Wednesday, June 6, 2012

နိုင်ဂါရာရေတံခွန်ရဲ့ ညခင်းလေး

မင်္ဂလာပါရှင်~~~

ကဲ..ဟိုအပါတ်ကစားသောက်ပြီး ခရီးဆက်ခဲ့တာနဲ့ ဘဲကျမစခန်းရပ်လိုက်တယ်လေ။
ဒီနေ့ တော့ရေတံခွန်ည ရူခင်းဖက်ကိုခေါ်သွားမယ်နော်။

ဟိုးအဝေးကနေလှမ်းမြင်ရတဲ့ အဆောက်အဦ အမြင့်တွေဟာ ကနေဒါဖက်ကပါ။
သူတို့ ဖက်က ကာစီနိုတွေ ဘာတွေနဲ့ ပိုပြီး နိုင်ငံခြားခရီးသွားတွေကိုဆွဲဆောင်မှု့ ရှိတယ်တဲ့။


နိုင်ဂါရာမြစ်တဲ့..။အရှိန်အဟုန်ကြီးကပြင်းထန်စွာပါဘဲ စီးဆင်းနေတာ။
(စကားမစပ် ဂိုက်မမလေးက တရုတ်လိုပြော ဘိုလိုပြောလိုက်နဲ့ ။သူတရုတ်လိုပြောတော့ကျမကြားမိတာ
က နိုင်ဂါရာဖုဖု ဆိုလားဘဲ။ခဏခဏ ဖုဖု နေတာဘဲ၊တရုတ်လိုရေတံခွန်ကိုခေါ်တာလားမသိပါဘူး)။

ဒီဖုဖုကြီး(သူ့ လိုလိုက်ခေါ်တော့မယ်..ဟိ :P) မှာပထမဦးဆုံး ရေအားလျှပ်စစ်စီမံကိန်းနဲ့ ဒီဒေသ၀န်းကျင်၊
တခုလုံးရဲ့ စီမံကိန်းပရောဂျက်ကိုစတင်လုပ်ခဲ့တဲ့သူရဲ့ ကြေးရုပ်ထုတဲ့..။
ဒီဖက်ကမ်းက ပိတ်ရက်တွေဆက်နေတော့လူတွေများလိုက်တာ။
ပထမဆုံး နိုင်ဂါရာ(ဖုဖု Discovery) အတွက် လက်မှတ်တန်းစီရပါတယ်။
ရှေ့ မှာလူတန်းရှည်ကြီး။အတန်းပိုင်ဆရာမ..အဲ..ဂိုက်မမကိုခွှင့်တောင်းပြီး ရေအိမ်ပြေးရှာရပါတယ်။
(ဟီး.ခင်သက်ထွေးလေ)

အဆောက်အဦထဲဝင်ပြီးရင် (၀ါဝါ၀တ်ထားတဲ့လူတသိုက်ကိုမြင် ရတယ်ဟုတ်လား)၊အဲဒီပုံစံပြောင်းရတယ်လေ။
ကျမတို့ ကိုလက်မှတ်ဖြတ်ပိုင်းပေး၊မိုးကာအင်္ကျီထုတ်၊နောက်တနေရာမှာဖိနပ်ယူ။
ဒါကြောင့်ဒီနေရာမှာအကြာကြီးစောင့်နေရတယ်။


အိမ်သာသွားတာတောင်ဖြောင့်ဖြောင့်မသွားနိုင်ဘူး။အမြန်ဆုံးနည်းနဲ့ လူကြားထဲတိုးပြီးရိုက်ခဲ့တယ်။
အသံတွေကြားနေရတယ်။ရေကြသံတွေလေ..။အကျယ်ကြီး ..ဘဲ။

ဓါတ်လှေခါးစီးပြီး ရေတံခွန်ရဲ့ အောက်ခြေဘေးနားကနေ သွားကြည့်ဖို့ လေ...။
ဓါတ်ပုံရိုက်ပြီး ပြန်တောင်ရွှေးဖို့ အချိန်မရှိဘူး။ဓါတ်ပုံရိုက်ဖို့ လည်းတန်းစီ။
ဓါတ်လှေခါး စီးဖို့ လည်းစီ။ ရူးရူးပေါက်ဖို့ လည်းစီ။ရေ၀ယ်သောက်တာတောင်တန်းစီရပါတယ်ဆို..။

နေ၀င်ဖြိုးဖြအချိန်ကတန်းစီလိုက်တာ စုန်းစုန်းကြီးမိုးချုပ်တာတောင် ဓါတ်လှေခါးဘယ်နားနေမှန်းမသိသေးဘူး။
ကိုင်း...ဓါတ်လှေခါးကနေထွက်လာတော့ ပြန်တက်ဖို့ စောင့်နေကြတဲ့ လူအုပ်ကို၊
လက်စွမ်းလေးပြလိုက်တယ်လေ။

ဟိုဖက်ကမ်းက မီးထိန်ထန်ပေါ့..။ဓါတ်ပုံရိုက်ဖို့ တော်တော်အဆင်မပြေဘူး။
အရပ်ကလည်း ပေမှီတောက်မှီ ၅ပေ မိုးကာက သတိုးသမီးဂါဝန်လေးလို တရွတ်တိုက်။
သစ်သားလှေခါးနဲ့ လက်တန်းကိုကိုင်ရတာက တဖက်၊ ဖိနပ်ထုတ်ကတဖက်၊ကင်မရာကတဖက်၊
ရေစိုလို့ မျက်မှန်ကဘာမှမမြင်ရလို့  အကန်းလိုပါဘဲ။မှောင်လည်းမှောင်။
ပျော်စရာလည်းကောင်း တကယ့်ကိုကပေါက်တီးကပေါက်ချာပါဘဲ။

ကျမတို့ ၂ ယောက်တော့ ဟိုးအောက်ဆုံးအထိဆင်းတယ်။မီးရောင်တွေပြောင်းသွားတာ၊
ရေမွှားတွေ စင်တာ ဘယ်လိုပြောပြရမှန်းကိုမသိတဲ့ ခံစားမှု့ တခုပါ။အရမ်းကြီးကိုလှပနေတာဘဲ။
တကယ့် အံမခန်းဆိုတာပါဘဲ။နောက်တနေရာကြတော့ ဟာရီကိန်း ဆိုတဲ့ဆိုင်းဘုတ်ကြီး၊
ရှိတယ်။အဲဒီနေရာမှာလူတွေ အများကြီးဘဲ ရေလုံးကြီးကပြင်းလိုက်တာ လွှင့်မတတ်ဘဲ။
ရေတွေ တအားကျနေတာ။စုံတွေတွေ ဖက်နမ်းနေကြတာ..အဟီး။
ဘာထုံးစံမှန်းလဲ မီးမီးမသိရ..:P။အဲဒီအချိန်မှာဓါတ်ပုံရိုက်တာထက်မျက်စိနဲ့ ပြူးပြဲကြည့်နေတာကို၊
အချိန်က ကုန်မှန်းမသိကုန်တာမြန်သွားခဲ့ပါတယ်။
ချစ်ချစ်ကြီးက ထပြီးဝီစီမှုတ်၊ ကျမကအော်တယ်..။ဟားးးအရမ်းပျော်တယ်။
လူတွေအများကြီးဘဲအော်ကြတယ်။လွတ်လပ်ပေါ့ပါးသွားတာဘဲ။


အဲ..ရေတံခွန်သွားတဲ့အကြောင်းပြောပြီး ရေတံခွန်ကိုလည်းမရှင်းပြမိလိုက်ဘူး။
အော်..ကျမလည်းသေသေချာချာမှမသိတာကိုးးးးး။
မမလေးရှင်းပြမှ..ဟိုးနှစ်ပေါင်းများစွာက ရေခဲပြင်ကြီးတဲ့။
နောက်မှအရည်ပျော်ပြီး စီးကျလာတာ..တဲ့။ဒီမှာတော့ ရှင်းပြထားပါတယ်။ 
ရုပ်ရှင်အတွက် ပိုက်ဆံကောက်ပြီးမကြည့်လိုက်ရဘူး။
ဒီစာရေးမှသတိရတယ်။ နဲနဲတော့ ပညာလေးပြလိုက်အုံးမယ်။ဟွန့် ..:))
(ပြန်တောင်းမှာ။ ရ မရ တော့မသိပါဘူးလေ)

ဒီပုံက ကျမရိုက်တာဟုတ်ဘူး။ဘယ်..ဒီလောက်ကောင်းတဲ့ပုံမျိုး တောသားကျမရိုက်တတ်ဘူးတော့။

Categorized by these three names:
American Falls  (between Prospect Point and Luna Island) far left
Bridal Veil Falls (between Luna Island and Goat Island) mid left
Canadian Falls (between Goat Island and Table Rock) right

ည ၁၁နာရီခွဲလောက်မှကားပေါ်ပြန်ရောက်ကြတယ်။
လူတွေ ရေထဲကြသွားလို့ ၊ရုတ်ရုတ်သဲသဲတွေဖြစ်ကြတယ်လေ။
ကျမတော့ပြေးလွှားစပ်စုလိုက်ပါတယ်။ သတင်းထဲမှာတော့ ၄ယောက်အလောင်းပြန်မတွေ့ ဘူးလို့ ပြောတယ်။
အပျော်လွန်တာလည်းကြောက်စရာကောင်းတယ်နော်..။

ကဲ..မိုးချုပ်ပြီလေ။အိပ်တော့မယ်။ဒီညတော့ Adams Mark ဟော်တယ် မှာနားကြပါတယ်။
မနက်ကျတော့ သဘောင်္ကြီးနဲ့ မြင်းခွာပုံရေတံခွန်အနားကပ်ပြီးသွားရအုံးမယ်။
အဲဒီအကြောင်းကို...အာလူးလေးလာဖုတ်အုံးမှာပေါ့...။

အားလုံးဘဲရွှင်လန်းချမ်းမြေ့ ကြပါစေနော်..
မီးမီး

10 comments:

  1. သွားနိုင်သူများသွားကြပါစေ သွားကြပါစေလေး))

    ရေမကူးတတ်လို့ ဂျာရစ်တို့သာဆိုရင်တော့ကျလိုက်ရင်ပလုံကနဲဘဲနေမှာ ..

    ကဲ ပရိုဖြစ်အောင်သာရိုက်လာခဲ့နော် မမမီးငယ်

    သတိရလျှက်

    ဂျာရစ်

    ReplyDelete
    Replies
    1. ရွာရိုးကိုးပေါက်ရှောက်သွားနေရရင်၊
      ကျေနပ်တဲ့ခြေထောက်လားတော့မသိပါဘူး..။
      ဒါတ်တွေလည်းရိုက်လိုက်တာ..။
      နဲနဲလေးတောင်မတိုးတက်လာသေးဘူးဟာ..။
      အဟဲ...။

      Delete
  2. သူများကတော.တောမှာေ၇ာက်နေတော.မသွားနိင်တော.သူများတင်တဲ.ဟာတွေပဲကြည်.ပြီးသေ၇ကျ
    အားကျနေ၇တာ၊အခန်းဆက်မျှော်နေမယ်နော်......

    ReplyDelete
    Replies
    1. အခန်းဆက်တင်နေရတာအားတောင်နာလာပြီ။
      မကြာပါလာမှီမျှော်..:P

      Delete
  3. သဘောတွေကျသွားပါတယ်။း)
    ဘယ်နိုင်ငံပြောင်းရမှာလဲ။ ဗဟုသုတလေးတွေရအုန်းမှာပေါ့ ပို့ စ်လေးတွေကတဆင့်လေ။ နော်။
    အိုင်အိုရာ

    ReplyDelete
    Replies
    1. ၂ နေရာရှိတာ.ဘဲကြီးကဘယ်နေရာရွှေးမလဲမသိပါဘူး။
      တောင်ရေးမြောက်ရောက်နဲ့ ကျမဆက်လက်အာလူးတွေလာဖုတ်မှာပေါ့နော်..။

      Delete
  4. တမီးက ရေ အရမ်းကြိုက်တာ .. ဘယ်လိုအကြောင်းပြချက်နဲ့ အပြင်ထွက်ထွက် မြစ်ကမ်းဘေး ပင်လယ် သင်္ကြန် ရွှေစက်တော်ဘုရားပွဲ ရေတံခွန် အဲလို နေရာတွေ ဆို အရမ်း အရမ်း လိုက်တာ ....... ( တော်ပီ မာမီကို စိတ်ကောက်မယ် :(

    ReplyDelete
    Replies
    1. အင်းးး
      ကိုယ်တို့ လည်းနေရရင်အမြဲပင်လယ်နဲ့ ကပ်ရပ်နီးပါးဘဲ။
      ထီပေါက်ရင်ခေါ်မှာပေါ့။
      အဆင်သင့်တာလုပ်ထားလိုက်ပါ။
      ရွှေချွေးမလေးရေ..။

      Delete
  5. ကျောင်းကကောင်တွေ အဲဒီကိုသွားတဲ့ ဓာတ်ပုံတွေကို ဖေ့ဘွတ်မှာ တွေ့ ကတည်းက ရောဂါထနေတာ..ခုတော့ ရောဂါပိုကျွှမ်းသွားပြီး..ဂစ်..ဂစ်..

    ReplyDelete
    Replies
    1. နောက်တခါတောင်ထပ်သွားချင်သေးတာ။
      ပျော်စရာကောင်းမှကောင်းဘဲ။

      Delete