Thursday, November 3, 2011

အင်းသား(အင်းစကူး၊အန်းဆား) ဖေဖေ..

မင်္ဂလာပါ~~~

အင်းသားဆုံဆည်းရာပွဲတော်ဆိုပြီးကျင်းပနေတာတွေ့ တော့၊
အဖေ့ကိုသတိရလာတယ်။
ဇာတိမြေကိုအစွဲပြုပြီး ကိုယ့်ကိုကိုယ်ရှမ်းလူမျိုးဘဲလို့ သတ်မှတ်ထားမိတယ်။
တကယ်တော့ကျမလည်းသူများတွေပြောကြတဲ့ကပြားဆိုတာကြီးပေါ့။
အင်းသား ရှမ်း(ရှမ်းတောင်မှ ဂုံရှမ်းနဲ့ မြောက်ပိုင်းကရှမ်းဆိုပြီး၂ခုရောနေသေးတယ်)။
ကျမအဖေက အင်းသား(အဖွားက အင်းလေးနမ့်ပန်ရေလည်ရွှာဇာတိ)၊ 
အဖိုးကတော့ရှမ်းစပ်တယ်လို့ ပြောတာဘဲ။


ကျမငယ်ငယ်တုံးကဆို အမျိုး၂ဖက်လုံးကိုကြည့်မရဘူး။
ကျိုင်းတုံမှာအမျိုးတွေကြားထဲမှာ (အီမန်)ရှမ်းလိုဗမာမပေါ့ ခေါ်ကြတယ်။
တောင်ကြီးရောက်တော့ ရှမ်းမသမီး ရှမ်းမ နဲ့ ခေါ်တယ်လေ။
ကျမ မကြိုက်ခဲ့ဘူး။
ခုတော့ အင်းသားရှမ်း ဖြစ်ရတာအရမ်းကြီးကိုဂုဏ်ယူမိပါတယ်။

အဖေကျိုင်းတုံရောက်ပြီးအမေနဲ့ အိမ်ထောင်ကြခါစအထိရှမ်းစကားမတတ်ဘူး။
နောက်တော့ အဖေကရှမ်းလိုကောင်းကောင်းပြောတတ်သလို၊
အမေလည်းအင်းသားလိုရောတတ်တယ်။
မိသားစုထဲမှာတော့ကျမက အင်းသားစကားအညံ့ဆုံးပါ။

နောက်ကျိုင်းတုံမှာအင်းသားတွေများလာတော့၊
အဖေဦးဆောင်ပြီးအင်းသားအသင်းဖွဲ့ ကြတယ်။
သူတို့ ကိုယ်သူတို့ အရှေ့ ပိုင်းသားအသင်း လို့ ခေါ်ကြတယ်။
အင်းစကူးတွေဟင်းချက်တော်တယ်လေ။
သူတို့ ရဲ့ (ဆန်လှော်၊ပဲလုံး)ဆေးခါးဟင်းနဲ့ ဝက်သားနီချက် ငါးဒုက္ခ ဂျုးမြစ်သုတ်...။
အိုး...အများကြီးဘဲ။နံမည်ကြီးတော့အလူပွဲတွေမှာလိုက်ချက်ပေးပြီးကုသိုလ်ယူကြတယ်။

အသင်းရဲ့ အစည်းအဝေး ဘာညာဆိုရင်တော့အိမ်မှာဘဲ စုကြတယ်။
အဖေက အသင်းဥက္ကဌကြီးလေ...။
အစားအသောက်ပါတာပေါ့၊ဝိုင်းလုပ်ဝိုင်းစားဘဲ။
ငယ်ငယ်တုံးက အဲဒီအချိန်ဆိုရင် ဘယ်သူငယ်ချင်းခေါ်ခေါ်ဘာမှမကစားဘူး။
သူများတွေ ဟင်းထုပ်ပေါင်းတာ၊ကင်ပေါင်းကြော်(ကြက်သွန်မြိတ်နဲ့ ဝက်သား၊မုန့် နှစ်တွေနဲ့ )၊
ငါးထမင်းနယ်တာ..အဲဒီအနားမှာဘဲကပ်နေတာပေါ့။
ဟင်းထုပ်တွေပေါင်းတာအိုးအကြီးကြီးနဲ့ ၊
မြည်းဖို့ ဖျာကြမ်းပေါ်သွန်ချလိုက်ရင် ပူပူလောင်လောင်နဲ့ အသေလိုက်လုတယ်။
ငတ်ကြီးကျတာ..ခလေးဆိုတော့။

ကျိုင်းတုံက အင်းသားတွေတအားစည်းလုံးတယ်။
ကျမခဏပြန်တာတောင်၊လာလည်ကြတယ်။
အဖေ့သမီးကိုချစ်ကြတယ်။
အင်းလေးဒေသက အခုမှစတင်စုစည်းကြတာ။
အဖေသာသက်ရှိထင်ရှားရှိရင်၊သွားမှာမြင်ယောင်သေးတယ်။

အဖေက တောင်ကြီးဇာတိဆိုပေမဲ့၊ကျိုင်းတုံကိုပိုခင်တွယ်တယ်။
ကျိုင်းတုံမြို့ မှာအသင်းအဖွဲ့ ပေါင်းမြောက်များစွာဘဲသူစလုပ်တယ်။
သူများတွေသူ့ ကို ဥက္ကဌကြီးရာထူး(ပိုက်ဆံမရပါဘူး၊အိပ်စိုက်ရာထူး)ပေးပြီး၊
သူအလုပ်တွေရူပ်နေတာဘဲ၊
ဂေါက်သီး၊မီးသတ်၊ဆေးရုံ၊မော်တော်ယဉ်၊ဗလငါးတန်(မိဘမဲ့ကျောင်း)..
အများကြီရှိသေးတယ်။အားလုံးကိုမမှတ်မိပါဘူး။
အားလုံးက လူမူ့ ရေးလုပ်ငန်းတွေပါ။
သေချာတာတခုက အရင်အလှူငွေထည့်...။(ဟီး ...)
ရီရတဲ့ တခုက၊မြို့ နယ်လုံးဆိုင်ရာဂေါပကဆိုတာ...။
သူကရှမ်းလိုတတ်ပေမဲ့ဟိုကအဖိုးကြီးတွေက ဂုံရှမ်းလိုအစည်းအဝေးလုပ်၊
ဂုံရှမ်းစာနဲ့ ရေး၊အဲဒီထဲမှာသူတယောက်ထဲ ရှမ်းမဟုတ်တာပါတာ။
အဖေ အစည်းအဝေးမှာဘာတွေများနားလည်လဲလို့ ပြန်မေးရင်၊
အဖေနားလည်တာပေါ့...ဆိုဘဲ။

အဖေကဟင်းချက်တအားကောင်းတယ်။
အဖေလက်ရာလုံးဝမမှီပေမဲ့စားချင်လို့ ဟင်းထုပ်လုပ်စားသေးတယ်။
တခါက (Germany)မှာနေတုံးကဟင်းထုပ်လုပ်ဖို့ ဌက်ပျော်ဖက်မရှိတော့၊ ပလပ်စတိတ်နဲ့ ထုပ်ပြီးပေါင်းစားတယ်။
မုန့် နှစ်တွေ
ပေါင်းပြီးတွေ့ ရတာ၊စားလို့ ရတယ်၊အရမ်းကောင်းကြီးဟုတ်သေးဘူး
အဖေ့ဂေါက်ရိုက်ဖော်သူငယ်ချင်းအားလုံးနီးပါးဆုံးသွားကြပါပြီ။
ဦးဆိုင်ကျောက်ဇင်း၊ဦးစိုင်းဆေးဇင်း၊ဦးမြသန်း(ပြီးခဲ့တဲ့ ရ-ဂနှစ်ကတော့ကျမဆီလာလည်သေးတယ်၊ခုထိရှိမရှိမသိဘူး)ဖေဖေဦးသိန်းမောင်၊ဦးနွဲ့ ရီ။

ခင်မင်တတ်တဲ့
မယ်မီး

25 comments:

  1. Qt မေမေက ချင်း ဖေဖေ က မြန်မာ လေ
    မြန်မာစစ်စစ်ရုပ်မထွက်ဖူး
    ကိုယ်အကြိုက်ဆုံးက ရှမ်းအစားအစာ
    ဖျော့တော့တော့အရောင်တွေ ကြိုက်တယ်
    တယောက်တည်းနေရတာ သဘောကျတယ်
    ပြီးတော့ ကိုယ် ဟင်းထုပ် အရမ်းကြိုက်တယ်
    ရန်ကုန်မှာနေတုန်းကတော့ ခဏခဏ ၀ယ်စားဖြစ်တယ်
    ရှမ်းအစားအစာကို အကုန်လာထားပဲ

    ReplyDelete
  2. မမီးကိုပြောဦးမယ် မီးမီးလည်းကပြားပဲ..အဖေကမြန်မာ အမေကဗီယက်နမ် အမေက ကျိုင်းတုံဇာတိပဲ...အဲလိုလေးငယ်တုန်းအကြောင်းဖတ်ရတာသိပ်ကြိုက်တယ်...နောက်ထပ်ရေးဦးနော်..။

    ခင်တဲ့
    မိုးငွေ့

    ReplyDelete
  3. Qt ရေ..
    ချင်း မြန်မာလား...။
    ကျမတို့  ချင်းလူမျိုးအပေါင်းအသင်းတွေများတယ်။
    အကို၂ ယောက်လုံးရဲ့ အချစ်ဆုံးသူငယ်ချင်းက၊
    ချင်းတယောက်ပါဘဲ။
    ရှမ်းအစားစာကြိုက်တယ်လား။
    မြို့ ပြန်ရင်လိုက်ခဲ့ ၀ယ်ကျွေးမယ်။
    ကျမတို့ ဖက်က အစားအစာက၊
    ရန်ကန်ဖက်မှာရောင်းတဲ့ရှမ်းအစားတွေနဲ့ ၊
    မတူနေဘူး။

    မိုးငွေ့ (မီးမီး)ရေ..
    ကျိုင်းတုံမှာဗီယက်နမ်အုပ်စုရှိတယ်။
    ကျမတောင်ဆွယ်တာစက်ထိုးသင်တာ၊
    ဗီယက်နမ်ဆရာမယောက်နဲ့ ။
    သူတို့ မိသားစုက(မူယော-၀က်ကြိတ်သားဖက်နဲ့ ပေါင်းတာလေ)နဲ့ မီးသွေးမီးဖို၊
    လုပ်ရောင်းတယ်။သိလား။
    မီးမီးရော(မိုးငွေ့ )ရှမ်းလိုတတ်တာပေါ့၊
    ရန်ကုန်ရောက်ရင်လာလည်မယ်နော် :)

    ReplyDelete
  4. ဘုန်း၂လာလည်သွားပါတယ်...နေကောင်းတယ်နော်အင်းသာဆိုတော့ဘုန်း၂ကြောင်ခုန်ကျောင်းခေါ်ငါဖက်ကျောင်းမှတလကျော်နေခဲ့ဘူပါတယ်
    အင်းလေးကိုအရမ်းသတိရပါတယ်...ဟီးးးးး
    မေတ္တာဖြင့်....
    ရွှေဝန်းရတနာ...

    ReplyDelete
  5. ဘုန်း၂လာလည်သွားပါတယ်...နေကောင်းတယ်နော်အင်းသာဆိုတော့ဘုန်း၂ကြောင်ခုန်ကျောင်းခေါ်ငါဖက်ကျောင်းမှတလကျော်နေခဲ့ဘူပါတယ်
    အင်းလေးကိုအရမ်းသတိရပါတယ်...ဟီးးးးး
    မေတ္တာဖြင့်....
    ရွှေဝန်းရတနာ...

    ReplyDelete
  6. ကိုယ့်မှလည်း အဖေမရှိ၊ မီးမီးလို ဘဲအကို ၂ယောက်ဆုံးတော့ ဖြေလို့ ကိုမရဘူး။ ခုတော့ နောက်ထပ်အကိုကြီးလဲ ဆုံးသွားပြီးပြီ။ ဘ၀တူတော့ ခံစားရတယ်။ ကိုယ့်ရင်ကိုထိတယ်။ ရှမ်းစာရော၊ အင်းစာတွေရောသိပ်ကြိုက်ပါတယ်။ ကင်ပေါင်းကြော်စားချင်နေတာ။ လင့်လေးယူသွားမယ်နော်။
    အိုင်အိုရာ

    ReplyDelete
  7. ဘုန်းဘုန်း..
    အဲဒီဘုန်းကြီးကျောင်းကိုလည်း၊
    သွားလည်ဖူးတယ်။
    အဖွားတို့ ရွှာကကျောင်းတော့၊
    ဦးခင်ညွှန့် ကြောင့်နံမည်ကြီးလို့ ။
    ကျမတို့ သိတာက ဘုရားပေါက်။
    ဘုရားအဟောင်းတွေနဲ့ ပျက်စီးနေတာလေ။
    ငယ်ငယ်ကနှစ်တိုင်းဖေါင်တော်ဦးဘုရားပွဲ၊
    ဆိုရင်အဖွားနဲ့ သွားကြတယ်။

    မအိုင်အိုရာရေ..
    ကျမလည်းအိုင်အိုရာအတွက်ကိုယ်ချင်းစာမိတယ်။
    လင့်ယူတာကျေးဇူးနော်။
    ဘလော့စလုပ်တာ၊
    အချိန်အားလို့ ဗမာစာလက်ကွက်လေး၊
    လေ့ကျင့်ခြင်လို့ ပါဘဲ။
    နောက်တော့ စိတ်ရဲ့ လွှတ်လပ်မူ့ ။
    ကိုယ့်ရဲ့ သီးခြားကမ္ဘာလေးတခု၊
    အဖြစ်ခင်တွယ်လာမိတယ်။
    သူများကိုဗဟုသုတပေးဖို့ ရသပေးဖို့ လည်း၊
    ကိုယ်ကမှမပြည့်စုံတာ။
    မှန်းရဲပါဘူးဗျာ...။
    ကိုယ့်အတွေ့ အကြုံလေးနဲနဲပါးပါးဝေမျှလိုက်တာပါ။
    အိုင်အိုရာဆီလည်းသွားလည်လေ့ရှိပါတယ်။
    အင်းသားအစားအစာလေးတွေ၊
    ရှာဖွေရေးအုံးမယ်နော်။

    ReplyDelete
  8. ဟင်းထုပ်၊ ကင်ပေါင်းကြော်၊ ဆေးခါးဟင်းနဲ့ ဝက်သားနီချက်၊ ငါးဒုက္ခ၊ ဂျုးမြစ်သုတ်၊ သားရေပွသုပ် အားလုံးကြိုက်။ အင်းသားစာ ရှမ်းစာအစစ်တွေဆို ကြိုက်တယ်။ ရန်ကုန်မှာရောင်းတဲ့ ရှမ်းစာအများစုကို လုံးဝမကြိုက်ပါ။ အနံ့အရသာ လုံးဝမတူဘူး။ နောက်ပြီး ငါးရယ်၊ ခရမ်းချဉ်သီးရယ်၊ အာလူးရယ် ရှိရှိသမျှ ရောလို့ရတာ အကုန်ရောစပ်ပြီး ရှမ်းထမင်းချဉ်အမည်တပ် လုပ်စားနေတာတွေကိုလည်း လုံးဝမကြိုက်ပါ။ ဒီက စိတ်ကြီးတယ်နော် :D

    Mandy

    ReplyDelete
  9. ဟုတ်ပါ့ Mandy ရေ..။
    ရှမ်းထမင်းချဉ်ဆိုပြီး အားလုံးရောထားတာ၊
    ဘယ်လိုစားပေးရမှန်းတောင်သိဘူး။
    ကျမအဖေလေ ငါးထမင်းနယ်လုပ်တာ၊
    တအားကောင်းတယ်။
    ပဲထွန်ဆေးခါး၊ဆန်လှော်ဆေးခါးချက်ရင်၊
    ရှိသမျှအမျိုးတွေအိမ်လိုက်ဝေရတယ်။
    ကျမတော့အိမ်မှာလာချက်တဲ့အင်းစကူးကြီးတွေ၊
    ကြားထဲမှာအမြဲလိုက်ရူပ်စိန်မမလုပ်တယ်လေ။
    သတိရတယ်စားစရာတွေ။

    ReplyDelete
  10. မယ်မီးရေ မင်္ဂလာပါ... အခုမှရောက်ဖူးတယ်။ ကိုယ့်လူမျိုးအကြောင်းနဲ့ ဆွေမျိုးစပ်ထားတာလေး ဖတ်သွားတယ်။ ပင်းတယနဲ့ အင်းလေးက ဆွေမျိုးမဟုတ်ပေမယ့် အိမ်နီးနားချင်းလို့တော့ ပြောလို့ရမယ်ထင်ပါတယ်..

    ချမ်းမြေ့ပါစေကြောင်း
    ချယ်ရီမြေ

    ReplyDelete
  11. Hello,

    I am from Taunggyi too. I left Tgyi so many years ago but I left my heart in Shan Pyi. I am going back there to see my old school (S.H.S 3), our relatives and old friends and of course, Shan food.

    I miss every thing when it come to my home town. .....soooooo much. Thanks for posting !

    ReplyDelete
  12. အထက ၃ ကလား...။
    ကျမ အထက ၁ ကလေ...။
    နီးနီးလေးပါနော်။
    ပြန်ရင်ပြောအုံး၊
    ပျော်စရာလေးတွေကြားချင်လို့ ...။

    ReplyDelete
  13. အမျိုးတွေ့ပြီ... တို့လည်း အန်းဆား ငါးမူး၊ ရှမ်း ငါးမူး။ နောက်လည်း အမြဲလာဖတ်မယ်... Bookmark လုပ်သွားတယ်...ဟိုတယ် အမည် မေးထားတဲ့သူနဲ့ တစ်ယောက်ထဲပါ....

    ReplyDelete
    Replies
    1. ဘာဇာလုပ်နေဟ.လူခဲ...
      တို့ ဖက အန်းဆား..
      ဟီးးးးး
      ကိုယ်တော့ အင်းသားစကားသိပ်မပြောတတ်ဘူး။
      အိမ်မှာအညံ့ဆုံးပေါ့..

      Delete
    2. ကောင်းမျိုး လုပ်နေလော့... တို့ဖလည်း အန်းဆားဝ... အန်းဆားကောင်းကောင်း ပြောတတ်တယ်...ရှမ်းတော့ မော်အစ်အစ်ခပေါ့ :D

      Delete
    3. လူခဲဘယ်နားနေကြောင်း....
      တို့ မသိရ...
      အန်းဆားအချင်းချင်း တွေ့ ရတာ..
      ကတောက်ကတဲ့ပျော်ဆော်...
      ဟီးးးးဟုတ်ကြောင်းမဟုတ်ကြောင်း..
      ပြောလိုက်ပြီနော်...။

      Delete
  14. ခုလောလောဆယ် ခြင်္သေ့ကျွန်းပေါ် သောင်တင်နေလော့...တို့မကူးပြောဟာ မှန်နေ၀လုံ...ပိုစ့်အဆစ် လာဖတ်တယ်... များများရေးနော....

    ReplyDelete
    Replies
    1. အားရင်တော့လည်းအဆစ်ဆော့ရေးပေါ့။
      အမြဲလာနော်လူခဲ။

      Delete
    2. လူခဲ..
      ဘယ်ရာက်နေကြောင်း..
      လိပ်စာလေးဘာလေးမမေးမိ...
      ဘဇာတွေလုပ်နေလဲ..လူခဲ..

      Delete
  15. အင်းသားတွေသုံးတဲ့ ငါးဖမ်းပိုက်တောင့်တောင့်ရှည်ရှည်ကို ဘယ်လိုခေါ်သလဲဗျ။

    ReplyDelete
    Replies
    1. အဲ...ဒါတော့ကိုယ်လည်းသိဘူး၊
      အင်းသားအသိတွေနားမေးပေးအုံးမယ်..
      အဖေ့အမျိုးတွေလည်းအဖေမရှိကတည်းက၊
      ဝေးသွားပြီလေ..း(

      Delete
    2. Cone shaped net ကို ပြောကြောင်း အဲဟာ ဆောင်းလို့ ခေါ်လယ် မမီးငယ်

      Delete
    3. Cone-shaped net ကို ကြောကြောင်း
      အဲဟာကို ဆောင်းလို့ ခေါ်လယ် မမီးငယ်

      Delete
    4. ဟယ်..
      ဟုတ်လား..
      ဒီက လအော့လအယ်မယ်မီး
      မသိဘူး...
      မေးပေးမယ်ပြောပြီး
      လူကိုယ်တိုင်ကလည်း
      ပျောက်နေတာလေ..
      ကျေးဇူးဘဲလူခဲ..
      လူခဲ..ဘယ်နားနေကြောင်း!!!

      Delete
    5. ခုလောလောဆယ် ဘန်ကောက်မှာ... ခြင်္သေ့ကျွန်းကနေ ပြောင်းလာဝေါ့
      နှစ်ကူးမှာ ပျော်စေနောင်း

      Delete