ဘန်ကောက်မှာ၁လခွဲကြီးများတောင်နေကြာခဲ့တာ အစားအသောက်တွေမီးထင်းတောက်ခဲ့တာပေါ့ရှင်။ အဲဒီ
အကြောင်းလေးကို ဘယ်လိုမှကျော်ခွသွားလို့မရဘူးလေ..ပြီးမှ ရန်ကုန် ကျိုင်းတုံ အကြောင်းဖက်ကို ခရီး ဆက်ကြတာပေါ့...။

A&W က ကြက်သားကြော်သုတ်စပ်စပ်လေးတဲ့၊ ဆန်လှော်နဲ့သုတ်တဲ့ ထိုင်းအရှေ့မြောက်ပိုင်း အီစန်ဒေသ စတိုင်ကြက်သား သုတ်ဆိုပါတော့။ ဈေးတကယ်ချိုပါတယ်ဆို..။

အအေးရောအပါအဝင်ရေခဲမုန့်ဝေဖာ set menu ဘတ်၁၃ဝ ပတ်ဝန်းကျာ်ဘဲကျပါတယ်...
(ရန်ကုန်နဲ့ဘာ မှမဆိုင်ဘူး..ဟိုက ဟင်းတပွဲ ဆိုင်သန့်သန့်ကဆိုပါတော့ အနဲဆုံး ၃ဝဝဝ ကနေသောင်းဂဏန်းအထိပေးရတယ်) ဘတ် ၁၃ဝ ပတ်ဝန်းကျင်ဆို ၄ဝဝဝ တောင်မကျပါဘူး။ အအေး ကလည်း A&W Root beer
(ရန်ကုန်နဲ့ဘာ မှမဆိုင်ဘူး..ဟိုက ဟင်းတပွဲ ဆိုင်သန့်သန့်ကဆိုပါတော့ အနဲဆုံး ၃ဝဝဝ ကနေသောင်းဂဏန်းအထိပေးရတယ်) ဘတ် ၁၃ဝ ပတ်ဝန်းကျင်ဆို ၄ဝဝဝ တောင်မကျပါဘူး။ အအေး ကလည်း A&W Root beer
ပေါ့..မိုက်တယ်နော်..။

ဒါကတော့ ဘန်ကောက်ဆင်ခြေဖုန်းရပ်ကွက် လမ်းဘေးတနေရာက အကြော်ဆိုင်ပါ။ ငှက်ပျော်ကြော် ပန်းဥ
ကြော်နဲ့ ကန်ဇွန်းဥကြော်တွေပါ..။

ဒီကန်ဇွန်းဥက အခွံလည်းမခွါဘူး..အကြော်သည်အဖွားကြီးက ကြိုက်သလောက်နိုက်စားနိုင်တယ်လို့ပြော
တာနဲ့ တမျိုးတခုစီစားခဲ့တယ်..အဟဲ..စားကောင်းလိုက်တာ..

ဒီငါးကင်ဆိုင်မှာတော့ ထိုင်းသူငယ်ချင်းများက ကြက်သားကင်တွေဝယ်ကြတယ်။ အဲဒါပါဘဲ..ကင်ဆာ ဘယ်ကလာသလဲဆိုတာ..ကြည့်ပါအုံး..စားချင်စရာမရှိပါဘူး..

ဆီချေးတွေအထပ်ထပ်နဲ့ ဘတ်တီးရီးယားတွေ စိတ်ပျက်စရာကြီး..စကားမစပ် ခုတလော လူတွေ အကင်
တော်တော်စားကြတာတွေ့ရတယ်...။

ကြက်ကင်ကတော့ ပြင်ဆင်ထားတာလေးကစားချင်စရာနော်..စာရင်းချုပ်ရင် ကျမတော့ အကင်တွေသိပ်မ စားဖြစ်ဘူး။ ဆီတွေများလို့ မကြိုက်တာနဲ့၊ ကိုယ့်ဖာသာကိုယ်ကင်စားရင်တော့စားဖြစ်ပါတယ်။

ကျမတူမလေးတယောက် ဘန်ကောက်က Mahidol University အင်ဂျင်နီယာမာစတာ စကေားလား ရလို့
ကျောင်းတက်နေတာ၊ သူ့ကိုတွေ့ဖို့ မြို့လည်ခေါင်မှာချိန်းရတယ်။ မတွေ့ရတာလည်း သူ ၇ တန်းကျောင်းသူ
ဘဝကတည်းက၊ အကိုအကြီးဆုံးရဲ့သမီးပေါ့၊ အကိုဆုံးလည်းမသွားဖြစ်တော့ သူ့နဲ့တွေ့ရတာ အရမ်းဝမ်းသာခဲ့ တယ်။ တောင်ကြီးသူ တူမလေးကလည်း ရောက်ခါစာထိုင်းအစားအစာမစားတတ်သေးဘူးတဲ့။ အဲဒါနဲ့ မြန်
မာပါးစပ်နဲ့ အံဝင်မဲ့ ဝက်အထပ်သားအခေါက်ကင် ထမင်းမှာပေးလိုက်တယ်။ မူလလက်ဟောင်း တရုတ် တန်းကနံမည်ကြီးဆိုင်တဲ့..အနှစ်တွေအများကြီးဆမ်းပေးတယ်။ သူကတော့ စားကောင်းတယ်လို့ပြောပါ တယ်...။



တူမလေးကိုထမင်းနဲနဲဘဲစား..ဆိုပြီး ကိုယ်ကြိုက်တဲ့ နေရာအတင်းလက်ဆွဲခေါ်ခဲ့ပါတယ်...



မှတ်ရော..ဟီး..ဒါကတော့ ဈေးကြီးတယ်ဗျ..ဘေးကနေအုန်းနို့တခွက်ပါထည့်ပေးလိုက်သေးတာ အားလုံး
လောင်းချစားသောက်လိုက်တော့..အီး...ဗိုက်ကြီးကယ်ပြီး ဘယ်ပြောကောင်းလိမ့်ပါ့မလဲ..သူတို့ကိုထားခဲ့
ပြီးရေအိမ်ပြေးရတာ တန်းနေတာဘဲ... :P

ပြီးထုံးစံအတိုင်း မြဘုရားချီတက်ကြပါတယ်။ ဒါကတော့ နောက်ရက်မှပါ ချစ်ချစ်ကြီးနဲ့ပေါ့..။ ဘုရားနားက
ဆိုင်တခုမှာ ဝင်စားတာ လုံးဝမကောင်းပါဘူး..။ ပူလွန်းလို့ ခဏဝင်နားတာလည်း ပါပါတယ်လေ။ သူက
သတ်သက်လွှတ်သီးစုံဟင်းနဲ့ ထမင်း...။တနှစ်တခါတော့ မြဘုရားဖူးလိုက် ရွှေတိဂုံဘုရားကန်တော့လိုက်
နဲ့ ဆုတောင်းထားတာလည်း မပြည့်သေးပါဘူးရှင်.. @_@


ကြုံရင်လည်းကြုံသလို မကြုံရင်လည်း ကြုံအောင်တော့ သရက်သီးရေခဲမုန့်ဆိုင်ကိုခဏခဏဝင်ပေးရတယ်
လေ..အဟီး..ဒီတခါတော့ ဘန်ကောက်မှာတကယ်ဝခဲ့ပါတယ်ဆို ပေါက်ချိန်တွေတက်လို့ 😁


တူမလေးကလည်း တချိန်လုံး စာမေးပွဲရှိနေတာဘဲ..သူအားတဲ့နောက်တခါထပ်ချိန်းတွေ့ကြပြန်တာပေါ့..။
ထိုင်းအစားအစာတွေနဲ့ မင်းတို့ကိုမိတ်ဆက်ပေးမယ်ဆိုပြီး ဆြာကီးလုပ်ခဲ့တယ်လေ။




ဝက်သားကင် အီစန်ဝက်အူချောင်း ဝက်ခေါက်ကြော် ငရုတ်သီးထောင်း တဗူးဝယ်ပြီး ဒေါင့်တနေရာမှာ အာ
လူးတွေဖုတ်ကြတယ်လေ...။

သူ့ကိုပြောထားတယ်..ဘာစားစား အဝအပြဲမစားနဲ့ တနေကုန်လျောက်သွားကြမှာ တနေရာနဲနဲနဲ့
နေရာစုံကအစားအစုံကျွေးမယ်ဆိုပြီးလေ...
ဒါကဂျပန်အစားအစာ..အရမ်းတန်းစီနေရတာဘဲ..ဆီကြော်နဲ့ မာရွှန်း
နစ်စ်တွေအများကြီးလောင်းထဲ့ပေးတာ..ကြည့်ရတာမဟန်တာနဲ့..တပ်ခေါက်လှည့်ထွက်လာကြပါတယ်။


"ထပ်ထင်းကလော့"ထိုင်းလိုတော့ အဲ့လိုအသံထွက်တာဘဲ..မြေစာဥကိုအရောင်ဆိုးထားတာပါ။ အုန်းနို့နဲ့
ရေခဲခြစ် ပါဘဲ..ကိုယ်အကြိုက်စ်...ပေါ့..။ ဖရဲသီးဖျော်ရည်လေးနဲ့..။

ညကျတော့ တူမလေးအဆောင်လိုက်သွားတာပေါ့။သူ့ဆီမှာသွားအိပ်တာ။နောက်အဲ့နားကထိုင်းစားသောက်
ဆိုင်မှာ သူ့သူငယ်ချင်း ၃ယောက်နဲ့ ကျမတို့ ထမင်းသွားစားကြပါတယ်။ အဟဲ..ခလေးတွေကဘာသိမှာလဲ
ဒီက လူလည်ကြီးကတော့ စားချင်တာမှာကျွေးလိုက်ပါတယ်။ ငါးရံ့ပေါင်းချဉ်စပ်၊

မင်းကတော်သဘောၤသီးထောင်း..ကြက်ဥပြုတ် ဝက်ခေါက် မုန့်ဖတ် ဝက်သားချောင်း ပုဇွန်အကောင်ကြီးနဲ့
ဂဏန်းတွေနဲ့ထောင်းတာ တပွဲကို ဘတ် ၃ဝဝ ကြီးများတောင် ပေးရတယ်..ဈေးကြီးထှာ..


ငါးခူမွကြော်...နဲ့ ကန်စွန်းရွှက်ကြော်..ဒါလောက်ပါဘဲ..ဒီတခါတော့ ဘတ်တထောင်ကျော်ကျသွားတယ်ဗျို့..

နောက်နေ့တော့ တနင်္ဂနွေနေ့မို့လို့ သူတို့ကို Chatuchak weekend market ကိုခေါ်သွားတယ်။အဲ့ဒီဈေးက
စနေတနင်္ဂနွေဘဲရောင်းတာ။ သွားမယ်ဆိုရင်လည်း အထဲဖက်ကဆိုင်တွေမှာစားဖို့ စိတ်မကူးပါနဲ့
ထိုင်စရာ မရှိတတ်ပါဘူး..။အပြင်က လမ်းတဖက် တလောျက်လုံးကဆိုင်တန်းလျားတွေမှာသာထိုင်ပြီးစားလိုက်ပါ။စားားလို့လည်းကောင်းတယ်..ပန်းခြံနဲ့ကပ်ရပ်နေရာတွေနားမှာပါဘဲ..။ကိုယ်တော့ ငါးအုန်းနို့မုန့်တီပေါ့...။
ဘာဖြစ်လို့လည်းမသိဘူး..အရမ်းကြိုက်တာဘဲ..။




အထဲဖက်ကဆိုင်တွေထဲမှာ ဒီ ဘိုကြီးရဲ့ဆိုင်ကတော့ တကယ်လူအပြည့်ပါဘဲ..ဟင်းချက်တာလည်း ထူး ဆန်းတယ်။ အဲ့..ဒယ်ပြားထဲကြက်သား ငရုတ်သီး ဆနွန်းတွေ ဆား ဆီတွေ အားလုံးတခုပြီး တခုပစ်ထဲ့ ချက်နေတာဘဲ တွေ့ခဲ့တယ်..အဲ့ လောက်ဆိုကိုယ်လည်းဖြစ်တာဘဲ..ကွ.. ထမင်းဆိုင်ဖွင့်စားတော့မယ်..ဟီး
အဟဲ..တနေ့နဲနဲပေါ့နော်..
စားစရာတွေလာပါအုံးမယ်လေ..
အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး