Friday, May 24, 2019

SB စပိန်ကိုလိုနီမြို့လေး

မင်္ဂလာပါရှင်~~~
ကယ်လီဖုံးနီးယားကနေမခွါနိုင်သေးပါဘူး...😀😎😂
Santa barbara မြို့ကခပ်သေးသေးလေး၊ လူငယ်တွေများတယ်။ရေလိူင်းစီးတဲ့သူ ရေငုပ်တဲ့သူပေါများ။ တက္ကသိုလ်၄ကျောင်းတောင်ရှိတယ်ဆိုတော့လည်း အဲ့လိုဖြစ်ရမှာပေါ့လေ။ အိမ်တွေကလည်း Mediterranean-style  အိမ်နံရံဖြူဖြူလေးတွေတန်းစီလို့ ချစ်စရာလေးပေါ့။

သူတို့ရဲ့ shopping center ထဲကဒီ Paseo Nuevo ဆိုတာရောက်ခဲ့သေးတယ်။ အရမ်းချစ်စရာကောင်း ဆိုင်ခန်းသေးသေးလေးတွေ ဟိုကွေ့ဒီကောက်နဲ့ စားသောက်စရာလေးတွေလည်း ဆိုင်ခန်းအများကြီးဘဲ..။
အဆောက်အဦကြီးတခုထဲမှာရှိနေတာမဟုတ်ဘဲ ဟင်းလင်းပြင်ထဲမှာဆိုင်ပုံစံမျိုးစုံနဲ့ အားလုံးစုစုစည်းစည်း တနေရာထဲကွေ့ကွေ့ကောက်ကောက် ပတ်လျောက်လို့ရအောင်ပြင်ဆင်ထားတာများ ချစ်စရာကောင်း။
ဟိုကွေ့ဒီပတ်နဲ့ခြေတိုအောင်လျောက်

ဒီလှေခါးလေးကချစ်စရာကောင်း...

အပေါ်ကနေကြည့်ရင် အောက်ကဆိုင်တန်းကိုလှမ်းမြင်ရ...

 ပစ္စည်း၂ခုလောက်ဝယ်လိုက်သေး..။
လူကနဲနဲဟိုက်နေပြီ စားချင်နေတာ ဗိုက်ဆာလို့..။ နေ့လည်စာကို Chipotle ပုံစံဘဲနဲနဲစားခဲ့ရ။
ဝင်းပတ်ချာလည် ကားထားမရ။ ဟိုးအဝေးကလမ်းကြားတွေထဲသွားထားရ။

သူတို့အစားအစာဘဲစားရမလား...ကိုယ့်အကြိုက်ဘဲစားရမလား ခေါက်တုန့်ခေါက်ပြန်ရှာပြီး...
နောက်ဆုံး...

ကျားကျားက ထိုင်းဆိုင်ဘဲရွှေးလိုက်တယ်။ သူတို့စပ်တာက တမျိုး။ ထိုင်းလိုစပ်တာက ကိုယ်တို့ပါးစပ်နဲ့အိုကေသေး။

တန်ရာတန်ရာပေါ့ အထူးအဆန်းတွေ သိပ်မစားတတ်တဲ့တောသားလေ😜

ဆိုင်ထဲကနေလမ်းမတန်းလှမ်းမြင်ရ..

နောက်တနေရာကတော့ တောင်ကုန်းပေါ်က Mission Santa Barbara 
 ၁၇၈၆ ကတည်းက တည်ထားတဲ့ဘုရားရှိခိုးကျောင်းနဲ့ပြတိုက်တဲ့။
မောလွန်းလို့ ခြေပစ်လက်ပစ်ပါဘဲ..။ 
အထဲမှာ အမှတ်တရပစ္စည်းရောင်းပါတယ်။
ရင်ထိုးလေးတွေဝယ်ခဲ့တယ်။ အောက်ကကြမ်းခင်း(ကျောက်သား) ကနှစ်ပေါင်းကြာလွန်းလို့ချိုင့်ခွက်ဖြစ်နေ..။
နှစ်ပေါင်း ၂၀၀ ကျော်သက်တမ်းရှိတဲ့ ရေပန်း။ ပတ်ချာလည်ကကျောက်တောင်တွေပေါတော့ အဆောက်အဦတွေကိုကျောက်သားတွေနဲ့ ဆောက်ထားတယ်။ ဒါကြောင့်လည်း နှစ်ပေါင်းများစွာခံနိုင်ရည်ရှိတာပေါ့လေ။
ထိမ်းသိမ်းစောင့်ရှောက်ကောင်းတာလည်းပါမှာပေါ့နော်..။ ဒီမှာရေးထားတာက ၁၈၀၈ တဲ့..။အဲ့အချိန်ရွှေပြည်ကြီးမှာ ဘာလုပ်တယ်ထင်သလဲဗျ...😁

ဘုန်းကြီးဝတ်ရုံလျှော်တဲ့ကန်တဲ့..။
 အဲ့ဒီပါးစပ်ပေါက်ကနေရေကျတာ...။
ပတ်ဝန်းကျင် သာယာချက်....
တောင်တန်းကိုအနီးကပ်ဆဲါရိုက်ကြည့်တာ ကျောက်သားတွေချည့်ဘဲ../
အနားမှာ လူသံဆူညံလို့ ပစ်ကနစ်ထွက်နေကြလားမသိ.. အသားကင်နံ့မွှေးနေတာဘဲဆို...။
 ကိုင်း...ပြန်တော့မယ်...
ဒါကသူတို့ဆီကဓါတ်ဆီဈေးနူန်း ဈေးကြီးချက် လူတောင်ပြူးကနဲဖြစ်။ အဲ့အချိန်..NJ မှာ Premium 2$ လောက်ဘဲရှိ
ကားပြန်ရေဆေးပေးမလို့သွားကြည့်တာ ကိုယ်တိုင်ဆေးရမယ်ဆိုဘဲ..။ ဒါနဲ့ဒီအတိုင်းအပ်ဖို့စိတ်ပိုင်းဖြတ်..။



ဆေးလိပ်လည်းတို နေလည်းညိုပြီ အိမ်ပြန်ကြပါစို့လေ.. 😁💨😍😎

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
#meemeenage

Friday, May 10, 2019

LA တူတူမများနဲ့ SB ကမ်းခြေ


မင်္ဂလာပါရှင်~~~
နှစ်တွေပြောင်းလဲသွားပေမဲ့ လိပ်ကလေးမယ်ငီး..LA ခရီးကမပြီးသေး.. 😁😂 ပြန်ဆက်ကြရအောင်လေ...
ညနေဘတ်စ်ကားကြီးနဲ့အပြန်လမ်းခုလတ်မှာဆင်းနေပြီး တူလေးကလာခေါ်။ တူမကသူ့မိသားစုနဲ့ လာတွေ့
တူလေးအိမ်မှာ တူလေးရဲ့အမျိုးသမီးနဲ့တူမလေးတွေက ရှိတာလေးတွေချက်၊ ထိုင်းစာဘဲစားမယ်ဆိုတဲ့ နမီး
ငယ်အတွက်ထိုင်းဆိုင်ကနေမှာပေးရသေး...(ဂလိုလေး ကုသိုလ်ကံကြီးနေခိုက်😎)
တူလေးက ပိသုကာသူ့အမျိုးသမီးရော ပိသုကာဘဲ...သူတို့အိမ်လေးကတောင်ကုန်းစောင်းလေးပေါ်မှာ
အရမ်းချစ်စရာကောင်း..ကိုယ်တိုင်ပုံစံထုတ်လုပ်ထားသတဲ့...
ဟင်းခွက်တဝက်လောက်ဘဲချပြီးသေး..ကိုယ်ကဗိုက်တကွီကွီနဲ့... 😋😋
အိမ်က၃-၄ထပ်လောက်ရှိလေမလားဘဲ...ဝင်တာနဲ့တက်ရပြီ..ဒုတိယထပ်မှာ ဧည့်သည်အိပ်ခန်း၊ စာကြည့်
ခန်း၊ အိမ်သာရေချိုးခန်းရှိ ဒါကနောက်ထပ်တထပ်..
ဧည့်ခန်း ထမင်းစားခန်း အိမ်နောက်အပြင်ထွက်လို့ရ..အထပ်တိုင်းဝရံတာလေးပါ
လှေခါးနဲနဲတက်လိုက်ရင် မီးဖိုခန်းရှိ..။အပြင်ဝရံတာလည်းရှိ..ကောင်လေးနဲ့အပြာရောင်ကောင်မလေးက
တူမလေးရဲ့သားသမီးတွေ..သူတို့အဖေကထိုင်း...။
မြေးမလေး၂ယောက်..တူလေးရဲ့သမီးကမြန်မာစကားတတ်၊ တူမလေးကလေးက ထိုင်း၊ရှမ်းစကားတတ်..
၂ယောက်အချင်းချင်းပြောတော့ ဘိုစကား😁😂😆
ဓါတ်ပုံရိုက်မယ်ဆို..မျက်နှာကဖွက်ကြရသေး...😎😆 ကပ်ရပ် မြေးမလေးက ကျွမ်းထိုးပျော့ပြောင်း နောက်
တယောက်က ပန်းချီဆွဲတော်....
ဓါတ်ပုံရိုက်ပေးတဲ့ (အတူခရီးသွားတဲ့ရွှေတူမလေး) သူကအရမ်းနီးတော့ အားလုံးကိုခြုံမရဘူးပြော..သူ့ကိုတံခါးဖွင့်အပြင်ထွက်လို့ပြောတော့ သူက ရူံမဲ့ရူံမဲ့နဲ့ထွက်ရ အားလုံးဝိုင်းဟားကြ...
အော်...အမှတ်တရပါဘဲ....ဘယ်အချိန်ပြန်ထပ်တွေ့ကြရမယ်မသိ...တူလေး ၅တန်းတုံးက သူ့ကိုစာသင်ပေးဖူးရတယ်လေ။အပြန်နောက်ဆုံးရထားအမှီပြေး ကျားကျားဖုံးကျန်ခဲ့ တကဲ့ဖြစ်ရပ်က သူနာရီချိန်ကြည့်မှား
ရထားကပုံမှန်ဆိုထွက်သွားတာကြာပေါ့..စာပုံးတွေထည့်နေလို့ နောက်ကျ ဘူတာရုံထိပ်ကနေ ရထားအထိ
၃ယောက်သားပြေးရတာများ..အသက်ထွက်မတက်💨😁😅😆
ကောလိပ်ကျောင်းသူကြီးကလည်း တရက်လည်ပြီး နောက်ရက်မလည်ချင်တော့ဘူးဆိုတာနဲ့ မထူးတော့ဘူး
LA ကိုနောက်နေ့မှပြန်မယ် ဒီနေ့တော့ SB ခရီးဆန့်ကြတယ်..နီးနီးနားနား ကမ်းခြေအရင်သွား
မနက်စောစော သန့်ရှင်းလတ်ဆတ်တဲ့လေအေးနဲ့...
သဲသောင်ပြင်ကျယ်အပေါ်မှာ နားခိုဖို့ ပစ်ကနစ်ထွက်ဖို့..နေရာတွေ လုပ်ထားတာအများကြီး...
အုံးပင်တန်းနဲ့ (ထန်းပင်လားဟင်😏😁 ဟီးသေချာမသိ) အမိူက်ပုံး အိမ်သာ..သန့်ရှင်း..
 ဗီဒီယိုရိုက်နေတာ..ရေလိူင်းတွေကို...
 အဲ့ဒီအဝတ်လှဲေနတဲ့တသိုက်က ရေငုပ်ကျင့်ကြတာ..ရေထဲမှာသူတို့ကိုလည်း ဗီဒီယိုရိုက်ထားသေး..
 ဟိုး..တံတားပေါ်တက်လျောက်မယ်...

 တံတားအောက်ခြေ
ကမ်းခြေကို တံတားကနေမြင်ရတာ...
ခင်ခင်နှမ...ဟော်တယ်မှာမနက်စာစားပြီးထွက်လာ..လမ်းလျောက်များ ဗိုက်ပြန်ဆာ😜 မြို့ထဲပတ်ကြမယ်ဆိုပြီး...ဒီနေရာကနေတပ်ခေါက်ပြန်.....

တက်သုပ်နှင်မှ..ရေးစရာပြောစရာတွေများ..
အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေ~~
#meemeenage