Wednesday, September 17, 2014

လမ်းမပေါ်ကမြင်ကွင်းများ..

မင်္ဂလာပါရှင်~~~
ဒီတပတ်လုံး အိမ်ကကျားကျားကြီး ခရီးထွက်နေတော့ ထမင်းဟင်းမချက်စားဖြစ်တော့ဘူး။ တယောက်ထဲ ဆိုတော့ အသုပ်လေးဘာလေးနဲ့လည်း ပြီးသွားတာဘဲ။ ဒီတော့အချိန်တွေပိုလာပြီပေါ့။ ရှာဖွေရင်းနဲ့ကျား
ကျားလုပ်လို့ ဓါတ်ပုံတွေအားလုံးပျောက်ကုန်တယ်လို့ထင်နေတာ၊ မမျှော်လင့်ဘဲ လမ်းမပေါ်ကပုံတွေဆိုပြီး နယူးယောက် နယူးဂျာစီလမ်းပေါ်မှာ အမြဲကားနဲ့ဖြတ်သန်းသွားလာနေရင်း လက်ဆော့ထားတဲ့ဓါတ်ပုံတွေ ဖိုင်တခုထဲမှာပြန်တွေ့မိတယ်။ သိပ်ပြီးများများစားစားတော့မဟုတ်ပါဘူး။ ကဲပါလေ..ရှိတာလေးနဲ့တောပြော
တောင်ပြောလေးလုပ်လိုက်အုံးမယ်လေ.. :P

            
မေလ လဆန်းပိုင်းတနင်္ဂနွေတရက်မှာပေါ့။ နယူးယောက်က (၃)ပါးကျောင်းလို့အမည်ရတဲ့ ဘုန်းကြီး
ကျောင်းမှာသင်္ကန်းသွားကပ်ပြီး အပြန်မှာပါ။ ကားတွေက ရွှေ့ကိုမရွေှ့တာ။အစကဘာမှန်းမသိဘူး။နောက်ဒီ
တံတားထိပ်ရောက်မှ စာတမ်းထိုးထားတာတွေ့တော့သိရတယ်။ စက်ဘီးစီးပြိုင်ပွဲရှိတာတဲ့။ အဲဒီနေ့ကို မှတ် မှတ်ယယ နယူးယောက်တမြို့လုံးကို စက်ဘီးစီးကြဖို့လှုံဆော်ကြတယ်။ စက်ဘီးစီးပွဲကို ပါဝင်စီးနင်းကြတာ လူ ပေါင်း(၃)သောင်းကျော်တယ်တဲ့။ တချို့ကလည်း ဘာဝတ်စုံမှန်းကိုမသိဘူး ပေါက်ပေါက်ရှာရှာဝတ်ထား ကြတာတွေ့ရတယ်။ လမ်းခရီးမိုင်ပေါင်း ၄၂မိုင် နယူးယောက်ကမ်းနားလမ်းတလျောက်နဲ့ မြို့ထဲက Manhattan, The Bronx, Queens, Brooklyn, နဲ့ Staten Island ဒီမြို့နယ်တွေကိုဖြတ်ပြီးစီးကြတာလေ။

အဲ..ရက်မတိုင်ခင်ကတဲက ကြော်ငြာတယ်။ တက်စီသမား ကားသမားတွေကိုလမ်းတွေပိတ်မှာမို့တောင်း
ပန်ထားသေးတယ်။ ဥရောပက စက်ဘီးပိုစီးကြတယ်။ အမေရိကားမှာတော့ ဒီလောက်ကြီး စက်ဘီးစီးတာ သိပ်ခေတ်မစားဘူး။ နယ်မြေကကျယ်တော့ တနေရာနဲ့တနေရာကလည်း အဝေးကြီးကိုး၊အထူးသဖြင့် နယူး

ယောက်မှာစက်ဘီးနဲ့သွားလာဖို့ဆိုတာ အန္တရယ်များလွန်းပါတယ်။
သူတို့ကြော်ငြာကိုဖတ်ကြည့်တာ အတော်တော့စိတ်ဝင်စားစရာကောင်းသားဘဲ။ စစချင်းတုံးကတော့လူ ၂၅ဝ လောက်ကမိုင် ၅ဝ ခရီးအကွာအဝေးကို ချဲလင့်လုပ်ပြီးစက်စီးပြိုင်ခဲ့ကြတာပါတဲ့။ ၁၉ရရ ခုနှစ်ကတည်း ကပါ။ နောက်နှစ်မှာကျတော့ မြို့တော်ဝန်ကစိတ်ဝင်စားပြီး ဦးစီးကျင်းပပေးခဲ့ရာကနေ အစဉ်အလာမပြတ် နှစ်တိုင်းကျင်းပရတဲ့ပွဲတခုဖြစ်သွားတာတဲ့။ အော်..အနောက်နိုင်ငံမှာတော့ အလကားဘာမှမရှိဘူးလေ
ဝင်ကြေးက ရိုးရိုးအနေနဲ့ဆိုရင် ၉ဝ နဲ့ ဗီအိုင်ပီဆိုရင် ၃၂၅ တဲ့ဗျား...။ဒီနေရာမှာ စိတ်ဝင်စားရင် ဖတ်လို့ရ

တယ်နော့်။
ဘာလို့စက်ဘီးစီးသင့်ကြောင်းကို ကျမ်းမာရေးတို့ဘာတို့နဲ့မြူဆွယ်တာဟုတ်ဘူး၊ နယူးယောက်ကို Big apple လို့တင်စားခေါ်ဝေါ်တာကိုး..။
"ဒီပန်းသီးမြို့ကို စက်ဘီးနဲ့လျောက်လိမ့်ဖို့ဒီထက်ကောင်းတဲ့ အတွေ့အကြုံ ဘာရှိလိမ့်မဒုံး..လမ်းမတွေ
တံတားတွေနဲ့ ပန်းသီးမြို့ဟာ ကိုယ့်အတွက်ပိုင်ဆိုင်ခွင့် တရက်ကြီးများတောင်ရှိတာဘဲ"...တဲ့

ကဲ..ဘာသာပြန်ဆရာကြီးများထိုင်ငိုသွားနိုင်အောင် မယ်ငီးဘာသာပြန်လိုက်မယ်..^_^
ဓါတ်ပုံထဲကလူတွေ့လား..အဝါရောင်အင်္ကျီနဲ့ ဂြိုလ်သားလိုလို ဘာလိုလိုလေ..။ပူစီပေါင်းတန်းလန်းနဲ့ လူတွေလည်းအများကြီးတွေ့ရတယ်။
ကိုယ်တို့ဖြတ်ထွက်လာပြီးတော့ မြို့ထဲသွားမဲ့သူတွေ ကားတန်းကြီး တမျှော်တခေါ်ပါဘဲ..။
ကားတန်းအပေါ်က တံတားပေါ်မှာလည်း စက်ဘီးစီးသူတွေဖြတ်သွားကြတယ်လေ။
သနားစရာ..စောင့်ပေတော့ တမေ့တမောဘဲ..
ကျားကျားကိုတောင်လှမ်းပြောလိုက်သေးတယ် နယူးယောက်မှာ ဂလိုလေး လမ်းရှင်းရှင်းနဲ့ မမောင်းဖူးဘူး..။
ဟိုး..ရှေ့မှာမြင်ရတဲ့ တိုက်၎ လုံးကျော်ကျော်လောက်မှာ GW တံတားရှိတယ်လေ။ အဲ..တံတားကျော်ပြီးရင်
တော့နယူးဂျာစီရောက်ပြီပေါ့။
 ကားလမ်းကြီးဘယ်လောက်တောင်ပိတ်လည်းဆိုတော့  ဒီနားရောက်တဲ့အထိပါဘဲ...။
အဲဒီတံတားကတော့ နံမည်ကျော်ပါ..ရုံးချိန်ဆိုရင် ထိုင်ငိုချင်စရာကောင်းလောက်အောင် ကားလမ်းပိတ်
တတ်ပါတယ်။

အဲဒီတံတားဟောင်းကြီး..ပြန်ပြင်နေတာ နဲနဲတောင်ကြာပေါ့..။
ဒီတခါတော့..ကားလမ်းမပေါ်ကတိုက်ကြီး အားလုံးပါအောင်ခြုံငုံရိုက်နိုင်သွားတယ်လေ...။ တိုက် ၄လုံး
လောက်တန်းစီပြီးရှိတာ..ကားလမ်းက အောက်ဖက်ကနေဖြတ်သွားတာ..အသဲယားစရာကြီး..အလကား
ပေးလည်း မနေချင်ပေါင်.. နော့် :P

တံတားပေါ်ကနေ နယူးယောက်ကိုလှမ်းမြင်ရတာ...
 နယူးယောက်နဲ့ နယူးဂျာစီခြားထားတဲ့ ဟတ်ဆန်မြစ်...နောက်ပြီး..နယူးယောက်ဖက်ပြန်ခေါ်သွားအုံးမယ်။
ဒါကတော့ La Guardia airport ပါ။ နယူးယောက်မြို့နားတဝိုက်မှာ လေယာဉ်ကွင်း ၆ခုရှိပါတယ်။
အဓိကအသုံးများတာကတော့ ၁.JFK
                                     ၂.LaGuardia (LGA)
                                     ၃.Newark-Liberty (EWR)

နဲနဲငယ်တဲ့လေယဉ်ကွင်းကတော့
                                     ၄.MacArthur Airport on Long Island (aka Islip Airport)
                                     ၅.Steward Airport in Ulster County
                                     ၆.Westchester Country Airport in White Plains

 လေယာဉ်ကွင်းနဲနဲကျော်လာရင် လမ်းမပေါ်ကမြင်ကွင်းကတော့..ကိုယ်တို့လိုပါဘဲ အမှိုက်တွေနဲ့..ဟီး
ဒီပုံလေးက မနက်အစောကြီး ဘုန်းကြီးကျောင်းသွားတဲ့အချိန်ရိုက်တာ ...ထိပ်က ကားလေးနဲ့ လမ်းကရှင်းလို့..လာ..ဟိုး...လမ်းဆုံးတိုင်အောင် သွားကြရအောင်လို့ ပြောနေသလိုဘဲ..။
ရုံးပိတ်ရက်မဟုတ်တော့ လမ်းမှာကားတွေ ထုံးစံအတိုင်းပိတ်ကြ ကြပ်ကြတာပါဘဲ..။
လမ်းဟိုဖက်နဲ့ ဒီဖက်တိုက်တွေကို ဒီလိုတံတားလေးနဲ့ ဆက်ထားတာမြင်ရရင် အဲ့ နေရာကနေရပ်ကြည့်ချင် တယ်။
ကမ်းနားဖက်မှာ..လူတွေလည်းစည်းကမ်းမရှိကြပါဘူးလေ..စားပြီးပစ်ထားကြတာပါဘဲ..
နယူးဂျာစီဖက်ခြမ်းကိုပြန်လှမ်းကြည့်တော့.. မြင်ရတဲ့တိုက်တွေ..
 ကမ်းနားလမ်းတလျောက်မှာ ဒီလို စက်ဘီးစီး လမ်းလျောက်ဖို့လုပ်ထားပေးတာမျိုးကြိုက်တယ်။ ကိုယ်တို့ဆီ က ဒီလိုမျိုးတွေမြန်မြန်ဖြစ်လာပါစေဆုတောင်းပါတယ်။ မြေရှိရင် ကန်တရိုက်တိုက်ဆောက်မယ်ဆိုတာကြီး
ဘဲလုပ်နေလို့တော့ရန်ကုန်မြို့လည်းလှပလာမှာဟုတ်တော့ဘူးနော်။
ဟက်ဆန်မြစ်တလျောက် တခါမှ မော်တော်မစီးဖူးဘူး..
တကယ်ဆိုရင် မြို့ထဲအထိကမ်းနားတလျောက်ကနေသွားတယ်..ပျော်ဖို့ကောင်းတယ်..။ လူရှင်းတယ်။
 ကျောင်းသူအသိုက်နဲ့တွေ့ခဲ့သေးတယ်..။
ဘတ်စကားစောင့်နေကြတာ..တန်းစီလို့..မြန်မာပြည်မှာလည်း ဒီလိုတန်းစီကြမယ်ဆိုရင်အရမ်းကောင်းမှာ
ဘဲနော်..
မြို့ထဲဆိုရင်တော့ ကားတွေကြပ်နေပြီပေါ့...
 သူ့ဖက်ရှင်ကိုကြိုက်လို့..း)))
ဒီတံတားတော့ နံမည်သာကြီးတာ လမ်းကလည်းပျက်စီးလို့..
 သူများတွေက ဒီတံတားအပေါ်ကနေဓါတ်ပုံတွေစီးရိုက်တာ အန်မတန်မှလှတာပေါ့..
 အော်..အောက်ခြေမှာတော့..ရူပ်ပွထနေတာပေါ့...
ရှားရှားပါးပါး..သူတောင်းစားတယောက်ကိုတွေ့လိုက်ရတယ်...။ ကားရပ်နေတော့ သူ့ကိုလှမ်းခေါ်ပြီး
ပိုက်ဆံထဲ့လိုက်တယ်..သနားပါတယ် ခြေထောက်မကောင်းဘူး..ရယ်။
ဟူး.... ဓါတ်ပုံလည်းကုန်၊ မျက်စိမှုန်ကာ၊လက်လည်းတုန်ပေါ့၊ အတိတ်ကိုပြန်လှန်ပြီး၊ အားလုံးခြုံငုံ
အောင်ကြိုးစားရေးသားလိုက်ရပါကြောင်း....


အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး

PS.. အခုနယူးယောက်မှာ အလုပ်ကိုစက်ဘီးစီးပြီးသွားကြဖို့...တိုက်တွန်းနိုးဆော်ထားတာလေးပါ..
http://biketoworkchallenge.bikenyc.org/