Sunday, November 13, 2011

လပြည့်ကျော်နောက်တရက်ရဲ့ ဟင်းတခွက်

မင်္ဂလာပါရှင်~~~
ကျမတို့ ကျိုင်းတုံမြို့ သင်္ကြန်လပြည့်နေ့ ဆိုရင်၊ကျိုင်းတုံဂုံရှမ်းထုံးစံ၊ကွယ်လွန်သွားတဲ့ ဘိုးဘွားမိဘ ညီအကို
မောင်နှမတွေကိုရည်စူးပြီး၊ဂုံဘုန်းကြီးကျောင်းမှာ ဆွမ်းကပ်ရေစက်ချအမျှဝေကြပါတယ်။သီတင်းကျွတ်လ
ပြည့်နေ့ ၊တန်ဆောင်တန်လပြည့်နေ့ တွေလည်း ရေစက်ချအမျှဝေတာ၊လုပ်ကြပါတယ်။သင်္ကြန်လပြည့်နေ့ 

ကအစည်ကားဆုံးပေါ့။

ကျမတို့ က၀ပ်အင်းကျောင်း ဆိုတဲ့အဖိုးတို့ ရဲ့ ဘုန်းကြီးကျောင်းမှာဘဲအမြဲဘဲ၊သွားလေ့ရှိပါတယ်။ ဆွမ်းကပ် တယ်ဆိုတာလည်း ဟင်း၎-၅မျိုးကို၊တစ်မျိုးဟင်းတခွက်စာ ဆွမ်းတပုဂံစာလောက်၊လင်ပန်းတွေ ထဲမှာထည့် ပြီးမ ယူလာကြတာပါ။ဂျိုင့်တွေ ခွက်တွေနဲ့ ယူကြဘူး။ကိုယ်ရေစက်ခွက်နဲ့ ရေပုလင်းလေးနဲ့ ပေါ့။ဘာဖြစ်
လည်းဆိုတော့ ဘုန်းကြီးကျောင်းရောက်ရင်၊လင်ပန်းလေးချ ပျားဖယောင်းတိုင် လေးထွန်း၊တန်းပြီး ကပ်လို့ 
ရတယ်လေ။ဘုန်းကြီးက nonstop တသုတ်ပြီးတသုတ် တရားစာချပေးရတယ်။တခါခါဆိုရင် မိသားစု ၄-၅ စုလောက်ပေါ့။ပြီးရေစက်ချ ၁၀-၁၅ မိနစ်လောက်ဘဲကြာပါတယ်။


အိမ်တိုင်း အိမ်တိုင်းချက်ယူလာကြတာလည်း၊တပုံစံထဲပါဘဲကိုယ်ပိုင်ဗားရှင်းလေးတွေဘဲကွဲမယ်နဲ့ တူတယ်။
ဟင်းကလည်း သူ့ အဓိပ္ပါယ်နဲ့ သူဗျ...။ဝက်သားဟင်း...။မျှစ်ချဉ်ဟင်း၊(မျှစ်ကိုရှမ်းလို"နော်" လို့ ခေါ် တယ်နှစ် သစ် မှာအစို့ အညောက်လေးပေါက်လာတဲ့သဘောပေါ့)ဘဲဥအငံ၊(ရွှေဥ ငွေဥပေါက် ပါစေတဲ့ )ကြာဇံသုပ် (ကြာကြာစံရအောင်ဆိုတာလားဘဲ)ကျိုင်းတုံဝက်အူချောင်းကြော်၊၀က်ခေါက်ကြော်၊(ဒါတော့မယ်မီးလည်းတိ
ဝူး...)။ပြီးရင် အဲဒီမှာအိုး အကြီးကြီးတွေချထားတယ်။ဆိုင်ရာဆိုင်ရာဟင်းတွေထဲလောင်းထည့်လိုက်ရုံပါဘဲ။

ဘုန်းကြီးကျောင်းက ကိုရင် ဘုန်းကြီးတွေ ဘယ်စားလို့ ကုန်မှာလည်း၊အိမ်ထောင်စု ၁ဝဝ လာလူရင် ဟင်း
တွေ  တောင်လိုပုံပြီပေါ့။အဲဒီဟင်းတွေ အားလုံးကိုပေါင်းပြီး အလွန်ကြီးမားလှသောအိုးထဲထည့်၊မီးအေးအေး
လေးနဲ့ ကြို အနံမွှေးအောင်လို့ တောရှောက်ရွှက်လေး ဆူးပုတ်ရွှက်လေးခပ်၊အဲဒီဟင်းကို ကိုင်(န်)ဟို့ လို့ 
ခ်ါတယ်။အရသာကအန်မတန် ကောင်း၊အနံလေးမွှေးလို့ ။


တမြို့ လုံးဘာဟင်းစားလည်းမေး...လပြည့်နေ့ မှာ....၊၀က်သားဟင်း...။ခရမ်းသီးဟင်း..။ မျှစ်ချဉ်ဟင်း၊ ဘဲဥ အငံ၊ကြာဇံသုပ်၊ကျိုင်းတုံဝက်အူချောင်းကြော်၊၀က်ခေါက်ကြော်၊....ပြီး လပြည့်ကျော်ဆိုရင် ကိုင်(န်)ဟို့ ...။
အားလုံးအတူတူဘဲ ။
online ထဲကပုံတွေပါ
ကိုင်(န်)ဟို့ ပုံကလည်းရှာမတွေ့ ဘူး....။အင်း....စားချင်ပါတယ်ဆိုနေမှဘဲ။
online ထဲကပုံတွေပါ
ကျမ ကျိုင်းမယ်(ဇင်းမယ်)မှာနေတော့ အဲဒီက လန်းနားရှမ်းတွေလည်း၊ကျမတို့ လိုဘဲဟင်းလည်းတူတယ်၊
ဓလေ့ထုံးစံလည်းတူတာတွေ့ ရတယ်။သူတို့ ကကောက်ညှင်းပေါင်းနဲ့ စားလေ့ရှိတယ်။ကျမနေတဲ့အိမ်က
ဘုန်းကြီးကျောင်းနဲ့ ၃ အိမ်ကျော်လောက်ဘဲခြားတယ်။ဘုန်းကြီးကျောင်းနဲ့ လည်းခင်တော့၊ ကိုင်(န်)ဟို့ 
ဟင်းလာပေးရင် အိုးအကြီးကြီးနဲ့ ၎-၅ ရက်စားရတယ်။စကားမစပ်... တချို့ ကလှူထားတဲ့ အစားအစာ၊
အသုဘအိမ်ကအစာ၊ဆွမ်းတော်တင်ပြီးသားအစာဆိုမစားဘူး...တဲ့။ ခိုက်တယ်ဆိုလား ကံနိမ့်တယ်ဆိုလား
ပြောကြတာကြားဖူးပါတယ်။ကျိုင်းမယ်က ကိုင်ဟို့ ကပိုကောင်းတယ်။ ကြက်သားလည်းပါတယ် ပုဇွန်ထုပ်
ကြီးလည်းပါတတ်တယ်။ခပ်ပျော့ပျော့ဝက်ခေါက်တွေ၊မျှစ်ချဉ်ဖတ်လေးဝါးမိရင် အမိုက်စားဘဲ။


အော်..ဘာရယ်လို့ ဟုတ်ပါဘူး။၁၆ရက်နေ့ ဆို အကိုငယ်ဆုံးတာတနှစ်ပြည့် ပြီလေ။ အဲဒီတုံးက ဘလော့ကို
လုံးဝပစ်ထားတာ၊password တောင်မေ့လို့ ။ဝမ်းနဲစရာနောက်တခုကပြန်ကြုံရတယ်။နောက်အကိုကြီးက
ဆုံးပြန်တယ်။သူတို့ ကျမဝမ်းနဲကျေကွဲနေတာ ကြိုက်မှာဟုတ်ဘူး၊ပျော်ပျော်ရွှင်ရွှင်နဲ့ ဘဝရဲ့ ကျန်တဲ့အချိန်လေး
တွေကိုဖြတ်သန်းသွားမယ်လေ။


လပြည့်နေ့ ဥပုဒ်နေ့ တွေမှာ အဖေ အကို၂ ယောက်အတွက်ဟင်းတွေချက်ပြီး၊ဆွမ်းကပ်ပေးချင်တဲ့စိတ်
ဆန္ဒတွေဖြစ်လာတာနဲ့ ၊တောင်ရေးမြောက်ရေး..စာတပုဒ်လောက်ရေးမိတာပါ။


ခင်မင်တတ်တဲ့
မီးမီး

10 comments:

  1. အကိုနဲ့အဖေ အတွက်စိတ်မကောင်းဖြစ်မိပါတယ်...ကိုင်(န်) ဟင်းကို ကိုယ်တို့အညာမှာတော့ ဟင်းပေါင်းလို့ခေါ်တယ် ငယ်ငယ်က နွေရာသီကျောင်းပိတ်တာနဲ့ ကိုယ်တို့အဖေက ဘုန်းကြီးကျောင်းမှာ စာဖတ်ခိုင်းတယ်လေ အဲဒီ့မှာ ကိုင်(န်)ဟင်းကို စကြိုက်သွားတာပဲ ကံဆိုးကံကောင်း အမွှေတက်ရင် ကြက်သားတုံး ၀က်သားတုံးတွေတောင် ဖမ်းမိသေးတယ် :)

    ReplyDelete
  2. ဟုတ်လား၊
    ကောင်းတယ်နော်၊
    ကံဆိုးရင်စပါးလင်လေးဝါးမိတယ်လေ။
    ကျမကြိုက်တယ်။

    ReplyDelete
  3. ရေးထားတာဖတ်ရုံနှင့်ဘုန်းကြီးကျောင်းသွားချင်လာတယ်။ ကိုင်ဟို့ စားချင်လိုက်တာ :D

    ReplyDelete
  4. တခါမှမစားဘူးဘူး။ စားချင်လိုက်တာနော်။
    ပြီးတော့ကိုယ်တိုင်ကြုံဘူးချင်တယ် အဲဒီမြင်ကွင်းလေးတွေကို။
    အကိုငယ်ဆုံးတာတနှစ်ဆိုပေမဲ့မနေ့ တနေ့ ကလိုဘဲခံစားနေရမယ်ဆိုတာနားလည်ပါတယ်။ အချိန်ကဘဲကုစားသွားမှာပါ။

    ReplyDelete
  5. ခံစားနေရမယ်ဆိုတာ
    နားလည်ပါတယ်။ လို့ ရေးထားတာပါ။

    ReplyDelete
  6. သာဓုခေါ်ပါတယ်..နော်..။

    ReplyDelete
  7. ဘုန်း၂လည်လည်ရောက်ပါတယ်နော်...
    တွေရာအကုန်စားသွာတယ်...ဟီးးးးးးးးးးးး

    ရွှေဝန်းရတနာ...

    ReplyDelete
  8. Kyaw Hnin Se Lwin ရေ..
    ကောက်ညှင်းပေါင်းလေးနဲ့ တို့ တို့ စားတာ၊
    အရမ်းမိုက်တာနော်။

    Iora ရေ..
    ကျမတို့ မြို့ လေးကဟိုးအရင်နှစ်ပေါင်း၃၀-၄၀၊
    နဲ့ မတူတော့ပါဘူး။
    ပျော်စရာလေးတွေတော့ ကျန်ပါသေးတယ်လေ။
    အရင်ကတော့တကယ့်ရိုးရာဓလေ့ပေါ့။
    ခုတော့ ထိုင်းလိုလို တရုတ်လိုလို ဟား..
    စစ်တပ်တွေကများလာတော့၊
    ဗမာယဉ်ကျေးမူ့ ဆိုတာလည်းပါလာတယ်။
    အားလုံးပေါင်းစပ်ထားတာနော်။
    အလုပ်တဖက်နဲ့ ရူပ်နေပေမဲ့လည်း။
    တခါခါသတိရတတ်နေတယ်လေ။

    မိုးငွေ့ ရေ...
    ရန်ကုန်က ဘယ်ဘုန်းကြီးကျောင်းသွားတတ်လဲ။
    ကျိုင်းတုံဘုန်းကြီးကျောင်းသွားလား။

    ဘုန်းဘုန်းရေ..
    တပည့်တော် ဟင်းတွေလည်းဟိုရာက်ဒီရာက်ဖြစ်နေတယ်။

    ReplyDelete
  9. မီးမီးရေ.. ၁၆ရက်နေ့မှာ ဆုံးသွားတဲ့ အကိုငယ်ဆုံးလေး ယခုမီးမီးပြုသမျှသော ကုသိုလ်ကောင်းမှုအစုစုကို ရောက်ရာဘ၀မှနေ၍ ၀မ်းမြောက်နုမော် သာဓုခေါ်ဆိုနိုင်ပါစေဟု....

    ချမ်းမြေ့ပါစေ
    ချယ်ရီမြေ

    ReplyDelete
    Replies
    1. ဘုန်းဘုန်းပေးတဲ့ဆုနဲ့ ပြည့်ပါစေ...။

      Delete