Thursday, August 21, 2014

နှစ်ယောက်ထဲရူးခဲ့ကြတဲ့နယူးယောက်မှာပေါ့..

မင်္ဂလာပါရှင်~~~

သြဂုတ်လဆိုတာတချို့လူတွေရဲ့ဝမ်းနဲကြေကွဲစရာလဖြစ်သလို တချို့လည်းပျော်ရွှင်စရာအမှတ်တရ အချိန်
တချိန်တော့ဖြစ်ကြတာပါဘဲ..။ကျမအတွက်က မိုးတဖွဲဖွဲရွှာနေတတ်တဲ့ ဒီလမှာ မွေးဖွားခဲ့တယ်ဆိုတော့
ဒီလရောက်တိုင်း ငါအသက်တနှစ်ကြီးသွားပြန်ပြီ၊ ဘာမှလည်းဖြစ်မလာသေးပါလား..လို့အမြဲစဉ်းစားခဲ့ရ
တဲ့ အချိန်ကာလပေါ့ရှင်..။ ဟီရိုးရှီးမားမှာ အနူမြူဗုံးနဲ့ လူတွေသေကြောပျက်စီးတာလည်း ဒီလပါဘဲ။ ကျမ တို့တိုင်းပြည်ကြီးရဲ့ အရေးအခင်းကလည်း ဒီလမှာစခဲ့ကြတာဘဲလေ။ပျော်ဖို့စဉ်းစားလိုက်ရင် သေကြေ
ပျက်စီးကြတဲ့သူတွေအမြဲမြင်ယောင်နေတတ်တယ်..။( ကိုယ့်ရဲ့စိတ္တဇဆိုပါတော့လေ)


ခုတော့ တမျိုးပြန်တွေးတတ်လာပြီ။ လက်ရှိရောက်နေတဲ့ဘဝက အရင်လေးဖက်ထောက်တွားသွားနေတဲ့
ခလေးဘဝထက်အများကြီးတိုးတက်လာတာ ဘာများထပ်လိုချင်တောင့်တနေပါလိမ့်ပေါ့နော်..။ ငယ်ငယ် ကဆိုသူများခေါ်သွားမှ သွားနိုင်လာနိုင် စားနိုင်တာလေ..။ဟောခုတော့ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ် တည်နေနိုင်ပြီ..ကဲ..တိုးတက်လာပြီလေ.. :P (လျောက်သွားတာလေးတွေပြောပြဖို့ဆင်ခြေဆင်းလေးပေါ့)

အဲ့နားမှာ ကပ်ပြီးဓါတ်ပုံရိုက်တာ
ရိုက်ပေးတဲ့လူကအမြင့်ကြီး...
ကိုယ်တို့ ၂ယောက်လုံးမြေကြီးထဲနိမ့်ဝင်ခါနီးရုပ်နဲ့ ^_^
ဒါကြောင့်ဒီပုံလေးနဲ့အစားထိုးကျေနပ်နေရတယ်လေ.. :P


ကဲပါလေ..လိုရင်းကိုမရောက်တော့ဘူး..အတိုချုပ်ရရင်ဖြင့် ကျမမွေးနေ့ပြီး နောက်နေ့မှာ ကျမရဲ့ငယ်သူ ငယ်ချင်း အိမ်ချင်းကပ်ရပ် ခွဲနေကြတာ နှစ်ပေါင်း ၃ဝကျော် သူ့အကြောင်းကို ဒီမှာ     ရေးဖူးခဲ့ပါတယ်။
သူက နယူးယောက်ကို ၂ညအိပ်ကျမနဲ့လာတွေ့မယ်တဲ့..။ သူက ထိုင်ဝမ်မှာလေယာဉ်မယ် ဘဝနဲ့နေထိုင်
ပြီးကျမကိုလည်းရှာဖွေနေခဲ့ပါတယ်တဲ့။


   
သူခရီးထွက်လို့နေရာတကာရောက်တိုင်းအဝတ်တွေဝယ်
ထားတတ်တယ်တဲ့၊သူ့နဲ့နဲနဲသေးနေတဲ့ဟာတွေယူလာပေးတာ
သေတ္တာတလုံးနဲ့အပြည့်( ပွတာဘဲး))))
အလုပ်ကနေ၂ရက်ခွင့်ယူပြီး လစ်တာပေါ့။ ကျားကျားက စိတ်မချလို့ လိုက်ပို့တယ်(တကယ်ပါ ခုထိမြို့ထဲကို
တယောက်ထဲတခါမှမသွားဖူးဘူး..ဟီး) တည သူငယ်ချင်းနဲ့အိပ်မလို့လေ။

အဲ့ RED BOWLဆိုင်မှာမနက်စာစားခဲ့တယ်
ဘူဖေးပါ$10 လောက်ပါဘဲသူငယ်ချင်းကျွေးတာလေ
ရောက်တာနဲ့သူကဗိုက်ဆာနေပြီတဲ့။ ကျမလည်းခပ်စောစောထွက်ခဲ့တာဘဲ GW Bridge ကတော့ပြောကို
မပြောချင်ပါဘူး။ မနက်ရနာရီကျော်တာနဲ့ ကြပ်ပိတ်သွားတာဘဲ။ သူတည်းတဲ့ဟော်တယ်နဲ့ ကျမအိမ်က
၃ဝမိနစ်လောက်ဘဲ ကားမောင်းရင်ရောက်တယ်တဲ့..။ ဟို ..Google map ကြီးကပြောတာပါ။ သူ့အဘိုးကြီး
တံတားပေါ်မှာကြပ်နေတာနဲ့ ၁နာရီခွဲလောက်ဘဲကြာသွားတာပါ..ဟီး။

မနက်စာကိုကျိုင်းတုံခေါက်ဆွဲနဲ့တော်တော်တူတဲ့ Pao လို့ခေါ်တဲ့ ဗီယက်နမ်ဆိုင်ချီတက်သွားကြတာ အား
လုံးကပိတ်လို့..။ ရှမ်းမတွေစောစောစားတတ်တာ တရုတ်တွေအိပ်နေသလောက်ဘဲရှိသေးတယ်တဲ့..
ဟား..ဘာမှမဆိုင်ဘူးနော့်..ဗမာစောရှမ်းတောပြန်ဆိုတဲ့စကားပုံလေးကြားဖူးမှာပေါ့။ တကယ်ပါ ရှမ်းတွေ
မနက်ဈေးကို မိုးမလင်းခင်သွားဝယ်တတ်ကြတာတော့ အမှန်ဘဲ။ ထားပါလေ..ဒါက ကဏ္ဍတပေါ့နော့်း)
တရုတ်မနက်စာဘူဖေးဆိုတော့ ဆန်ပြုတ်ကပါတာပေါ့။ ဆန်မှာတောင်အမျိုးမျိုးရှိသေးတာ..ကိုယ်တော့ ရိုးရိုး
ဆန်ပြုတ်ဘဲယူတယ်။ ပဲနို့ရည်ရယ် ဆန်ပြုတ်ထဲကို ပဲသီးအစပ်ကြော်နဲ့ဂျင်း ဝက်သားမွကြော်..ဒါလောက်
နဲ့ကိုဗိုက်ကပြည့်ချင်နေပြီလေ။

နောက်တပတ်သွားကြည့်လည်း အီလို့..မစားချင်ဘူး..။
နောက်သူငယ်ချင်းယူပေးတဲ့ ဆန်ပြားလိပ် သူတို့ကပဲငံပြာရည်နဲ့ဘဲဆမ်းစားကြတာ။ ဟောင်ကောင်က ကွမ်းတုန်တရုတ်စတိုင်နေမှာလေ..။
ဆန်ပြုတ်အိုးတွေ..။ စကားတွေအမျှင်မပြတ်ပြောဆိုနေကြတာ ကျမကိုအတင်းထပ်စားခိုင်းတာနဲ့ အီကြာ
ကွေးတပိုင်းထပ်စားလိုက်သေးတယ်။

အဲဒီဘူဖေးပြီးတော့ လမ်းသွယ်လေးတခုခြားတဲ့ Starbucks ကော်ဖီဆိုင်ချီတက်ခဲ့တယ်။ ဒီနေရာက
NY second china town လို့ခေါ်ကြတဲ့ Flashing,Queen ပေါ့။ တရုတ်တွေရော ဗီယက်နမ်ရော ကိုးရီးယား အာရှတိုက်သားတွေ ကျမတို့ မြန်မာပြည်ကလူတွေလည်း အများကြီးရှိကြတဲ့နေရာပေါ့။

သူလည်းကျမနဲ့စကားပြောရင်း ရှမ်းလိုတော်တော်ပြန်မှတ်မိလာတယ်။ ရှမ်းလိုဘဲပြောကြတယ်။ ကိုယ်တို့
အာစးအစာနဲ့ဆင်တူတဲ့အစားတွေရှာစားကြမယ်ဆိုပြီး ၂ယောက်သားတိုင်ပင်သဘောတူထားလိုက်တယ်။
အဟဲ...အစားအသောက်က အရေးပါတယ်နော်..။

ဒီတော့ သူက ထိုဖူးနောင်း(ရှမ်းလိုခေါ်တာ) မြန်မာလို ဘယ်လိုခေါ်ကြလဲတော့မသိပါဘူး။ အဲဒါနံမည် ကြီးဆိုင်တဆိုင်ရှိတယ်ဆိုပြီး သွားဝယ်တယ် ကျမအဝေးကနေလှမ်းပြီး ဓါတ်ပုံရိုက်ထားလိုက်သေးတယ်။
သူတို့ထိုဖူးနောင်းက သကြားရည်နဲ့မြေပဲပြုတ်နဲ့..ကိုယ်တို့ဆီကကြံသကာရည်နဲ့ ဂျင်းရည်မွှေးမွှေးလေး ကပိုမိုက်တာပေါ့ရှင်..။

သူငယ်ချင်းက နှစ်ပေါင်း ၂ဝနီးပါး လေယာဉ်မယ်လုပ်လာတယ်ဆိုတော့ နေရာအနှံရောက်ဖူးတယ်လေ။
ဒီနေရာလည်း အခေါက်ခေါက်အခါခါရောက်ဖူးပြီးသား ကိုယ်ကသာ (ဒေါ်အောင်ဆောင်းစုကြည်လာတုံးက
တခါလာဖူးတယ်) အဲဒီတုံးက ပွဲပြီးတော့ နေ့လည်စာဝင်စားတာ..ဒီနေရာမှာ    

နေ့လည်စာဗီယက်နမ်ခေါက်ဆွဲ
ဟော်တယ်ရောက်တော့ သူရဲ့ညအချိန်ဖြစ်ပြီး သူကမျက်တောင်တွေစင်းလို့ ခရီးပမ်းတာရော အချိန်ပြောင်း တာရောပေါ။ ဒါပေမဲ့ စကားအပြောမပြတ်ပါဘူး..။ ပြန်တွေ့ကြတော့ ဘယ်အခြေအနေရောက်နေကြတာ
လည်းဆိုတာထက် ကိုယ်တို့ဘဝမှာ ဘယ်လိုရုန်းကန်ကြိုးစားခဲ့တာကိုဘဲ ပြောဖြစ်ခဲ့ကြပါတယ်။ သူနဲ့မယ်ငီး
က ဒီလို အကျင့်စရိုက်ရောတူညီတယ်။သူကခပ်အေးအေးသမားပါ။ မယ်ငီးထက်ကိုပိုပွင့်လင်းပါသေးတယ်။
ကိုယ်တောင်တခါခါ လှို့ဝှက်ချက်တွေဘာတွေရှိသေးဗျား။ ဟန်ဆောင်ပန်ဆောင်တွေတောင်တတ်လို့ ^_^


နေ့လည်စာကိုတော့ ဗီယက်နမ်ခေါက်ဆွဲဆိုင်မှာ သွားစားပါတယ်။ တရုတ်တန်းမှာ ကိုးရီးယားဖွင့်တဲ့ ဗီ ယက်နမ်ခေါက်ဆွဲကို ရှမ်းမ၂ယောက် သွားအားပေးကြပါတယ်။ မကောင်းဘူး..။ကျမအမြဲစားတတ်တဲ့ နယူးဂျာစီကကိုးရီးယားစူပါမားကက် ခေါက်ဆွဲကပိုကောင်းတယ်။ ခေါက်ဆွဲအသားကသိပ်မပျော့ဘူး..
ကိုယ်ကခေါက်ဆွဲဖတ်ခပ်ပျော့ပျော့လေးနဲ့ ဟင်းရည်အရမ်းကြီးပူလောင်နေမှ စားချင်တာ...။
တရုတ်စူပါမားကက်တခုဝင်ပြီးကျမမုန့်တီအခြောက်ဝယ်တာ
မုန်လာဥအစိမ်း..တဲ့တခါမှမမြင်ဖူးပါဘူး
၂ယောက်သားစကားပြောရင်း လမ်းတလားကြတယ်။ တခုမကောင်းတာက လေတိုက်မိုးရွှာတာပေါ့ရှင်..။
ဖြစ်ချင်တော့ အဲ့ ၂ရက်လုံး မိုးရွှာပါတယ်တဲ့ :(((

သူ့တို့တည်းတဲ့ဟော်တယ်ကလည်း ထိုင်ဝမ်သားပိုင်တာတဲ့။ အပြင်အဆင်ကလည်း တရုတ်စတိုင်နဲ့ ချစ်စရာကောင်းလို့ ...
အပေါ်ကနေ အောက်ထပ် barကိုလှမ်းမြင်ရတယ်..။
ပုလင်းတွေနဲ့စီပြီး ကာထားတာ..မိုက်တယ်။ နေ့လည်စာစားပြီးတော့ သူဝယ်ထားတဲ့မုန့်တွေက အများကြီး၊
သူကဂျပန်နာဂိုယာကနေတဆင့်လာတော့ ဂျပန်မုန့်တွေလည်းယူလာပေးတယ်လေ။ မုန့်တွေစားလိုက်
လမ်းယိုင်းသီး(ရှမ်းလိုခေါ်တာ) နှင်းသီးဆိုလား မြန်မာလိုခေါ်ကြတာ အဲဒါတွေထိုင်စားကြတာ အဲဒီအသီး ကချိုလွန်းလို့အရမ်းအပူကန်တတ်တယ်..။နောက်နေ့မနက် မယ်ငီးမျက်ခွက်ကြီး ဖုတွေထူလပြစ်နဲ့ :(((
ည ရနာရီမှာ ၂ယောက်လုံးအိပ်ပျော်သွားကြတယ်။ ညစာတောင်မစားတော့ဘူး..အဟဲ
ဒီဆိုင်ကခေါက်ဆွဲချပ်(ရှမ်းလိုခေါ်ထဲ့လိုက်တာဘဲအေးရော)အရမ်းနူးညံပြီးကောင်းလွန်းတယ်
နောက်နေ့မနက် ကျမက ဟောင်ကောင်စတိုင် ဒင်းဆမ်းစားချင်တယ်ပြောတော့ သူကနံမည်ကြီးဆိုင်တခု ရှိတယ်တဲ့။ သိပ်လည်းမမှတ်မိတော့ဘူး..ဆိုဘဲ။ ဒါနဲ့ လမ်းမှာ ဟိုမေးဒီမေးနဲ့ လမ်းမပေါ်မှာ တောင်ဖက် သွားလိုက် မြောက်ဖက်လျောက်လိုက်နဲ့ မိုးကရွှာ ထီးလေးမလုံတလုံနဲ့ ဒါတ်ဒါတ်တွေလည်းမရိုက်အား
တော့ပါဘူး..။ နောက်ဆုံး ၄၅မိနစ်လောက်လမ်းတလားပြီးမှ တွေ့တော့တယ်။ ဒုတိယထပ်မှာရှိတာ။
နံရိုးပေါင်းအောက်မှာဆန်ခေါက်ဆွဲအလိပ်လေးတွေပါတယ်
တော်တော်များများက တပွဲမှ ၂ကျပ်ခွဲဘဲ..
ဒီပုဇွန်လုံးကြော်..အထဲမှာ ပုဇွန်ချည်းချည်းဘဲ..ဘာဂျုံမှမရောထားဘူး။

သူကအစာပိတ်ဒီလိုအရည်သောက်ရတယ်တဲ့..။ ဘာလည်းဆိုတော့ သူကတရုတ်လိုဘဲပြောတတ်တယ်တဲ့။
ဒီတော့ မယ်ငီးနံမည်ပေးလိုက်တယ် ပေါက်စီဟင်းရည်..မှတ်ကရော ပေါက်စီလိုအလုံးနဲ့ ဟင်းရည် ပါသေးတယ်လေ။ ဂျင်းထဲ့စားမှအရသာပြည့်စုံတယ်ဆိုဘဲ..။
အပြန်ခါကျတော့ အောက်ထပ်မှာ ခေါက်ဆွဲချပ် ၂ထုတ်ဝယ်ပြန်တယ်။မယ်ငီး နောက်နေ့စားဖို့( လောဘး)
အဲဒီမှာ ဝယ်နေကြတာ တန်းစီနေတာဘဲ..
ခေါက်ဆွဲသုပ်၊ပဲပုပ်နဲ့ရှလကာရှည်နဲ့ စပ်စပ်ချဉ်ချဉ်လေး
နောက်ထပ် ကျိုင်းတုံက ခေါက်လန်ဖွန်းလိုအသုပ်ရောင်းတဲ့ဆိုင်တွေမှာ တချို့က မုန့်ဟင်းခါးမုန့်တီဖတ်ကို
အသုပ်သဘောမျိုးရောင်းတတ်တယ်လေ..အဲလိုဆင်ဆင်တူတဲ့ ခေါက်ဆွဲသုပ်ဆိုင်တခုသွားရှာကြပါတယ်။
သူခဏခဏစားဖူးတယ်တဲ့။ရောက်တဲ့နေ့ကဘဲတဗူးဝယ်ထားတာ ဟိုတယ်ခန်းထဲမှာတောင်ရှိသေးတယ်။
အောက်ထဲကိုဆင်းသွားရတယ်ဆိုဘဲ..ထုံးစံ ကျမတို့၂ယောက်လမ်းမပေါ်မှာ တဝဲဝဲလည်ပတ်ရှာနေကြတာ။

သူက ငီးငီးကိုတနေရာရာမှာ ရပ်စောင့်ခိုင်းတတ်တယ်။ ပြီးခြေတိုနေအောင်ရှာလို့တွေ့မှပြန်လာခေါ်တယ်
လေ။ အဟဲ..ဒုတိယတခါထပ်စောင့်ရပြန်တယ်။ ကဲနောက်တော့ မြေအောက်ထပ်ဆင်းတဲ့လှေခါးလေးတွေ့
တော့တာ..။

အစကသူပြောလို့သာလိုက်လာတာ..သိပ်နားမလည်သဘောမပေါက်သေးဘူး..။ဆိုင်က မီးနူးတွေဓါတ်ပုံ ရိုက်ပြီးမှ တွေ့မိတော့တာ..။
နှယ်နှယ်ရရမှမဟုတ်တာ Food network ကစူပါ Chef  ကြီးတွေလာရောက်သုံးဆောင်ပြီး လက်မထောင် သွားခဲ့တာကိုး..
တကယ်စားကောင်းပါတယ်။ ရိုးရိုးစင်းစင်းလေးပါဘဲ..။
ပဲပြားအစိမ်းလို့ထင်ရတာဘဲ..ရေစိမ်ပြီးပွလာသလို အသားတုပုံစံမျိုးပါ။ ညှပ်ထဲ့ပေးပါတယ်။

ကျမသူငယ်ချင်း ၂ထုပ်ဝယ်ပြီး တထုပ်ကိုတယောက်တဝက်စားပါတယ်။ ကျန်တဲ့တထုပ်ကို မယ်ငီးအိမ်ပြန်
ရောက်တော့ညစာ အဖြစ်ထပ်စားပါတယ်။ အိမ်မှာပါတွေပါသလဲဆိုပြီး သေသေချာချာ ပုဂံထဲထည့်ပြီးစူး
စမ်းလေ့လာပါတယ်။ အပေါ်ဆုံးပုံက အိမ်မှာရိုက်တာပါ ခေါက်ဆွဲဖတ်မထဲ့ခင် ပေးလိုက်တဲ့ အချဉ်ရည်နဲ့
သခွါးသီး နံနံပင် ပဲပြားတွေနဲ့ မိတ်ဆွေများကိုဖေါက်သည်ချပြတာပါ..ဟီး..တကယ်စားကောင်းတာ အမှန်ဘဲ

ဆီတွေဝေ့နေတာဘဲ..ခေါက်ဆဲထဲ့နယ်လိုက်တော့ပျောက်သွားရော..


 ခေါက်ဆွဲဖတ်ကကြီးလိုက်တာ...
ကဲပါလေ..ညလည်းမိုးချုပ်လှပြီ..ခေါက်ဆွဲလည်းနယ်ပြီးသွားပြီ..မိတ်ဆွေများလည်း အဆာပြေ ရိုးရိုးလေးနဲ့ လွယ်ကူပြီးလုပ်စားနိုင်ပါတယ်။
မယ်ငီးတော့ စပ်လို့ ဂျပန်မုန့်တွေနဲ့ အဆင်ပြေနေပါကြောင်း...သတင်းကောင်းပါးပါတယ်ရှင်း))

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး
PS..
တခုပြောဖို့ကျန်သွားတယ်။
ငယ်ငယ်က အတူတူကစားကြရင်း ညနေစောင်းရေမိုးချိုးပြီးတဲ့အချိန်ဆိုရင်၊ ကျမတို့၂ယောက်ချိန်းကြတယ်။
အိမ်ရှေ့ သူ့အိမ်နဲ့မယ်ငီးတို့အိမ်ကြားထဲက သူတို့လှည်း(သစ်သားလက်တွန်းလှည်းကြီး)တခုရှိတယ်။ အဲဒီပေါ်မှာထိုင်ပြီး လမ်းသွားလမ်းလာတွေကိုငေးရတာ အရသာတခု၊ အဲဒီနေရာကို "နယူးယောက်"လို့
၂ယောက်သားအမည်ပေးခေါ်ဖူးခဲ့ကြတယ်..။ဒီတခါတော့ တကဲ့နယူးယောက်ကို ရောက်လာခဲ့ကြရတာပါ ဘဲလေ..။

12 comments:

  1. အိမ်စိုးမေAugust 22, 2014 1:07 AM

    ဖတ်ရင်းနဲ့ ငယ်သူငယ်ချင်းတွေကို တောင် သတိရသွားတယ်

    ReplyDelete
    Replies
    1. တချို့ငယ်သူငယ်ချင်းတွေကို
      ခုထိလိုက်ရှာနေတုံးပါဘဲ..း)))

      Delete
  2. ပျော်စရာကြီးနော်၊
    ငယ်သူငယ်ချင်းနဲ့ တွေ့ရတာရော၊ လျှောက်လည်ပြီး ကိုယ် ကျွမ်းဝင်တဲ့ အစားအစာ စားရတာတွေရော၊ အစအဆုံးလိုက်ကြည့်မိတယ်၊ နယူးယောက်ဆိုတာကြီးတောင် ပျောက်ပြီး ကိုယ်နဲ့ ရင်းနှီးတဲ့ နယ်မြေကို ရောက်သွားသလိုပဲ။

    ReplyDelete
    Replies
    1. တရုတ်တန်းထဲရောက်သွားရင်..
      ရှန်ဟိုင်း၊ ပီကင်းတို့ရောက်သွားသလိုပါဘဲ..
      အသက်လေးရလာရင်
      သူငယ်ချင်းတွေကိုပိုတောင့်တမိတာ
      အမှန်ဘဲ..နော် :D

      Delete
  3. မမီးမုန့်တွေလာငေးပြီး သရေကျသွား

    ReplyDelete
    Replies
    1. မိုးငွေ့လေးက ချက်တတ်တယ်၊
      ကိုယ်တော့ ဝယ်စားတာပိုကျွမ်းကျင်တယ်လေ..
      အဟဲ...

      Delete
  4. ပျော်စရာကြီးနော်

    ReplyDelete
    Replies
    1. ပျော်ခဲ့တယ်..
      တနေ့နေ့သူနဲ့စကားပြောတာနဲ့ဘဲ
      အချိန်ကုန်တော့
      blog ရေးဖို့အချိန်တောင်ရှိတော့ဘူး..ဟီး

      Delete
  5. ကြည်နူးစရာဘဲနော် နှစ်ပေါင်းများစွာကွဲပြီးမှပြန်ဆုံကြရတာ။
    ဒီကြားထဲစားကောင်းသောက်ကောင်းတွေကပံ့ပိုးပေးလိုက်တော့ပိုပျော်စရာပေါ့။
    အဲဒီဂျပန်မုန့် တွေဈေးကြီးတာနော်။ ခြွေစား။း)
    အိုင်အိုရာ

    ReplyDelete
    Replies
    1. မအိုင်အိုရာရေ့..
      ပျော်လိုက်ပင်ပန်းလိုက်နဲ့ချာချာလည်နေတာပါဘဲလေ..း))
      ၂ခါဘဲစားရသေးတယ်၊မုန့်၂ဗူးကပြောင်သွားတာဘဲ..အဟီး
      တထုပ်ချင်းဆီထုတ်ထားတဲ့လုံးလုံးလေးမုန့်ကအထဲမှာ၊
      ဌာပနာဝါဝါလေးတွေပါတယ်၊
      နဲနဲချိုလို့ကျားကျားကြီးဘဲစားတယ်၊
      မန်ု့ပု့လေးကချိုးဌက်ရုပ်လေးမျက်စိတောင်ပါသေးတယ်၊
      လှမှလှ..ချိုတော့သိပ်မကြိုက်ဘူး..အဟဲ
      စကားမစပ်..ဟင်းချက်အုံးလေဗျာ..
      ဖတ်ချင်ကြည့်ချင်လို့ပါ..နော်း)))

      Delete
    2. ဟင်းချက်လိုက်ဓါတ်ပုံရိုက်လိုက်တော့မှန်မှန်လုပ်ပါတယ်။
      မတင်ဖြစ်တာသာရှိတာ။
      တပါတ်တပါတ်ကလည်းအရမ်းအချိန်ကုန်မြန်တာ။
      နားရတယ်လို့ ကိုမထင်ဘူး ။း)
      အိုင်အိုရာ

      Delete
    3. ပြီးရင်တင်လိုက်တော့လေ...
      ဒီကငမ်းမလို့စောင့်နေတာကြာပေါ့း)))

      Delete