၂၀၂၀ ခုနှစ်ကကမ္ဘာကြီးတည်ရှိနေသရွှေ့ မှတ်တမ်းတင်ထားခံရမဲ့အချိန်ကာလတခုပါဘဲ။ ကြားဖူးဆိုဖူးပြောဖူးသမျှစကားတွေဟာ လက်ဖဝါးကနေလက်ဖမိုးကိုမှောက်လှန်သလို တခြားစီ တက်တက်စင်လွဲမှားသွားကြတာပါပဲ။
မအိပ်တဲ့ကမ္ဘာကြီးဆိုပြီး မီးထိန်ထိန်လင်းတဲ့ မြို့ကြီးတွေကိုတင်စားလိုက်ကြတာများ..စာတွေထဲဖတ်ဖူး အပြင်မှာမြင်ဖူးခဲ့၊ ဒီလိုလူနေထူထပ်တဲ့မြို့တော်တွေ မြို့ကြီးတွေနေ့လည်အချိန် တိတ်ဆိတ်ခြောက်ကပ်ပြီး တောကောင်တိရိစ္ဆာန်တွေမြို့တော်ထဲဝင်လာကြတာ စိတ်ကူးယဉ်ဇာတ်လမ်းမဟုတ်တဲ့ တကဲ့အပြင်လောကထဲမှာဖြစ်လာခဲ့တယ်။ ကမ္ဘာကြီးရပ်တန့်သွားတော့ ရပ်ထားကြရတဲ့ လေယာဉ်ပျံ ရထား ကားတွေကို လေယာဉ်ပျံအသေးလေးနဲ့ပတ်ပြီးရိုက်ပြထားတာ အံဩစရာကောင်းလှပါတယ် ရာချီထောင်ချီတန်းစီနေကြတာ..။
လောကမှာစားဝတ်နေရေးဆိုတဲ့အတိုင်း အစားကထိပ်ဆုံးကအရေးကြီးဆုံးဆိုပြီး ခုလိုသေရေးကိုဂလိုင်လာခေါက်တော့လည်း အားလုံးအိမ်ထဲကုပ်နေရတော့တာပဲ။ အလုပ်မရှိသူ စားစရာအပိုမရှိလို့ဒုက္ခရောက်သူတွေကို လူသားချင်းစာနာပြီးကူညီတာတွေ ဘာသာမရွှေး လူမျိုးမရွှေး ကမ္ဘာအနှံမှာနေ့တိုင်းမြင်ရတယ်။ ကျမ်းမာရေးဝန်ထမ်းတွေ တာဝန်ထမ်းဆောင်ရင်း အသက်ဆုံးပါးသွားတာတွေ၊ လူအိုရုံမှာ အသက်ကြီးသူတွေ အစုလိုက်အပြုံလိုက် သေဆုံးသွားတာတွေ၊ ကားလမ်းရထားလမ်းပိတ်တော့ အိန္ဒိယမှာ လူသန်းချီပြီး လမ်းလျောက်ပြီးကိုယ့်ရွာဒေသအိမ်ပြန်ကြတာတွေ၊ ကိုယ်ခံအားမကောင်းတော့ ကူးစက်မြန်ပြီး
မိဘ၂ပါးလုံးဆုံးသွားကြလို့ ကျန်ခဲ့တဲ့ခလေးငယ်တွေ ခိုကိုးရာမဲ့လို့ ဒုက္ခရောက်ကြတာတွေ၊ နေ့တိုင်းသတင်းမပြတ်ကြည့်ပြီး မျက်ရည်တလည်လည်နဲ့ ဝမ်းနဲမိတယ်။ သတင်းတွေဖတ်ပြီး စိတ်ဆင်းရဲမိတယ်။ စားစရာထွက်မဝယ်ရဲတော့ ရှိတာလေး ရှာကြံချက်ပြုတ်စားသောက်ပြီး တကယ်တရားရပါတယ်ဆို..။
ရောဂါကန္တာရကပ်ဘေးကို တချို့ကလည်း အမြတ်ထုပ်ကြပါတယ်။ တချို့နိုင်ငံတွေမှာ နိုင်ငံရေး အာဏာ ပါဝါတိုးချဲ့ကြတယ်တဲ့။ ပစ္စည်းလှောင်ပြီး အမြတ်ထုတ်ရောင်းကြတာကတော့ လူပိန်းတချို့လုပ်လေ့ရှိကြတဲ့
အသေးအဖွားလုပ်ရပ်ပါလေ။ အရောင်းအဝယ်တွေ စာသင်ကြားရေးတွေ အလုပ်အကိုင်တွေပုံစံပြောင်းလာရသလို ကိုယ်တို့လူနေမူ့ပုံစံတွေလည်း လိုက်ပြောင်းလဲလာရတယ်။ အိမ်လည်ထွက်တာတွေ အလှူတွေလုပ်ပြီး တရုန်းရုန်းနဲ့ စုစားကြသောက်ကြ ပျော်ကြပုံစံတွေနဲပါးသွားမယ်ထင်တာပဲ။ ဒီအချိန်မှာစဖွင့်နေပေမဲ့ ကိုယ့်လိုကိုယ်ခံအားမကောင်းသူအတွက်တော့ မသွားရဲဘူးလေ။ ကျမ်းမာရေးကဘဝမှာအရေးကြီးဆုံးဆိုတာ စပြီးနေမကောင်းချိန်မှာ သိလာရတယ်။ ခုချိန်ဆိုပိုစိုးပေါ့။ အရာရာအားလုံးကို နားလည်ပြီး တရားတွေနာယူ တရားမှတ်ရင်း လူ့စိတ်ကိုထိမ်းရခက်တာ ခက်တဲ့စိတ်ကိုထိန်းကျောင်းရင်း ၃လတာကာလကိုဖြတ်သန်းလာတာ ခဏလေးလိုပါဘဲ...။
နေထိုင်မူ့ပုံစံပြောင်းလဲသွားသလို စိတ်တွေလည်း အတော်ပြောင်းသွားတယ်။ လူတယောက်ဖြစ်တည်မူ့မှာ အရေးကြီးဆုံးကဘာလဲ..။ သိရှိနားလည်ဖို့စာဖတ်ရင်း ဘာသာရေးအဆုံးအမလိုက်ရင်း..အဖြေတိတိကျကျမဟုတ် နဲနဲလေးအစဆွဲမိသလို နားလည်လာသလို..၊ ဗုဒ္ဓမြတ်စွာဘုရားဟောကြားခဲ့တာတွေ နားလည် မလည်လည်းဖတ်၊ လုံးချာလည်လိုက်နေရော...။ မိရိုးဖလာဗုဒ္ဓဘာသာကနေ စိတ်ထဲက နက်နက်ရိူင်းရိူင်းယုံကြည်ကိုးကွယ်လာဖို့က လေ့လာကျင့်ကြံအား ထုတ်မူ့ပါပဲ..။ ဘဝတခုဆိုတာ စားဖို့သောက်ဖို့ရှာဖွေရင်း အိုမင်းခြင်းကရောက် လာသေမင်းနဲ့လိုက်သွားရုံပဲလား။ ပေါ့ပေါ့လေးနေရုံစားဝတ်နေရေးပြေလည်ရုံနဲ့ ဘဝကသာယာပြီလား..အေးချမ်းသွားပြီလား..။ ကံကောင်းထောက်မပြီးလူပြန်ဖြစ်ရင်လည်း ဒီလိုဘဝတွေနဲ့ပဲ ပြန်ကျင်လည်သွားရမှာပဲ။လူ့ဘဝဆိုတတကယ်တော့ညည်းငွေ့စရာကြီးပါလားနော်..။တကမ္ဘာလုံးပြသာနာပေါင်းသောင်းခြောက်ထောင်..။ ကိုယ့်ပြသာနာပဲအရေးကြီးလှပြီထင်နေတာ၊နေရာတကာမှာအပူမီးတွေတောက်လောက်နေကြတာများကြောက်စရာတောင်ကောင်း..။
သတင်းမဖွင့်ရဲလောက်အောင် ဖြစ်နေပြီ။ ဒါကကိုယ်တို့နေတဲ့ဘဝပေါ့လေ။
အားလုံးပဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
#meemeenage
အိမ်နားက Garden state Parkway ပါ ခါတိုင်းဆိုရင်ကားတွေများထပ်နေတာပေါ့ |
မိဘ၂ပါးလုံးဆုံးသွားကြလို့ ကျန်ခဲ့တဲ့ခလေးငယ်တွေ ခိုကိုးရာမဲ့လို့ ဒုက္ခရောက်ကြတာတွေ၊ နေ့တိုင်းသတင်းမပြတ်ကြည့်ပြီး မျက်ရည်တလည်လည်နဲ့ ဝမ်းနဲမိတယ်။ သတင်းတွေဖတ်ပြီး စိတ်ဆင်းရဲမိတယ်။ စားစရာထွက်မဝယ်ရဲတော့ ရှိတာလေး ရှာကြံချက်ပြုတ်စားသောက်ပြီး တကယ်တရားရပါတယ်ဆို..။
March ကုန်ခါနီးစားသောက်ကုန်မှာပြီးဆိုင်သွားယူရ လမ်းမှာရှင်းလင်းနေတာပေါ့ |
ရောဂါကန္တာရကပ်ဘေးကို တချို့ကလည်း အမြတ်ထုပ်ကြပါတယ်။ တချို့နိုင်ငံတွေမှာ နိုင်ငံရေး အာဏာ ပါဝါတိုးချဲ့ကြတယ်တဲ့။ ပစ္စည်းလှောင်ပြီး အမြတ်ထုတ်ရောင်းကြတာကတော့ လူပိန်းတချို့လုပ်လေ့ရှိကြတဲ့
အသေးအဖွားလုပ်ရပ်ပါလေ။ အရောင်းအဝယ်တွေ စာသင်ကြားရေးတွေ အလုပ်အကိုင်တွေပုံစံပြောင်းလာရသလို ကိုယ်တို့လူနေမူ့ပုံစံတွေလည်း လိုက်ပြောင်းလဲလာရတယ်။ အိမ်လည်ထွက်တာတွေ အလှူတွေလုပ်ပြီး တရုန်းရုန်းနဲ့ စုစားကြသောက်ကြ ပျော်ကြပုံစံတွေနဲပါးသွားမယ်ထင်တာပဲ။ ဒီအချိန်မှာစဖွင့်နေပေမဲ့ ကိုယ့်လိုကိုယ်ခံအားမကောင်းသူအတွက်တော့ မသွားရဲဘူးလေ။ ကျမ်းမာရေးကဘဝမှာအရေးကြီးဆုံးဆိုတာ စပြီးနေမကောင်းချိန်မှာ သိလာရတယ်။ ခုချိန်ဆိုပိုစိုးပေါ့။ အရာရာအားလုံးကို နားလည်ပြီး တရားတွေနာယူ တရားမှတ်ရင်း လူ့စိတ်ကိုထိမ်းရခက်တာ ခက်တဲ့စိတ်ကိုထိန်းကျောင်းရင်း ၃လတာကာလကိုဖြတ်သန်းလာတာ ခဏလေးလိုပါဘဲ...။
နေထိုင်မူ့ပုံစံပြောင်းလဲသွားသလို စိတ်တွေလည်း အတော်ပြောင်းသွားတယ်။ လူတယောက်ဖြစ်တည်မူ့မှာ အရေးကြီးဆုံးကဘာလဲ..။ သိရှိနားလည်ဖို့စာဖတ်ရင်း ဘာသာရေးအဆုံးအမလိုက်ရင်း..အဖြေတိတိကျကျမဟုတ် နဲနဲလေးအစဆွဲမိသလို နားလည်လာသလို..၊ ဗုဒ္ဓမြတ်စွာဘုရားဟောကြားခဲ့တာတွေ နားလည် မလည်လည်းဖတ်၊ လုံးချာလည်လိုက်နေရော...။ မိရိုးဖလာဗုဒ္ဓဘာသာကနေ စိတ်ထဲက နက်နက်ရိူင်းရိူင်းယုံကြည်ကိုးကွယ်လာဖို့က လေ့လာကျင့်ကြံအား ထုတ်မူ့ပါပဲ..။ ဘဝတခုဆိုတာ စားဖို့သောက်ဖို့ရှာဖွေရင်း အိုမင်းခြင်းကရောက် လာသေမင်းနဲ့လိုက်သွားရုံပဲလား။ ပေါ့ပေါ့လေးနေရုံစားဝတ်နေရေးပြေလည်ရုံနဲ့ ဘဝကသာယာပြီလား..အေးချမ်းသွားပြီလား..။ ကံကောင်းထောက်မပြီးလူပြန်ဖြစ်ရင်လည်း ဒီလိုဘဝတွေနဲ့ပဲ ပြန်ကျင်လည်သွားရမှာပဲ။လူ့ဘဝဆိုတတကယ်တော့ညည်းငွေ့စရာကြီးပါလားနော်..။တကမ္ဘာလုံးပြသာနာပေါင်းသောင်းခြောက်ထောင်..။ ကိုယ့်ပြသာနာပဲအရေးကြီးလှပြီထင်နေတာ၊နေရာတကာမှာအပူမီးတွေတောက်လောက်နေကြတာများကြောက်စရာတောင်ကောင်း..။
သတင်းမဖွင့်ရဲလောက်အောင် ဖြစ်နေပြီ။ ဒါကကိုယ်တို့နေတဲ့ဘဝပေါ့လေ။
အလိုက်သင့်လေးမျောသွားဖို့ မောရင်လည်းနားဖို့၊ငါတကောကောနေတဲ့ ငါလောကကြီးထဲမပါဖို့ ကိုယ့်ကိုကိုယ်မနဲထိန်းကျောင်းနေရတယ်...။ တွေ့ဆုံကြရတာကလည်း ရေစက်ပါလို့ပါ။ မဆုံဖြစ်ကြတာလည်းရေစက်မပါလို့ပါကွယ်။တွေ့ဆုံကြတုံး ချစ်ချစ်ခင်ခင်နေကြတာပေါ့ဟယ်..။