ဖြစ်စေချင်သလိုဖြစ်မလာတတ်တဲ့အခါ စိတ်သွားတိုင်းကိုယ်မပါတဲ့အခါ ကျမ်းမာရေးချို့ယွင်းလာတဲ့အခါ
တရားတွေအတော်ရလာတာဘဲ...ဖြစ်ပျက်တတ်တဲ့သဘော..ဖြစ်ပြီးရင်ပျက်တာချည့်ပါဘဲလေ.....
ကိုယ်ဖြစ်နေတာ တခါခါပြောတောင်မပြောရဲဘူး..များလွန်းလို့...ဒီတော့ တလတခါ အစဉ်အလာမပျက်
ဘလော့ခရီးဆက်ဖို့ ကြိုးစားအုံးမယ်လေ...
ကဲ..နှစ်တွေဘယ်လိုပြောင်းပြောင်း..ကိုယ်တို့ကတော့ ကျိုင်းမယ်ကနေမတက်သေးပါ😁
![]() |
ဘုရင်ဘူမီဘော် သက်တော် ၆ဝပြည့်အထိမ်းအမှတ်အနေနဲ့တည်ထားတဲ့စေတီပါ...။ |
![]() |
မိဖုရားသီရီခေတ် ၆ဝပြည့်မှာနောက်ထပ်တဆူထပ်တည်တာပါ |


သူတို့နိုင်ငံက အမြင့်ဆုံးတောင်တခုခေါ်သွားလည်အုံးမယ်...လွန်ခဲ့တဲ့ ၂၅နှစ်ကာလကဆို
တကယ် တုန်နေအောင်အေးပြီး မြူတွေဆိုင်းလို့..Camp ထွက်ကြတဲ့လူတွေ အများကြီးရှိတယ်....
အဲ့ဒီတုံးကအတူသွားခဲ့တဲ့ သူငယ်ချင်းတယောက်က Coma နဲ့ နှစ်အကြာကြီးနေပြီးမှ လွန်ခဲ့တဲ့
၃နှစ်ကဆုံးသွားရှာတယ်..သူ့ကိုလည်း တကယ်သတိရမိတယ်....
၃နှစ်ကဆုံးသွားရှာတယ်..သူ့ကိုလည်း တကယ်သတိရမိတယ်....

![]() |
အထဲမှာကျောက်ပြားတွေနဲ့ဆောက်တာဆိုတော့ အေးစိမ့်နေတာဘဲ.... |















Doi ဆိုတာရှမ်း,ထိုင်းလိုတော့"တောင်"ပါ... Inthanon တောင်ဆိုပါတော့..သူက အမြင့်ပေ ၈၄၁၅နဲ့
ကမ္ဘာမှာမြင်သာထင်ရှားတဲ့ တောင်ထိပ်( ၁၅၂၄)ခုထဲကတခုဖြစ်ပါတယ်..တချို့တောင်ကျတော့ ဆက်စပ်
နေလို့မြင့်ပေမဲ့လည်း မထင်ရှားဘူးပေါ့လေ...။ နောက်တခုက ဒီတောင်ကရှမ်းတောင်တန်းရဲ့ အဆက်စပ်
တောင်ကြောတွေဖြစ်တယ်တဲ့...။ ထိုင်းနိုင်ငံရဲ့ လေတပ်စခန်း ရေဒါတွေနဲ့ အာကာသလေ့လာရေးစခန်းတွေ
ရှိတယ်..အရင်ကလာတုံးက သူတို့တပ်စခန်းဓါတ်ပုံ ခိုးရိုက်ထားသေးတယ်..။သူတို့ရိုက်ခွင့်မပြုပါ...။ ခုဒီ
တခါတော့ ဘယ်နားရှိမှန်းတောင်မတွေ့မိ...တခြားလျောက်ပတ်ကြည့်ဖြစ်တယ်...တောထဲမှာလူ
လျောက်လမ်း သစ်သားတံတားတွေခင်းထားတယ်..သစ်ပင်တွေအများကြီး ဌက်သံတွေနဲ့ ကြည်နူးနေလို့
အတိတ်အကြောင်းသတိရ..အကြောင်းအမျိုးမျိုးပါလေ....။

ထိုင်းတွေက အနုပညာဖက်မှာ တကယ်ဘဲ ချီးကျုးပါတယ်..လှပချစ်စရာကောင်းအောင်ပြင်တတ်တယ်...
တောင်ထိပ်နဲ့ အနီးနားက တောင်ထိပ်သေးသေး ၂ခုကို ယှဉ်ပြီး စေတီတည်ထားတယ်..။ တိုက်ရိုက်
ကိုယ့်တောသားစကားလိုရှင်းရရင်တော့ အဖိုစေတီ အမစေတီပေါ့လေ...။ သူတို့ကတော့ ဘုရင့်စေတီနဲ့
မိဖုရားစေတီဆိုပြီး တည်ထားတယ်..အခုတော့ လျှောဓါတ်လှေခါးရှိပါပြီ..သိပ်အမောကြီး တက်စရာ မလိုတော့ပြီ...တခုထိပ်ရောက်ပြီး နောက်တခုထိပ်လှမ်းကြည့်လိုက်ရင် မြင်ကွင်းကပျော်စရာကြီးပေါ့ ကွယ်...
လေကတော့ အရမ်းတိုက်ပါ ဘဲရှင်..နွေရာသီသွားမယ်ဆိုလည်း အနွေးထည်လေးတွေဆောင် သွားသင့်ပါတယ်...


ရှမ်းလိုပြောသံကြားတော့ စကားသွားပြောနူတ်ဆက်တာ..ကျေးဆီးမန်စံဖက်ကရှမ်းတဲ့..ကျမအဖွားဒေသ
ကလေ..အမှတ်တရ..ပေါ့....ထိုင်းမြောက်ပိုင်းက မိန်း(လန်းနားရှမ်း) စကားနဲ့ မြောက်ပိုင်းရှမ်းစကားက
လေသံအတော်ကွာတာ စကားတူတယ် ပြောဆိုတဲ့လေယူလေသိမ်းကွာတာပါ...။
တောကြည့်တောင်ကြည့်သစ်ပင်ကြည့်...ပေါ့ |
ပြေးပြေးလွှားလွှားနဲ့ တလတပုဒ်တော့ မှန်မှန်ထွက်စေသတည်း....😊😎😘
အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
#meemeenage