Thursday, June 2, 2011

အိမ်ချက်ပီကင်းဘဲကင်

တနေ့က ဘဲကင်စားချင်လိုက်တာ.။
အနီးအနားက တရုတ်ဆိုင်မှာလည်းမရှိ...။
အဲဒီတော့ စမ်းသပ်ပြီးကင်ကြည့်ဖို့ စိတ်ကူးပြီး.၊
လုပ်ကြည့်တာ..လွယ်ပါတယ် အချိန်ကြာတာတခုပါဘဲ...။

ဆား ငရုပ်ကောင်း ရှာလာကာရည် ပျားရည် ပဲငံပြာရည် ဟင်းချက်အရက် ပြောင်းဖူးမူန့် ကြက်သွန်မိတ်..၊
အားလုံး(ပဲငံပြာရည် ကလွဲလို့)...၊ရေပွက်ပွက်ဆူအောင်တည်ပြီး ရောကြိုလိုက်တယ်.။
ပြောင်းဖူးမူန့်တဇွန်းရေဖျော်ပြီးနောက်ဆုံးမှထဲ့ပါ ပြီးမီးဖိုကချလိုက်တာနဲ့..။
ပြင်ထားတဲ့ဘဲကောင်ပေါ်ဖြေးဖြေးလောင်းပေးပါ..။

ဒီလိုအသားတင်းတင်းလေးဖြစ်လာတယ်.။ ကျမတော့ ၂ ခါလုပ်တယ်စိတ်ထဲမှာ
အသားနံကြီးနံနေတယ်ထင်လို့..။၃ နာရီကြာအောင်အခန်းအပူချိန်မှာလေသလပ်ထားရပါတယ်...။
ပြီးမှ အပူချိန် ၃၀၀ဒီဂရီနဲ့ ၃နာရီအိုဝင်မှာဖုတ်ပါတယ်။

ပထမ ၁နာရီပြီးရင် ဒီလိုလေးဖြစ်လာပါတယ်.။
တနာရီတခါအထက်အောက်လှန်ပေးရပါတယ်။

၃ နာရီပြည့်သွားပြီးရင် ပဲငံပြာရည် ပျားရည် ရှာလကာရည် ရောပြီး၊
သူ့အပေါ်မှာ လူးပေး(သုပ်တယ် လိမ်းတယ် ဖြန်းတယ်) မှန်တဲ့အသုံးအနူန်းတာယူလိုက်ပါ:)))
ဗမာစာဟာတကယ်ကိုခက်ပါတယ်လေ...(ကျမအတွက်ပြောတာပါ)...။

ပြီး ၄ဝဝ ဒီဂရီနဲ့နောက်ဆုံး ၁နာရီပေါ့...။

ကျမကဆီအများကြီးထွက်သွားအောင်၊ဓါးရာတွေအများကြီးပေးလိုက်လို့..၊ဆီချောက်သလိုဖြစ်နေတယ်။
အောက်ခံဗန်းမှာဆီတွေအများကြီးရတယ်။အချဉ်ထောင်းလေးနဲ့ဆိုကောင်းမှကောင်း...။
ကျန်တဲ့အရိုးတွေကိုဒီနေ့ တုံယမ်းချက်မယ်..ဟား..ပထမဦးဆုံးစမ်းသပ်တာဆိုပေမဲ့၊
အီကိုယ့်လက်ရာလေးဘယ်ဆိုးလို့လဲ...
ဌဲ ဌဲ ဌဲ...:P ...မယ်မီးမီး ...

Wednesday, June 1, 2011

နေရာသစ်


ရာသီတွေပြောင်းနှစ်တွေပြောင်း..
နေရာလည်းပြောင်း..လူလည်းညောင်း.(ပြောင်းရွှေ့ရတော့ ပင်ပမ်းတာပေါ့:))
နေရာဟောင်းလေးကို
နူတ်တောင်မဆက်လိုက်ရဘဲ..
ပစ်ထားခဲ့ရတာ..
သတိရလိုက်တာ..
ကျမရဲ့မြန်မာစာရိုက်ကွက်လေ့ကျင့်ရာနေရာလေး
ရိုက်ထားသမျှဓါတ်ပုံသိမ်းစရာနေရာလေး...
ဘယ်သူမှမကြည့်လည်း..ကိုယ့်ဖာသာကိုကြည့်.
စိတ်ချမ်းသာပါဧ။်

ကဲ..
ပြန်စမယ်..