ်သံကြားတော့ လမ်းဖယ်ပေးမလို့ကြည့်တာ ကိုရင်ပေါက်စလေး ၂ပါး ။ တောင်ပေါ်ဒေသမှာ ကိုရင်
ဘုန်းကြီးတွေ ဆိုင်ကယ်စီး ကားမောင်းကြတယ်တဲ့။
 သူတို့က ထိပ်မှာ ကျမကိုစောင့်လို့ ဒီက ခင်ခင်လည်း တောကြည့်တောင်ကြည့်နဲ့ မရောက်နိုင်..
အေးဆေးဘဲ..ပဲပေးနိုင်ပါသေးတယ်..😎

ယာယီစာသင်ကျောင်း..ဆရာမက မြန်မာပြည်အလယ်ပိုင်းက တယောက်ထဲဘဲ
စသင်ကျောင်းရှိလာတာ ၂နှစ်ဘဲရှိသေးတာတဲ့။ ခလေးတွေ ဗမာစကားနဲနဲပြောတတ်နေကြပြီတဲ့။
ဆရာမလေးနဲ့ သူ့သူငယ်ချင်း ကောင်မလေးတယောက် ကျမတို့ကို လက်ဖက်တွေ မုန့်တွေယူလာပေးသေး
တယ် သဘောကောင်းလိုက်တာ..
 လက်ဖက်လှော်တဲ့ဖို...
အိမ်သာကခေါင်မိုးကို ရွာသားတယောက်ကခွာပြီး သူ့အိမ်ယူသွားမိုးလို့တဲ့ အူပ်ချုပ်ရေးရုံးကတာဝန်ရှိလာ
တော့တိုင်ပြောကြပါတယ်။
ဆရာမလေးကသူတို့အိမ်မီးမရတာပြောတော့ ကျမကျားကျား မီးဆရာကလည်း မီးကြိုးတွေလိုက်ကြည့်ပေး
ပြီး ဟိုလုပ်ဒီလုပ်ပေးလိုက်လို့ မီးပြန်ရလာတယ်တဲ့။ ကျေးဇူးတင်လို့ လက်ဖက်လာကျွေးတာလားမသိ..ဟီး
(ရေအားလျှပ်စစ်နဲ့ပါ စမ်းချောင်းကနေသွယ်ပြီးလုပ်တာ ကိုယ်တို့က်ကရွာတွေအားလုံး ဒီလိုလုပ်ထားတတ်
ကြတယ်)

ဟော..သူကြီးအိမ်ရောက်ပြီ...စလောင်းနဲ့ဘာနဲ့ဗျ...
သူကြီးသားကွ..လည်ပင်းမှာ ငွေဒင်္ဂါးပြား ၃ ပြားတောင်..ဈေးကြီးတယ်..
ဗိုက်ဆာတယ်သူကြီးရယ်..ရွာသစ်မှာ စပယ်ရှယ်ချက်ထားပေးတယ်ဆိုပေမဲ့ ပြန်မသွားနိုင်တော့ဘူး ရှိတာဘဲ
ကျွေးပါတော့လို့ပြောပြီး ဒေါင်းလန်းထမင်းပွဲကြီးလာချတာ ဘာစပယ်ရှယ်ဟင်းမဟုတ်ပေမဲ့ တအားစားလို့
ကောင်းလိုက်တာ ဂေါ်ရခါးသီးကြော်နဲ့ မျှစ်ချဉ်ဟင်း... တသက်မမေ့တဲ့ ထမင်းပွဲပေါ့ရှင်....

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး