Friday, January 1, 2016

ပုဂံခရီးအစ..

မင်္ဂလာပါရှင်~~~
ကျမတို့ကရမည်းသင်း-သာစည် သာစည်ကနေတဆင့်ပုဂံကိုသွားကြတာပါ။ တကယ်ဆို ဒီမြန်မာခရီးစဉ်တ ခုလုံးက ကောက်ခါငင်ခါစီစဉ်ပြီးဖြစ်လာတဲ့ခရီးဆိုပါတော့။တခါတလေ ဘဝမှာ စီစဉ်ထားတဲ့အတိုင်းဖြစ်မ လာဘဲ မထင်မှတ်တာတွေ မမျှော်လင့်တာတွေနဲ့ ပြီးဆုံးသွားရတတ်ပါတယ်။ဒီ၂ဝ၁၅နှစ်ဦးကတဲက ကျမတို့ စီစဉ်ထားတာတွေ တလွဲကြီး မျှော်မှန်းတာတွေနဲ့ထပ်တူ မကျခဲ့တာများ တနှစ်လုံးပါဘဲ။
ထီးလိုမင်းလိုဘုရား
မျော်လင့်တဲ့အတိုင်းဆိုရင် ကနေဒါရဲ့အရမ်းအေးတဲ့နေရာတခုမှာ မယ်ငီးကုပ်ချောင်းချောင်းဖြစ်နေမှာ ပြီးဆန်
ဖရန်စ္စကိုဖက်မှာ တနှစ်လောက်ယောင်နေဖို့ပေါ့...။ ဖြစ်သမျှတော့ အကောင်းကြီးလို့မှတ်..ဒီနှစ်ထဲ ကျိုင်းတုံ
၂ခါရောက်တယ်။ ရန်ကုန် မန္တလေး ပုဂံတခွင်ရောက်သွားခဲ့တယ်ဆိုပါတော့။
ကိုင်း..ပုဂံမှာဘာတွေရှိလဲ!!!! မယ်ငီးလို လက်ဖဝါးပြရင် လက်ဖမိုးကိုအတင်းငုံကြည့်ချင်တဲ့ ခင်ခင်ကြောင်
လေးများ မိတ်ဆွေတွေထဲ ရှိခဲ့ရင် အတွေးခြင်းတူညီမလားလို့ပါ...အဟဲ...(ရူးတိုးတိုး..ပလပ်စတိတ်အမိုက်တွေတော့ နေရာတကာ ဘုရားထက်ပေါများနေပေါ့ရှင်.....@_@ )
မြန်မာပြည်အနှံ့ အလှတရားလေးတွေအရင် ပြောပြီးမှ မမြင်ရတဲ့လက်ဖမိုးကအရည်ပြားတွန့်တွန့်ကြီးအ
ကြောင်းနောက်မှဆက်တာပေါ့နော့်...း))))
ပုဂံမြေအဝင် Toll gate လေးကချစ်စရာကောင်းတာအမှန်ဘဲ...နန်းဆံဆံလေး..
အရင်ဆုံး ညောင်ဦး တုရင်တောင် စွယ်တော်ဘုရားက လမ်းသင့်လို့ ဝင်ကြမယ်တဲ့...
အဆင့်ဆင့်တက်ဘဲ..ဟိုး..ထိပ်ရောက်မှ...တကယ်အမောပြေတဲ့ ရူမျှော်ခင်းတွေရှိတယ်...
တုရင်စွယ်တော်မြတ်စေတီ
 
ဘေးပတ်ချာလည် ကြည့်လိုက်တာ နဲနဲမူံမိုင်းနေတယ်။ မီးတွေရို့နေလိုက်ကြတာ...ဗျာ...ဟိုးနားမီးခိုးအူ၊ ဒီနားကအူနဲ့ အိုဇုန်းလွာပျက်တာ ခင်ဗျားတို့ကြောင့်လို့ ပြောရင် မယ်ငီး နရင်းအုပ်ခံရမလားဘဲ..း(((
ဒီတောင်ကြောလေးက သပ်သပ်ကြီးမြင့်နေတယ်...
ဆည်တွေလည်းများတယ်..ရေလည်းမတွေရဘူး...
အော်...ဘုရားသမိုင်းလေးလား..ကဲ..ပုံပါအတိုင်းဖတ်မှတ်ကြပါလေ..ဟီး(ကျမမျက်စိတကယ်ကိုက်နေတာ
အားတင်းပြီး ရေးတာကြာရင် မေ့သွားမှာစိုးလို့ နောက်ပြီးမရေးဖြစ်တာများတယ်..)
နောက်တဆူက ရွှေစည်းခုံစေတီ(ကျမတို့ကနံမည်ကြီးတဲ့စေတီတွေလောက်ဘဲ ဖူးခဲ့တယ်အချိန်မလောက်
လို့လေ)
စောင်းတန်းတလျောက်ကဈေးဆိုင်တွေထဲမှာ ဒီလက်မူ့ထည်တွေကိုသဘောကျတယ်။ ဒါပေမဲ့ တချို့ ထိုင်းက
လာတယ်လို့ပြောပါတယ်...။
 လှပသပ္ပါယ်ခန့်ညားပါပေတယ်...ရွှေစည်းခုံစေတီတော်သည် ညောင်ဦးမြို့မှ အနောက်တောင်ဘက်ယွန်းယွန်း ဧရာဝတီမြစ် ကမ်းနဖူးရှိ ပေ(၇၅၀)ကျော်ခန့် ရှည်လျားကျယ်ဝန်းသော မဟာရံတံတိုင်းကြီးနှင့် ဥာဏ်တော်ပေ(၁၆၀)၊ ဖိနပ်တော် အကျယ်ပေ(၁၆၀)ပမာဏရှိကာေ၇ွှရောင်ဝင်းလျက် တင့်တယ်ကြည်ညိုဖွယ် တည်ရှိသည်။ ရွှေစည်းခုံဘုရားကြီးကို ၁၀၃၁ခှုနှစ်တွင် အနော်ရထာ မင်းကြီးစတည်ရာ ၁၀၅၉ခုနှစ်တွင် အတွင်းထပ်စေတီပြီးခဲ့သည်။ ကျန်စစ်သားမင်းကြီး လက်ထက်၁၀၈၉ခုနှစ်တွင် ကျန်အပိုင်းကိုဆက်တည်ရာ ၁၀၉၀ခုနှသ် တွင်လုံးဝ ပြီးစီးခဲ့သည် ဟုဆိုပါသည်။ မြတ်စွာဘုရား၏ စွယ်တော်၊ နဖူးသင်းကျစ်တော် များကိုဌာပနာထားသော မြေပေါက်စေတီမျိုးဖြစ်ပါသည်။ စေတီလေးဘက် များတွင် မတ်ရပ်ကြေးရုပ်ပွားတော်တစ်ဆူစီရှိပါသည်။ ရွှေစည်းခုံဘုရား ၀င်းအတွင်းတွင် တစ်နှစ်ပတ်လုံးပွင့်သည့် ခရေပင်ကြီးသည် ထူခြားမှု့တစ်ခုအဖြစ် ယနေ့တိုင်တည်ရှိနေပါသည်။ ရွှေစည်းခုံဘုရားပွဲကြီးကို တန်ဆောင်မုန်းလပြည့်နေ့တွင် စည်းကားသိုက်မြိုက်စွာကျင်းပပြီး တစ်လပတ်လုံး ဈေးဆိုင်ခန်းများဖြင့် ခင်းကျင်းထားပါသည်။ပုဂံတွင် ရှားရှားပါးပါး ကျောက်ဖြင့်တည်ထားသော စေတီဖြစ်ပြီး ပြည်သူတို့ လုပ်အားဖြင့် တူရင်းတောင်မှ ကျောင်များကို လက်ဆင့် ကမ်းသယ်ယူပြီး ဒါနပြုခဲ့ကြသည် ဟုကြားသိရပါသည်။
ဒီဖက်ဘေးကနေကြည့်ရင် အပေါ်ကစေတီအသေးရဲ့ ဘေးမှာကျောက်စာတခုတွေ့လို့ ဆွဲရိုက်ကြည့်တာ..
ဘာလို့များ ထိပ်ပိုင်းအရမ်းကြိုက်ကြလည်းမသိဘူး..စေတီအထွတ်အမြတ်လိုနေရာတွေမှာဆိုရင် သူတို့တ
တွေနံမည်ကြီးရေးထိုးလို့ လှူ ကြတယ်..တကယ်ဘဲချွေးနဲစာနဲ့လှူတာလား....ရာထူးလည်းထိပ် ပွဲရှိလို့ထိုင်ခုံ ထိုင်ရရင်လည်းထိပ်ဆုံး..စိတ်ဓါတ်ကထိပ်ဆုံးမှာရှိမယ်လို့ မယုံကြည်ပါဘူး။ ဘုရားစေတီိအပေါ်တွေမှာ နံမည်ကြီးတွေတွေ့တိုင်း မယ်ငီးရင်ထဲ ကျလိကျလိ..အနော်ရာမင်းနဲ့ ကျန်စစ်သားမင်းတို့နံမည်ကို စေတီ တခုလုံးပတ်ရှာနေတာ...တွေ့မဲ့တွေ့တော့..
အဝင်ဝကဆိုင်းဘုတ်မှာဗျ....း)))) တော်သေး ဒါကာရင်းကြီးနံမည်ရှိသေးဗျို့..
ကောင်းကင်က အုံမိုးင်းနေတာ ဓါတ်ပုံကောင်းကောင်းမထွက်ဘူး..
ဒီလိုဇရပ်မျိုးကိုသဘောကျတယ်...
စေတီရဲ့ အံဖွယ် ၉ မျိုး...
 နောက်စေတီတခုက ထီးလိုမင်းလိုဘုရား...
သွားဖို့စီစဉ်ထားခဲ့မယ်ဆိုရင် သေသေချာချာဖတ်မှတ်လေ့လာပြီးမှ သွားရင်ပိုကောင်းတယ်...ထီးလိုမင်းလို ဘုရားကတော့ ပုဂံ-ညောင်ဦးသွား ကားလမ်းနဘေးမှာ တည်ရှိပါတယ်။ နရပတိစည်သူမင်းလက်ထက်မှာ စတင်တည်ခဲ့ပေမဲ့ သားတော် ဇေယျသိခ်ခေါ် နားတောင်းများမင်း လက်ထက်မှာမှ အပြီးသတ်တည်ထား ကိုးကွယ်ခဲ့တာဖြစ်တယ်လို့ လေ့လာမှတ်သားရပါတယ်။ ထီးလိုမင်းလို စေတီတော်ဟာ နရပတိစည်သူမင်း နတ်ရွာစံချိန်မှာ သားတော်ငါးပါးရဲ့အလည်မှာ ထီးဖြူစိုက်စေပြီး မင်းဖြစ်မဲ့သူဘက် ထီးတော်ညွတ်စေဖို့ အဓိဌာန်ပြုခဲ့ရာမှ ဇေယျသိခ်မင်းဘက် ထီးတော်ညွတ်ခဲ့တာမို့ ထီးကလဲလို မင်းကလဲလို လို့အစွဲပြုပြီး စေတီတော်ကိုလဲ ထီးလိုမင်းလို လို့ဘွဲ့တော်အမည်ပေးခဲ့တာ ဖြစ်ကြောင်း မှတ်သားသိရှိရပါတယ်။ ဒါပေမဲ့ ပညာရှင်တွေကတော့ အတိလောကမင်္ဂလာ အမည် မွန်ဘာသာ ကိုအဖတ်မှားရာက ထီးလိုမင်းလို လို့ခေါ်ရတာဖြစ်ကြောင်းဆိုကြပါတယ်။ ထီးလိုမင်းလိုဘုရားဟာ လှိုဏ်ဂူသုံးဆင့် ဘုရားဖြစ်ပြီး ဗိသုကာလက်ရာတွေကို ထူးခြားဖွယ် တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။
အနုပညာလက်ရာတွေ စိတ်ဝင်စားရင်တော့ ဒီဘုရားက တကယ်ဘဲ လေ့လာစရာအပြည့်...
နံရံမှာ ပျက်စီးပျောက်ကွယ်လုဖြစ်နေတာ နှမြောစရာ...
ရေးဆွဲထားတာ အရမ်းကိုလှပြီး အနုစိတ်တယ်..
လက်ကမြင်းကြောထတတ်တဲ့ (ကန်တော့ပါရဲ့ ဒီထက်ယဉ်ကျေးပြီး ပိုသင့်လျှော်တဲ့စကားလုံးရှာမရလို့ပါ)
A bay ကြီးလေးတသိုက်ကလည်း ဆော့ပင်နဲ့ ဝင်ပြီးရေးသွားတယ်..ဘယ်နေ့ကရောက်ခဲ့ပါတယ်... ဘယ်သူ့ကို ချစ်လို့ပါ..ဆိုတာမျိုးပါ..တကဲ့ကို စိတ်ပျက်စရာကောင်းပါတယ်။
 တချို့လည်းကွာကြနေပါပြီ...
မြင်ရတဲ့အပိုင်းတွေလိုက်ကြည့်တာ..အရမ်းကိုလက်ရာမြောက်တဲ့ ပန်းချီတွေပါဘဲ...
ပြန်ထွက်လာတော့ မီးတွေထွန်းလို့ မိုးတောင်ချုပ်ပြီဘဲ.....
ညကြီးမင်းကြီးနောက်ပ် စေတီ ၂ဆူထပ်ဖူးခဲ့ပါသေးတယ်...နောက်ထပ်ဆက်ရန်ပေါ့နော်..
နှစ်သစ်အခါသာမယမှာ အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး
စာလုံးစောင်းတွေကို ဒီနေရာ ကနေကူးယူပါတယ်...သမိုင်းအကြောင်းတွေ စိတ်ဝင်စားမဲ့သူအတွက်ပါ..

2 comments: