Saturday, June 2, 2012

ဖန်ပြတိုက်၊ရေတံခွန်နှင့်ဘော်စတွန်

မင်္ဂလာပါရှင်~~~ 
ပိတ်ရက်၃ ရက်ဆက်တိုက်ရတော့ မရောက်ဖူးသေးတဲ့နေရာသွားဖို့ ရှာရင်းနဲ့  အွန်လိုင်းမှာ၊
၂ ညအိပ် ၃ ရက်ခရီးစဉ်တခုကိုတွေ့ လို့ အလည်သွားဖို့ အဆင်ပြေသွားတာပေါ့။
ကျမတို့ ၂ ယောက်ကလည်းအလည်ခရီးထွက်ရင်  Tour ကိုဘဲအားကိုးမိတယ်။
သူတို့ ကအချိန်တိုတိုနဲ့ နေရာအနှံပို့ ပေးတယ်လေ။

(Corning Museum of Glass)



ဒီ ၃နေရာ ကိုတယောက် 215 ဒေါ်လာပေးရတယ်။ဟော်တယ်နဲ့ ကားခ ဘဲ။
ဝန်ဆောင်ခ( Guide service) ကတရက်ကို တယောက် 6 ဒေါ်လာ စီပေးရတယ်။
ဟော်တယ်မှာ နံနက်စာမပါပါဘူး။
ဒီတခါလည်း အရင် ၀ါရှင်တန်သွားတုံးကလို၊ကျမတို့ ၂ယောက်အပါအ၀င်
( ခရီးသွားက ၆ ယောက်ဘဲရှိတာ)လူနဲနဲဘဲလို့ မျော်လင့်ခဲ့မိတယ်လေ။
စုရပ်ကလည်းတရုတ်တန်းတဲ့၊ အင်း...နိဟောင်မှားတွေလည်းပါမယ်နဲ့ တူတယ်လို့ ထင်လိုက်သေးတယ်။
မသိခဲ့တာလေ...။စောစောစီးစီးဘဲ စုရပ်ကိုရောက်တော့...။


ဆိုင်းဘုတ်လေးနဲ့ ဒီလိုကြိုနေပါတယ်။လမ်းရဲ့ အရှေ့ ဖက်မှာလည်း ဓါတ်တိုင်တိုင်းမှာဆိုင်းဘုတ်ရှိတယ်။
၂၀ ခုလောက်တောင်ရှိနိုင်တယ်။ အင်းးးအမျိုးသားနဲ့ ပြောနေတာ သေချာတယ်။
တခါခါ မြို့ ထဲမှာဘတ်စ်ကားကြီးကြီးနဲ့ တရုတ်တပုံတပင်တွေမြင်ဖူးခဲ့တာ၊
အဲလိုနေမှာဘဲ...နော်လို့ ။နောက်တော့တဖွဲဖွဲ လူတွေရောက်လာကြပါတယ်။

ကိုကုလားနဲ့ မတရုတ်တွေချည်းဘဲ..။Tour Guide က ဒီကပေါက်တဲ့ ဥလေး..အဲ တရုတ်မလေးပေါ့။
မယ်မီးတို့ များနေတဲ့တိုင်းပြည်က ကုလားပြည်နဲ့ တရုတ်ကြား ခရီးထွက်တော့လည်းသူတို့ ကြား...။
ကံကောင်းထောက်မစွာနဲ့ ကျမတို့ ဘတ်စ်ကားပေါ်မှာ ကိုအိန္ဒိယ ၂ စုံတွဲနဲ့ လက်တွန်းလှည်းထဲထိုင်တဲ့၊
ခလေးမလေးဘဲပါလာပါတယ်။ နောက်တခုကံကောင်းပြန်တာကတော့ ထိပ်ဆုံးခုံမှာထိုင်ရပါတယ်။
(ခရီးသွားတိုင်းကျမကံကောင်းချက်က ထိပ်ဆုံးခုံမှာဘဲထိုင်နေရတတ်တယ်လေ၊
ကံမကောင်းသူကျမစာဖတ်ပိတ်သတ်ကြီးတွေတော့ဒါတ်ပုံတွေ သီးခံပြီးကြည့်ရအုံးမှာပေါ့..ဟီး)။
ကျမအတွက် ကံမကောင်းခြင်းကလည်း တခုကပ်ပါလာတယ်လေ။
ကားဆရာမှန်မသုတ်ထားဘူး...:(((( မှန်မကြည်တော့ဒါတ်လေးတွေမလှဘူးပေါ့..။

ကိုင်း..သူပြောနေပြီ။ ခရီးစထွက်မယ်တဲ့ ။

သူပြောချင်ရာပြောပေါ့၊ကိုယ်လည်းရိုက်ချင်ရာတွေရိုက်မှာဘဲလေ..။
အဲ..သေသေချာချာနားထောင်ကြည့်တော့ ဟိုဝင်ကြေးဒီဝင်ကြေးနဲ့ ဘွန်စတွန်က Lobster dinner($ 28)
အပါအ၀င် နောက်ထပ် 90.50$ တဲ့။
အင်းးး ဒါတွေပေါ့။ဒီကလူတွေသိပ်ကြောက်တဲ့ hidden fee ဆိုတာလေ..။
သူများတွေ 100 ကျော်နဲ့ ဝယ်တာကို ကျမတို့ က 200 ကျော်ဆိုရင်၊လူသိပ်မသွားတဲ့ခရီးစဉ်ဖြစ်မယ်ဆိုပြီး၊
ကိုယ့်အတွေးနဲ့ ကိုယ်ဝယ်တာလေ။နောက်တော့လည်းအားလုံးဒီကားထဲမှာပါဘဲ။..:P
ကိုယ်တုံးတာ..လူသိသွားပြီ..။ ဒါကြောင့် ကျမတို့ ကိုထိပ်ကပေးထိုင်တာလား မသိပါဘူးလေ..။
ကျမတို့ လေယာဉ်လက်မှတ်ဝယ်သလိုပေါ့။တချို့ အေးဂျင့်ကပိုပေးရတယ်။တချို့ ကနဲနဲပိုပေါတတ်တယ်။
နောက်ဆုံးတော့လည်း ဒီလေယာဉ်နဲ့ ဒီခရီးပါဘဲ..။


ဖန်ပြတိုက်အသွား တနေရာမှာ ရူးရူးဖလားဝါး နားပါတယ်..။
အောင်မလေးးးးးတန်းစီပြီးစောင့်ရတယ်။လူတန်းကြီးက ရာနဲ့ ထောင်နဲ့ ချီရှိတယ်လေ။
စားစရာရောင်းတဲ့ မက်ဒေါနယ်ဆိုရင်လည်း တန်းကအခန်းအပြင်အထိစီရတယ်။
ဂိုက်မမ ပြောပြတယ်။ဒီ ၃ရက် ခရီးစဉ်မှာသူတို့ ကုမ္မဏီက ဘတ်စ်ကားအစင်း ၅၀ ထွက်တယ်တဲ့။
ဝါရှင်တန် နဲ့ နိုက်ဂါရာ ရေတံခွန်သွားကြတာ..။သူများကုမ္မဏီတော့သူလည်းသိဘူးတဲ့။
လူပေါင်း ၂၀၀၀ ကျော်တယ်တဲ့။ကိုအိန္ဒိယတွေက ၈၀၀ ကျော်နဲ့ 
ကိုတရုတ်တို့ က၁၂၀၀၊ကျန်တာကျမတို့ လိုရောတိရောရာတွေနေမှာပေါ့။
ကဒ်ထူဆိုင်းဘုတ်လေးထောင်ထားပေမဲ့ တော်တော် ၊စီးပွားရေးကောင်းတဲ့၊
ကုမ္မဏီပါဘဲ။ခရီးစဉ်တလျောက်လုံး၂ နာရီတခါနားပေးပါတယ်။အဲဒါတော့ကြိုက်တယ်။
(ကျုပ်တို့ နေပူတော်သွားလမ်းမတော့ တခါနားဘဲရှိတယ်နော်။ကျမတူလေးကကားမောင်းတော့ နားပြီးခဏခဏချုံတိုး၊တောတိုးသွားတာဘဲ။မရပ်ရဆိုလည်းထွက်ကျတော့မှာလေ။မတတ်နိုင်ဘူး။
ကျောင်းတုံးကသူငယ်ချင်းတွေ၊ကျမကိုခေါ်တာ ခင်သက်ထွေး..ဆိုဘဲ):D

ရောက်ပြီလေ ဖန်ပြတိုက်ကြီး..။တန်းစီဝိတ်လျှော့၊ပြီးရင် ၀င်ခွင့်လက်မှတ်တွေ ကို၊
လိုက်ကပ်ပေးတယ်..။ဒီလိုလေး..မိတယ်နော်..။


လူတွေကလည်းများလွန်းတယ်လေ။ဘတ်စ်ကားတွေမှ အော..တိုက်လို့ ..။
သူလေးလည်းကျမလိုဘဲပုတုတုဆိုတော့ သူ့ ထီးပြာလေးကိုဘဲကြည့်ပြီးလိုက်လာကြပါလို့ ပြောပါတယ်။
ဖန် ကိုအီဂျစ်တွေကလွန်ခဲ့တဲ့ နှစ်ပေါင်း ၃၅၀၀ ကျော်ကတဲက စတင်လုပ်ခဲ့ကြတာကိုး။
သူတို့ ကအလှအပ တန်ဆာဆင်ဖို့ အဓိကလုပ်ခဲ့တယ်။ရွှေနဲ့ လည်းကွပ်ပြီးလုပ်တယ်။











အခန်းထဲမှာတော့ဖန်ကမ္ဘာကြီးပေါ့..။မြင်မြင်ရာဖန်နဲ့ လုပ်ထားတာတွေချည်းပါဘဲ။



အပြင်ဖက်မှာတော့အမှတ်တရရောင်းဆိုင်တွေရှိပါတယ်။
နောက်ပြီး ဖန်ပစည်းတွေကိုလက်တွေ့ လုပ်ပြတဲ့နေရာလည်းရှိတယ်။
ထုံးစံအတိုင်း ကိုယ်တို့ လည်းသွားမော့ကြတာပေါ့။

လက်တွေ့ လုပ်ပြနေတာစိတ်ဝင်စားစရာတော့အကောင်းသားဘဲ။



ပြီးတော့စားဖို့ သွားချောင်းပါတယ်။
 မမလေးက နိုင်ဂါရာ ညရူခင်းမသွားခင် ဒင်းနာအရင်ပို့ ပေးမယ်ဆိုလို့ မစားဘဲနေလိုက်ပါတယ်။
(သက်သာချက်တော့..ဟီး)။
နိုင်ဂါရာရေတံခွန်ကThe Horseshoe Falls,The American Falls နဲ့ The Bridal Falls ဆိုပြီး ၃ခုတောင်ခွဲထားတာဘဲ။ ကျမက တနေရာထဲမှာစီးကျနေတာလို့ ထင်တာကိုးးး။
ဒါကိုတော့ နောက်တခါအားလူးလာဖုတ်မှာပေါ့။
တရုတ်ဆိုင်ကဘူဖေးက တယောက် 14 $ တဲ့။မနှိပ်ပါဘူးဗျာ..။



သိပ်စားလို့ မကောင်းတာနဲ့ ၂ ခါဘဲသွားဖြည့်ပါတယ်။
မတန်လိုက်တာနော်...။

ကိုင်း...ကားပေါ်ပြန်တက်ပြီး ရေတံခွန်ဆီကိုညနေခင်းခရီးလေးဆက်ခဲ့ကြပါတယ်။
(နောက်ကားတွေလည်းဒီဆိုင်မှာဘဲလာကြတယ်လေ)..။

ဟိုးးရှေ့ ကနေ၀င်ခါနီးလေးနေရာမှာတဲ့...ရေတံခွန်က..။
(ဒီတပတ်လည်းခရီးထွက်ဖို့ ပြင်ပြီးမှ အလာဂျီတွေထနေတာ၊နားရွက်ယား တကိုယ်လုံးယားနဲ့ ၊ကုတ်လိုက်ရေးလိုက်နဲ့ တော့ တရက်ခရီးပြီးသွားပါတယ်။)

အားလုံးဘဲပျော်ပျော်ပါးပါးပေါ့နော်...။
ခင်မင်တဲ့
မီးမီး

12 comments:

  1. ရေတံခွန်က..အရမ်းသာယာတာဆိုတော့..ပျော်စရာကောင်းမှာပဲနော်...

    ReplyDelete
    Replies
    1. နယူးယောက်မှာဘဲနေတယ်ဆိုရင်၊
      တခါလောက်သွားလည်သင့်တဲ့နေရာလေးပါကွာ..;))

      Delete
    2. I love the place but it's pretty far to go.

      Delete
  2. သွားရမဲ့စာရင်းထဲမှာဒီရေတံခွန်ပါတယ်မီးမီးရေ..
    ရှယ်ပေးလို့ ကျေးဇူးပါ။
    အမေရိကားမှာဘိုထက်တရုပ်ကများနေသလိုဘဲ။း)
    အို်င်အိုရာ

    ReplyDelete
    Replies
    1. ဟုတ်လား။
      နောက်ရေတံခွန်သွားတဲ့အကြောင်းကို၊
      သေသေချာချာရေးပေးအုံးမယ်နော်။
      ဟုတ်တယ်။သူတို့ ကပြည်ကြီးက တရုတ်တွေဘဲ..။

      Delete
  3. မာမီတို့များ ကံကောင်းလိုက်တာ
    ရှေးရှေ့ဘ၀တွေက လမ်းတွေ ဘယ်လောက်ပြင်
    လေယာဉ်ပျံတွေ စင်းလုံလှူခဲ့လို့ ထင်တယ်နော်
    ကုသိုလ်ကွင်းဆက် မပြတ်စေနဲ့မာမီ ( ဆြာ လုပ်ကျီ့တာ :D
    အဲဒီ့ ရေတံခွန်ကြီး ရောက်ဖူးချင်တယ် ဂျာ
    စာအုပ်ထဲမှာပဲ ဖတ်ဖူးတယ်
    ရေတံခွန်အောက်မှာ သင်္ဘောစီးလို့ရသေးတယ်ဆို ဟုတ်လား
    ခရီးသွားရင် ရှေ့ဆုံးထိုင်ခုံက ရတာချင်းလဲ တူတာပဲ
    ချစ်ချွှေးမလေး အဲ့တိုင်းပဲ
    သင်္ကြန်တွင်း သူများတွေ ကားဘီးဖတ်လိုက်ချင်တာတောင် နေရာမရဖူး
    သများ ရတယ် VIP ခုံ နဲ့ မျက်စောင်းထိုး
    လှေကားပေါ်မှာ :D :D (၁၀ တန်းတုန်းက စာမေးပွဲဖြေပြီးချင်း ခရီးသွားတာ ၁ ပတ်ကျော်သွားတယ်လေ အဲဒီ့နေ့ အိမ်ပြန်မရောက်ရင် အိမ်က ပြန်မလာနဲ့တော့ ပြောလို့
    VIP မျက်စောင်းထိုးခုံနဲ့ပြန်ရတာ :(
    အိမ်ပြန်ရောက်တော့လဲ ခပ်တည်တည်ပဲ
    ဒီလောက် ကားကြပ်နေတာ ညည်း ဘယ်လို ပြန်လာလဲတဲ့
    VIP မျက်စောင်းထိုးခုံ ရတယပေါ့ ငှဲငှဲ
    ကွန်မန်းတောင် ပိုစ့် တခုစာလောက်ရှာသွားပြီ
    ဆောရီး မာမီ ( စိတ်ဆိုးရင် မုန့်ဖိုးပေး ဒါဗျဲ)

    ReplyDelete
    Replies
    1. ခြေထောက်မှာဗွေပေါက်နေလို့ ပါကွာ..။
      VIP ခုံကဘယ်နေရာကိုပြောတာလဲ။
      အင်းးးများတို့ ကလည်းခပ်တုံးတုံး။
      ကုသိုလ်သည်ဘယ်မှာလဲ..။
      ခေါင်းလောင်းထိုးနေဆဲ...:)))

      Delete
    2. သများ ရတယ် VIP ခုံ နဲ့ မျက်စောင်းထိုး
      လှေကားပေါ်မှာ :D :D


      မာမီ တကယ် မသိတာလားဟင် :D
      မြန်မာပြည်က ခရီးဝေးကားတွေမှာ ကားဒရိုင်ဘာနောက်က တခုံကို အမြဲတမ်းချန်ထားတယ် မာမီရဲ့
      အစိုးရ၀န်ထမ်း အမိန့်ကျတာနဲ့ ရဲဌာန စသဖြင့် အရေးတကြီးလာရင် ထိုင်ဖို့ပေါ့
      အဲဒီ့ထိုင်ခုံမှာ လူတင်လို့ရှိရင် လမ်းမှာ ဖြတ်စီးတဲ့ လူလောက်ပဲတင်တယ်
      အမြဲတမ်းတော့ မချန်ထားဖူး
      အဲဒီ့ခုံနဲ့ မျက်စောင်းထိုးလိုက်ရင် ဒရိုင်ဘာဘေးမှာ
      ကော်ခုံလေးချပြီး ထိုင်တဲ့နေရာပေါ့
      ကိုယ့်ဘာသာ ထိုင်ခုံဝယ်ပြီး ထိုင်လိုက်တာနော်
      သမီး သမီး ... အဲလို အဲလို :D

      Delete
    3. အော်..ဂလိုလားးးး။
      မေမီးကပြည်ကြီးနဲ့ ခွဲနေတာ ၁၄နှစ်ကျော်ခဲ့ပြီ။
      ပြန်ရင်လည်းခဏတဖြုတ်ဆိုတော့ နဲနဲတောကျပါတယ်။
      ရှင်းပြပေးတာကျေးဇူးဘဲကွယ်။
      တော်လိုက်တဲ့သမီးလေးးး

      Delete
  4. ရေတံခွန်ပုံတွေကို စောင့်မျှော်နေပါသည်...

    ReplyDelete
    Replies
    1. မကြာမှီလာမည်။
      မျှော်နေပါအတည်...:P

      Delete