Saturday, August 28, 2010

လမ်းမပေါ်မှာပုံဆွဲပြိုင်ကြမယ်...

ပြီးခဲ့တဲ့အင်္ဂါနေ့ညနေကပေါ့..။
ထုံးစံအတိုင်းလမ်းပိတ်မယ်တဲ့..။
ကားကိုတခြားနေရာသွားထားဖို့လာပြောပြန်ပြီလေ..။
ညနေ ၅ နာရီမှ လူ၄-၅ ယောက်လာပြီးခုံတွေချ...။
လမ်းပေါ်မှာ ဟိုလုပ်ဒီလုပ်နဲ့မြေဖြူခြစ်နေကြတာတွေ့ရတယ်။
ဘာလုပ်ကြမှာလဲကွယ်...
ညနေ ၆ နာရီလောက်မှကလေးတွေ အများကြီးရောက်လာကြတယ်..။
မြေဖြူတယောက်တဘူးစီဝေပေးပြီးလမ်းပေါ်မှာပုံတွေဆွဲကြတယ်… ။
ကျမတွေ့တာတော့ဟိုခြစ်ဒီခြစ်တာပါဘဲ..။
အော်..ဒါကြောင့်မြို့ကြီးပြကြီးရဲ့အုတ်တံတိုင်းတို့.ရထားတို့
တံတားအဆောက်အဦ ဂိုဒေါင်နံရံတွမှာဆို..ဆေးတွေနဲ့ရှောက်မူတ်
ဆေးတွေခြယ်ထားလိုက်တာ..ကျမအမြင်မှာတော့ရုပ်ဆိုးအကျည်းတန်လိုက်တာ၊
လက်စသတ်တော့သူတို့ကငယ်ငယ်ကတဲကသင်ခဲ့ဖူးတာကိုး…😁

၈နာရီလောက်အားလုံးပြီးသွားတော့ တယောက်ပန်းသီးတလုံးစီဝေပေးတယ်။
ပြီးတော့ပြန်ကြတာပေ့ါ။၉နာရီမှာလေတွေမိုးတွေရွာလိုက်တာတညလုံးဘဲ..။
မနက်လည်းရောက်ရော.လမ်းမပေါ်မှာပြောင်ရှင်းနေတာဘဲ..အော်..သင်္ခါရ..နော်..။


Tuesday, August 10, 2010

အိမ်ရှေ့က..စက်ဘီးပြိုင်ပွဲ


ပြီးခဲ့တဲ့ ကြာသာပတေးနေ့က ရွာလေးမှာ စက်ဘီးပြိုင်ပွဲရှိတယ်

တနေကုန် ပတ်စီးနေတော့တာဘဲ

ရွာတပတ် ပတ်နေကြတာ ကြီးကိုမပြီးနိုင်..ည ၂ နာရီထိုးမှ အသံငြိမ်သွားတယ်. လူကြီးက စက်ဘီးဆိုင်ကယ်..လူငယ်ကစက်ဘီး အတွဲလိုက်ပြိုင်..

ရိုးရာဝတ်စုံနဲ့စက်ဘီးဆိုင်ကယ် လည်းပြိုင် ...
လော်စပီကာ နဲ့ကွီကွီကွကွ အော်နေတာနားလည်းမလည်…
လော်ကြီးကလည်းအိမ်ရှေ့တည့်တည့်..


Mooi…mooi…နဲ့ လှတယ်လို့ပြောတာတဲ့ ဒီတလုံးဘဲနားလည်တယ်