လွန်ခဲ့တဲ့၃ နှစ်က အဖြစ်အပျက်ကို
မှတ်မှတ်ယယပြောရင်တော့
လကုန်ချိန် Blog ရေးနေတုံး
<<( blogspot.com ) မှာရေးလာတာ
၁၀ နှစ်ကျော်လာပြီလေ>>
တဖြေးဖြေးအရေးကြဲလာပြီး
နောက်မှ တလ တပုဒ်တော့
ရေးသင့်တယ်တယ်ဆိုပြီး
လကုန်ချိန်မှာရေးလေ့ရှိတာ
ဒီကညနေချိန်ဆိုပါတော့
သူငယ်ချင်း မက်ဆေ့ ပို့လာတာ။
ကမန်းကတန်းသတင်းဖွင့်ကြည့်ရင်း
ရင်ထဲကခံစားချက်ပြောမပြတတ်ဘူး။
ရင်ထဲဟာကနဲ အေးကနဲ
ဒေါသစိတ်တွေထောင်းကနဲ..
မျိုးစုံကိုတချိန်ထဲခံစားလိုက်ရတယ်။
၁နှစ်ပြည့်ချိန်လည်း
သတင်းတွေကြည့်ရင်းနဲ့
အိမ်မှာပဲနေခဲ့တာ
ပြီးခဲ့တဲ့ ၂နှစ်ပြည့်ကတော့
တကဲ့အမှတ်တယနဲ့ကိုယ့်အတွက်
ကြေကွဲဝမ်းနည်းစရာတခုဖြစ်ခဲ့ပါတယ်။
၂ နှစ်ပြည့် မြန်မာပြည်မှာ
ဘာတွေဘယ်လိုတွေဖြစ်နေကြလဲ
သတင်းကြည့်ရင်း ညနက်သွားတယ်။
ည ၁၂ နာရီတောင်ကျော်သွားတာ။
မနက်နိုး မနက်စာစား
ဘုရားဆွမ်းကပ်နေတုံး
အိမ်ခေါင်းလောင်းထိုးသံကြားလို့
အပြေးဆင်းသွားဖွင့်တာ
ရဲတွေ ၃ယောက်လောက်လောက်လန့်သွားတာ
နောက်မှ အိမ်အောက်ထပ်က
တံခါးပွင့်လာပြီး Mike ရဲ့အမထွက်လာတယ်။
Mike ကတယောက်ထဲနေတာ
အိမ်နီးနားချင်းကောင်းမိတ်ဆွေဖြစ်ပြီး
ကိုယ်တွေချက်သမျှသွားပေးရင်
အရမ်းသဘောကျတာ
ပဲပြုတ်ထမင်းကြော်ကအစ
သူအရမ်းကြိုက်တယ်တဲ့။
သူ့အမျိုးအားလုံးနဲ့လည်းခင်နေတာ။
သူ့ကိုခေါ်မရလို့သူ့အမက
သူ့သော့နဲ့ဝင်သွားတာ
Mike က ကုတင်ပေါ်မှာပဲ
အိပ်နေပြီးအသက်မရှိတော့ဘူး
ရဲကားတွေဆေးရုံကားတွေနဲ့ရူပ်ရှက်ခတ်
သူ့အမကိုလည်းအပြင်ထွက်ခိုင်း
သေချာစစ်ကြတာ
ဘယ်လိသေသလဲ..
သွေးရိုးသားရိုးလားပေါ့..။
သူဆုံးက ည သန်းခေါင်ချိန်လောက်တဲ့။
ကိုယ်တို့တွေမအိပ်သေး
သတင်းကြည့်နေတုံးပဲပေါ့..။
တကယ့်ကွေးသောလက်မဆန့်ခင်
ဆိုတဲ့စကားအတိုင်းပါပဲ..။
သေမင်းဆိုတာကြီးက
လက်တကမ်းအကွာမှာပဲရှိကြတာ။
မသေခင်ကျန်ရှိတဲ့အချိန်မှာ
တန်ဖိုးရှိတဲ့ အလုပ်တွေ
သူတပါးကို ကူညီဖေးမပေးတာတွေ
ဗုဒ္ဓဘာသာလိုဆို
ကုသိုလ်ကောင်းမူ့ပြုတယ်ပေါ့
ဘုန်းကြီးလူမှကျောင်းဆောက်မှ
ကုသိုလ်ရတာမဟုတ်ပါဘူး..။
လိုအပ်သူကို ပေးနိုင်ကူညီနိုင်တာလည်း
ကုသိုလ်ပြုခြင်းပါပဲမဟုတ်လား။
ဒီနေ့မှာ ဝမ်းမနာ သားသမီးတူတူမ
မောင်ငယ်ညီငယ် အရွယ်လေးတွေကို
(၆ ယောက်ရှိတယ်လေ)
အားပေးထောက်ပံ့လိုက်တယ်။
လတိုင်းထောက်တာပါ။
သူတို့လေးတွေရဲ့သတ္တိနဲ့
ကျုပ်တို့ခရီးအတော်ရောက်လာပြီလေ..။
လက်ကျန်အားနဲ့အတူတူထပ်ရုန်းကြရအောင်