Saturday, March 9, 2013
ရေပေါ်ဈေးနဲ့ ပင်လယ်စာများ Ampawa Floating Market
မင်္ဂလာပါရှင်~~~
အာလူးမဖုတ်ရတာ အတော်ကြာခဲ့ပြီပေါ့နော် :)))
ကဲ...စားသောက်စရာဖက်ကနေ ပြန်စပြီး အားလုံးကို နူတ်ဆက်ပါတယ်နော့်...။
အတွေ့ အကြုံတွေ၊ သွားခဲ့တာ၊ကြုံခဲ့တာ၊၀ါးခဲ့တာတွေ လက်ဆင့်ကမ်းလိုက်မယ်နော်...။
ကျမက အိမ်ပြန်ရင်လည်း ဘန်ကောက်မှာခဏနားဖြစ်တယ်။
အလုပ်လုပ်နေတဲ့နေရာတွေဆီပြန်မယ်ဆိုလည်းဘန်ကောက်ကိုခဏလောက်ဝင်လိုက်ပါသေးတယ်။
စာရင်းချုပ်လိုက်တော့  တနှစ်မှာ ၁ လလောက်နေဖြစ်ပါတယ်။
ကိုယ့်အတွက်ကလည်းစားဖို့ ဝါးဖို့ လေ...:Pဒီတခါတော့ အမေရိကားမပြန်ခင်ခဏ၀င်ခိုနေတာပါ။
ပြီးခဲ့တဲ့ ၂၀၁၂ အောက်တိုဘာလ ကုန်ကတဲက ဘန်ကောက်ရောက်တော့ သူငယ်ချင်းကောင်းမှု့ နဲ့ Ampawa Floating Market, Samutsongkram,ရောက်ခဲ့ပါတယ်။ 
မရောက်ခင် ပင်လယ်စာအရမ်းကြီးလတ်ဆတ်ပြီးစားကောင်းတဲ့ဆိုင်ကိုခေါ်သွားလို့ ၊
ဝါးတီးဖွင့်လိုက်သေးတယ်လေ..။
 ခရီးတထောက်မှာတီးခဲ့တာတွေပေါ့..
(နေတစ်ရက်လှမ်းတဲ့)ပြည်ကြီးငါး ကြော်...
ကြက်ဟင်းခါးသီး၊ပုဇွန်စိမ်းသုတ်
ထူးနားငါးပေါင်းချိုချဉ်စပ်(ဒီဟင်းတော့တကယ်စားကောင်းတယ်)
 ငါးကြော်ပြီး ငံပြာရည်ဆော့်စမ်းထားတာတဲ့..
ပုဇွန်ကင်
ပင်လယ်စာတုမ့်ယမ်း
ဆိုင်အ၀င်ဝက ဟင်းချက်တဲ့နောက်ဖက်ကနေ၀င်ရတာလေ..။
ဆိုင်က မြစ်နဲ့ ကပ်ရပ်လေးပေါ့...။
ပြီးတော့ ရေပေါ်ဈေးကိုချီတက်ကြတာပေါ့...။ သူငယ်ချင်းကတော့ လိုက်ပို့ ပေးရှာပါတယ်။
ကျမတော့တလမ်းလုံးအိပ်ငိုက်လာခဲ့တယ်လေ..။နေ့ နဲ့ ညမှားနေတာ တရက်မှမနားရသေးဘူးလေ။
 အ၀င်ဝက ပါလာထူး(ငါးသတ္တာငါး)ဆိုင် ။ငါးဝယ်ရင်အလကားကြော်ပေးတယ်တဲ့။
ဈေးတော့အတော်ချိုတယ်။ပုဂံသေးသေးနဲ့ ဆိုတော့ အမယ်အများကြီးစားလို့ ရတာပေါ့။
ဈေးသည်တွေက လှေပေါ်ကနေရောင်းတော့ စားတဲ့သူတွေကမြစ်ချောင်းဖက်ကိုမျက်နှာမူစားရတယ်လေ..။
ဒီတော့ ကိုယ်ဒါတ်ပုံခိုးရိုက်တာ သူတို့ မသိကြဘူး..အဟီး..။
ဈေးတန်းကတမျော်တခေါ် ကြီးကိုရှည်ပါတယ်။
ကျောက်ကျော်ရောင်းတဲ့ ခလေးမလေးတွေ ချစ်စရာကောင်းလို့ ဝယ်သောက်ခဲ့တယ်။
 ကဲ...ကိုယ်တို့ ဆီကမုန့် နဲ့ အတူတူဘဲနော်..။
 ၃ အိုးကို ဘတ် ၁ဝဝ တဲ့..။
မိုးကလည်း တဖွဲဖွဲရွှာလိုက်သေးတယ်..။
 ဂဏန်းဥ သုတ်တဲ့...စားဖူးပါဘူး..။စားလည်းမစားရဲသလိုဘဲ..။
ပြည်ကြီးငါးဥကြော်တဲ့.... အင်း...ကြားတောင်မကြားဖူးပါဘူး..။
ဒါကတော့ မြန့် ခမ်း လို့ ခေါ်တဲ့ ထိုင်းကွမ်းယာ တမျိုးပေါ့၊ကွမ်းစားသလိုထဲ့ရတော့ ကျမကထိုင်းကွမ်းယာလို့ ခေါ်တာပါ..းP
ကိုင်း...ကျမတောင် အလှခင်းကျင်းထားတဲ့ ထိုင်းမီးဖိုချောင်မှာ အိုင်တင်လေးနဲ့ ဟင်းဝင်ချက်ခဲ့သေးတယ်လေ.....:))))
နောက် ခရီးတိုတခုထွက်မလို့ ပြင်ဆင်နေတာနဲ့ ၊နောက်မှ ထပ်အားလူးဖုတ်ကြသေးတာပေါ့နော်...
အားလုံးဘဲ ကျမ်းမာချမ်းသာရွှင်လန်းချမ်းမြေ့ ကြပါစေနော်...။
ခင်မင်တဲ့
မီးမီး
ခေတ္တ ဘန်ကောက်
23 comments:
  1. အားလုံးစားချင်စရာလေးတွေ မမီးရေ
    ReplyDelete
    Replies
    1. သူတို့ လိုချက်စားလို့ ရအောင်လို့ လည်း
      ခပ်လွယ်လွယ်လေးတွေဘဲမှာစားခဲ့တယ်လေ..;)
      Delete
  2. ပုံတွေကြည့်ပြီး စားချင်လိုက်တာနော်
    အားလုံးအကြိုက်တွေပါပဲ
    ကျေးဇူးပါ
    ReplyDelete
    Replies
    1. အကြိုက်ချင်းတူနေပြီ..:P
      Delete
  3. ကြိုက်တယ် ကြိုက်တယ် အဲလိုအစားအစာတွေ... ဂဏန်းဥက တို့ဆီက caviar ကားဗီးယား နဲ့ တူတယ်နော်..
    ReplyDelete
    Replies
    1. ဂဏန်းဥက မြင်တာနဲ့ မစားချင်စရာကြီးလိုဘဲ၊...ဟီး
      အင်းစကူးကြီးဆိုတော့လည်း...ငါးဆိုလာခဲ့...၊
      Delete
  4. မမီး ပျောက်ချက်သား ကောင်းနေတာ..ဘန်ကောက်မှာ ဝါးတီးနေတာကိုး..း)
    ReplyDelete
    Replies
    1. အသွားခဏ၊အပြန်ခဏ၊
      နဲ့ ၂ ခဏရောက်ခဲ့တာပါ..။
      :D
      Delete
  5. ငါးကြော်ကြီးစားချင်လိုက်တာကွာ။
    လွမ်းနေတာ။
    အိုင်အိုရာ
    ReplyDelete
    Replies
    1. အဲဒီငါးကြော်ကြီးက လွှတ်မိုက်တယ်..သိလား.။
      ကြော်ပြီးမှငံပြာရည်နဲ့ ရေနဲနဲရောပြီး အပေါ်ကနေလောင်းလိုက်တာတဲ့။
      မွှေးနေတာဘဲ...:P
      Delete
  6. ရှလွတ်
    ပင်လယ်စာတွေသိပ်ကြိုက်တယ်...
    နောက်ခါအနော်တို့စားဖို့ပါဝယ်ခဲ့နော်။ :P
    Areal thu
    ReplyDelete
    Replies
    1. မန္တလေးကိုနောက်နှစ်ပြန်ရင်သွားမယ်..
      အဲ့ခါကျရင်ယူလာပေးမယ်နော့်..:))
      Delete
  7. မမီးငယ်ရေ
    မွန်မွန်လဲ ပျောက်နေရာက နေ ခုမှပြန်ပေါ်လာတယ်။
    စားချင်လိုက်တာဗျာ။
    ထိုင်းကို တစ်နေ.နေ. သွားလည်ဖြစ်ရင် မမီးငယ် ဘလော.ကို တိုးဂိုက်လုပ်ပီးသွားရမယ်။ :)
    ReplyDelete
    Replies
    1. မတ်လ လောက်ဆိုရင်အမြဲရောက်တတ်တယ်။
      အဲဒီအချိန်လာလည်ရင် ဖရီးဂိုက်လုပ်ပေးမှာပေါ့..။
      အဲ..ထမင်းသာကျွေး တနေ့ ၃ နပ် နော်..အစားပုပ်တယ်:P
      Delete
  8. looks so Yummy.. please eat more for me..
    ReplyDelete
  9. ရှလွတ် ရှလွတ်.... ထိုင်းသွားချင်စိတ် ပေါက်လာပြီ...
    ReplyDelete
    Replies
    1. လာခဲ့လေ...ရန်ကုန်ထက်ဈေးပေါပါတယ်။
      ;))
      Delete
  10. Ma Mee Nage!
    I like Sea Food.Can you please bring for me. Have a Nice Trip both of you .Khine
    ReplyDelete
    Replies
    1. Khine..
      Sure I will bring all the photo of that food for you ;P
      Hahaha....See you the end week of this month.
      Delete
  11. ပျော်စရာကြီးမ
    သွားကြည့်ချင်တယ်နော်
    ReplyDelete
    Replies
    1. ဒီနေရာလေးက နိုင်ငံခြားသားတွေထက်၊
      သူတို့ လူမျိုးတွေပိုလာကြတယ်တဲ့။
      စားစရာလည်းလတ်ဆတ်ပြီးဈေးလည်းချိုတယ်ဆိုဘဲ..။
      Delete