Thursday, December 13, 2018

ကိုယ်ဟာခရီးသွားတယောက်ပါလေ...

မင်္ဂလာပါရှင်~~~
တလတပုဒ်လောက်တော့အနဲဆုံးပို့စ်တင်မယ်ဆိုပြီးဒူးနန့်နေတာ ပြီးခဲ့တဲ့လကပြန်စစ်တော့ မတင်ဖြစ်ဘူးဘဲ
လူလည်းမှတ်ဉာဏ်တဖြေးဖြေးအားနဲလာသလိုဘဲ ခဏခဏမေ့တတ်လာပြီ 😯😵 ကဲပါလေ အချိန်ရှိခိုက် လုံ့လစိုက်လို့ သွားထားတဲ့ခရီးထဲက တချို့တလေကို လာပြီး အာပလာလေး ဘာလေးပေးရတာပေါ့လေ...
ညနေကတဲကစခြစ်ထားရတညလုံးကျမယ်ဆိုလို့လေ

ဒီလိုနဲ့ခရီးပေါင်းမြောက်များစွာ ပြီးအောင်မရေးဘဲ ဟိုလိုလိုဒီလိုလို လုပ်ခဲ့ပေါင်းလည်းများ...😁...........
ဒီတခါတော့  ပြည်တော်ပြန်မလို့ပါဘဲ အမေလည်းမရှိတာကတကြောင်း ကျားကျးရဲ့ခွင့်ကလည်း တဝက်စီ
ခွဲယူရတယ်တဲ့ ဒီတော့ အချိန်မလောက်၊ အဓိက ဘတ်ဂျက်နဲတာလည်းပါပေါ့ဗျာ..😏😌 အကြောင်းအမျိုး
မျိုးနဲ့ နီးနီးနားနား ကယ်လီဖုံးနီးယားဘဲ သွားရအောင်ဆိုပြီး ဒိုးကြတာပေါ့ကွယ်..သွားမဲ့နေ့မတိုင်မှီရက်က
နှင်းစကျတာဘဲ..နဲနဲနော်နော်မဟုတ်.. နှင်းမုန်တိုင်းဆိုဘဲ...ညကတဲကထထပြီး ကားသွားခြစ်ထားရတယ်။
မနက်ထရင် မမှီမှာစိုးလို့..။ မနက်ကျတော့ နှင်းတောထဲ ကားနဲ့လေယာဉ်ကွင်းနားက ကားထားတဲ့နေရာ အပြေးအလွှားသွား ဝတ်လာတဲ့ နှင်းဘွတ်ကြီးတွေ နှင်းကာတွေ ကားထဲချွှတ်ခဲ့။ လေယာဉ်ကွင်းရောက်
တော့ ဒီလေး delay တဲ့ဗျ...လေယာဉ်ကရှိပြီး crew ခရူးတွေမရှိတာဆိုဘဲ..၂ နာရီကျော်ကြာသောင်တင်
နေတာပေါ့...
ပွတ်သူကပွတ် ငိုက်သူကငိုက် ငေးသူကငေးနဲ့ ကျေးဇူးတော်များနဲ့ပိတ်ရက်ဆိုတော့ ကြိတ်ကြိတ်တိုးလို့ အဲ့နားက Dunkin donuts ဆိုင်မှာဘဲ မနက်စာနေ့လည်စာအတွက် ဗိုက်အပ်ထားလိုက်ရတယ်ဗျာ...

ကျေးဇူးရှင်တော့ မုန့်တန်းစီဝယ်လိုက် သောက်လိုက် ပေါက်လိုက် အတော်အလုပ်ရူပ်နေတာဘဲ ကိုယ်တော့ ငိုက်နေတာပါ...
၅နာရီခရီးကို တီဗီတို့ဘာတို့ ဖန်သားပြင်မပါဘဲစီးရမှာတော့အတော့်ကိုမကောင်းတာဘဲ..နောက်ဆိုရင် အိုင်တွေပက်ဖို့ ဘယ်မှရမယ်...

ဒီလေယာဉ်လိုင်းက အဲ့မုန့်လေးနဲ့ အချိုရည်ဘဲတိုက်တာဗျ...
ဘုတ်အုတ်ကြီးထဲမှာလည်း နိုတီတွေတက် လွန်ခဲ့တဲ့ ၃နှစ်က အဲ့ရက်မှာဘဲ Newark airport EWR ကနေ
ပြန်တော်ပြန်ချိန်ဆိုဘဲ ပြောင်းပြန်သူရဲခြောက်မတတ်လူမရှိလိုက်ပုံများဗျာ....

ကြုံရတဲ့ရီစရာတခုက Delay တဲ့အကျိုးဆက်ပေါ့ဗျာ... လော့အင်ဂျလိစ်မှာလေယာဉ်ပြောင်းပြီး Santa Barbara ဆိုတဲ့လေဆိပ်ကိုသွားတာ၊လေယာဉ်ပြောင်းချိန် အကြာဆုံး ၂နာရီရွှေးထားလို့သာတော်သေး။ လေယာဉ်ပေါ်ကတဲက သူတို့ကြေငြာ သံတော့ကြားမိသား..။ SB သွားမဲ့လေယာဉ်ကစောင့်နေပါတယ် ဆိုတာ.။ လေယာဉ်နောက်ကြပြီလို့ထင်နေတာ၊ လေယာဉ်တံခါးပေါက်ကနေထွက်တော့ ဂိတ်ရှာဖို့ ဆိုင်း ဘုတ်တွေကြည့်ဘာတွေကြည့်နေတုံး လေယာဉ်ကွင်းထဲမောင်းတဲ့ကား electric shuttle တစီးရပ်ထားတာ လူကြားထဲမှာတွေ့ တကယ်တော့ ကိုယ်တို့တွေက လေဆိပ်အမူထမ်းရှာတာ အဲ့တာနဲ့ သူ့ကိုသွားမေးတာ SB သွားမဲ့လေယာဉ်ဂိတ်နံပါတ်အဲ့လောက်က ဘယ်နားလေးမှာလဲပေါ့..အဲ့ခါမှ ကိုယ်တော်က အောင်မငီး..ရှင်တို့ကို စောင့်နေတာပါအမြန်ခုန်တက်ဆိုတာနဲ့ ပြေးလွှားဒိုင်ဗင်ထိုးတက် တဝေါ်ဝေါ်တတီတီနဲ့ လူခီးလူခေါင်းတွေလို တက်စီးပြီးနောကလေယာဉ်ပေါ် ပြေးလွှားခရီးဆက်ခဲ့ရပါတယ်..။ ကိုယ်တို့ဂိတ်ရှာနေချိန် မှာဘဲ လော်စပီကျယ်ကြီးကနေ အားပါးတရ ကျယ်လောင်စွာကြော်ကြော်ခေါ်နေတာက ခရော်မြှင့် အိုင်အီး အိုင်အီးတိန်း ဆိုတဲ့ နံမည်ပေါ့လေ...😁😂😆😅
လေယာဉ်ပါ်တက်ပြီးသိပ်မကြာချက်ချင်းဆိုသလိုထွက်တာဆိုတော့အိတ်တွေပါလာပါ့မလားဆိုပြီး ရင်က 
တထိတ်ထိတ်နဲ့.. နောက်လေဆိပ်ရောက်ရော...လေယာဉ်အသေးလေးပေမဲ့ လှေခါးနဲ့မဆင်းဘဲဒီလို
လျောလျောလေးလုပ်ထားပေးတာ ဘယ်လိုသဘောကျမှန်းကိုမသိ..ကိုယ်ကဒူးနာနေတာလေ...။
 သူတို့လေယာဉ်ကွင်းအဆောက်အဦလေးကိုသဘောကျတာ Mexico နဲ့နီးတော့ အားလုံးကအဲ့လိုပုံစံလေး
ဒီကတောသား လေယာဉ်ပျံနားက သေတ္တာချပြီးဘယ်တဲ့နေရာမှာကပ်ရပ်စောင့်နေတာ အလုပ်သမားက တကယ်ယဉ်ကျေးတယ်..စိတ်မပူပါနဲ့ လေဆိပ်ထဲက အိတ်ယူမဲ့နေရာမှာဘဲစောင့်ပေးပါတဲ့.. ယူလာပေး
မယ်ဆိုဘဲ..
ဘယ်ပြီးယူလာပေးတာများ ငြင်သာချက်..အဲ့လိုလေး ကျိုင်းတုံလေယဉ်ကွင်းကိုဖြစ်စေချင်တာ..။ လေယာဉ်ပေါ်က ဆင်းတာနဲ့ ရွှေးစရာပါလား ရွှေးပေးမယ်အတင်းလိုက်တောင်းတာ ပြီး တအိတ် တထောင်ပေးရင် 
နဲတယ်ဆိုဘဲ..။ အဲ့လိုအေးဓါးမြတွေပေးသော ရွှေပြည်ကြီးပါရှင်....
 ကိုင်း..ကားလည်းဌားပြီး ဒိုးကြစို့...
 အော်..ဂျက်အသေးတွေအများကြီးဘဲ..ထေထေးတွေ ပင်လယ်ကမ်းခြေ အပမ်းဖြေလာကြတာနေမှာပေါ့
လေယာဉ်ကွင်းကထွက်တော့ သူတို့ညနေစောင်းပေါ့....
ညစာကို အဲ့မြို့လေးရဲ့ တခုတည်းသော ထိုင်းဆိုင်မှာစားခဲ့တယ်..။
တကယ်ဆိုရင် ကိုယ်နဲ့ဆွေမျိုးမကင်းတဲ့(အဖေဖက်ကအင်းသားမျိုး) အကိုတယောက်ရဲ့သမီး တက္ကသိုလ် တက်နေတာလာတွေ့ရင်းပါ...
ဟော်တယ်လည်း လေဆိပ်နားဘဲ..သပ်ရပ်တယ်...ကော်ဇော်မပါတဲ့ အခန်းယူမယ်ဆိုပြီး အခန်းပြောင်း ရသေး...
ရေချိုးခန်းကကျယ်ကျယ်ဝန်းဝန်းရှိသားဘဲ.... နောက်တနေ့အတွက်တိုင်ပင်ပြီး...အိပ်လိုက်ပါအုံးမယ်လေ
Santa Barbara ကနေ LA ကိုရထားစီးသွားတာ တနာရီကျော်ကြာတယ်..လမ်းတလျောက် ပင်လယ်ကမ်း
ခြေကိုမြင်ရတာနေထွက်စချိန်ပေါ့..အရမ်းကိုသာယာလှပတာဘဲဗျာ လေယာဉ်ပေါ်မှာတော့ ကမ်းခြေ တလျောက် တောင်ကြောပေါ်က အိမ်တွေ အံမခန်းလှပနေတာ ငေးမောကြည့်တာများ ဓါတ်ပုံတောင်မရိုက်ထား
မိဘူး...အော်..တေထေးတွေပေါ့...စူပါစတားတွေ မင်းသားမင်းသမီးအိမ်တွေနေမှာပါ့လေ...

ကဲ...နောက်တခါလာရင်...ဆက်အာလူးကြတာပေါ့ဗျာ....
အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
#meemeenage

Friday, October 26, 2018

ကျုပင်ကျုရိုး

မင်္ဂလာပါရှင်~~~
တခါတလေလည်း ဟိုကဟာယူ ဒီဖက်ပို့ ဒီကဟာယူ ဟိုဖက်ပို့နဲ့ ကုန်ကူးသန်းရောင်းဝယ်သလို မယ်ငီး
လည်းစာတွေကူးနေပါတယ်ဗျို့...😁 ဘုတ်အုတ်ကြီးမှာ အိပ်ယာပေါ်ပက်လက်နေချိန်တုံးက သဲကြီးမဲကြီးနဲ့ pageတွေဘာတွေဖွင့်ခဲ့တော့ အရှိန်လေးနှေးသွားရင် ဂန့်မှာစိုးလို့ တခါခါဝင်ပြီး အာချောင်ပေးနေရသေး😂
အဲ့ထဲက ၃ခါလောက်ခွဲရေးထားတာကို ဒီထဲခပ်တည်တည် ကူးထဲ့အုံးမှ...လကုန်ခါနီးပြီ...အချိန်ကျပြီလေ
ပျော်စရာသီတင်းကျွတ်မီးထွန်းပွဲတော်ဖြစ်ကြပါစေ....

ကျုပင်မိတ်ဆက်...
ကျုပင်ကျုရိုး သင်ပင်သင်ရိုးခေါ်ပုံအမျိုးမျိုးနဲ့ကိုယ်သိတာကသင်ဖြူးဖျာယက်တဲ့ဟာပေါ့ဗျာ....

ကဲ....တွေ့ပြီ...ဒီလိုတွေပါနော်...မြစ်ချောင်းအင်းအိုင်ရေပတ်ဝန်းကျင်ကရေနဲ့ကုန်းမြေအကြားမြက်ရှည် လိုလိုဘာလိုလိုနဲ့ သဘာဝပေါက်တတ် ဒါပေမဲ့မြန်မာပြည်မှာ ခုတော့ရှိသမျှမြေပိုင်ရှင်ရှိ လက်ညိုးထိုး
ရောင်းစားတာတဲ့ပြီးခဲ့တဲ့ ၃-၄နှစ်ကသင်ဖြူးဖျာချော ၂ဖက်လှ၂ခုဝယ်တာ၂ယောက်အိပ်နဲ့ တစ်ယောက်
အိပ်ဖျာ၆သောင်းနီးပါးပေးရတယ် ဈေးကမသေးလှဘူး၊ထိုင်းနဲ့ အင်ဒိုနီးရှား မလေးရှားဖက်မှာတော့အစိုးရ ကကူညီပံပိုးပေးလို့သင်ရိုး ကျုရိုးတွေနဲ့လူသုံးကုန်ပစ္စည်းလုပ်တာအရမ်းခေတ်စားလာပြီးဈေးကွက်ကျယ်ပြန့်
လာပါတယ်....မြန်မာပြည်မှာတော့ပန်းတနော်ဖက်မှာခုတော့ စနေပြီလို့သိရပါတယ်... 

ဘိုလို Jute လို့ခေါ်တဲ့မြစ်ချောင်းအင်းအိုင်အစပ်မှာအလေ့ကျပေါက်တဲ့ဒီသင်ပင်ကျုပင်တွေကို ကျမတို့နိုင်ငံမှာ အားလုံးမြင်ဖူးနေကြတဲ့ ဂုန်နီအိတ်ဆန်အိတ်(ခုခေတ်မှာနဲသွားပါပြီ)လုပ်တာလောက်ဘဲ သိခဲ့ကြတာပါ။ 
ရှေးခေတ်ကဆိုအဝတ်အထည်တွေကိုလည်းဒီအပင်ကနေယက်ပြီးဝတ်ဆင်ခဲ့တာပါတဲ့
ခေတ်ကြီးတိုးတက်လာတဲ့အခါနည်းပညာတွေလည်းထွန်းကားလာတယ်လူခန္ဓာချွေးစုပ်ဖို့အပူဒဏ်ဖို့
အအေးဒဏ်ကာကွယ်ဖို့ပိုပြီးပျော့ပျောင်းနူးညံ့တဲ့ချည်မျှင်တွေရှာတွေ့လာတယ်။ဝါပင်တွေကတော့အဓိက
ပေါ့လေ..။တခြားကျမတို့မသိတဲ့အပင်ကနေထုတ်ယူတဲ့ချည်ထည်တွေအများကြီးရှိသေးတယ်။


ဒီတခါတော့ချည်မျှင်အကြောင်း ဗဟုသုတအနေနဲ့ အာလူးလေးပေးအုံးမှ။ လီနင်ပိတ်စကင်းဗတ်စ်လို့
ကျမတို့သိတဲ့အစအထူကြီးတွေက ဝါချည်တခုထဲမဟုတ် Flax Fiber ဆိုတာဥရောပဖက်မှာပေါက်ပြီး
အသီးကိုအဆီထုတ် သူ့အမျှင်တွေကို စက္ကူအဖြစ်အသုံးပြုကြတယ်တဲ့။သူကဝါချည်ထက်ပိုခိုင်ခံသလို နူးညံ့မူ့ရှိ အရောင်ညီ အရောင်မမှိန်လွယ် တောက်ပ သန့်ရှင်းရေးလုပ်ဖို့လွယ်လို့ ကင်းဗတ်စ မီးသတ်ပိုက်
စီးကရက်စက္ကူ အပြင် ပိုက်ဆံထုတ်တဲ့စက္ကူ အဖြစ်လည်းအသုံးပြုကြတယ်တဲ့။သူကတော့အကောင်းဆုံး
ချည်မျှင်အမျိုးအစားပေါ့။ နောက်တခုက အံ့သြသွားကြမယ် ဆေးခြောက်ပင်အမျိုးအစားပါ။ Hemp fiber
လို့ခေါ်တယ် အသီးအဆံကိုအဆီထုတ်သုံး အမျှင်ကိုလည်းအဝတ်အထည် အတွက်မဟုတ်ပါဘူး စက္ကူနဲ့
စီးကရက်စက္ကူ အဖြစ်သုံးကြတယ် အရွက်ကိုတော့ ဆေးဝါးဖော်စပ်တာထက် နောက်ပိုင်းမူးယစ်ဆေးအဖြစ်
ဆေးခြောက်ရူကြတာတွေများလာတော့တရားဝင်စိုက်ဖို့ခက်လာကြတယ်တဲ့။ နောက်ဆုံးကမှ Jute လို့ခေါ် တဲ့ ကျူပင်သင်ပင်ပေါ့ဗျာ..

ကိုယ့်မင်းသားအခန်းကခုမှလာ....အဓိကကလည်း အဲ့အကြောင်းပြောခြင်လို့ဆွဲလာရတာ နဲနဲရှည်သွား...
ကဲ...ဒီ juteကို ဂုန်နီအိတ် သင်ဖြူးဖျာဘဲလုပ်တတ်လို့ ကိုယ်တို့လည်း အဲ့လောက်ဘဲ သိခဲ့ကြတာ။ တကယ်တော့ သူ့ကိုအများကြီး လုပ်ပြီးရောင်းချနေကြတာအများကြီးပါ...

မြန်မာပြည်မှာတော့ သင်ပင်လို့လူသိများတယ်။ ကျုပင်ကအင်္ဂလိတ်ကနေတိုက်ရိုက်ဘာသာပြန်လာတာ
ဖြစ်နိုင်ဖွယ်ရာရှိ..။ ပူနွေးစိုစွတ်တဲ့ မုတ်သုန်ရာသီဥတုရှိတဲ့အာရှမှာ ပေါက်ရောက်တယ် white jute ကျုအဖြူမျိုးကတော့ အိန္ဒိယဖက်မှာပေါက်တယ် ရှေးခေတ်သမိုင်းမှတ်တမ်းတွေမှာ သူတို့က ဒီလိုဂုန်လျှော် တွေနဲ့ယက်တဲ့အဝတ်တွေ ဝတ်ခဲ့တယ်တဲ့။ ဘင်္ဂါလီလူမျိုးတွေဆိုပါတော့။

(ဗဟုသုတတခုအနေနဲ့ ပြောရမယ်ဆိုရင် ကမ္ဘာမှာတတိယ လူဦးရေအများဆုံးလူမျိုးစု ကဘင်္ဂါလီပါဘဲ..
ကိုယ်တို့နိုင်ငံက သူတို့တွေနဲ့ ပြသာနာဖြစ်တော့ အမှားရောအမှန်ရော သတင်းတွေ အပြန့်မြန်တာအံသြ
ဖို့မကောင်းလှပါဘူးလေ။ လက်ရှိအစိုးရ ဒုက္ခရောက်ရင်ပြီးရောသဘောထားတဲ့လူတန်းစားတရပ်က
ဝင်ပင့်ပေးတော့ပိုပြီးအခြေအနေတွေဆိုးဝါးသွားတယ်လို့ကိုယ်ဖတ်မှတ်လေ့လာသိသမျှအပေါ်အခြေခံပြီး
ပြောပါရစေ)

ကဲ...သင်ပင်ကျုပင်အကြောင်းပြန်ဆက်ရအောင်..
Tossa jute ဆိုတဲ့နောက်တမျိုးကတော့ တောင်အာရှအာရပ်ဒေသတွေမှာပေါက်ပါတယ်သူတို့ကအရွက်ကို
ဟင်းရည်ချက်စားကြပါတယ်။အံ့သြစရာကောင်းအောင်ပရိုတင်းဓါတ် ဗီတာမင်စီ ကယ်လစီယမ် သံဓါတ်နဲ့
တခြားခန္ဓာကိုယ်အတွက်ကောင်းတဲ့ဓါတ်တခုပါဝင်တယ်တဲ့...။ နောက်ပြီး ဒီအမျိုးအစားကပိုပြီး ပျော့ပြောင်း ခိုင်ခန့်လို့အဝတ်တွေအတွက် သုံးရင်းတဖက်က တခြားလူသုံးပစ္စည်းတွေအတွက်လည်း လုပ်ကြတယ်လေ။ ၁၇ ရာစုကနေ ဒီကျုပင်တွေကိုစပြီးကူးသန်းရောင်းဝယ်လာကြတာပါတဲ့။ လိုရင်းတိုရှင်းပြောရရင် ဗြိတိသျှ အင်ပါယာကြီး အုပ်စိုးလာတဲ့အချိန် British East India Company ဒီကုမ္မဏီကတော့ သမိုင်းမှာ နံမည်ကြီး ပေါ့သူကဘင်္ဂါလီတွေရဲ့ဒေသ Bengal west နဲ့ east မှာစက်ရုံကြီးတည်ပြီး စစချင်းတော့ ဂုန်နီအိတ်တွေ ထုတ်ကြတယ်တဲ့ သူတို့ကစစ်ဖက်မှာ သုံးပြုတဲ့(သဲအိတ်တွေ)ထုတ်တာပါ။စကော့တလန်လူမျိုးကစတည်
တော့သူတို့ လူမျိုးတွေအများကြီး ကုလားပြည်ဖက်လာပြီး ဒီဂုန်လျှော်လုပ်ငန်း လက်ဝါးကြီးအုပ်ထားကြတာ ဘဲ။ပထမကမ္ဘာစစ်မှာအမေရိကားဖက်ကိုပို့သူတို့ဝါချည်တွေထုတ်ပိုးဖို့ဂုံနီအိတ်သုံးတာစစချင်းလက်နဲ့ယက်
ရတာ နောက်ပိုင်းနည်းပညာတိုးတက်ပြောင်းလဲလာမှဒီကျုပင်ကနေဝါချည်အစားထိုးချည်မျှင်အတုတွေထုတ်
လာကြတာ။ ကျုပင်ကစိုက်ပျိုးထုတ်လုပ်ရတာ ဝါပင်တွေထက်ပိုလွယ်လို့လေ အများဆုံးကတော့ ကုလား ပြည်ကထုတ်တာ။ သူတို့တွေထုတ်ကြတဲ့ ပစ္စည်းပေါင်းထောင်သောင်းကြားထဲမှာ ကိုယ်စိတ်ဝင်စားတဲ့
ဒီကျုပင်ကနေ ယက်ထားတဲ့ အိတ်တွေကတော့ ကိုရွှေကုလားများ ထုတ်တာဟုတ်ဘူးတော့။


အမလေး...ဇာတ်ရည်လည်အောင် အခင်းလေးဆင်းမိတာ ခုထိကိုယ့်မင်းသားက ထွက်မလာ နိုင်သေး ဗျာ....တကဲ့လိုရင်းက ရှေးပဝေဏသီကတဲကဘင်္ဂါလီများသုံးလာကြတဲ့ ဂုန်လျှော်ပင်တွေ ခုထိလည်း
သူတို့ကကမ္ဘာ့နံပါတ်တစ် တင်ပို့ရောင်းချသူ ဂုန်နီအိတ်နဲ့ ကင်းဗတ်စ ဝါချည်အတုတွေဘဲအဓိကလုပ်
ကျုပင်ကကျုရိုးအိတ် လှလှလေးတွေက အရှေ့တောင်အာရှ နိုင်ငံတွေကထုတ်တာပါ ထိုင်း အင်ဒိုနီးရှား
မလေးရှားတို့မှာ တောင်သူလယ်သမားတွေကိုသက်ဆိုင်ရာက သင်ပေးပြီးထုတ်ကြတာ ထိုင်းမှာဆို ကျောင်းမှာအိမ်တွင်းမူ့သင်ခန်းစာကနေသေသေချာချာ ခလေးဘဝကတဲကလေ့ကျင့်သင်ပေးလာတော့
သူတို့ကျောင်းမပြီးလည်း တီထွင်ညာဏ်လေးနဲ့ လက်မူ့အနုပညာအခံလေးနဲ့ သပ်ရပ်တဲ့လက်ရာ ပြောင်မြောက်တဲ့ချစ်စရာကောင်းတဲ့အိတ်တွေနဲ့စီးပွားဖြစ်ထုတ်နိုင်ကြပါတယ်။တချို့ရေးထားတာလေးတွေ
ဖတ်မိတယ် မြန်မာတွေမညံ့ပါဘူး ထုတ်ပါလား...အဲ့လိုဘာတွေပေါ့လေ။ တကယ်ဆို ငပိဖုတ်တောင်
ဆရာမပြနည်းမကျပါ ။ ဒီအပင်တွေ ပန်းတနော်ဖက်သင်ဖြူးဖျာယက်နေတဲ့ လူကိုအိတ်အတင်းသွား
ချုပ်ခိုင်းလို့သူလည်းလုပ်တတ်မှာမဟုတ်ပါကူညီချင်ရင်သူတို့ကိုတတ်အောင်သင်ပေးရမှာသူတို့ကိုယ်တိုင် လည်းသင်ယူလေ့လာချင်စိတ်ရှိမှကုန်ပစ္စည်းတွေထွက်လာနိုင်မှာပါ..အဓိကတော့ ပြည်တွင်းထုတ်ကုန်
ဦးစားပေးမယ် မြင့်တင်ပေးမယ်ဆိုတဲ့ အစိုးရဆိုင်ရာများ ကူညီပေးရင်ကျမတို့လည်းဒီလိုပြည်တွင်းဖြစ်
အိတ်လေးတွေ ကြွားကြွားလေးကိုင်ခွင့်ရမှာပေါ့လေ ခုတော့..သူများအိတ်သွားငမ်းကြရအောင်

ဒီလိုသွားရင်းငမ်းရင်းနဲ့ ထိုင်းကလူတွေနဲ့ခလုတ်တိုက်မိပြီး..မှာကြည့်တာ..မှာရင်းနဲ့ထူးပါဘူးဆိုပြီး...
ယူလာရောင်းတာ..ဈေးအများကြီးသက်သာပါတယ်။ ဘာလဲဆိုတော့ လုပ်တဲ့ပင်ရင်းကလူတွေနား
မှာတာပါ...။နောက်ဆို ကိုယ့်ဒီဇိုင်းပေး သူတို့ယက်ပေးမယ်တဲ့..ပျော်ပြီလေ...။ အမေရိကားမှာရောင်းတာ
အနဲဆုံး 40$ ကျော်ကစတာပါ...ကိုယ့်ဈေးက ပထမစစချင်း...ထိုင်းကရောင်းတဲ့သူတို့ဘတ်ဈေးအတိုင်း
၁၀% လမ်းစရိတ်အဖြစ် အမြတ်ယူပြီး...ကိုယ့်မြို့က တူမလေးဆိုင်မှာ ရောင်းနေပါပြီလို့😁😀😂😆

ကတောက်စ်....ဒီတခါ..ပေါတင်ကြီး..ဈေးရောင်းပြီဗျ....













အိုး...အိတ်တွေကအများကြီး...နောက်မှဘဲတင်တော့မယ်ဗျာ....
အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
#meemeenage

https://www.facebook.com/kyaingtonglady

Friday, September 28, 2018

တိုးတက်ပြောင်းလဲခြင်း

မင်္ဂလာပါရှင်~~~
လူတွေများ တနေ့ ၂၄နာရီ ရထားတာခြင်းတူပေမဲ့ အသုံးပြုပုံခြင်းကွာရင် လူတွေရဲ့တိုးတက်မူ့တွေလည်း 
ကွာသွား ကြတယ်တဲ့။ စာထဲမှာတော့ ဂလိုကြီးရေးထားတာဘဲ ဟုတ်ချင်လည်းဟုတ်မယ်။ ကျုပ်များ နေ 
ထွက်ကနေ နေဝင်ချိန်ထိ လုပ်နေတာဘဲ အချိန်လည်းမလောက်သလိုဘဲဗျာ၊ သူများတွေလိုလည်း ဘာမှ စီးပွားရေးလုပ်တာ မဟုတ်ဘဲနဲ့ အခက်တွေ့ပေါ့။ သွေးလေးဖက်နာဆိုတဲ့ ရောဂါက လက်ချောင်းတွေ 
အကွေးအဆန့်ကအစ နာတာဗျာ။ အရင်ကနာရီဝက်နဲ့ဟင်းတွေချက်ပြုတ်ပြီးတာ ခုတော့ ၂-၃ နာရီ 
အချိန်ယူရ။ အိမ်ကကြွေထည် ပုဂံခွက်ယောက်တွေလည်း မလာကီးသွားကြတာမနဲပေါ့ 😁 😊 
ခြေထောက်က သိပ်မနာတော့ဘူး။ လေ့ကျင့် ခန်းသွားလုပ်လို့ရနေပြီ။ လက်ချောင်းဘဲကျန်တော့တယ် 
ဆနွန်းသောက်ဆိုလို့ သောက်လွန်းလို့ သွားတွေ ဝါကုန်လို့ကိုယ့်သွားဆရာဝန်က ပြောနေပြီ။ ရှင့်သွား
ကကော်ဖီသောက်လို့လားတဲ့။ အရောင်တွေစွဲလို့ ဆိုဘဲ။ကော်ဖီကတော့ဗျာ တလနေတောင် တခွက်မ 
သောက်ဖြစ်။
ဒါပေမဲ့တိုးတက်တာတွေပြောပြရအုံးမယ်။ အားကစားရုံသွားပြီး လေ့ကျင့်ခန်းသွားလုပ်တာ 
ဘာလုပ်တယ်မှတ်ဒုံးဗျ။ အလေးမတာဗျို့။ လက်မောင်းသန်ဖို့လေ၊ အရိုးအဆစ်နာတယ်ဆိုရင် 
ဒီမှာတော့လေ့ကျင့်ခန်းဘဲ လုပ်ခိုင်းနေတာဘဲ။ အစကတော့ မလုပ်ချင်ဘူး။ ခုတော့ လုပ်ရင်းနဲ့အိုကေလို့၊ 
တပတ်၅ရက် သွားနေပြီ။ ပိတ်ရက်ကျတော့ အိမ်နားက Park တွေသွားတယ်လေ။
အမေရိကားမှာက လူတွေဘဲအိမ်နံမည်ရှိတာမဟုတ်ဘူးဗျ။ ပြည်နယ်တွေလည်း nick name တွေ
ဘာတွေနဲ့ဗျ။ နယူးဂျာစီမှာ ဥယျာဉ်ပန်းခြံတွေကများတော့ Garden state လို့ခေါ်သတဲ့။ အိမ်ပတ်ချာ 
လည်မှာဘဲ အကြီးကြီး ၂ခုရှိတယ်။

မြစ်ရိုးတလျောက် လူတွေလေ့ကျင့်ခန်းလုပ်ဖို့ အပမ်းဖြေဖို့လုပ်ထားတာများဗျာ..ကောင်းလိုက်တာ ဒေါင်း
မြကြည်ရေ့..လို့ဘဲပြောချင်တာဗျို့.
 
သစ်ပင်ကြီးတွေဝေဝေဆာဆာနဲ့ သစ်ပင်အောက်မှာ အကင်ကင်ဖို့နေရာတွေ ခုံတန်းလျားတွေ စားပွဲတွေ
ချထားပေးတာ မနဲ။ အစုလိုက်ဆိုရင် ၆-၇ နေရာလောက်ရှိတယ်။

အမေရိကန် football ကစားဖို့ ဘောလုံးကန်ကစားဖို့ ဘက််စက်ဘောဆော့ဖို့ တင်းနစ်ကွင်း ၆ခုထက်မနည်း ခွေးထိန်းကျောင်းဖို့တောင်၂ ကွင်းရှိ ခွေးအသေးနဲ့အကြီးခွဲထားသေး။ စက်ဘီးစီးလမ်းနဲ့လူလျောက်လမ်းကသပ်သပ်စီ။မြစ်ချောင်းထဲမော်တော်ဆင်းဖို့လမ်းကပါသေးဗျား..

အထဲဝင်သွားတာနဲ့ စိမ်းစိုလို့...ထူးဆန်းတာတခုတွေ့မိတာက Park ရဲ့ဘေးနားလေးက စိုက်ပျိုးခင်း ငယ်လေးတွေပါဘဲ။

ဒီနယ်မြေ County ရဲ့ဆိုင်းဘုတ်ဖတ်၊ ဂူးဂဲနဲ့ပြန်ရှာဖတ်မှ သိတာ၊ စိုက်ချင်ရင် အသင်းဝင်ရတယ်။ မြေနေရာ လပ်မရှိသေးရင်တော့ စောင့်အုံးပေါ့။
ကိုယ်ရထားတဲ့အကွက်မှာ ကြိုက်တာစိုက် ကိုယ့်ဖာသာကိုယ်ရေလောင်းပေါင်းသင် အသီးခူးစားလို့ရ ။ သူများနေရာတော့ သွားမခူးရဘူးပေါ့ဗျာ။ ဝင်းခတ်ထားတာ စပ်စုစိန်တို့က ဝင်တာပေါ့၊ တောကြည့်
တောင်ကြည့် မေးမြန်းတော့ အဲ့အထဲမှာ ပေါင်းသင်နေတာက စီလုတ်တွေအုပ်စုလိုက်၊ ဝတ်ထားတာက
လည်းတကဲ့ လယ်ကွင်းထဲသွားမဲ့အတိုင်း အပြန်မှာ စပ်စုစိန်တို့မသိမသာနဲ့ သိသိသာသာပေါ့လေ😅
လိုက်ကြည့်တာ ဒင်းတို့တွေ ဘယ်နားနေကြကြောင်း!!!

တွေ့ပြီဗျ...မြစ်ရိုးဘေးနားက APT တွေ ၆နေရာလောက်ရှိတာ။ အကျယ်ကြီးတွေ၊ အိုးလာလား...(ပြင်သစ်
သံဖြင့်ဖတ်ပါရန်😬😂) အခန်းပေါင်း ရာချီရှိတဲ့ နေရာမှာ ထောင်ချီသော စီလုတ်ကြီးစိုးနေတာဘဲ...။ သူတို့
စိုက်ပျိုးရေးကို အမေရိကားထိဘယ်လာ စိုက်စားနေတုံး..ကောင်းလိုက်တာ..။ ဒါကြောင့် စပ်စုစိန် ပတ်ဝန်း ကျင်မှာ စီလုတ်ကုန်စုံဆိုင်ကြီးတွေ များတာကိုး!!!!!
ကိုင်း..လမ်းဆက်လျောက်ရအောင်...ဟိုး..မြစ်ရိုးအောက်ဖက် တံတားလှမ်းမြင်ရတယ်။ အဲ့အထိ ကွင်းထဲ ကလူလျောက်လမ်းပေါ်ကနေ လျောက်ကြတာပေါ့...။ တခါအပြင်ထွက်ရင် ခြေလှမ်း တစ်သောင်းကျော်က အသာလေးနဲ့ရတယ်။
နောက်တနေရာကတော့  အိမ်နဲ့ ၁ဝမိနစ် လောက်ကားမောင်းရ အိမ်နဲ့ကပ်ရပ်ကတော့ လမ်းလျောက် သွားတာပါ။ ဝေးတဲ့နေရာကဆို တိရစ္ဆာန်ရုံ တောင်ပါသေး။ ဝင်ကြေးမရှိပါဘူး။ အများပြည်သူအတွက် ပြည်သူ့အခွန်ပေးထားတာတွေထဲကနေ လုပ်ထားပေးတာပေါ့။ ပြည်သူတွေခံစားသင့်တယ် ခံစားထိုက် တယ်လေ။ မြို့ပြအင်္ဂါနဲ့ညီအောင် ပန်းခြံတွေဥယျာဉ်တွေက ရှိကိုရှိသင့်ပါတယ်။
ခန္ဓာကိုယ်ကျမ်းမာရေးအတွက်ဘဲဖြစ်ဖြစ် စိတ်အမောတွေ အပမ်းဖြေဖို့ မိသားစုတွေ နားနေဖို့ဆိုတာ လိုအပ်
သလို ခလေးတွေယာဉ်အန္တရယ်ကင်းတဲ့ မြက်ခင်းစိမ်းစိမ်းပေါ်လွတ်လပ်ပြေးလွှားဆော့ကစားနေတာ ဘယ်
လောက်စိတ်ချမ်းမြေ့စရာကောင်းတဲ့ မြင်ကွင်းမျိုးဖြစ်မလဲဆိုတာ မှန်းဆကြည့်ပါဗျာ...။
ဒီမှာလည်း အကျယ်ကြီး ဒီPark က အိမ်နားက Park ထက်တောင် ပိုနံမည်ကြီးဆိုဘဲ..



ဒီမှာလည်း အကျယ်ကြီး ဒီPark က အိမ်နားက Park ထက်တောင် ပိုနံမည်ကြီးဆိုဘဲ..
Park ထဲက အဝင်ကားလမ်း...
စပ်စပ်စုစုနဲ့ ဖတ်မှတ်လေ့လာသိသလောက်ပြောရမယ်ဆိုရင် အမေရိကားက အမေရိကန်တွေ ခုလို ခံစား
နေရတာ သူတို့ဘိုးဘွားဘီဘင်က ချမှတ်ခဲ့တဲ့ မှန်ကန်တဲ့စနစ်တွေကြောင့်ပါဘဲဗျာ..။ တိုးတက်ဖို့ကို လိုလား ရင် ပြောင်းလဲခြင်းဆိုတာကြီးကို ကိုယ်တိုင်ထလုပ်မှဘဲရတာပါလေ...။ ကျုပ်ခံစားနေရတဲ့ ရောဂါဝေဒနာ
ပျောက်ဖို့ ဆရာဝန်ဆေးသောက်စောင့်နေရုံမပြီးပါဘူး။ ကိုယ်တိုင်ကလည်း ပါဝင်လူပ်ရှားမှမြန်မြန်ဆန်ဆန်
သက်သာလာမှာဘဲ။

မြန်မာပြည်မှာ ပြောင်းလဲချင်ပါတယ်ဆိုပြီး ကုန်းအော်၊ တခါမှ ခွန်အားစိတ်အားမစိုက် လက်သန်းမှင်ပေရုံနဲ့
ပြောင်းလဲခြင်းကရှေ့မှာကြွတက်မလာနိုင်တာက သေချာတယ်ဗျာ...။ ကိုယ်တိုင်ကကော ဘာလုပ်ပြီးပြီလဲ!!
စနစ်မှန်တခု ဥပဒေတခု ဖြစ်လာဖို့ရှေ့ကရုန်းနေကြသူတွေကို အားနာစရာတောင်ကောင်းနေပေါ့ဗျာ...။
အကြောင်းအကျိုးဆက်စပ်တွေးတောဆင်ခြင်မူ့လေး ရှိသင့်ပါတယ်။ ထစ်ကနဲဆို အစိုးရချည့်ကုန်းအော်
အပြစ်ပုံချသူများကို ကြည့်ရင်းလူအများသုံးတဲ့ FB မဝင်ချင်တော့ဘူး...။ အကုသိုလ်များလွန်းလို့ပါ။ 
ဘုရားပုံတွေနေ့တိုင်းတင်သူတွေရဲ့ အထဲက လောဘဒေါသ၊ တရားဓမ္မဝေဌနေသူတွေရဲ့ လောဘကို 
လှစ်ကနဲသူတို့ကော်မန့်တွေမှာတွေ့ရတော့ ...ကဲပါလေ..ကိုယ့်ဌာနေဟောင်း.နေရာမှာဘဲ ပြန်လာ
အော်တာဘဲကောင်းပါတယ်ဗျာ....

တိုးတက်ပြောင်းလဲခြင်းကို လက်ခံပြီး တိုးတက်ဖို့ ပြောင်းလဲကြပါစို့...ကဲ..ထ..ထ..အိမ်နားက မြေကွက်မှာ
အမိူက်ရှင်းရအောင်လေ...😊😁😂 အပြင်ကအမိူက် စိတ်ထဲကအမိူက်တွေရှင်းထုတ်ပစ်ရအောင်လား....
ကိုယ်တို့တိုင်းပြည်ကိုလည်း နေချင်စဖွယ်ဖြစ်အောင် လုပ်ကြမယ်လေ...

#meemeenage