Sunday, June 17, 2012
နယူးဂျာစီကနိဗ္ဗာန်ဈေး
မင်္ဂလာပါရှင်~~~
ပြီးခဲ့တဲ့အပတ်တနင်္ဂနွေနေ့ မှာ နယူးဂျာစီက နိဗ္ဗာန်ဈေးပွဲတော်ကိုသွားခဲ့ပါတယ်။
မနှစ်ကတဲကအဲဒီမှာမြန်မာဘုန်းကြီးကျောင်း၊စေတီ ရှိတယ်ဆိုတာသိပေမဲ့ မသွားဖြစ်ခဲ့ဘူး။
နယူးဂျာစီကိုအမြဲရောက်ပေမဲ့ ဘုန်းကြီးဆီတော့မရောက်နိုင်တာ ကံတော်တော်ခေတာဘဲ။
လိပ်စာမသိလို့ အွန်လိုင်းပေါ်မှာ သူများနားမေးဖူးပါသေးတယ်။
မျောင်လင့်ထားတဲ့အတိုင်း။မသိပါဘူးရှင်..ဆိုတဲ့အဖြေဘဲရပါတယ်။
နောက်မှ အင်တာနက်ထဲရှာတော့တန်းတန်းမတ်မတ်ဘဲတွေ့ ပါတယ်။
(မသိတာရှိ ကွန်ပြူတာကိုမေး၊လုံးဝအဖြေရှာတွေ့ ပါလိမ့်မည်)..ဟဲဒေါ်မီးလက်တွေ့ နော်..။
ကျောင်းထိုင်ဘုန်းကြီးက ဦးပညာ
63,Gordons Comer Road,Englishtown/Manalapan,
NJ 07726 Tel:(732)446 1552
မဟာစည်ကျောင်းတိုက်ရဲ့ ကျောင်းခွဲဆိုတော့မဟာစည်ဆရာတော်ဘုရားရဲ့ ပုံတော်နဲ့ ပေါ့။
ရိုးရိုးရှင်းရှင်းလေးနဲ့ ကြည်ညိုစရာကောင်းလှပါတယ်။
ကျောင်းခန်းလေးတော့ခပ်သေးသေးပါ။ဒါပေမဲ့ကျောင်းဝန်းကြီးတော့ ကျယ်ဝန်းပြီးအေးချမ်းလှပါတယ်။
ပတ်ဝန်းကျင်လည်း အိမ်ကြီးအိမ်ကောင်းတွေနဲ့ ဆိပ်ငြိမ်တဲ့နေရာလေးပါ။
 ဆရာတော်တို့ ဦးဆောင်ပြီး လောကချမ်းသာစေတီတော်နဲ့ အောက်ကပုံမှာမြင်ရတဲ့ ၂ ထပ်ကျောင်းဆောင်ကြီး ဆောက်နေပါတယ်။အလှုငွေလည်းလိုအပ်နေတာပေါ့။
ကျမတို့ ရောက်တာနောက်ကျသွားပေမဲ့ စေတီရံတံတိုင်းအတွက် အလှုငွေထည့်ခဲ့ကြပါတယ်။
ပါသွားတဲ့ပိုက်ဆံမလောက်လို့ စာတိုက်ကနေလွဲပြီးလှုရပါတယ်။
နောက်တခါပြန်သွားရမလားလည်း မသေချာလို့ ၊ကျမတော့ ဒီခေါင်းလောင်းမှာ အားလုံးကြားကြားသမျှ၊
ဆိုပြီး အားပါးတရ(ပလပ်စတိတ်ပိုက်ချောင်းနဲ့ ) ၉ ခါတီးပြီးအမျှဝေလိုက်ပါတယ်။ 
မိတ်ဆွေများ လမ်းကြုံရင်လည်း ၀င်ပြီးဖူးမျော်နိုင်ပါတယ်။အလှုလုပ်နိုင်ပါတယ်။ကုသိုလ်ယူနိုင်ကြပါတယ်။
ကျောင်းဒကာ ဒကာမတွေအများကြီးဘဲ၊ ကျမတော့သွားကြီးဖြီးပြီး အားလုံးကိုနှုတ်ဆက်ပါတယ်။
(အင်းးးးပေါတာကြီးများထင်လို့ လားမသိ၊တယောက်မှမိတ်ဆွေမရခဲ့ပါဘူးးးးဟီး)
ကဲလေ....စားသောက်ခန်းက ပိုအရေးကြီးပါတယ်။
ဘုန်းကြီးကျောင်းလာပြီး ဘာတွေများလိုအင်ဆန္ဒတွေများနေသလဲ..မယ်မီးရဲ့ ...။
 ကျမက မုန့် ဟင်းခါးစားတာပေါ့...နောက်ဆက်တွဲက ကြက်သားကင်၊ကြက်သားကောက်ညှင်းထုပ်။
စာရွက်ကိုကျကျနနပရင့်ထုတ်ပြီး ညကတဲကစဉ်းစားခန်းဝင်တာ...ကွ။
သူက နန်းကြီးသုပ်တဲ့..။
 ဆန်ထိုဖူးတဲ့..။
 ထိုဖူးသုပ်..။
ဘယာကြော်သုပ်..။
 အကြော်စုံ..။
ပဲပလာတာ..။
ဘုန်းကြီးပွဲလေ...။
ဘုန်းဘုန်းတို့ ဆွမ်းဘုန်းပေးနေကြတာ။
နောက်ဆုံးကျမ ကူပွန်ရောင်းတဲ့ နေရာကိုတောင် လှမ်းရိုက်လိုက်သေးတယ်..ဟီး..။
ပိုက်ပိုက်တွေ...တထောကြီးတော့..။
ပဲပြုတ် ၃ ဗူးဝယ်ပြီး အိမ်ပြန်ခဲ့ကြပါတယ်။
အသွားက ၂ နာရီလောက်မောင်းရပြီး ပြန်ခါကျတော့ လမ်းပိတ်နေတာနဲ့ ၃ နာရီနီးပါးကြာတယ်။
 ဒါက ကျမတို့ အသွားမှာ တံတား(Verrazano)အောက်က ကုန်တင်သဘောင်္ဖြတ်တာတွေ့ လို့ ..။
လက်စွမ်းလေးပေါ့...။
 ကားကြပ်တော့ ကျမ ဒါတ်တွေများများရိုက်နိုင်တာပေါ့နော့်...။
အိပ်ငိုက်နေတာ မော်တော်ဆိုင်ကယ်တသိုက်ဖြတ်သွားတာကမ္ဘာကြီးပျက်တော့မဲ့အတိုင်းဘဲ။
ကဲ....အိမ်ရောက်ပြီ တပတ်ကျော်ကြာမှ ရေးပြီးတော့တယ်။
အလွန်နှေးသော မနှေးကွေးလေးပါ...။
အားလုံးဘဲ ချမ်းမြေ့ ကြပါစေ..။
မီးမီး
10 comments:
  1. ချစ်ယောက္ခမဂျီးးးးးးးးး ဒါတ်ဒါတ်တွေကြီးသွားတယ်နော်
    ချွှေးမလေးလဲ ဂလု ဂလု ခဏခဏပဲ :D
    မိုက်တယ် မိုက်တယ်
    ReplyDelete
    Replies
    1. များတို့ က ဟင်းချက်မှမတော်တာ။
      ဒါတ်ဘဲရိုက်တတ်တယ်။
      လက်ရာကလည်းညံ့ချက်..တော့..။
      အဟဲ..စာလုံးပေါင်းမှားထွားပါဒယ်။
      နောက်တခါကျရင် ကျုပ်တို့ ရှမ်းစာတွေနဲ့ မြူဆွယ်အုံးမယ်။
      :P
      Delete
  2. သွားရည်တွေတော့ကျသွားတယ်နော်။
    ကုသိုလ်ကတော့ရမှာမဟုတ်ဘူး။ အစားပုံတွေစိတ်ကရောက်နေလို့ ....အဟင်း
    အိုင်အိုရာ
    ReplyDelete
    Replies
    1. အဟဲ..။
      မစားရခင်တော့အားမာန်တွေတင်းထားတာဘဲ။
      တကယ်တန်းစားလည်းသိပ်စားနိုင်ပါဘူး။
      မအိုင်အိုရာနဲ့ အိမ်ချင်းနီးဖြစ်ချင်ထှာ။
      ခဏခဏသွားလည်ပြီးတောင်းစားမှာ..။
      လက်ရာကောင်းလွန်းလို့ ..။
      Delete
  3. I missed this event again. I really enjoy going there. It is such a peaceful place.
    Thanks for the update
    ReplyDelete
    Replies
    1. Next time you should come.
      May be September will be another Nibbanzayi.
      If I still here,I will join.
      see u there...
      Delete
  4. I like your Blog, my family went to there, I thought that even you are there but I didn't see you.I wanna see you .
    khine
    ReplyDelete
    Replies
    1. Khine,
      Really,where did you sit and have a food?
      We sat in front of (တောင်ငူအာလူးမုန့် ဆိုင်).
      Then we went to Temple area and stayed there.
      Around 1:30 pm we went back to NY.
      I want to meet you too.
      Delete
  5. အစားအသောက်တွေ...ကြည့်ပြီး..သရေကျလာပြီ...
    ReplyDelete
    Replies
    1. နောက်တခါကျရင်၊သွားလေ။
      ဟိုမှာ ဘာစားရမှန်းတောင်မသိဘူး။
      များလွန်းလို့ ..:))
      Delete