Wednesday, January 20, 2016

ပုဂံမြေမှနေ့လည်စာ.

မင်္ဂလာပါရှင်~~~
ပုဂံရောက်ရင် သရာပါ 3 ဆိုတဲ့ဆိုင်မှာစားပါ..လို့နေရာတော်တော်များများမှာဖတ်ဖူး ကြားဖူးခဲ့လေတော့
လည်း မယ်ငီးတယောက် အဲ့ ..နေရာရောက်အောင် ချီတက်ရလေတာပေါ့ရှင်..။

၁၁ နာရီကျော်ကျော်လောက်ဘဲရှိသေးတာ စောသေးတယ်တဲ့ ချက်ပြုတ်နေတုံးဘဲ..ကြည့်လို့ရလားဆိုတော့
ရပါတယ်တဲ့...

အသုတ်အားပါးတရနှယ်နေတာလေ...သွားမကြည့်ဖို့ ကိုယ့်ဖာသာကိုယ်ဆုံးဖြတ်ပြီး ဟင်းမှာလိုက်တော့ တယ်။ တော်ကြာ မမြင်သင့်တာတွေ မြင်မိပြီး စားချင်တဲ့စိတ်ပျောက်သွားမှာစိုးလို့..အဟဲ..
ရောမမြို့ရောက်ရင် ရောမသားလိုကျင့်တဲ့..စကားပုံရှိတယ်လေကွယ်..ဟင်းရောက်လာပြီ..ပုဇွန်ထုပ်ကြီး
တပွဲ ၃ဝဝဝ ကျပ်တဲ့...

ချပေးသမျှအားလုံးစားမယ်..လူ ၆ယောက်ကို တသောင်းကျော်ဘဲကျတယ်..တကယ်ကြီးကို ဈေးချိုပါတယ်..။
 အဲ့ဒါ..ထမင်းပေါင်းအိုးတဲ့...
ကျမစိတ်ဝင်စားစွာနဲ့ ငေးနေတော့ ထမင်းတပန်းထည့်စရာရှိတယ် ဓါတ်ပုံရိုက်မလားတဲ့..ကဲ..ကင်မရာ
ပြေးယူ..ပြီး မှတ်တမ်းလေးဘာလေး..ပေါ့ရှင်...ယူထားလိုက်ပါတယ်။ထင်းနဲနဲဘဲကုန်တာတဲ့..။

လူတွေလည်း တဖြေးဖြေးများလာတယ်...မီးဖိုချောင်ရယ်လို့ သတ်သတ်မှတ်မှတ်မရှိပါဘူး သစ်ပင်ရိပ်မှာ
ပတ်လည်မီးဖိုပြီးချက်နေကြတာဘဲ တောအလှူလုပ်တာနဲ့တောင်တူပါတယ်..။
မကျဉ်းပင်အောက်ကထမင်းဆိုင်...ဒေါ်အောင်ဆန်းစုကြည်တောင် စားတယ်ဆိုပြီးနံမည်လည်းကြီးပါတယ် တဲ့။
မိုးရွှာလာရင် ဘယ်လိုလုပ်မလဲဆိုတော့..သမီးရယ်..မိုးနဲပြီး ရွာကိုမရွာတာတဲ့..ကဲပြီးရော...
ထမင်းစားပြီး တန်းပြန်ပါတယ်။ အပြန်လမ်းမှာ ထန်းညက် ဝယ်ချင်လို့ ထန်းညက်ဖို တခုကို ဝင်ခဲ့ပါသေး တယ်။
 ထုံးစံအတိုင်း ကိုယ်တော့ သူတို့ထန်းညက်ချက်တဲ့နေရာကို စိတ်ဝင်စားပါတယ်..
ဆရာသမားက ထန်းရည်မရဘူးလားမေးတော့ ယူလာပေးပါတယ်...နေ့လည် ၁၂ နာရီကျော်နေတဲ့အ တွက်ကျမသူ့ကိုမသောက်စေချင်ဘူး.. 
 မြူအိုးတွေ...
အနောက်ဖက်မှာ ဟင်းချက်နေတဲ့ သားအဖ..ဘာဟင်းချက်လည်းဆိုတော့ ခလေးလေးကပြောပြတာ နားမလည်လိုက်ပါဘူး..ဆက်လည်းမမေးရက်ဘူး...မြေပဲဆံနဲ့ငရုပ်သီးဘဲတွေ့ခဲ့တယ်.
 သူကတော့ အမြည်းလေး ဆိုပြီး အလကားတောင်မြည်းခဲ့တယ်..စံနမူနာပါဘဲတော်...
ထန်းညက်ခဲဝယ်တာ လက်ဆောင်မပေးပါနဲ့လို့ ပြောယူရတယ်..အိပ်ထဲမှာ ပျားပုတုံးလေးတွေ အများကြီး
လက်ဆောင်အဖြစ် လိုက်ပါလာကြတယ်..း)))

မဝယ်လည်း အလကား တိုက်ပါတယ်တဲ့...ကျမတို့မသောက်ခဲ့ပါဘူး...နဲနဲလေး ခွက်ဖင်ကပ်လေးဘဲ မြည်း
ခဲ့တာ..ဝမ်းပျက်မှာစိုးလို့..ခရီးရှည်ဆက်ရန် ရှိသေးတယ်လေရှင်..

 နောက်တနေရာလည်း အိပ်ပျော်နေတာကို အတင်းနိုးပြီး လက်ဖက်ရည်သောက်ဖို့ ခဏနားကြသေးတယ်
 ကွမ်းယာသည်ကိုဘဲ စိတ်ဝင်စားတာ..သူလည်းဖုံးဘဲပွတ်နေတာလေ...ဟိ..
 တလမ်းလုံးခင်ခင် မလန်းနိုင်တော့ဘူ..အိပ်လိုက်လာတာ..အမြန်လမ်းပေါ်တက်ခါနီးမှ နိုးတော့တယ်
ကားဆရာကြီးကတော့ မန္တလေးအဝင်မှာ တခုခုစားမယ်ဆိုပြီး..အကင်ဆိုင်လား တရုတ်ဆိုင်လားမသိဝင်ပါ
တယ်..သောက်စားသမားတွေချည်းဘဲ....ကြက်သားအစိမ်းကြော်တဲ့..

 ကျမတော့ ထိုဖူးဖြူ(ပဲပြား)ကင်..
ရုန်းပတီသီးကင်ဘဲစားခဲ့တယ်..
  ကြက်သားချိုချဉ်တဲ့( စိတ်ထဲမှာတော့ မြန်မာထမင်းဆိုင်သွားချင်တာ ဘာလို့မပို့ပေးလဲမသိ..ဒေါပွမိတယ်)
ကျမဟင်းသီးဟင်းရွက်ကြိုက်တတ်တော့ ကန်ဇွန်းရွက်မို ကြော်ထပ်မှာပါတယ်..သိလား..ပါးစပ်ထဲမှာ အချိုမူန့် အရသာဘဲရတာ..မပြောရဲဘူးရှင့်...ရောမသားလိုနေရတာလေ...
စာရင်းချုပ်လိုက်ရင်..ဝမ်းပျက်တာအကြာကြီးရယ်..ဝမ်းတောင်ကိုက်ချင်သလိုဖြစ်တယ်..ဒီတခေါက်ခရီးစဉ်
နေရာလည်းပေါင်းစုံ အစားလည်း မျိုးစုံလေ..
အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး

2 comments:

  1. ဘယ်တော့ပြန်လာမှာလဲလို့ ..
    အိုင်အိုရာ

    ReplyDelete
    Replies
    1. အခုနှင်းတောထဲမှာ
      နှင်းတွေကျုံးနေရတယ်လေ..
      ဆိုင်ဆိုင်မဆိုင်ဆိုင်..
      ရေခဲမုန့်တလလောက်မစားဖို့
      ဆုံးဖြတ်ပစ်လိုက်တယ်...
      နှင်းဖြူကြီးကိုစိတ်နာလို့..
      :P :D ^_^

      Delete