Saturday, March 24, 2012

ရန်ကုန်မှာ..

မင်္ဂလာပါရှင်~~~
တကယ်လို့ စိတ်ထဲကစဉ်းစားတဲ့အတိုင်းကွန်ပြူတာဖန်သားပြင်ပေါ်မှာစာတွေတက်လာနိုင်တယ်၊
ဆိုလို့ ရှိရင်တော့.....၊
ကျမတနေ့ ပို့ စ်ကို ၄ခု ၊၅ခု လောက်တင်ဖြစ်မယ်လို့ ထင်ပါတယ်။
သွားသုတ်သုတ်စားသုတ်နဲ့ တနေ့ နေ့ အချိန်တွေဘယ်လိုကုန်သွားမှန်းတောင်မသိလိုက်ဘူး။
အချိန်တွေလည်းကုန်မြန်လိုက်တာနော်။
ညအိမ်ပြန်ရောက်ရင်ခေါင်းအုံးနဲ့ တွေ့ တာနဲ့ တန်းအိပ်တာဘဲ။
ကွန်ပြူတာတောင်မလှပ်နိုင်တော့ဘူး။
စာတွေလည်းမဖတ်နိုင်ဘူး။
ရန်ကုန်ကိုလည်း ၃ ညဘဲနေခဲ့ရပါတယ်။
ရောက်တုံးရောက်ခိုက် ဒါတ်ဒါတ်လေးတွေမျှအုံးမယ်လေ..ဟီး...။
(ဓါတ်ပုံရိုက်ဝါသနာပါပေမဲ့ လက်ရာကတော့ညံပါတယ်)

လေယာဉ်ပေါ်ကမြင်ရတဲ့ဘန်ကောက်
မြန်မာနိုင်ငံပေါ်(ရန်ကုန်ရောက်ခါနီး)
air Asia နဲ့ သွားတာပါ။ဘန်ကောက်လေယာဉ်မထွက်ခင် မှာကတဲက၊
ရန်ကုန်လေယာဉ်ကွင်းဖက်မှာ မြူခိုးတွေပိတ်နေလို့ မြင်ကွင်းမကောင်းတာနဲ့ လေယာဉ်ပေါ်မှာ
တနာရီထိုင်စောင့်နေရတယ်လေ..။
ထွက်လာပြီးရန်ကုန်ရောက်ခါနီးတော့  တကယ်ဘဲဖုန်မူန့် ဝါ၀ါညစ်ညစ်အရောင်မျိုးနဲ့ 
(ကျမကတချိန်လုံးပြူတင်းပေါက်ကိုဘဲစောင့်ကြည့်နေသူဆိုတော့မြင်ရတာလေ)၊
ထူပိန်းပိတ်နေတာကိုး...။ဘာမှမမြင်ရဘူး။
လေယာဉ်မောင်ကကြေငြာပါတယ်ရောက်ပြီတဲ့။
လေယာဉ်ကြီးထိုးဆင်းနေတာ နောက်လိုင်သာယာဖက်က FMI အိမ်ခေါ်င်မိုးကိုတကယ်နီးနီးကပ်ကြီး၊
မြင်နေရတယ်။ ချက်ခြင်းလေယာဉ်ဦးမော့ပြီးပြန်ထိုးတက်သွားတယ်။
သူများတွေတော့သိကြမလားမသိဘူး။
ကျမတော့နဲနဲနားလည်လိုက်သလိုပါဘဲ။တခုခုမှားနေပြီလားမသိပါဘူး။
အ၀တ်လျှော်နေတဲ့အမျိုးသမီးတယောက်မော့ကြည့်နေတာတောင်တွေ့ မိလိုက်သေးတယ် ။
ဘုရားဘုရား...ကံကောင်းလို့ ပေါ့။နောက်နာရီဝက်လောက်ဝဲပြီးမှဆင်းနိုင်တာ။

ရောက်တာနဲ့ ဟိုတယ်မှာပစ္စည်းချ၊ရုံးကိစ္စလေးတွေရှိလို့ ရန်ကုန်စည်ပင်ရုံးကိုပြေးရပါတယ်။
အားပါးပါး.... မြို့ တော်ခန်းမကစည်ပင်ရုံးထဲကို အလုပ်ကိစ္စလေးတွေနဲ့ သွားဖူးတဲ့သူတွေတော့၊
ကျမပြောတာနားလည်ပေးနိုင်ပါလိမ့်မယ်။
တကယ့်ကိုဘယ်လိုနေရာမျိုးဆိုတာသေချာကို မရှင်းပြတတ်ပါဘူး။
ငါးပိသိပ်ငါးချဉ်သိပ်ဆိုတာကလည်း အဲဒီနေရာက များစလာတာလားတောင်မသိပါဘူးလေ။
ဘယ်သူတွေက ဘာတွေကိုတာဝန်ယူပြီး ဘာတွေလုပ်ကြမှန်းတောင်မသိဘူး။
တကယ့်အူကြောင်ကြား နေရာပါ။ဘယ်နားမှာ စုံစမ်းမေးမြန်းရ မှန်းလည်းကျမတို့ မသိဘူး။
တောင်လိုပုံနေတဲ့ စာရွက်စာတမ်းတွေနဲ့  ပျားပန်းခပ်အောင်ရူပ်နေတဲ့လူတွေ..။
မူးပြီးမလဲခင်မှာဘဲ ပြန်ထွက်လာပါတယ်။
ရွှေယောက်ကျားကတော့ ပြီးတဲ့အထိနေခဲ့ပါတယ်။
ပြန်ထွက်လာနိုင်တဲ့အချိန်လည်းညနေ ၅နာရီခွဲပါပြီ။
အဲ...ပွဲစားနဲ့ ဆိုရင်တော့ အားလုံးအဆင်ချောပါလိမ့်မယ်။

၆နာရီလောက် ဟိုတယ်ပြန်ရောက်ပါတယ်။
မောမောနဲ့ အ၀တ်အစားတောင်မလှဲနိုင်ဘူး၊ကုတင်ပေါ်ခဏဆိုပြီး ၂ယောက်သားအိပ်လိုက်တာ၊
ည ၁နာရီခွဲမှ နိုးလာကြတယ်။
ဟိုတယ်စားသောက်ဆိုင်လည်းပိတ်၊ဗိုက်ကလည်းဆာနေကြတာ။
ဟိုတယ်ရှေ့ ဖက် လမ်းဘေးတွေမှာညလုံးပေါက်ရောင်းတဲ့  ဂျင်း လဖက်သုပ်ဆိုင် မှာသွားစားကြတာပေါ့။

ရန်ကုန်မနက်ခင်း

ဆွမ်းခံကိုယ်တော်နဲ့ ဌက်များရဲ့ နံနက်ခင်း
မနက်နိုးတော့ ဟိုတယ်ဘူဖေးက မုန့် ဟင်းခါး ဆန်ပြုတ် အများကြီးစားတယ်။
ပြီး..တနေကုန်ပန်းတယ်(ဟီး....၀မ်းလျောတာပေါ့)။
နောက်ရုံးတခုကိုဆက်ချီတက်ရပါတယ်။
အရင်တုံးကတော့ ဂန္ဒီရုံးလို့ ခေါ်တာ။ခုတော့ နေရာပြောင်းသွားပြီ။
ရန်ကင်းဖက်မှာ...။မှတ်ပုံတင်ရုံးလို့ ခေါ်မလားဘဲ။
ပစ္စည်းတွေကားတွေအိမ်တွေရောင်းဝယ်ကြရင် အဲဒီမှာမှတ်ပုံတင်ကြရုံးတံဆိပ်တွေနှိပ်ကြတာလေ..။
အော်..ရှမ်းမဆိုတော့လည်း ဗမာအခေါ်အဝေါ်လေးဆင်းရဲပါတယ်။
(သီးခံပေးပါရှဲန်....ဟိ)
ဒါနဲ့ အဲဒီရုံးတွေကောရောက်ဖူးလား။လူတွေအများကြီးနဲ့ အဆောက်အဦသွပ်မိုးနိမ့်နိမ့်လေးနဲ့ ၊
အိမ်သာနံမွှေးမွှေးလေးနဲ့ ..၊နေရာထိုင်စရာနဲ့ လူနဲ့ အချိုးအစားမမျှတတဲ့နေရာ...၊
ပွဲစားဆိုတဲ့လူတန်းစားကြီးစိုးတဲ့နေရာလေ...။
ရိုးရိုးဆိုရင် တနေကုန်ပါတယ်။နဲနဲဆန်းရင် နဲနဲမြန်ပြီး စပယ်ရှယ်ဆိုရင် ၅သောင်းနဲ့ ခဏလေးပါ။
မှုန်ရီနေတဲ့ရန်ကုန်
ကားတွေကအပြင်ဘန်းသာလှတာ အတွင်းမှာတော့ဒီလောက်ဟုတ်ဖူးနော်..
ဒီဟော်တယ်ပေါ့...
ရန်ကုန်ည
အခန်းထဲမှာဘဲစားပြီးမောမောနဲ့ အိပ်လိုက်တယ်

ငါးကုန်းဘောင်ကြော်..
ဟင်းပွဲကလည်း set menu တဲ့ ၂ ယောက်စားလို့ လောက်တယ်ဆိုလို့ ၊ကျမတို့ လည်းမှာစားပါတယ်။ ၉၀၀၀ကျပ်လို့ ပြောပေမဲ့၊ဟိုအခဒီအခနဲ့ ဆိုတော့ ၁၂၀၀၀ ကျော်လို့ ဗျ...။
ဟင်းတွေအားလုံးကအစပ် တွေချည်းပါဘဲ။
အဲဒီဟော်တယ်ကလည်း အမြဲတည်းနေကြဟိုတယ်ပါ။
ကော်ဇောမခင်းထားလို့ ကြိုက်တာပါ။
ကျမတို့ ဆီကကော်ဇောသာခင်းတာ ဖုံစုပ်တာကလည်းသိပ်မစွံတာလား၊မစုပ်တာလား။
သန့် ရှင်းရေး မကျွမ်းကျင်တာလား ဘာလားညာလားပေါ့ဗျာ...။
အနံ့ လုံးဝစွဲနေပါတယ်။တော်တော်နံတာ၊ကျမက လည်ချောင်းနဲ့ နှာခေါင်း အရမ်း sensitive ဖြစ်လို့ ။
တနှစ်တခါလောက် ပြန်ရင် ၂ လလောက်ဆေးပြန်ကုရပါတယ်။
အသံလုံးဝပျောက်သွားတယ်။နှာရည်က ဘုံဘိုင်ရေကျသလို တောက်ရှောက်ကျနေတတ်တယ်။
ငယ်ငယ်ကဒီလောက်အခြေအနေမဆိုးဘူး၊ကြီးလာမှပိုပို ဆိုးလာတယ်။
နဲနဲချဉ် စုပ်စုပ်အနံ့ ရတာနဲ့ ကျမကတန်းပြီး ဟပ်ဟပ်နဲ့ ချိုးတာပေါ့။
လူကောင်ကသေးသေး အသံကအကျယ်ကြီး၊သူများတွေဝိုင်းကြည့်ကြတာရှက်စရာကြီးဗျာ..။
ကဲပါလေ...နဲနဲရှည်မိတာပါ..ဟီး။

ဘုရားပေါ်ကဆွမ်းတော်ရာင်းတဲ့နေရာ

စနေနေ့ မှာဘုရားသွားခဲ့ပါတယ်။မောင်ရင်လောင်းလှည့်နေတာတွေအများကြီးဘဲ။
ပျော်စရာကြီး...။ကွမ်းတောင်ကိုင် ပန်းတောင်ကိုင်တွေလည်းတွေ့ ခဲ့တယ်။


တန်းစီထိုင်ဓါတ်ပုံရိုက်မယ်...
သရက်သီး၃ လုံးကို ၂၃၆၄ကျပ်တဲ့..ဟူးးးးးးး
သူငယ်ချင်းကရုပ်ရှင်ထုတ်လုပ်ဖြန့် ချီရေးလုပ်တာ..သူ့ ရုံးခန်းမှာ..
ဗိုလ်ချုပ်ဈေးထဲကငါးထမင်း
သူငယ်ချင်းကလိုက်ကျွေးတာ...
အိုစွမ်းသုပ်တဲ့..ဒိုင်ဗင်ထိုးရှာတာ ၄ဖတ်လောက်တွေ့ မိသလို...
 ညရောက်တော့ဝမ်းကွဲညီမတွေနဲ့ သူတို့ ခလေးတွေစုစုပေါင်းရယောက် အင်းယားလမ်းပေါ်က၊
ထိုင်းစားသောက်ဆိုင်မှာသွားစားပါတယ်။
နေ့ လည်က ဘာမှမယ်မယ်ရရ မစားထားတော့ ဆာဆာနဲ့ ဖိတွယ်နေလိုက်တာ၊
ဓါတ်ပုံလည်းမရိုက်မိပါဘူး။သူတို့ မှာတဲ့အထဲက အရှေ့ မှာလာချတဲ့ဟင်း၂ပွဲကိုဘဲရိုက်ထားမိလိုက်တယ်။
၆သောင်းကျော် ရ သောင်းနီးပါး ရှင်းလိုက်ရတယ်.....ဟူးးးးးးး
ဈေးကြီးလိုက်တာ.....။

ငါးခူမွှကြော်သုပ်
ပုဇွန်ပင်စိမ်းအစပ်
တနင်္ဂနွေနေ့ မှာပြန်လာပါတယ်။ဘန်ကောက်မှာလုပ်စရာလေးတွေရှိသေးလို့ ။
လေဆိပ်အပေါ်ထပ်က နန်းကြီးသုပ် ၅ ဒေါ်လာလား ၆ဒေါ်လာလားမသိဘူး..။
စားလို့ တော်တော်ကောင်းတယ်...။
မနက်ဖြန် မြန်မာပြည်ပြန်သွားအုံးမယ်...။
အမေနဲ့ မတွေ့ ရသေးဘူးလေ.....

စကားမစပ်ပွဲစားတွေ ကျက်စားတဲ့ ၈၀% ပွဲစားရှိတဲ့၊
မြန်မာပြည်မဟုတ်တဲ့နေရာလေးတခုကိုလည်းရောက်ခဲ့သေးတယ်...။
သိလား...ဘယ်နေရာလဲဆိုတာ.....။(မှန်အောင်ဖြေရင် ဆုပေးမယ်လေ..အဟဲ)
ခရီးသွားမှာတပတ်ကြာမယ်..ပြန်လာရင် အာလူးလာဖုတ်အုံးမယ်နော်...။

အားလုံးဘဲ ကျမ်းမာချမ်းသာလိုအင်ဆန္ဒပြည့်ဝကြပါစေ..။
မီးမီး(ခေတ္တဘန်ကောက်)

Wednesday, March 14, 2012

ဝေဟင်ပြူတင်းဝက မျှော်ကြည့်လိုက်မိတာ...

မင်္ဂလာပါရှင်~~~

ခရီးသွားနေတုံးကာလဆိုတော့လည်း ခရီးသွား ဓါတ်ပုံလေးတွေပေါ့နော်။
ဒီတခါ ကျမကံကောင်းခြင်း ၂ခါကြုံလို့ပါ။
လေယာဉ်စီးတော့ ပြူတင်းပေါက်နားကပ်ထိုင်ရတာရယ်..။
နေ့လည်အချိန်ဖြစ်နေတာရယ်...။
အပြင်လောကကို မြင်ရတယ်လေ..။
ခါတိုင်းဆို ညအချိန်ဖြစ်နေလို့ပြူတင်းပေါက်ကပိတ်ထားတာနဲ့..။
အောက်ဖက်ကမ္ဘာကနေ့ကျမတို့ကညဘဲရှိလို့ပြူတင်းပေါက်ကိုပိတ်ထားတတ်ကြတယ်လေ။
ကဲ..ပြောနေကြာတယ်နော့်...
JFKကနေလယာဉ်စတက်တက်ခြင်း ကျမတို့နေတဲ့ NY Long island ကိုမြင်ရတာ..။


 လေယာဉ်တက်ပြီးသိပ်မကြာပါဘူး၊ကျွေးမွေးခြင်းနဲ့စတင်ပါတယ်။
များသောအားဖြင့်လေယာဉ်ပေါ်ကအစားအစာတွေဆိုရင်ခံတွင်းကိုလုံးလုံးကြီးမတွေ့ဘူး..။

ကျမတို့က Japan Narita transit ပါ။
လေယာဉ်ပေါ်ကစကရင်မှာပြတဲ့အတိုင်းအပေါ်ဖက်ကိုတက်ပြီးမှ၊
(ကမ္ဘာကြီးကလုံးတော့၊ဘေးကနေမသွားဘဲ၊ဂျပန်ဖက်ကိုဆင်းသွားတာ)လေ။

 စားပြီးတော့အိပ်တာပေါ့။နိုးလာတော့လှမ်းကြည့်တာတိမ်ဖြူဖြူတွေကတမျိုးပါလားလို့ထင်နေတာ။
ကနေဒါအပေါ်ဖက်က ရေခဲဒေသတွေဖြစ်နေတာလေ..။
မုန့်တွေခဏခဏကျွေးတယ် ၃ခါလားမသိပါဘူး။
ဒီ အမေရိကန်လေကြောင်းလိုင်းကအစားအစာမကောင်းဘူး။
ဒီတခါနိုးလာတော့ ဆိုက်ဘေးရီးယားဆိုဘဲ။


ငယ်ငယ်ကတဲကကြားဖူးခဲ့တယ်အရမ်းအေးတယ်ဆိုတာ။တလောကလုံးတော့ရေခဲပါဘဲ။
မြစ်လည်းခဲ ကုန်းလည်းခဲ..ဘဲ။
တောင်တွေကိုမြင်ရတာလည်းအထီးကျန်ဆန်လိုက်တာ။အေးခဲခဲကြီး..။
ရှရှားနဲ့ဂျပန်ကြားပင်လယ်လည်းရေခဲတွေပါဘဲ။
ဂျပန်ကျွန်းစဝင်တာလည်းအဲဒီရေခဲတောင်ဘဲတွေ့ရတယ်။
တောင်ကျော်တာနဲ့လွင်ပြင်တွေမြင်ရပြီ။
ကျမလည်းကင်မရာနဲ့အလုပ်ရူပ်နေသလိုသူတို့တွေလည်းအိပ်မက်ထဲမှဘာတွေလုပ်နေကြလဲမသိဘူး။
ဂျပန်ကိုလာတဲ့လေယာဉ်ဆိုတော့ ဂျပန်တွေချည်းပါဘဲ။
ဒါနဲ့စကားမစပ်ဗျာ..ဂျပန်တွေ ပါးစပ်အုပ်ထားတာတော်တော် နှစ်သက်ကြတာလားမသိဘူး။
လေယာဉ်ပေါ်က ဂျပန်အားလုံးဘဲပါးစပ်တွေအုပ်ကြတယ်။ပြီးအိပ်တယ်။


 အဲဒီရေခဲတောတောင်ကြားထဲမှာ ရွှာတန်းငယ်လိုလိုတခုတွေ့လို့အနီးကပ်ဆွဲပြီးရိုက်ကြည့်တယ်။
ကျမစိတ်ထဲမှာတော့ အိမ်လေးတွေလို့မြင်မိတယ်။
ဘယ်လိုများနေထိုင်စားသောက်ကြပါလိမ့်နော်..။
ကိုင်း..တောင်လည်းဆုံးရောကျွန်းလည်း ကုန်ရောဆိုသလိုပါဘဲလေ..။
နောက်တကျွန်းပြန်စတော့မယ်။မြို့ရွှာတွေမမြင်ရသေးဘူး။
ဒီကျွန်းမှာတော့ ရေခဲတွေတော်တော်ပါးလာပြီ။
မမတွေကလည်းလာကျွေးပြန်ပြီလေ။ပီဇာတဲ့..။
ချစ်ချစ်ကတော့ထမင်းစားတယ်။
တောင်တွေမှာသာရေခဲမရှိတာ၊မြစ်ပြင်ကြီးတော့ခဲနေတုံးပါဘဲ။
အိမ်တွေလိုလိုမြင်ရပြီ။




တောင်တွေကျော်လိုက်တာနဲ့လွှင်ပြင်ကိုတွေ့တာဘဲ။အိမ်တွေနဲ့ပြည့်နှက်နေတာ..။
ပြီးလေဆိပ်ကိုဆင်းတော့မယ်ဆိုပြီးကြေငြာပါတယ်။

လှမ်းမြင်နေရတာလေဆိပ်ပေါ့။
ရောက်ပြီလေ..green tea တို့ရဲ့နေရာလေးပေါ့။


မိတ်ဆွေများအားလုံးဘဲ အေးအေးချမ်းချမ်းရှိကြပါစေနော်....
(ခဲတော့မခဲလိုက်ကြနဲ့ပေါ့..အဟဲ)

#meemeenage