မြို့ ရောက်သွားတော့လည်း ရှင်လောင်းပွဲတွေနဲ့ ဘဲတိုးပါတယ်။
တနေ့ ကို ၄ နေရာ ၅နေရာလောက် ရှင်ပြုပွဲရှိပါတယ်။
ရှင်ပြုတော့ မောင်ရှင်လောင်းတွေလှည့်တာပေါ့။
အရင်ကတော့ ဒီလောက်ကြီးမဟုတ်ပါဘူး။
ခုတော့ခေတ်အလိုက် ၀တ်စားဆင်ယင်မူ့ တွေမှာပြောင်းလဲသွားပါတယ်။
ရှမ်းအင်္ကျီတွေဆင်တူဝတ်လာတယ်။
ရှမ်းကလည်းမျိုးကွဲတွေများတော့ ရောင်စုံတွေနဲ့ ပေါ့။
တချို့ အလှူရှင်တွေက ၀တ်စုံတွေပါပေးပါတယ်။
ဘယ်ရွာက ဘာအရောင် ဘာလူမျိုး လာကူပေးပါဆိုတာတွေ ဖြစ်လာကြတယ်။
အလှူ ကပြိုင်ဆိုင်မှု့ တွေပါလာသလား...။
ငွေတွေက ပေါ်များနေကြသလား..ဘာလားညာလား..။
မယ်မီးလည်းသေသေချာချာမသိပါဘူးလေ...။(မသိချင်ယောင်ဆောင်လိုက်မယ်နော်..ဟီး)
တချို့ အလှုဆို သိန်း၄၅၀ အထိကုန်တယ်တဲ့...။
အိမ်ကမြို့ လည်လောက်မှာရှိတော့ အိမ်ရှေ့ ကနေထိုင်ကြည့်နေရုံပါဘဲ။
ထိပ်ဆုံးဆိုရင် ကြေငြာကားနဲ့ အလံနဲ့ ပေါ့..။
ဂုံရှမ်းဘာသာနဲ့ ဘုန်းကြီးကျောင်းနဲ့  အလှူရှင်ရဲ့ ဘာညာဘာညာပေါ့..။
အိမ်ရှေ့ မှာစီတန်းပြီးလှည့်နေကြတာ တခါခါ ဘယ်ဖက်ကလာတာနဲ့ ညာဖက်ကလာတာ..၊
အချင်းချင်းဆုံ ကြတော့ ဟိုဖက်ကအော်ပီကျယ်ကအော်..။
ဒီဖက်ကလောပီကျယ်ကဆော်နဲ့ နားကိုအူသွားတာဘဲ...။
ပြီး...နောက်က အိုးစည်ဗုံမောင်း မုန်းချမုန်း...ဆိုတဲ့အသံနဲ့ ။
တဖက်က မုန်းချမုန်း...ဆိုရင်ဒီဖက်ကလည်းအားကျမခံ လကွင်းနဲ့ ချချမုန်း..ဆိုပြီး။
တကွမ်းကွမ်းချကြတယ်လေ...။
(မုန်းချမုန်း နဲ့ ချချမုန်း ဆိုတာကျမရဲ့ ရှမ်းအိုးစည်လကွင်းတီးတဲ့အသံ ကိုဆိုလိုတာပါ)
အဟီး...သူများတွေကျမလို ကြားကြလားတော့မသိဘူး)။
အလှူလှည့်နေတဲ့ ကြားထဲမှာဗင်ကားလေးကိုတွေ့ မိလိုက်တယ်...။
မိုက်တယ်မဟုတ်လား ကိုယ်တို့ မြို့ ကကားလေး...။
သုံးဘီးဆိုင်ကယ်လို့ ခေါ်တယ်..။
နေရာတကာအသုံးဝင်ပါတယ်။
သူတို့ ကကက်ဆက်အကျယ်ကြီးဖွင့်ပြီးမောင်းတတ်ကြတယ်။:D
ဒေါက်ခွက်လေးစီးပြီး သူများနဲ့ အမှီမလျောက်နိုင်တော့ဘူးလေ..။
မမငယ်လေးတွေ..။
ညနေဖက်အဒေါ်အိမ်သွားတော့လည်းတွေ့ ရသေးတယ် နောက်အလှူတခု။
အမ၀မ်းကွဲရဲ့ သားလေးလည်းရှင်ပြုပါတယ်။
ကျမရောက်တော့ ပွဲကပြီးသွားပါပြီ။ကမ္မဌာန်းကျောင်းမှာ..။
ကိုရင်ကလူတောင်ထွက်တော့မယ်။
ကျမတော့သွားပြီး ကတော့လိုက်ပါသေးတယ်။
| ဒေါ်မီးလေ...:P |
ဒီကမောင်ရှင်လောင်းတွေက ပိုက်ဆံလည်းအများကြီးရပါတယ်။
သူများတွေ..ကတော့ကြတာလေ..။
အမကပြောပါတယ်၊သူအကျဉ်းဘဲလုပ်ပါတယ်တဲ့။
၆၅ ဘဲကုန်တယ်ဆိုဘဲ...မောင်ရှင်လောင်းလေးတော့ ၃၃ သိန်းရသွားပါတယ်။
ကျမ ကမ္မဌာန်းကျောင်း မှာနေ့ ဆွမ်းတနပ်ကပ်လိုက်ပါတယ်။
ဘုန်းကြီးကျောင်းက ချက်ပြုတ်ပေးတဲ့သူ..။
ကဲ.....ရောက်တာနဲ့ ကြိုးစားပမ်းစား ညသန်းခေါင်အထိတောင်ရေးတာနော့်...။
နောက်..အပတ်ဟိုပြန်ရောက်မှ ဆက်ကြတာပေါ့နော်..။
ပျော်ပျော်ပါးပါးပေါ့..။
မီးမီး(ခေတ္တဘန်ကောက်)